ခေတ်နောက်ကျခြင်း
Vol. 20 Ch. 293
လင်းဖန်းအစီရင်ခံစာ အစည်းအဝေးတွင် သင်္ချာပညာကျွမ်းကျင်သူများသည်လင်းဖန်ဖြေရှင်းခဲ့သောမိုးသီးသီအိုရီကိုအသိအမှတ်ပြုလိုက်ကြသည်။
လင်းဖန်သည်မိုးသီးသီအိုရီကိုဖြေရှင်းပြီးနောက်ဟူဒန်ထင်မြင်ယူဆချက်အားဖြေရှင်းပေးခဲ့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အစီရင်ခံစာကို မရေမတွက်နိုင်သော ပြည်တွင်း ပြည်ပ မီဒီယာများနှင့် သတင်းထောက်များက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သတင်းရဖို့ကိုလာကြလေသည်။
သို့သော်လင်းဖန်သည် အင်တာဗျူးများကိုဖြေရတာမကြိုက်ကြောင်း ကျန်ပေ့ တက္ကသိုလ်ကလူသိလေသည်။
သတင်းထောက်များသည် လင်းဖန်က အင်တာဗျူးမဖြေနိုင်သောကြောင့် အစီရင်ခံစာတွင် ပါဝင်ခဲ့သည့် သင်္ချာပညာရှင်များအား ၎င်းတို့၏ကင်မရာများဖြင့်ရိုက်ပြီးမေးခွန်းတွေကိုမေးလေသည်။
“ပရော်ဖက်ဆာ ဘန်တို၊ မိုးသီးသီအိုရီနဲ့ဟူဒန်ယူဆချက်တွေကိုလင်းဖန်က အမှန်တစ်ကယ်ဖြေရှင်းခဲ့တာလား” ချောမောလှပသော အမျိုးသမီး သတင်းထောက်က မေးလိုက်သည်။
ဘန်တိုခဏလောက်စဉ်းစားလိုက်ပြီး “မိုးသီးသီအိုကတော့သေချာပေါက်ဖြေရှင်းတာမှန်ပါတယ်၊ဒါပေမဲ့ ဟူဒန်ရဲ့ ထင်မြင်ယူဆချက်က ရှုပ်ထွေးလွန်းလှတယ်၊ဒါကြောင့်ငါ ဒါကိုအချိန်ပိုပေးပြီး နက်နဲတွက်ကြည့်ဖို့လိုအပ်တယ်”
သတင်းထောက်သည် ဟာကွက်အချို့ကို ဖမ်းမိလိုက်ပြီး “မင်းဆိုလိုတာက လင်းဖန် ရဲ့ ဟူဒန်မှန်းဆအဖြေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာလား။”
ဘန်တို က “မရှိပါဘူး၊ သူ့ရဲ့သင်္ချာပညာအဆင့်က ကျွန်တော့်ထက် အဆမတန် တော်တာကြောင့် ကျနော်လေ့လာဖို့အချိန်ပိုလိုတာပါ။”
သတင်းထောက်သည် အချိန်အတော်ကြာ အေးခဲသွားခဲ့သည်။သူမသည် ဘန်တိုက ထိုသို့ပြောရန် မမျှော်လင့်ခဲ့ပေ။
သိရန်ဘန်တိုသည် သင်္ချာဘာသာရပ်တွင် ထိပ်တန်းပညာရှိကြီးဖြစ်သည်။
လင်းဖန်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်မျှသာဖြစ်သည်။
ဒါ...
သတင်းထောက်က မနေနိုင်ဘဲ“မင်းသူ့ကိုဘယ်လောက်လောက်ထိတွေးထားလဲ” လို့ မေးလိုက်သည်။
ဘန်တိုသည် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုးကောင်းကင်မော့ကြည့်ကာ “ငါ သူ့ကို တွေ့တုန်းကတည်းကသူကသင်္ချာမဟာပညာရှိပဲလို့တွေးခဲ့တယ်” ဟုဆိုသည်။
ဒါကိုကြားတော့သတင်းထောက်၏မျက်လုံးများပြူးကျယ်သွားတော့သည်။
သင်္ချာမဟာပညာရှိ
.....
ဂျက်ဖရီနဲ့ အက်ဒီတို့ဟာ တရုတ်ပြည်မှာ ကြာကြာမနေခဲ့ကြပေ။ ဟောပြောပွဲကို နားထောင်ပြီးနောက် သူတို့သည် တရုတ်အစားအစာအချို့ကို စားပြီးနောက်အမေရိကန်သို့ ပြန်သွားရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်တွင် အသားဖြူသော အမျိုးသားသတင်းထောက်တစ်ဦး ရောက်လာပြီး “ပါမောက္ခ ဂျက်ဖရီ၊ ပရော်ဖက်ဆာ အက်ဒီ၊ မင်္ဂလာပါ။ ကျွန်တော်ကတော့သတင်းထောက်တစ်ဦးပါ။ လင်းဖန်က မိုးသီးသီအိုရီနဲ့ ဟူဒန်ရဲ့ထင်မြင်ချက်ကို တကယ်ဖြေခဲ့တာလား။”
“ဟုတ်တယ်!” ဂျက်ဖရီ က အတည်ပြုလိုက် သည်။
အမျိုးသား သတင်းထောက်က “ဒါပေမယ့် သူက အသက် 20 ပဲရှိသေးတာမလား။ ဒီအသက်အရွယ်မှာ သင်္ချာပြဿနာတော်တော်များများကို ဖြေရှင်းပြီးသွားပြီလေ။ဒါကသေချာပေါက်ထူးဆန်းတဲ့အချက်ပဲ။မဟုတ်မှလွဲရော တစ်ယောက်ယောက်က ကြိုပြီးသင်္ချာပြဿနာကိုဖြေရှင်းပေးထားတယ်လို့ မင်းတို့ထင်လား”
ဂျက်ဖရီနှင့် အက်ဒီတို့ နှစ်ယောက်စလုံး သတင်းထောက်ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
အဲဒါကို ကြိုပြီးဖြေပြီးမှတော့အဲ့ဒီဖြေရှင်းပြီးတဲ့လူကလင်းဖန်ကိုဘာလို့ရေးခိုင်းတော့မှာလဲ
ဒီလူကသတင်းထောက်သာဖြစ်တည ဦးနှောက်ကျမရှိဘူးပဲဟုသူတို့နျစ်ယောက်လုံးကတွေးလိုက်ကြသည်။
အက်ဒီ က “မင်းသာသင်္ချာ ဗဟုသုတ အနည်းငယ် ရှိမယ်ဆိုရင်မင်း သေချာပေါက် ဒီလိုပြောမှာ မဟုတ်ဘူး”
ဂျက်ဖရီက “သူအရမ်းကြိုးစားတဲ့လူငယ်လေးတစ်ပါ။ငါတို့လဲသူနောက်မကျရအောင် သင်္ချာလေ့လာရအုံးမယ်။ မင်းရဲ့အရည်မရအဖတ်မရတဲ့အင်တာဗျူးတွေအတွက် ငါအချိန်မဖြုန်းချင်ဘူး၊ အခုငါတို့အမေရိကန်ကို အမြန်ပြန်ရမယ်၊ ပြီးတော့ ထူးချွန်တဲ့ဆရာတွေကိုမေးပြီးတရုတ်ဘာသာစကားကိုမြန်မြန်သင်ခိုင်းရမယ်”
စကားပြောပြီးနောက် သူသည် ဒက်ဒီကိုခေါ်ကာထွက်သွားလိုက်လေသည်။
...
အင်တာနက်ပေါ်မှာတော့အလွန်ကိုပွက်လောရိုက်နေလေသည်။
[မစ်ဇူသတင်း- ကျန်ပေ့တက္ကသိုလ်မှလင်းဖန်သည်မိုးသီးသီအိုရီအစီရင်ခံစာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ဂုဏ်ပြုပါတယ်။တစ်ချိန်တည်းမှာပင်ဟူဒန် ထင်မြင်ယူဆချက်ကို အဖြေပေးခဲ့တဲ့အတွက်လဲဂုဏ်ပြုပါတယ်။ 】
(လီရန်-လင်းဖန်က ကမ္ဘာ့သင်္ချာပုစ္ဆာလေးခုကို ဖြေရှင်းခဲ့တာလား။သူကလူသားတစ်ယောက်ပဲလား )
( ကာကာ : မင်းတို့သိလား ? ငါရဲ့ ကျူရှင်ဆရာကဇောင်ထင်မြင်အယူအဆကို အစကတည်းက လေ့လာခဲ့တယ်။ တစ်နှစ်လောက် လေ့လာခဲ့ပြီးနောက်အနည်းငယ် တိုးတက်မှုရှိခဲ့တယ်။ အဲဒီအချိန်မှာပဲလင်းဖန် က ဒါကို ဖြေရှင်းခဲ့တယ်။
ထို့ကြောင့်၊ငါ့ရဲ့ဆရာသည် အမွှာအနှစ်သာရကိုပြောင်းလဲပီးတော့လေ့လာခဲ့သည်။ ငါ့ရဲ့ဆရာလေ့လာနေတဲ့အချိန်အတွင်းမှာပဲလင်းဖန်သည် အမွှအနှစ်သာရကို ဖြေရှင်းခဲ့ကြောင်းသိရှိလိုက်ရတယ်။
ဒါကြောင့် ငါ့ရဲ့ဆရာသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက်အခြားတစ်ခုကို လေ့လာချင်သောကြောင့်မိုးသီးသီအိုရီကို ပြောင်းလဲလေ့လာခဲ့သည်။ရက်အနည်းငယ်မျှသာ လေ့လာပြီးနောက်လင်းဖန်သည် မိုးသီးသီအိုရီကိုထပ်မံဖြေရှင်းခဲ့သည်။
.ကျနော့်ရဲ့ဆရာက ဒီလိုမျိုးထပ်မဖြစ်ရအောင်လို့ဆိုပြီး ဤရာစုတစ်လျှောက်တွင်မည်သူမျှ မဖြေနိုင်သော ခက်ခဲသောမေးခွန်းဖြစ်သော ဟူဒန်ထင်မြင်ယူဆချပ်ကို လေ့လာခဲ့တယ်။
သို့သော်လည်းဆရာလေ့လာမည့်အကြောင်းအရာကို မနေ့ကဆုံးဖြတ်ခဲ့ပြီးနောက်ယခုလင်းဖန်ည်ဟူဒန်၏ ထင်မြင်ယူဆချက်ကို ထပ်မံဖြေရှင်းနိုင်ခဲ့တယ်။
ငါ့ဆရာက အခု အိပ့်ရာထဲမှာ ငိုပဲငိုနေတော့တယ်။သူငိုတာတောင်ပါးစပ်ကနေ’’လင်းဖန်မင်းရက်စက်လိုက်တာ’’လို့တောင်ပြောနေသေးတယ်။ )
(ရန်:အပေါ်ကတသ်ယောရေမက်းရဲ့ဆရာအတွက်မျက်ရည်နှစ်စက်ပါ.....)
(ကျူရန်: ထောင်စုနှစ်ပြဿနာကို ဖြေရှင်းလိုက်ရင် ၁ သန်း ရနိုင်တယ်လို့ငါကြားတယ်။ လင်းဖန်ကမကြာခင်မှာသန်းကြွယ်သူဌေးဖြစ်လာနိုင်တယ်လို့ မဆိုလိုဘူးလား။)
(ကော့လန်- ဒါဆုကြေးငွေကလင်းဖန်အတွက်ကတော့နညးနည်းလေးရယ်။ဘာလို့ဆိုပြီးခဲ့သည့် အကြိမ်ကယွမ် 10 သန်းကိုရရှိထားလို့ပဲသည်။)
...
လင်းဖန်သည် သင်္ချာပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများနှင့် အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများကို ဂရုမစိုက်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ရက်ကုန်သွားလေသည်။
ဒီနေ့စနေနေ့ပင်ဖြစ်သည်။ လင်းဖန်သည် နံနက်စာစားပြီးနောက်လင်းဖန်သည်လေဆိပ်သို့သွားလိုက်လေသည်။
ရှဂိုလေကြောင်းလိုင်း၏ ဇိမ်ခံလေယာဉ်သည် ဤနေရာတွင် လင်းဖန်လာမည်ကိုစောစီးစွာ စောင့်ဆိုင်းနေခဲ့သည်။
လင်းဖန်ရောက်လာသောအခါတွင် လေယာဉ်အမှုထမ်းများစွာကနွေးထွေးသောဝန်ဆောင်မှုကို ချက်ချင်းကြိုပေးခဲ့ကြသည်။
“ဗွမ်း!”
လေယာဉ်သည် ကျယ်လောင်သော အသံထွက်ပြီးနောက် ဂေဟင်ကောင်းကင်စီသို့ ပျံသန်းသွားခဲ့သည်။
နှစ်နာရီအကြာတွင် လင်းဖန်သည် မှော်မြို့သို့ ရောက်လာလေသည်။
ဒီနေ့ သူက ကျူရီရှောင်စီကို လာတာပက်ဖြစ်သည်။
နွေဦးပွဲတော်အပြီးမှာ သူတို့နှစ်ယောက် မတွေ့ဖြစ်တာ တော်တော်လေးကိုကြာပြီဖြစ်သည်။
ထိုအချိန်တွင်ကျူရီရှောင်သည်သူမ၏လုပ်ငန်းခွက်အဆောက်အဦးတွင်လမ်းလျှေက်နေလေသည်။သူမရဲ့ ပြီးပြည့်စုံသော အသွင်အပြင်နှင့်လုပ်ငန်းခွင်ရှိ အထက်တန်းစား အမျိုးသမီးတစ်ဦး၏ ပင်ကိုယ်စရိုက်နှင့်အရှိန်အဝါရှိသောကြောင့်နေရာတိုင်းတွင်ရှိသောယောက်ကျားလေးများကသူမကိုတောက်ပသောများလုံးများဖြင့်ကြည့်နေကြသည်။
အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးသည် Porsche ကားသော့ကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ လျှောက်လာပြီး အနည်းငယ် ပဟေဠိဆန်သော လေသံဖြင့် ပြောလိုက်သည် “ဒီအလှလေးငါမင်းကိုတစ်နေရာရာမှာ တွေ့ဖူးသလိုပဲ “
သို့သော် ကျူရီရှောင် မဖြေမီတွင် အနောက်ကနေလှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဟေ့ကောင်၊ မင်းအခုဘယ်ခတ်ရောက်နေပြီလဲဆိုတာကိုမသိဘူးလား။ ဒီလိုပြောတာက အရမ်းကိုခေတ်နောက်ကျနေပြီ။ငါ့ကိုကြည့်ထား”
ကျူရီရှောင် အသံကြားပြီးနောက်တွင် သူမ၏ လှပသော မျက်လုံးများ အနည်းငယ် ရွေ့လျားသွားခဲ့သည်။
သူမသည်လင်းဖန်ကိုမြင်ပြီးနောက်သူမ၏လှပသောသောမျက်လုံးများသည်အနည်းငယ်တောက်ပသွားလေသည်။
ထို့နောက် လင်းဖန်သည် ရှေ့သို့ တိုးလာကာ ကျူရီရှောင်၏ သွယ်လျသောခါးကိုဖက်ရင်း သူမ၏ချယ်ရီရှောင်နှုတ်ခမ်းလေးကိုနမ်းလိုက်လေသည်။
( ̄ε ̄*)
(ε ̄)
ပြီးနောက်သူက ပြုံးပြီးပြောလိုက်သည်။”အလှလေးမင်း ငါ့ရည်းစားဖြစ်ချင်လား!”
ကျူရီရှောင်၏ လှပသော မျက်နှာသည် ရှက်စိတ်ဖြင့် အနည်းငယ် နီမြန်းလာပြီးနောက်သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးဟာ အနည်းငယ်ပွင့်သွားကာ “ကောင်းပြီ” ဟု တိုးတိုးလေး ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး