← Chapters

မစ်ရှင်ပြီးခြင်း

Vol. 20 Ch. 291

မစ်ရှင်ပြီးခြင်း

Vol. 20 Ch. 291

လင်းဖန်သည် မိုးသီးသီအိုရီ၏အသေးစိတ်တွက်တာကိုရေးရန်စင်မြင့်ပေါ်တွင်ရပ်နေသောအခါတွင်၊ သူ၏ခန္ဓာကိုယ်နှင့်စိတ်တို့သည်သင်္ချာထဲတွင် လုံးဝနစ်မြုပ်နေခဲ့ပြီး ဒီခံစားချက်ကိုသူတောင်ရှင်းပြတတ်ပေ။

လင်းဖန်သည် မိုးသီးသီအို၏ နောက်ဆုံးနိဂုံးကို ရေးသောအခါတွင် စိတ်ကူးစိတ်သန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

[အကြွင်းမဲ့ အာရုံစူးစိုက်မှု- ရောင်ဝါအလင်းကို ဖြစ်ပေါ်စေသည် ။ 】

ရုတ်တရက်၊ မနေ့ညက လေ့လာခဲ့တဲ့ ဟူဒန်ထင်မြင်ယူဆချက်ဟာပင်လယ်ဒီရေအလားပဲသူဦးနှောက်ထဲသို့စီးဝင်လာခဲ့သည်။

ထို့နောက်လင်းဖန် သည် ဟူဒန်ထင်မြင်ယူဆချက်ကို အလိုအလျောက် ဖြေရှင်းစပြုလာသည်။

လင်းဖန်သည် စနစ်မှ မိုးသီးသီအိုအတွက် အဖြေကို ရရှိပြီးဖြစ်သည်။

ဒါကြောင့် သူရေးတာက အရမ်း မြန်ဆန်တာကပုံမှန်ပင်ဖြစ်သည်။

လင်းဖန်သည် ပြီးပြည့်စုံသောဟူဒန်အယူအဆကို ဖြေရှင်းရန်မကျွမ်းကျင်ခဲ့ပေ။(ဟူဒန်ကိုသူတစ်ခါမှမဖြေရှင်းဘူးတော့မကျွမ်းကျင်တာကိုပြောတာပါ)

သို့သော်၊ ရောင်ဝါအလင်း၏ကောင်းချီးအောက်တွင်သူ၏စာရေးနှုန်းသည် နှေးကွေးခြင်းမရှိပေ။

ထိုအချိန်တွင် လင်းဖန်သည် စားရေးတာနှေးလား၊မြန်လားဆိုတာကိုထိုမျှလောက် ဂရုမစိုက်နိုင်တော့ပေ။

ထို့အပြင်၊ဟူဒန် ၏ထင်မြင်ယူဆချက်သည် မိုးသီးသီအိုရီထက် များစွာပိုမိုရှုပ်ထွေးသည်။

ယခုရောက်ရှိနေကြသောလူတိုင်းသည် သင်္ချာဘာသာရပ်တွင် ပညာရှင်ကြီးများဖြစ်ကြသည်။

သို့သော် မကြာမီပင်လူအများစုသည် လင်းဖန်တွက်သောအရှိန်ကိုမလိုက်နိုင်တော့ပေ။(လင်းဖန်တွက်တာမြန်ပြီးသူတို့စဉ်းစားတာကနှေးတာကိုပြောချင်တာပါ)

တစ်ချို့လူတွေက ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို ကြည့်ပြီး မူးနောက်သလိုတောင်ခံစား​ရသည်။

နောက်ဆုံးတော့ သူတို့ကစဉ်းစားတာကိုလက်လျှော့လိုက်ရတော့သည်။

ရှပ်အင်္ကျီအဖြူဝတ်လူက တိုးတိုးလေးဖြင့် “မင်း..နားလည်လား”

သူ့ဘေးနားကလူက ခါးသီးသောလေသံဖြင့်ပြောလိုက်သည်။ “ရှေ့ကတွက်တာကိုနားလည်ပေမဲ့နောက်က ကျတော့...”

ဒါကိုကြားတော့ရှပ်အင်္ကျီအဖြူဝတ်ထားသည့် အမျိုးသားက ဦးစွာ သက်ပြင်းချလိုက်သည်။

သူစိတ်ထဲမှာကံကောင်းထောက်မစွာနဲ့အဲဒါကို ငါတစ်ယောက်တည်း နားမလည်တာ မဟုတ်ဘူးပဲလို့ပြောလိုက်သည်။

သို့သော် မကြာမီမှာပင် သူသည် အလွန်စိတ်ညစ်လာခဲ့သည်။

လင်းဖန်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးသာဖြစ်သည်။

သူ့လိုလူတောင်ဒီလိုတွက်ချက်မှုတွေကို ကြည့်ရင်းနဲ့လင်းဖန်တွက်တာဘာလဲဆိုတာကိုသူလုံးဝနားမလည်ပေ။

ဒါ…

ဒါ... လူတွေကြားက ကွာဟချက် ဘယ်လောက်တောင်ကြီးတာလဲ။

...

ပရော်ဖက်ဆာလီယိုသည်လင်းဖန်တွက်တာကိုမျက်တောင်မခတ်ပဲအချိန်အကြာကြီး စိုက်ကြည့်နေသောကြောင့်သူ၏မျက်လုံးများ၏အနည်းငယ် နာကျင်နေခဲ့သည်။သို့သော်သူသည်ကြည့်နေတာကိုမရပ်လိုက်ပေ။

ထိုအချိန်တွင် လင်းဖန်၏စာရေးနှုန်းသည်တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

လီယို က မျက်မှောက်ကြုတ်လိုက်ပြီး “သူဒုက္ခရောက်နေပုံရတယ်၊ ပါမောက္ခ ဘန်တို သူတွက်တာအောင်မြင်မယ်လို့ မင်းထင်လား?”

ဘန်တိုက သက်ပြင်းချလိုက်ပြီး “သူအခု တော်တော်ဒုက္ခရောက်နေတယ်၊ ​​သူမအောင်မြင်လောက်ဘူးထင်တယ်”

လီယိုက “ဒါဆိုစိတ်မကောင်းစရာပဲ။”

...

တကယ်တော့လီယို နှင့် ဘန်တိုတိုမျှော်မှန်းထားသည့်အတိုင်း လင်းဖန်သည် ပြဿနာ(ဒုက္ခ)ဖြစ်နေသည်။

လင်းဖန်သည်သူ၏ စိတ်ထဲတွင် သူသည် လှပသောရှုခင်းကိုခံစားရန်တောင်ကုန်းလမ်းဆီသို့ အဆက်မပြတ် ချီတက်နေခဲ့သည်။ တောင်ထိပ်သို့ ရောက်ခါနီးတွင်အရှေ့ဘက်တွင် မီတာဆယ်ဂဏန်းကျယ်သော ချောက်ကမ်းပါးတစ်ခု ပေါ်လာခဲ့သည်။

လင်းဖန်သည် ၎င်းကို လုံးဝ ကျော်ဖြတ်၍ မရပေ။

သို့သော် လင်းဖန်သည် တောင်ထိပ်၏ အလှကိုလှမ်းမြင်လိုက်ရသည်။

ထို့ကြောင့်သူသည်လှပသောရှုခင်းကိုကြည့်နိုင်ရန်အတွက်တောင်ထိပ်သို့ အသဲအသန်တက်ချင်နေသည်။

[သင်္ချာပညာရှင်၏ သင်္ချာအတွေ့ အကြုံအဆင့်ကို အဆင့်မြှင့်တင်မလား။ 】

“ဟုတ်တယ်!”

【ဒင်း! အဆင့်မြင့်တာအောင်မြင်ပါတယ်။ သင်္ချာဘာသာရပ်တွင် မဟာပညာရှင်သင်္ချာအတွေ့အကြုံကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ 】

[သင်ကျွမ်းကျင်မှုနှစ်ထပ်ကတ်ကိုအသုံးပြုမည်လား။ 】

“ဟုတ်တယ်!”

လင်းဖန်သည် လုံးဝမတွန့်ဆုတ်ဘဲအဆင့်မြင့်တဲ့ကဒ်ကိုတိုက်ရိုက်အသုံးပြုလိုက်သည်။

ရုတ်တရက် တောင်ကုန်းလမ်း အလယ်မှာ လှပတဲ့ သက်တံ့တံတားကြီး ရုတ်တရက် ပေါ်လာလေသည်။

လင်းဖန်သည် သက်တန့်တံတားပေါ်တွင် လမ်းလျှောက်နေတာကမြေကြီးပေါ်မှ လမ်းလျှောက်နေသကဲ့သို့သူခံစားလိုက်ရသည်။

သူနှင့် တောင်ထိပ်ပေါ်ရှိ လှပသောရှုခင်းသည် လျင်မြန်စွာ ပို၍နီးကပ်လာသည်။

...

တစ်ချိန်တည်းမှာပင် လင်းဖန်၏ ​​ဖော်မြူလာ(တွက်တာ)ရေးသားမှုနှုန်းသည် နှေးကွေးလာရာမှပြန်ပြီးမြန်လာခဲ့သည်။

ဘောပင်နှင့် အီလက်ထရွန်းနစ်ဘုတ်​ပြားတို့သည်အချင်းချင်းပြင်းထန်စွာ တိုက်မိသွားသည်။ ထို့နောက်ကျယ်လောင်တဲ့အသံတွေ ထွက်လာလေသည်။

ဒါကိုကြည့်ရင်းဘန်တို၏ မျက်လုံးများ သည်တောက်ပလာကာ “သူ...တကယ် တွက်နိုင်မယ့်ပုံပဲ”

လင်းဖန်၏ စာရေးအမြန်နှုန်းက ပိုမြန်လာလေသည်။

နောက်အခိုက်အတန့်တွင်သူသည်စာရေးတာကိုရုတ်တရက်ရပ်လိုက်ပြီး စးဘောပင်ကို ဖြည်းညှင်းစွာချလိုက်သည်။

ပထမတော့ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။

ခဏအကြာတွင်၊ တစ်စုံတစ်ယောက်က “သူလုပ်နိုင်သွားပြီ!”

“ဟူဒန်ရဲ့ ထင်မြင်ယူဆချက်ကို ဖြေရှင်းလိုက်ပြီ”

“အိုးမိုင်ဂေါ့ငါနောက်ထပ်သမိုင်းဝင်အခိုက်အတန့်ကိုတွေ့လိုက်ရပြီ။”

သမိုင်းဝင်အခိုက်အတန့်လား

မှန်တယ်!

ကျန်ပေ့တက္ကသိုလ် အစီရင်ခံစာ အစည်းအ ဝေးကို အရင်ကတက်ရောက်ခဲ့သူအချို့ သည် တစ်ကြိမ်သာရှိ ပြီးဖြစ်သည်။

နောက်ဆုံးအကြိမ်တွင်လင်းဖန်သည် လူရှေ့သူရှေ့တွင် ကမ္ဘာ့အဆင့်မီ သင်္ချာပြဿနာတစ်ခုကို ဖြေရှင်းခဲ့သည်။ထို့နောက်အမွှာအနှစ်သာရကိုဖြေရှင်းရင်းဖြင့်သမိုင်းဝင်အခိုက်အတန့်ကို ဖန်တီးခဲ့သည်။

ဒီနေ့ကလဲ အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေနဲ့တစ်ထပ်ထဲတူနေလေသည်။

ထို့အပြင်၊ အမွှာအနှစ်သာရနေရာမှာအမွှာအနှစ်သာရထက်ကိုပိုမိုခက်ခဲသော ဟူဒန်အယူအဆဖြင့်အစားထိုးခဲ့သည်။

“ပါ့ ပါ့ ပါ့’’

ရုတ်တရက်၊ လူတိုင်းကကျယ်လောင်စွာလက်ခုပ်တီးပေးလိုက်ကြတော့သည်။

ပရိသတ်ထဲတွင် ထိုင်နေသောဟန်တီသည် လင်းဖန်အား တစ်ချိန်လုံး တိတ်ဆိတ်စွာ ကြည့်နေသည်။

သူမသည် လင်းဖန်းအား ကြည့်ရင်း မိုးသီးသီအိုရီဖြေရှင်းဖြစ်စဉ်ကို ရေးချလိုက်ပြီး လင်ဖန်းသည် ရှုပ်ထွေးပွေလီသော ဟူဒန်ထင်မြင်ယူဆချက်ဆိုင်ရာတွက်တာကို သူမကြည့်ရှုခဲ့သည်။

ဟန်တီသည် လင်းဖန်၏ အာရုံစူးစိုက်သောအမူအရာ၊လေးနက်သော အပြုအမူများကို ကြည့်ရင့း...

တဖြည်းဖြည်းနှင့် ဟန်တီ၏မျက်လုံးထဲတွင် လင်းဖန်၏ကိုယ်ရောင်ကိုယ်ဝါသည်ပို၍ကြီးမားလာသည်။

လင်းဖန်သည်ဟူဒန်၏ နောက်ဆုံးအဖြေကို ရေးချသောအခါဟန်တီသူမ၏အမြင်တွင်လင်းဖန်သာသူမကမ္ဘာတစ်ခုလုံးဖြစ်သွားသည်။

...

ပရော်ဖက်ဆာ ဘန်တိုက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက် “သူက တကယ်ကို အံ့သြစရာပဲ!”

...

ရှေ့ဆုံးခန်းမှာထိုင်နေတဲ့ ပရော်ဖက်ဆာ ဂျက်ဖရီက စိတ်လှုပ်ရှားစွာနဲ့ “ပါမောက္ခ အက်ဒီမင်း အဲဒါကို မြင်လား’’

လင်းဖန်သည် ဟးဒန် ၏ထင်မြင်ယူဆချက်အတွက် နောက်ဆုံးအဖြေကို ရေးသားသည့်အခါ ပါမောက္ခအက်ဒီသည် လုံးဝကို အံ့သြသွားခဲ့သည်။

ဒါကြောင့် အခု ဂျက်ဖရီပြောတာကို သူ လုံးဝ မကြားလိုက်ပေ။

သို့သော်လည်း ဂျက်ဖရီက ဒါကို ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘဲ “လင်းဖန်က မထွက်သေးဘူးပဲဆိုတော့အပေါ်တက်ပြီး မေးခွန်းအနည်းငယ် မေးကြည့်ရအောင်။”

ထို့နောက်အက်ဒီ၏ကိုဆွဲခေါ့ပြီး စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။

တကယ်တော့၊ ပညာရှင်တော်တော်များများက သူတို့နဲ့အလားတူအစီအစဉ်ရှိသောကြောင့်စင်မြင့်ပေါ်ကိုတယောက်ပြီးတယောက် လျှောက်သွားလိုက်ကြသည်။

သို့သော် ဂျက်ဖရီ၏အရှိန်သည် သူတနု့အားလုံးထက်သိသိသာသာ ပိုမြန်သည်။

သူသည်အက်ဒီကို လင်းဖန်ထံ ဦးစွာ ခေါ်သွားပြီး အင်္ဂလိပ်လို သွက်လက်စွာ ပြောလိုက်သည်။ “မစ္စတာ လင်း၊ ဟဲလို၊ ငါ မင်းကို မေးခွန်းတချို့ မေးလို့ရမလား၊ Xm+1=Sm9 —5 ဖြစ်တဲ့ 55th ဖော်မြူလာနဲ့ Xm+1=Sm9 —5... အဲဒါကို ဘယ်လိုနားလည်လဲ။ “

ထိုအချိန်တွင် လင်းဖန်သည် စိတ်ကောင်းရှိနေသည်။

အဘယ်ကြောင့်ဆိုသော် သူရေးသောဘောပင်ကို ချလိုက်သောအခါတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! မစ်ရှင်ပြီးခြင်း။ဟူဒန်၏ထင်မြင်ယူဆချက်ကိုဖြေရှင်းပြီးဖြစ်သောကြောင့်ရွှေရောင်စာအိတ် ၅ အိတ်ကိုရရှိသည်။ 】

လင်းဖန်သည် သူနောက်ဆုံးအကြိမ် ဖောက်ခဲ့သော ရွှေရောင်စာအိတ်သည်မည်မျှကောင်းကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ထို့ကြောင့်၊ လင်းဖန်သည် ဒီလိုမေးခွန်းအနည်းငယ်ကို ဖြေရန် စိတ်မ၀င်စားတော့ပေ။သူသည်ရွှေရောင်စာအိတ်နီကိုသာဖောက်ချင်နေပြီဖြစ်သည်။

လင်းဖန်သည် ပရော်ဖက်ရှင်နယ်အဆင့် အင်္ဂလိပ်စာကျွမကျင်သူဖြစ်သည်။

သို့သော် သူသည်ပြန်ဖြေရန် ဟွာရှဘာသာစကားကိုအသုံးပြုရန်သာရွေးချယ်ခဲ့သည်။

ဘာလို့ဆိုသူသည် ဟွာရီမှဖြစ်သောကြောင့်ပင်ဖြစ်သည်။

“ဒီဖော်မြူလာကို 35th ညီမျှခြင်း၊ 41st ညီမျှခြင်းနဲ့ 3X1+5M=7s ဖြစ်တဲ့ 44th တြိဂံ နဲ့ ပေါင်းစပ်လိုက်ရင်ရပါပြီ.....”

စကားပြောပြီးနောက် လင်းဖန်သည် လှည့်ကာ ထွက်သွားလိုက်သည်။

ပရော်ဖက်ဆာအက်ဒီနှင့် ပါမောက္ခဂျက်ဖရီတို့သာ မျက်နှာဗလာဖြင့် ထိုနေရာတွင် ရပ်နေကြသည်။

ခဏအကြာတွင် ပရော်ဖက်ဆာ အက်ဒီက “ဂျက်ဖရီ၊ မင်းပြောတာ မှန်တယ်၊ ငါတို့ တရုတ်စကားကို သင်ယူကြရအောင်”

ဂျက်ဖရီ က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီး “မှန်တယ်!”ဟုပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters