ဂိမ်းကစားခြင်း
Vol. 20 Ch. 292
လင်းဖန်သည် အခန်းထဲကနေထွက်မသွားမီတွင် သင်္ချာပညာရှင် အများအပြားက သူဆို့သိချင်သည့်မေးခွန်းတွေကိုလယမေးလာကြသည်။
အခုအချိန်တွင်လင်းဖန်သည်လဲစိတ်ကောင်းရှိသည့်အတွက်မေးခွန်းများအားလုံးကို တစ်ခုပြီးတစ်ခုကိုဖြေပေးသည်။
မေးခွန်းများကိုဖြေသည့်တစ်ချိန်လုံးဟွာရှဘာသာစကားကိုသာအသုံးပြုနေခဲ့သည်။
သင်္ချာပညာရှင်တွေမေးခွန်းတွေ အများကြီးမေးချင်ကြသည်။
သို့သော်ဟွာရှဘာသာစကားကိုသူတို်နားမလည်နိုင်သောကြောင့် လျင်မြန်စွာ ခေါင်းကုတ်လိုက်ပြီး ဘာမှ မမေးတော့ပေ။
လင်းဖန်သည် ဤအဖြစ်အပျက်ကြောင့် နိုင်ငံတကာ သင်္ချာပညာရှင်များသည် တရုတ်ဘာသာစကားကိုသင်ယူရန်စတင်ခဲ့သည်ကို မသိခဲ့ပေ။
...
ထုံးစံအတိုင်း လင်းဖန် က ဒါတွေကို မသိလိုက်ပေ။
ခန်းမထဲက ထွက်ပြီးနောက်သူသည်အိပ်ဆောင်ကို ပြန်လာခဲ့သည်။
ထိုအချိန်တွင် အိပ်ဆောင်ထဲတွင် မည်သူမျှမရှိပေ။
လင်းဖန်သည် ကုတင်ပေါ်မှာလဲလျောင်းလိုက်သည်။
တကယ်တော့၊ ခန်းမထဲမှာကျယ်လောင်သောလက်ခုပ်သံကြောင့်သူ့နားတွေ နာကျင်နေသလိုခံစားရသည်။
ထို့နောက် လင်းဖန်သည် ရွှေရောင်စာအိတ်ကို အာရုံစိုက်လိုက်သည်။
သူသည် ရွှေရောင် အနီရောင် စာအိတ်ကို မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်သည်။
ထိုနောက်သူသည်ရေရွတ်လိုက်သည်- “ရွှေရောင်စာအိတ်ငါးလုံး၊ ဘာရနိုင်မလဲ ကြည့်ရအောင်”
“ရွှေရောင်စာအိတ်ဖွင့်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည်မျှဝေ ကူပွန်ကို ရရှိသည်။ 】
ဒါကသေချာပေါက်ပစ္စည်းကောင်းပင်ဖြစ်သည်။
လင်းဖန်သည် အဲဂရု နှင့် ပန်ကူဂရု တစ်ခုစီတွက်ရှယ်ယာ10% စီပိုင်ဆိုင်သည်။
သူသည်မျှဝေကူပွန်ကိုသာအသုံးပြုလိုက်သည်နှင့် သူသည် နောက်ထပ်ရှယ်ယာ 10% ကို ချက်ချင်းရနိုင်မည်ဖြစ်သည်။
【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် ၈ သန်း လက်ခံရရှိသည်။ 】
ဒါကတော့အမှိုက်ပင်ဖြစ်ပြီးသူအတွက်တော့
အသုံးမဝင်တဲ့အရာပင်ဖြစ်သည်။
【ဒင်း! ဂုဏ်ယူပါတယ် မြေကွက်ကူပွန်ကိုရရှိသည်။ 】
ပစ္စည်းကောင်း!
အသုံးပြုပြီးနောက်၊ သူသည် 10,000 စတုရန်းမီတာရှိ မြေဧရိယာနှင့် ၎င်းပေါ်ရှိ အဆောက်အအုံအားလုံး၏ ပိုင်ဆိုင်မှုကို သူချက်ချင်း ရရှိနိုင်မည်ဖြစ်သည်။
လင်းဖန်သည် သူ့တွင် အသုံးမပြုရသေးသော မြေကူပွန်နှစ်စောင်ရှိနေသေးကြောင်း ရုတ်တရက် သတိရမိလိုက်သည်။ထို့ကြောင့်နောက်တစ်ကြိမ် အခွင့်အရေးရသောအခါတွင် ၎င်းတို့အားလုံးကို အသုံးပြုနိုင်မည်ဟုဆုံးဖြတ်လိုက်သည်။
【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 5 သန်း လက်ခံရရှိသည်။ 】
ဒါကတော့အသုံးမဝင်တဲ့အမှိုက်ပင်ဖြစ်သည်။
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် တန်တန်ဘဏ်၏ ရှယ်ယာ 51% ကို ရရှိခဲ့သည်။ 】
ဒါကတော့ ပစ္စည်းကောင်းပင်ဖြစ်သည်။
စျေးကွက်တန်ဖိုး ယွမ် ဘီလီယံ 600 ရှိသော တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် တန်တန် ဘဏ်။
လင်းဖန်သည် ရှယ်ယာ 51% ကို တိုက်ရိုက် ရရှိခဲ့ပြီးဆိုလိုသည်မှာ လင်းဖန်၏ ပိုင်ဆိုင်မှုသည် ယွမ် 300 ဘီလီယံ ထပ်မံ တိုးလာခဲ့သည်။
လင်းဖန်သည် ရွှေရောင်စာအိတ်မှ သူရလာသမျှကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်။
ထို့နောက် မျှဝေကူပွန်ကို အာရုံစိုက်လိုက်သည်။
[ဒင်! ပန်ကူဂရုကိုမျှဝေကူပွန်ကို သင်အသုံးပြုပါသလား။ 】
“ဟုတ်တယ်!”
【ဒင်း! ပန်ကူ၏ စုစုပေါင်းရှယ်ယာ 20% ကို အောင်မြင်စွာရရှိခဲ့ပါသည်။ 】
ရုတ်တရက်လင်းဖန် ၏ ပိုင်ဆိုင်မှုများသည် ယွမ် ၅၀၀ ဘီလီယံ ထပ်မံတိုးလာကာ ပန်ကူဂရု နှင့် အဲဂရုတို့ကို နိုင်ငံခြားမှ ပြန်လည်ရယူရန် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့သည်။(အဲဂရုနဲ့ပန်ကူဂရုတွေရဲ့ပိုင်ရှင်ကနိုင်ငံခြားသားတွေပါ၊လင်းဖန်ကသူတို့စီကနေအဲဂရူနဲ့ပန်ကူဂရုကိုပြန်ယူချင်နေတာပါ)
ဒါတွေကိုလုပ်ပြီးနောက်လင်းဖန်ရဲ့ စိတ်တွေ ကအေးချမ်းလို့လာခဲ့သည်။
ကုတင်ပေါ်တွင် လဲလျောင်းရင်း ပျင်းလာသောကြောင့်၏ဖုန်းကို ထုတ်ကာ အခန်းဖော်များ ကစားနေသည့် ဘုရင်ကြီးဂိမ်းကိုဖွင့်လိုက်သည်။
လင်းဖန်သည် ဤတာဝါတိုင်ကိုချိုးဖျက်သည့်ဂိမ်းဖြစ်ပြီး လူသတ်ဂိမ်းလည်းဖြစ်ကြောင်းသိသည်။
ဒါကကိုယ့်ဘာသာကိုယ် ကစားရင်အရမ်းကိုခက်သည်။
ထို့ကြောင့် ဂိမ်းမဆော့မီတွင်လင်းဖန် သည် ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
ထိုအချိန်တွင်မီလိန်(ဒါကလူနာမည်)သည် ဟန်ရှောင်(ဂိမ်းထဲကနာမည်တွေပါ) ကို ပြေးပြီးနှစ်ချက်ချလိုက်ပြီးနောက်အနိုင်ရခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မရေမတွက်နိုင်သော မက်ဆေ့ ထွက်ပေါ်လာသည်။
[ဗူဗု: သူမလေးဆော့တာ တကယ်ကို မိုက်တယ်။ 】
[A- ဟုတ်တယ်အရမ်း မိုက်တယ်။ 】
[လီမန်- ဒီလိုဆော့တတ်တဲနည်းပညာမျိုးကို ငါဘယ်အချိန်မှာမှ ရနိုင်မလဲ။ 】
[အစ်ကို ဂျန်: 666! 】
[ဝန်ရီ: သောက်ရမ်းကိုမိုက် 】
မီလိန်က ဤမက်ဆေ့များကို မြင်လိုက်ရပြီး နောက်သူမကပြုံးပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “လူတိုင်းနဲ့ ဂိမ်းဆော့ဖို့ကအချိန်သိပ်မရမှာကြောက်တယ်။”
ဒီထုတ်ပြန်ချက်က အခုမှထွက်လာတာ...
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရွှေရောင်သတိပေးချက်တစ်ခု ရုတ်တရက်ပေါ်လာသည်- အလုပ်သမားဧကရာဇ်ကိုထုတ်ရိုက်ထုတ်လွင့်မှုခန်းမှကြ်ုဆိုပါသည်။
ထို့နောက်…
ဒုံးကျည်၁ လုံး။
ဒုံးကျည် ၁၀ လုံး။
ဒုံးကျည်၅၀။
ဒုံးကျည်၁၀၀။
ဒုံးကျည်၂၀၀။
...
အဆုံးတွင်၊ ဒုံးပျံ ၁၀၀၀ သည် စခရင်ကိုဖြတ်၍ ပျံသန်းသွားသည်။
တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
[ဖန်ဖန့: ဖာ့ဒါကအလုပ်သမားဧကရာဇ်ပဲ 】
[ ရန်ကျောက်-အလုပ်သမားဧကရာဇ်လာမယ်လို့ငါမပြောလင့်ထားဘူး။ 】
[ရန်ရန်- ငါတို့ရဲ့အလုပ်သမားဧကရာဇ်ရောက်ပြီပဲ! 】
[ယန်ယန်: အိုး! နောက်ဆုံးတော့ အလုပ်သမားဧကရာဇ်ကို ငါပြန်တွေ့ပြီ။ 】
...
လင်းဖန်သည် ဒါတွေကိုလုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက် မက်ဆေ့ချ် ပို့လိုက်သည်။
အလုပ်သမားဧကရာဇ် - မီလိန်၊ငါနဲ့အတူ ဂိမ်းအနည်းငယ်ကစားပေးလို့ရလား။
အလုပ်သမားဧကရာဇ်သည် ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိလာမည်ဟု မီလိန်သူမက ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
သူမသည် ဖန်သားပြင်များ အပြည့်ရှိသော ဒုံးပျံကို ကြည့်ကာ လုံးဝ အံ့အားသင့်နေသည်။
ခဏကြာတော့သူမက “ငါမင်းနဲ့အတူဂိမ်းဆော့ပေးမယ်!”
တခြားသူတွေနဲ့ ဂိမ်းကစားဖို့သာ အချိန်မရတာလေ။
လင်းဖန်ကတော့ချွင်းချက်ပင်ဖြစ်သည်။ !
...
အေလန်၊လုံလီ နှင့် မီရှန်တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း အလားတူအခြေအနေမျိုး ဖြစ်ပွားခဲ့သည်။
ရလဒ်အနေဖြင့် လင်းဖန် နှင့် ထိပ်တန်း ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူ လေးဦးတို့ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်ဘုရင်ဂိမ်းကိုစတင်ကစားကြတော့သည်။
........
လင်းဖန်သည်ဂိမ်းကို အလွန်ပျော်ရွှင်စွာ ကစားခဲ့သည်။
တစ်နေ့တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့သည်။
ညနေတွင်လင်းဖန်သည် ကျောင်းလမ်းတွင် လမ်းလျှောက်လာသောအခါတွင် သူသည် ဟန်တီကိုတွေ့လိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် လင်းဖန်သည် ဟန်တီကနံနက်ခင်းနှင့် အနည်းငယ် ကွာခြားသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအချိန်တွင်ဟန်တီ၏ လှပသော မျက်လုံးများသည် ကျောက်မျက်ရတနာများကဲ့သို့ အနည်းငယ် တောက်ပလာပြီး လှပသော သူမ၏မျက်နှာတစ်ပြင်လုံးသည်လဲနီမြန်းနေလေသည်။
သူမ၏ သေးငယ်သော ချယ်ရီပါးစပ်သည် မပွင့်သော်လည်း သူ့ကိုယ်စွဲလန်းနေသည်ကို ပြောပြနေပုံရသည်။
သူမရဲ့အသွင်အပြင်ကိုကြည့်လိုက်တော့လင်းဖန်က ရှောင်ပန်နဲ့ ရှောင်အန်းတို့အကြောင်းကိုချက်ခြင်းတွေးမိလိုက်သည်။
ဒါကြောင့် သူ့မအပေါ် သူသည်အမှန်တရားမျက်လုံးကို အသုံးပြုလိုက်သည်။
[မျက်နှာတန်ဖိုး- 98]
[အကြိုက်ဆုံးဘွဲ့- 99]
99
သေချာတာပေါ့၊ ဆရာမဟန်တီ ရဲ့ ကျေနပ်နှစ်သက်မှုက 99 ပြည့်သွားခဲ့လေသည်။
ဒါပေမယ့် ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။
ထိုအချိန်တွင် လင်းဖန်၏ဗိုက်ထဲကနေအသံထွက်တစ်ခုလာသည်။
“ဆရာမဟန်တီ ညစာစားပြီးပြီလား” လင်းဖန်က မေးလိုက်သည်။
ဟန်တီ က “မစားရသေးဘူး”
လင်းဖန်က ပြုံးပြီး “ဒါဆို အတူတူစားရအောင်!”
သူတို့သည် ကျောက်ဇန်အဆောက်အဦး၏ 26 လွှာဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
......
နှစ်ယောက်သားသည်အကင်စားရင်း ဝိုင်နီသောက်လိုက်ကြသည်။
ဒီညနေအစားအစာသည် ယွမ် 32,999 ပဲ ကျခဲ့သည်။
လင်းဖန်သည် ဆရာမဟန်တီကို အိမ်ပြန်ပို့သောအခါတွင် ဆရာမဟန်တီကိုသည်အမှောင်ကိုကြောက်ရွံ့သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ထို့ကြောင့်သူမကလင်းဖန်ကို ပွေ့ဖက်လိုက်သည်။ထို့နောက်လင်းဖန်ကိုနမ်းလိုက်လေသည်။
( ̄ε ̄)
(ˉ﹃ˉ)
...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး