← Chapters

စားလို့ကောင်းတယ်

Vol. 20 Ch. 289

စားလို့ကောင်းတယ်

Vol. 20 Ch. 289

အက်ဒီလေဆိပ်ကထွက်လာပြီးနောက် အဝေးရှိအထပ်မြင့်အဆောက်အဦးကြီးနှင့်ကျယ်ပြောသောလမ်းကိုကြည့်ရင်း “ဟွာရှကအပြင်ကနဲ့ ရုပ်ရှင်နဲ့ကမတူဘူး” လို့ ရေရွတ်လိုက်သည်။

သူ့ဘေးနားက ဂျက်ဖရီက “ဟုတ်တယ်။ဒါမြို့ကတစ်မြို့နဲ့ယှဥ်ရင်ပိုထူးခြားတယ်။ဘာလို့ဆိုဒီမြို့တရုတ်နိုင်ငံရဲ့ ပထမတန်းမြို့ဖြစ်တဲ့

ကျန်ပေ့မြို့ဖြစ်လို့ပင်ဖြစ်သည်။ “

ခေတ္တနားပြီးနောက်ဂျက်ဖရီက “အထူးသဖြင့် ဒီမှာရှိတဲ့အစားအသောက်တွေကအမေရိကမှာရှိတဲ့ အစားအသောက်အားလုံးထက်လုံးဝကိုကောင်းတယ်” လို့ ထပ်ပြောလိုက်သည်။

အစားအသောက်အကြောင်းပြောရင်း ဂျက်ဖရီက မထိန်းနိုင်ဘဲ တံတွေးတစ်လုတ်ကိုမျိုချလိုက်ပြီး “ ငါမင်းကို တရုတ်အစားအစာတွေစားဖို့ ခေါ်သွားပေးမယ်!”

အက်ဒီက သူ့လက်ကို ဝှေ့ယမ်းပြီး “မစားတော့ပါဘူးကွာ၊ အခုရောက်တာဆိုတော့ငါ အစားအသောက်တွေမစားချင်သေးဘူး”

“အခုငါတို့ဟိုတယ်ကို မြန်မြန်သွားပြီး ကောင်းကောင်း အနားယူချင်လိုက်ရအောင်”

ဂျက်ဖရီက သူ့ကို “ဟိုတယ်နားမှာ အစားအသောက်ဆိုင်တစ်ဆိုင်ရှိတယ်၊ အဲ့ကိုသွားရအောင်” လို့ ပြောလိုက်သည်။

အက်ဒီကသူပြောတာကိုဂျက်ဖရီနားမထောင်ဘူးဆိုတာကိုသိတော့ဘာမှမပြောတော့ပေ။

ခဏအကြာတွင်သူတို့သည်ဟူနန်စားသောက်ဆိုင်သို့ ရောက်လာကြသည်။

သူတို့သည်စားသောက်ဆိုင်ကိုရောက်တာနဲ့ဂျက်ဖရီကဆရာကြီးစတျုင်နဲ့အစားအစာတွေကိုမှာလိုက်တော့သည်။

ခဏအကြာတွင်မှာထားသောဟင်းပွဲများကိုလာချပေးတော့သည်။

အက်ဒီသည် အရောင်တောက်နေသော ဟင်းလျာများကို ကြည့်ရင်းလေထဲရှိသရေကျဖွယ် မွှေးရနံ့ကို ရှူရှိုက်ရင်း နောက်ဆုံးတွင်သူသည်ဟင်းတစ်ပွဲထဲရှိဟင်းများကိုတစ်ဇွန်းယူလိုက်ပြီးပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။

အဲဒီနောက် အက်ဒီက သူ့ခေါင်းမထောင်တန်းသူ့ပါးစပ်က အဆီတွေနဲ့ ပြည့်နေတဲ့အထိစားနေတော့သည်။

သူ့ဘေးက ဂျက်ဖရီက ပန်းကန်ပြားပေါ်ကနေအလျင်အမြန် လျော့သွားသောအစားအစာကို ကြည့်ရင်း “အက်ဒီမင်းမစားဘူးလို့ပြောတာမဟုတ်ဘူးလား”

အက်ဒီ ကသူပြောတာကိုလျစ်လျူရှူရင်း “အရမ်းကောင်းတာပဲ”ဟုပြောလိုက်သည်။

...

ဒီဟူနန်စားသောက်ဆိုင်မှာဂျက်ဖရီ နဲ့ အက်ဒီတို့လို နိုင်ငံခြားသားတွေ အများကြီးရှိသည်။

လင်းဖန် ပို့ချပေးမည့် ‘မိုးသီးသီအိုရီ’ အတွက် သူတို့အားလုံး ဒီကိုရောက်ရှိနေကြခြင်းဖြစ်သည်။

၎င်းတို့အား ကြိုဆိုရန်အတွက် ကျန်ပေ့ တက္ကသိုလ်သည်စိမ်းလန်းစိုပြေသောအပင်များ၊ ပန်းများနှင့် ပျက်စီးနေသော အဆောက်အအုံအချို့ကို အသစ်အဆန်းဖြစ်စေရန် ၎င်းတို့ကို ပြန်လည်ပြုပြင်ခဲ့သည်။

ဒီပွဲက နိုင်ငံခြားသားတွေအတွက်တင်မဟုတ်ပေ။

ကျန်ပေ့ တက္ကသိုလ်၏မျက်နှာကို ပိုမိုကောင်းမွန်စွာထင်ဟပ်စေရန်နှင့် ကျန်ပေ့တက္ကသိုလ်သည် အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပါဝင်သည့် တက္ကသိုလ်များနှင့် ပါမောက္ခများနှင့်မီဒီယာအချို့မှအပုတ်ချပြောဆိုခြင်းကို ကာကွယ်ရန်ဖြစ်သည်။

လင်းဖန်သည် ကျောင်းဝင်းတွင်လျှောက်လာရင်း လေပြေလေညင်းများ တိုက်ခတ်လာသောအခါတွင် သူ့နှာခေါင်းကနေ မွှေးကြိုင်သော ရနံ့တစ်ခု ရလာခဲ့သည်။

လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ ဟန်တီသည် သူ့နံဘေးသို့ လျှောက်လာသည်ကို​တွေ့လိုက်သည်။

ယနေ့တွင်ဟန်တီသည် အပြာရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး လက်ထဲတွင် စာရွက်စာတမ်း အစုံအလင်ကို ကိုင်ဆောင်ထားသည်။

ဟန်တီက ပြုံးပြီးပြောလိုက်သည် “အခုပဲငါ့ကိုဟေးချမ် က မင်းကိုရှာခိုင်းခဲ့တယ်။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲမင်းကိုငါတွေ့တော့တာပဲ”

လင်းဖန်က “မင်းငါ့ကိုဘာပြောစရာရှိလို့လဲ?”

ဟန်တီ က ပြုံးပြီးပြောလိုက်သည်။ “မနက်ဖြန် အစီရင်ခံချက် အစည်းအဝေးကိုမနက် ၉ နာရီမှာ တရားဝင် စတင်မယ်လို့ မင်းကို သတိပေးခိုင်းလိုက်တယ်”

ဟေးချမ်ကသူ့ကိုသတိပေးခိုင်းတာလဲမဆန်းပေ။

အရင်အစီရင်ခံအစည်းအဝေးတွင် လင်းဖန်သည် နာရီဝက်ခန့် နောက်ကျပြီးမှရောက်လာခဲ့သည်။

ဒါကြောင့်ဟေးချမ်ကဒီတစ်ခေါက်တွင် နောက်ထပ် မတော်တဆမှုမျိုး မဖြစ်အောင်သတိပေးခြင်းဖြစ်သည်။

လင်းဖန်က “အဲဒါဆိုငါသိတာကြာပြီ”

ထိုအချိန်တွင်ဟန်တီကိုင်ဆောင်ထားသော စာရွက်စာတမ်းများစွာသည် မြေပြင်ပေါ်တွင် မတော်တဆ ပြူတ်ကျသွားခဲ့သည်။

လင်းဖန်သည် ပြုတ်ကျသောစာရွက်များကိုကောက်ယူပေးရင်းစာရွက်တွေကိုကြည့်လိုက်ရာစာရွက်ထဲတွင် ရှုပ်ထွေးသော သင်္ချာတွက်ချက်မှုများ ပြည့်နှက်နေကြောင်းကိုတွေ့လိုက်သည်။

လင်းဖန်က”မင်း ပြဿနာ(ပုစ္ဆာ)တွေကိုထပ်ပြီး လေ့လာနေတာလား”ဟုမေးလိုက်သည်။

“ဟုတ်တယ်၊ဟူဒန် မင်းအဲ့ဒါကိုလေ့လာဖို့စိတ်ဝင်စားလား” ဟန်တီ ကပြောလိုက်သည်။

ဤစကားကို ပြောပြီးနောက် ဟန်တီ၏ လှပသော မျက်လုံးတစ်စုံသည်လင်းဖန်ကိုစူးစိုက်ကြည့်နေလိုက်သည်။

သူမ၏အကြည့်ထဲတွင် ‘’လင်းဖန်ကသာစိတ်ဝင်စားတယ်လို့ပြောရင်ဒီဟူဒန်ထင်မြင်ယူဆချက်ကို မကြာမီ ဖြေရှင်းနိုင်မည်’’ဆိုတာကိုသူမယုံကြည်သည်။

ဟန်တီအတွက်ကတော့ လင်းဖန်သည် တန်ခိုးရှင်တစ်ဦး ဖြစ်သည်။

သူမမှာ ဒီလိုအတွေးမျိုးရှိခဲ့တာ အံ့သြစရာမဟုတ်ပေ။

ပထမဦးစွာဇောင် ထင်မြင်ယူဆချက်ကို ဖြေရှင်းပါ၊ ထို့နောက် အမွှာအယူအဆကို ဖြေရှင်းပေးခဲ့သည်။

ထို့နောက် ချက်ချင်းပင် နောက်ထပ် မိုးသီးသီအိုရီကိုဖြေရှင်းပေးခဲ့သည်။

မကြာသေးမီကပင်ဟန်တီသည် လင်းဖန် သည် ကျောက်ဂျန် နှင့် ကျူဝမ်မင်တို့နှင့် အလွန်နက်ရှိုင်းသောဆက်ဆံရေးရှိကြောင်း ကိုတွေ့ရှိခဲ့သည်။

လင်းဖန်သည် ဟန်တီ၏မျှော်လင့်ထားသောမျက်လုံးများကိုသူမြင်လိုက်တော့သူက စိတ်မဝင်စားကြောင်းပြောဖို့လုပ်လိုက်သည်။

သို့သော် စိတ်ထဲမှာတော့ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! မစ်ရှင်၊ ဟူဒန် ၏ထင်မြင်ယူဆချက်ကိုဖြေရှင်းပါ၊ဖြေရှင်းပြီးပါက ရွှေရောင်အနီရောင်စာအိတ် ၅ ခုရမည်။ 】

ဒါကိုကြည့်ပြီးလင်းဖန်သည်သူပြောဖို့လုပ်ထားသောစကားများကိုပြန်လည်မျိုချလိုက်တော့သည်။ပြိးနောက်သူက “အွန်း၊အင်း..ဒါကစိတ်ဝင်စားဖို့ကောင်းတယ်။”

ဟန်တီသည်ဒါကို ကြားလိုက်ရပြီးနောက်သူမ၏ လှပသော မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။

ထို့နောက် ဟန်တီ သည် လင်းဖန် ကို သူမရုံးခန်းသို့ ခေါ်သွားကာဟူဒန်၏ ထင်မြင်ချက်ကို သူမသိသလောက်ရှင်းပြတော့သည်။

လင်းဖန်သည် ပညာရှင်အဆင့် သင်္ချာအတွေ့အကြုံရှိသော်လည်း ဟူဒန်၏ ခန့်မှန်းချက်သည် အမှန်ပင် ထောင်စုနှစ်ပြဿနာများထဲမှ တစ်ခုဟု ဆိုရမည်ဖြစ်ပြီးသူတောင်အချိန်တိုအတွင်း ဖြေရှင်းရန် မဖြစ်နိုင်ပေ။

ကောင်းကင်ကလဲ မှောင်လာတာကို မြင်လိုက်ရပြီးဟူဒန် ရဲ့ မှန်းဆချက်မှာလဲ တိုးတက်မှု သိပ်မရှိပေ။

ထို့ကြောင့် ပိုမိုနက်ရှိုင်းသော အကြောင်းများကိုဆွေးနွေးရန်အတွက် ဟန်တီသည်လင်းဖန် ကို သူ့မအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဆွေးနွေးမှုသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းသည့် အကြောင်းရင်းဖြစ်သည်။

လင်းဖန် နှင့် ဟန်တို့သည် တစ်ညလုံးအချစ်ကြောင်းဆွေးနွေးနေသောကြောင့် အဆောက်အဦးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

...

နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လာပြီးနေသည်အရှေ့မှထွက်လာခဲ့သည်။

ကျန်ပေ့ တက္ကသိုလ်ဝန်းအတွင်းတွင် ရောင်စုံဆိုင်းဘုတ်များထားရှိထားသည်။

“လင်းဖန်ရဲ့ မိုးသီသီအိုရီညီလာခံ တွင် ပါဝင်ရန် ပညာရှင်နှင့် ပါမောက္ခများအားလုံးကို နွေးထွေးစွာ ကြိုဆိုပါသည်။”

“ကျန်ပေ့တက္ကသိုလ်မှ ကြိုဆိုပါတယ်”

ကွဲပြားသော အသားအရောင်ရှိသည့် နိုင်ငံခြားသင်္ချာပါမောက္ခနှင့် ကျွမ်းကျင်ပညာရှင်တို့သည် ကျန်ပေ့ တက္ကသိုလ်သို့ လမ်းလျှောက်လာသေညအခါတံခါးဝတွင် စောင့်ဆိုင်းနေသော ဆရာမများနှင့် စေတနာ့ဝန်ထမ်းများက ခန်းမထဲသို့ ခေါ်ကာ သက်ဆိုင်ရာထိုင်ဖို့နေရာတွင်စီစဉ်ပေးခဲ့သည်။

အက်ဒီက ခန်းမထဲက လူအုပ်ကို ကြည့်လိုက်ပြီး “သူငယ်ချင်းဟောင်းတွေ အများကြီး လာတာပဲ’’ဟု ပြောလိုက်သည်။

“ဟုတ်တယ်၊ အားလုံးက သမိုင်းအသစ်ကိုရေးထိုးမလဲဆိုတာကို ကြည့်ချင်နေကြတယ်လေ” ဂျက်ဖရီက ပြောလိုက်သည်။

အက်ဒီက ခေါင်းခါလိုက်ပြီး၊ဘာမှဆက်မပြောတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည််သမိုင်းအသစ်ရေးထိုးသည်ကိုကြည့်ဖို့ဤနေရာကို ရောက်နေတာမဟုတ်ပေ။

သူ၏ တစ်ခုတည်းသော အတွေးမှာ သင်္ချာဉာဏ်ကြီးရှင် လင်းဖန်ကို မြင်ရန်ဖြစ်ပြီး မိုးသီး၏ အယူအဆကို မည်သို့မည်ပုံဖြေရှင်းနည်းကိုသူမျက်လုံးဖြင့် သေချာမြင်ချင်သည်။

...

ထိုအချိန်တွင်ကျန်ပေ့တက္ကသိုလ်မှသင်္ချာကျောင်းဌာနမှူး ဟေးချမ်လည်း သက်ပြင်းချလိုက်သည်။

သူ၏ စီမံခန့်ခွဲမှုအောက်တွင် ကျန်ပေ့တက္ကသိုလ်၏ သင်္ချာသည် ကမ္ဘာ့အဆင့်မီ နှီးနှောဖလှယ်ပွဲကိုအချိန်အတိုအတွင်းနှစ်ကြိမ်ဆက်တိုက်ကျင်းပနိုင်မည်ဟု မထင်ထားခဲ့ပေ။

သူ့ဘေးက လက်ထောက်ဌာနမှူးက သူ့နာရီကို အကြိမ်ပေါင်းများစွာ ကြည့်ပြီး စိုးရိမ်နေတဲ့လေသံဖြင့် “လင်းဖန် မလာသေးဘူးထင်တယ်၊ သူ နောက်ကျမှလာမှာလား?”

ဒါကိုကြားတော့ဟေးချမ် ၏နှလုံးသည် အနည်းငယ် တင်းကျပ်သွားပြီး “မဖြစ်သင့်ဘူး” ဟု ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters