အစီရင်ခံစာအစည်းအဝေး
Vol. 20 Ch. 290
ဟေးချမ် စိတ်ပူနေသောအခါတွင် မျက်မှန်တတ်ထားသော ပရော်ဖက်ဆာတစ်ဖွဲ့သည် စကားစမြည်ပြောကာ ရှေ့သို့ လျှောက်လာကာ သူတို့၏နေရာကို အမြန်ရှာဖွေလိုက်သည်။
ရှေ့ဆုံးနေရာမှာထိုင်နေတဲ့ ပရော်ဖက်ဆာဘန်တို က ခန်းမထဲမှာရှိတဲ့လူအုပ်ကြီးကို ကြည့လိုက််ပြီး “ဒီအချိန်က အရင်အကြိမ်တွေတုန်းကထက် တရုတ်ပြည်ကို လာတဲ့လူတွေ ပိုများတယ်” လို့ ပြောလိုက်
သူ့ဘေးက ပရော်ဖက်ဆာလီယိုက “မိုးသီးသီအိုရီကို စိတ်ဝင်စားတဲ့ လူတွေကဇောင် ရဲ့ မှန်းဆချက်ထက် သာလွန်တယ်”
ခေတ္တနားပြီးနောက် ပရော်ဖက်ဆာ လီယိုက “သူရဲ့ မိုးသီးသိအိုရီကမှန်ကန်တယ်လို့ မင်းထင်လား?”
ဘန်တိုက “အနည်းဆုံးတော့ သိသာထင်ရှားတဲ့ပြဿ နာတွေမတွေ့မိဘူး။ ပိုတိကျဖို့ကတော့သူ့အစီရင်ခံ(တွက်ချက်)အကြောင်းအရာပေါ်မှာ မူတည်တယ်။ ဒါပေမယ့် သူ့ကိုကျွန်တော်ယုံကြည်တယ်”
လီယိုက ခေါင်းညိတ်လိုက်ပြီး လည်ပင်းမှာဆွဲထားတဲ့ အိတ်ဆောင်နာရီကို တစ်ချက်ကြည့်လိုက်ပြီး “အချိန်ရောက်ပြီ” လို့ ပြောလိုက်သည်။
ဒါကို ဘန်နီကြားတော့ သူ့မျက်နှာပေါ်က မျှော်လင့်ချက်တွေက ပိုလို့တောင် ပြင်းထန်လာခဲ့သည်။
...
ဘန်တိုတို့ရဲ့မျှော်လင့်ချက်နဲ့ ယှဉ်ရင်ဟေးချမ် မှာတော့စိုးရိမ်နေရသည်။
ဘာလို့ဆိုလင်းဖန်ကအခုထိမလာသေးလို့ပင်ဖြစ်သည်။
ငါ ဘယ်လိုလုပ်ရမလဲ အ
ထို့ကြောင့် ဟေးချမ်သည် ကျောင်းခေါင်းဆောင်များအား စင်မြင့်ပေါ်သို့ ဦးစွာတက်ခိုင်း၍တတ်နိုင်သမျှ အချိန်နှောင့်နှေးစေလုပ်လို့ဆိုပြီးပြောလိုက်သည်။
ထို့နောက် ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီး လင်းဖန်၏ ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည်။
ဖုန်းက အချိန်အတော်ကြာအောင် ဝင်နေခဲ့သောလည်းဖုန်းမကိုင်ခဲ့ပေ။
ခန်းမထဲတွင် သင်္ချာပညာရှင်များစွာသည် တဖြည်းဖြည်း မကျေမနပ်ဖြစ်သောစကားများကိုစတင်ပြောနေကြသောအသံကိုကြားသောကြောင့်ဟေးချမ်၏နှလုံးသည်အလွန်ခုန်မြန်လာခဲ့သည်။
ထို့နောက် ဟေးချမ် သည် သူ၏ ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်းဖန် ၏ အတိုင်ပင်ခံ ဖြစ်သောစုရန်ဒေါင် နှင့် လင်းဖန်၏ အခန်းဖော်စုရီကို ဖုန်းဆက်လိုက်သည်။
သို့သော်လည်း လင်းဖန်ရှိသောနေရာကိုမည်သူမျှမသိခဲ့ကြပေ။
သို့သော် ဟေးချမ်သည် အရှုံးမပေးဘဲ ဖုန်းကိုထပ်ဆက်ခဲ့သည်။
ဟန်တီကိုဖုန်းဆက်ပြီး နောက်ဆုံးမှာတော့ သတင်းကောင်းကိုရခဲ့သည်။
ဟန်တီ က “မနေ့က လင်းဖန် နဲ့ ကျွန်မဟူဒန်ခန်းမှန်းချက်ကို ဆွေးနွေးတာကြာသွားတာကြောင့်ဒီနေ့မနက်အိပ့်ရာထတာနည်းနည်းနောက်ကျသွားတယ်၊ အခုတော့လမ်းမှာရောက်နေတယ်ကျန်ပေ့တက္ကသိုလ်ကိုဆယ်မိနစ်ကျော်ဆိုရောက်ပြီ”
ဟေးချမ် သည် ဤစကားကိုကြားသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွား “ကောင်းပြီ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ သင်္ချာပညာရှင်တွေ၊ ခန်းမထဲမှာ အားလုံးရောက်နေပြီမြန်မြန်လာ” လို့ ဆိုလိုက်သည်။
ဖုန်းချပြီးနောက် ဟေးချမ်သည် စင်မြင့်ပေါ်သို့တက်ကာ အင်္ဂလိပ်လိုဖြင့်“လင်းဖန်သည် မနေ့ညက ဟူဒန်၏ အယူအဆကို လေ့လာနေသောကြောင့် အချိန်ကို မေ့သွားခဲ့တယ်။ ကျေးဇူးပြု၍ ခွင့်လွှတ်လို့ပြောလိုက်သည်။ပေးပါ၊သူကမကြာခင်ရောက်တော့မှာပါ”
လင်းဖန်သည် အချိန်မီ မလာသောကြောင့် လူအများက မကျေမနပ်ဖြစ်ခဲ့ကြသည်။
သို့သော်ဟေးချမ်၏ရှင်းပြချက်ကိုကြားပြီးနောက် လူတိုင်း၏မကျေနပ်မှုများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
အဲဒီအစားအဆုံးမဲ့မျှော်လင့်ချက်တွေနဲ့ပြည့်သွားလေသည်။
လူတော်တော်များများက အသံတိုးတိုးလေးနဲ့ မချင်းချင်းပြောနေကြသည်။
“သူကဟူဒန်ဖြေရှင်းချက်ကိုဖြေရှင်းနိုင်မယ်လို့ထင်လား”
“ဒါက ဘယ်လိုဖြစ်နိုင်လဲ၊ အဲဒါ ကဟူဒန်ရဲ့ ခန့်မှန်းချက်၊ဒါကအနှစ်တစ်ထောင်ပြဿနာတွေထဲက တစ်ခုပဲ”
“ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်ကတော့တကယ်ကို ချီးကျူးစရာပဲ။ သူက မိုးသီးသီအိုရီကို ဖြေရှင်းပြီးတာနဲ့နောက်ထပ်ပြဿနာ(ပုစ္ဆာ)အသစ်တစ်ခုကိုဖြေရှင်းဖို့ချက်ချင်း လုပ်ဆောင်လိုက်တယ်”
“ငါမှန်ကန်စွာ မှတ်မိတယ်ဆိုရင်၊ သူကဇောင်ရဲ့ အယူအဆနဲ့ အမွှာယူဆချက်ကို ဖြေရှင်းပြီးပြီ ဟုတ်တယ်မလား၊ ဒီနေ့ မိုးသီးသီအိုရီကိုဖြေရှင်းပြီးတာနဲ့ဆို ခက်ခဲတဲ့ ပြဿနာ သုံးခုကို ဖြေရှင်းပြီးသွားပြီ... အခု သူက ဟူဒန် မှန်းဆချက်ကိုပစ်မတ်ထားထားတယ်။သူက လူသားတစ်ယောက်ပဲလား”
...
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာလဲ့သည်။
ခန်းမတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။
ထို့နောက် လင်းဖန်နှင့် ဟန်တီတို့ သည် နောက်ဆုံးတွင် ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။
တခဏချင်းမှာပဲ အားလုံးက လင်းဖန်ကို အာရုံစိုက်လိုက်ကြသည်။
လင်းဖန်၏ စိတ်အခြေအနေသည် အလွန်ကောင်းမွန်ပုံမပေါ်ကြောင်း သင်္ချာကျွမ်းကျင်သူများက သတိပြုမိလိုက်ကြပြီး လင်းဖန်၏မျက်လုံးသည်မျက်ကွင်းညိုနေသည်ကိုတွေ့လိုက်ရသည်။
လူတိုင်းကသက်ပြင်းချပြီးစိတ်ထဲမှာပြောဘိုက်ကြသည်။ လင်းဖန်သည် ငယ်ရွယ်စဉ်တွင် ဤမျှလောက်သော သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့တာက သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကြိုးစားမှုကြောင့်ဆနုတာကိုအားလုံးကနားလည်လိုက်သည်။
ယနေ့ကမ္ဘာ့နာမည်ကြီးသင်္ချာပညာရှင်အများစုရှေ့တွင် အကြီးစားအစီရင်ခံစာအစည်းအဝေးကျင်းပမည်ဆိုပါက မနေ့ညက ပြဿနာအသစ်များကို စိန်ခေါ်ဖို့ကိုပြင်ဆေင်နေသေးသည်။
သင်္ချာကျွမ်းကျင်သူများသည် လင်းဖန်ကို နှလုံးသားထဲတွင် အမှတ်100 ကို တိတ်တဆိတ် ပေးခဲ့ကြပြီး လက်ခုပ်သြဘာပေးနေလိုက်ကြသည်။
အကယ်၍လင်းဖန်သာမနေ့ညကဘာလုပ်ခဲ့လဲဆိုတာကိုသိရင်......
ထုံးစံအတိုင်း လင်းဖန်သည် သင်္ချာပညာရှင်များ မည်သို့တွေးသည်ကို မသိပေ။
ပြီးတော့ ဒီလက်ခုပ်သံကိုသူ ဂရုမစိုက်ပေ။
သူ့မှာ အစီရင်ခံစာ အစည်းအဝေး အတွေ့အကြုံ ရှိပြီးသား ဖြစ်တာကြောင့်ဒီတခေါက်တော့ သူကအေးအေးဆေးဆေးပင်ဖြစ်သည်။
လင်းဖန်က မိုက်နဲ့စကားပြောလိုက်သည်။”အားလုံးပဲ မင်္ဂလာပါ ငါကတော့လင်းဖန်ပါ”
ထို့နောက် သူသည် ဘောပင်ကိုကောက်ကိုင်လိုက်ပြီး အီလက်ထရွန်းနစ်စာရေးဘုတ်ပေါ်တွင် မိုးသီးသီအိုရီကိုအရှင်းလင်းဆုံးနှင့် နားလည်နိုင်ဆုံးသော အဖြေလုပ်ငန်းစဉ်ကိုအမြန်ရေးလိုက်သည်။
X1=1၊ X2=(3X1+3)/2^1=3
X1=3၊ X2=(3X3+3)/2^2=3
...
တက်ရောက်လာသူအားလုံးသည် သင်္ချာပညာရှင်များဖြစ်ကြပြီး အများစုမှာ မိုးသီးသီအိုရီကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပြီး လင်းဖန်ရေးသားသော ဖော်မြူလာများသည် လဲအလွန်အသေးစိတ်ကျသည်ကိုသူတို့မြင်နိုင်သည်။
ထို့ကြောင့် လူအများကလင်းဖန်တွက်တာကိုနားလည်နိုင်သည် ။
“ဒါ ဒါ ဒါ!”
အချိန်ကြာလာသည်နှင့်အမျှ လင်းဖန် ၏ အရေးအသားဖော်မြူလာများသည် မြန်လာသည်နှင့်အမျှ ဘောပင်နှင့် အီလက်ထရွန်းနစ်စာရေးဘုတ်တို့ကနေလျင်မြန်ကြမ်းတမ်းသော အသံများဆက်တိုက်ထွက်ပေါ်လာသည်။
N=2m၊ fm(n)=1 (m《N)
...
Xs+1=(3Xs+1)/2^n
မိုးသီးသီအိုရီသည် အောင်မြင်ကြောင်း သက်သေပြလိုက်သည်။
ဒီလို ပြီးပြည့်စုံတဲ့ တွက်ချက်မှုကို ဘယ်သူမှ မမြင်ဖူးကြပေ။
အပြစ်အနာအဆာတွေလုံးဝမရှိပေ။
မူလက လူအချို့သည် အစီရင်ခံစာ အစည်းအဝေးတွင် အပြစ်အနာဆာအချို့ကို တမင်ရွေးရန် ကြံစည်ခဲ့ကြသည်။
သို့သော် ယခုအချိန်တွင် ၎င်းတို့သည် မည်သည့်ပြဿနာမျှ မတွေ့ရှိရကြောင်း တွေ့ရှိလိုက်ရသည်။
ထို့နောက်သူတို့ကအရင် လက်ခုပ်တီးလိုက်သည်။
ထို့နောက် ခန်းမတစ်ခုလုံးရှိလူတွေကချက်ချင်းလက်ခုပ်သံတီးလိုက်ကြသည်။
ယေဘူယျအားဖြင့်ပြောရလျှင် ယခုအချိန်မှာသင်္ချာပညာရှင်တွေကိုပြုံးပြုံးရွှင်ရွှင်ဖြင့် ကျေးဇူးတင်စကားပြောသင့်သည်။
သို့သော် လင်းဖန်သည် သင်္ချာကိုဆက်တွက်နေသေးသည်။
သူ့လက်ထဲက ဘောပင်ကတစ်ဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။
မကြာခင်မှာပဲ သင်္ချာပညာရှင်တွေက ဒါကို သတိထားမိလိုက်ကြသည်။
မိုးသီးသီအိုရီကို အောင်မြင်ကြောင်း သက်သေမပြခဲ့ဘူးလား။
လင်းဖန်က ဘာကြောင့် တွက်ချက်မှုတွေ ဆက်ရေးနေသေးတာလဲ။
(1/2)【A】+12【B】
Hk(X၊ Q)=0
...
နောက်ဆုံးတွင်၊ တစ်စုံတစ်ယောက်သည် “ဟူဒန်၏ထင်မြင်ယူဆချက်၊ သူကဟူဒန် ၏ထင်မြင်ယူဆချက်ကိုအဖြေရှင်းနေတာပံ” ဟုကြွေးကြော်လိုက်သည်။
ဤစကားထွက်လာသည်နှင့် တပြိုင်နက် ခန်းမတစ်ခုလုံးရှိလူတိုင်းသည်ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
လင်းဖန်သည် မနေ့ညက ဟူဒန် ခန့်မှန်းချက်ကို လေ့လာနေတယ်ဆိုတာ လူတိုင်းသိပြီးပြီဖြစ်သည်။
လက်းဖန်သည် သူ၏ကြိုးစားမှုနှင့် ကြိုးစားအားထုတ်မှုအတွက် သူတို့သည်စိတ်ရင်းမှန်ဖြင့် ချီးကျူးခဲ့သည်။
သို့သော်ဟူဒန် ယူဆချက်ကို လေ့လာနေသူ အများအပြားရှိသည်။
ဟူဒန်၏ထင်မြင်ယူဆချက်ကိုဖြေဆိုရန်နေနေသာသာလူအများစုသည်၎င်းကိုနားလည်ရန်ကြိုးစားအားထုတ်မှုများစွာလိုအပ်သေးသည်။
နောက်ဆုံးတော့၊ ဒါက အနှစ်တစ်ထောင်ပြဿနာတစ်ခုပင်ဖြစ်သည်။
ထို့ကြောင့်၊ တက်ရောက်သူအားလုံးသည် ဟူဒန်ကိုအချိန်တိုလေးအတွင်း လင်းဖန်က အောင်မြင်စွာဖြေရှင်းနိုင်မယ်ဆိုတာကိုမတွေးကြပေ။
ရလဒ်အနေနဲ့ လင်းဖန်အခုဘာလုပ်နေတာလဲ။
ဟူဒန်ထင်မြင်ယူဆချက်ကိုသူက ဖြေရှင်းနေတာလား။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ !
မိုးသီးသီအိုရီကို သူ ဖြေရှင်းလိုက်သည် ။
ပရော်ဖက်ဆာ ဘန်တိုသည် လင်းဖန်၏ လျင်မြန်သော အရေးအသားလှုပ်ရှားမှုကို ကြည့်ပြီး၊ သူ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကာသူရဲ့ မျက်နှာထက်ဝယ် မျှော်လင့်ချက်များဖြင့်လင်းဖန်တွက်တာကိုဆက်ကြည့်နေလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး