ဒီအဆောက်အဦးကိုငါပိုင်တယ်
Vol. 20 Ch. 294
ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကာ အနောက်တိုင်းဝတ်စုံဝတ်ထားသောလူကို ပြုံးပြလိုက်သည်။
ထိုလူသည်လဲငတုံးမဟုတ်ပေ။ထို့ကြောင့် လင်းဖန်သည် ကျူရီရှောင်၏ ချစ်သူဖြစ်သည်ဆိုတာကိုနားမလည်ပဲနေမည်နည်။
အလှလေးတွေကိုလိုက်ကြောင်တာကတော့မမှားပေ။သို့သော် လိုက်ကြောင်နေစဉ်အတွင်း သူကြောင်နေတဲ့ကောင်မလေးရဲ့ချစ်သူနှင့်တွေ့ဆုံရခြင်းမှာအလွန် ရှက်စရာကောင်းလွန်းလှသည်။
ထိုအချိန်တွင် သူသည် တွင်းတစ်ခုတူးကာသူ့ခေါင်းကိုမြှပ်ထားလိုက်ချင်နေသည်။
ကျူရီရှောင်သည် လင်းဖန်တွင် ဤမျှထူးဆန်းသောစိတ်ထားရှိမည်ဟု မမျှော်လင့်ထားသောကြောင့် သူမသည် ပြုံးကာ မနေနိုင်ဘဲ “မှော်မြို့ကိုဘယ်အချိန်က ရောက်လာတာလဲ”
“ခုနကပဲလေယာဉ်ပေါ်ကဆင်းလာတာ” လင်းဖန်က ပြောလိုက်သည်။
ကျူရီရှောင်သည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင်တောက်ပလာခဲ့သည်။ထို့နောက် သူမသည် လင်းဖန်၏လက်ကိုဆွဲကာဂိုဘယ်အဆောက်အဦးစီသို့ လျှောက်သွားခဲ့သည်။
ခဏအကြာတွင် နှစ်ယောက်သားသည်78 ထပ်ကို ရောက်လာသည်။
လင်းဖန်သည် ဤအခန်းကိုဝယ်သောအခါတွင်၎င်းအခန်းသည်ဗလာဖြစ်နေသည်။
ယနေ့မှာတော့စားပွဲခုံ၊ ကွန်ပြူတာ၊ ရှပ်အင်္ကျီအဖြူရောင်ဝတ် အမျိုးသား အမျိုးသမီး အများအပြား အလုပ်ကိုကြိုးကြိုးစားစားလုပ်နေကြသည်။
ကျူရီရှောင် နှင့် လင်းဖန်ကိုတွေ့ပြီးနောက် အရှေ့ဘက်စားပွဲခုံတွင်ထိုင်နေသော အလှလေးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကိူရီရှောင်က အခုမှဘွဲ့ရတယ်ဆိုပေမဲ့သူမရဲ့အတွေးခေါ်၊ဖြတ်ထိုးဥာဏ်နဲ့စည်းကမ်းကိုအလွန်တင်းကြပ်သောကြောင့်ဝန်ထမ်းတိုင်းရဲ့စိတ်ထဲမှာကျူရီရှောင်က တင်းကြပ်တဲ့သူဌေးတစ်ယောက်ပင်ဖြစ်သည်။
အိမ်ရှေ့ စားပွဲတွင်ထိုင်နေသောအလှလေးသည် ကျူရီရှောင် ၏ ထိုကဲ့သို့သော မိန်းမငယ်လေးအမူအရာကိုတစ်ခါမီမမြင်ဖူးပေ။
ထို့အပြင် ကျူရီရှောင် သည် လူငယ်တစ်ယောက်၏လက်ကို ဆုပ်ကိုင်ထာသေးသည်။
ဒါ……
အချိန်အတော်ကြာပြီးနောက် အိမ်ရှေ့စားပွဲမှ အလှလေးက”မစ္စကျူမင်္ဂလာပါ” ဟု ပြောလိုက်သည်။
ကျူရီရှောက်က ပြုံးပြီး ခေါင်းညိတ်ပြလိုက် အထဲသို့ဆက်လျှောက်သွားခဲ့သည်။
မကြာမီပင်ကုမ္ပဏီရှိ အခြားလူများကလည်း ဤမြင်ကွင်းကို သတိထားမိလိုက်ကြသည်။
ထို့နောက်သူတို့မျက်နှာပေါ်မှာအံ့သြသောအမူအရာနှင့်အကြည့်တို့ပေါ်လေသည်။
သို့သော် သူတို့သည်လင်းဖန်၏ အမှတ်အသားကို တိတ်တဆိတ် ခန့်မှန်းမိလိုက်သည်။
“ဒင်!”
ထိုအချိန်တွင် ကျူရီရှောင်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။
သူမက သတင်းကို တစ်ချက်ကြည့်လိုက်ပြီး “ခဏနေကြရင် ပွဲရှိမယ် ၊ မင်းငါ့နဲ့အတူလိုက်ချင်လား” လို့ပြောလိုက်သည်။
“ငါ ဒီနေ့ မှော်မြို့ကို လာတာက မင်းနဲ့အတူနေချင်လို့လေ၊ဒါကြောင့်မင်းဘယ်သွားသွားငါလိုက်ပေးမယ်။’’ဟု လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
ဒါကိုကြားတော့ကျူရီရှောင်၏နှလုံးသားသည်ချိုမြိန်သောခံစားချက်ကိုခံစားလိုက်ရပြီးနောက်လင်းဖန်၏လက်မောင်းကိုကောင်ကာသူမ၏ကိုယ်ကိုလင်းဖန်ပေါ်မီထားလိုက်လေသည်။
ဒီမြင်ကွင်းကို ဝန်ထမ်းအားလုံးကမြင်လိုက်သည်။
“ဖက်... “
ဒါကိုမြင်ပြီးတစ်ချို့လူတွေရဲ့ နှလုံးသားတွေ ဟာကြေကွဲသွားတော့သည်။
ကျူရီရှောင်သည် အလွန်ပင်လှပလေသည်၊ သူမသည် ဝန်ထမ်းများစွာ၏ နှလုံးသားထဲတွင် နတ်ဘုရားမတစ်ပါးဖြစ်သည်။
ယခု နတ်ဘုရားမသည် အခြားလူ၏ရင်ခွင်၌ ရှိနေလေသည်။
ကျူရီရှောင်က ဒီကိစ္စကို ဘာမှမသိဘဲ ရုံးကိုပြန်လာပြီးနောက် လင်းဖန် နဲ့အတူအပြင်သို့ထွက်လာခဲ့သည်။
…………
ရှန်လန်ဟိုတယ် ၊ တတိယထပ် ဧည့်ခန်းမ။
ထိုအချိန်တွင်အနောက်တိုင်းဝတ်စုံနှင့် ဂါဝန်တို့ကိုဝတ်ထားသောအမျိုးသား အမျိုးသမီး အများအပြားသည် စကားစမြည်ပြောရင်းရယ်မောနေကြသည်။
ထိုအချိန်တွင်ညီအစ်မဖန်နှင့် ညီအစ်မလူ တို့သည် တတိယဧည့်ခန်းတံခါးဝတွင်ရပ်ကာ တစ်စုံတစ်ခုကို တီးတိုးပြောနေကြသည်။
ညီအစ်မဖန် က မော့ကြည့်လိုက်တော့ လင်းဖန် နဲ့ ကျူရီရှောင် ကို တွေ့လိုက်ရသည်
“ရီရှောင် ၊လင်းဖန်၊ မင်းတို့ရောက်ပြီလား”
သူ့ဘေးနားရှိ အစ်မ လူကလည်း ခေါင်းကိုမော့ပြီး “လင်းဖန်၊ မင်း ဖန်ရီ ကုမ္ပဏီအတွက် ရုံးခန်းကို ဝယ်ပြီး အရင်းအနှီး သန်း ၂၀၀ ထုတ်ပေးခဲ့တာဟာ တကယ့်ကိုပညာရှိတဲ့ ဆုံးဖြတ်ချက်ပဲ”
လင်းဖန်က “တကယ်လား?”
ညီအစ်မလူက”ပြီးခဲ့တဲ့ရက်စပြီး၊ ငါတို့ဟာဂိုဘယ်အဆောက်အဦးမှာရှိတဲ့ကုမ္ပဏီအများစုကို ဆက်သွယ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံဖို့ကို ဆွဲဆောင်နိုင်ခဲ့တယ်။”
ညီအစ်မလူသည်စကားပြောလေလေ သူမ ပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်သည်။
သူ့ဘေးက ညီအစ်မ ဖန်က “အစမှာ မင်းရင်းနှီးထားတဲ့ ယွမ် သန်း 200 က မင်းကို အကျိုးကျေးဇူးတွေ အဆပေါင်းများစွာ ယူဆောင်လာပေးနိုင်လိမ့်မယ်!”
လင်းဖန်၏အမူအရာသည် အမြဲသာမန်သာဖြစ်ကြောင်း ညီမလူကမြင်လိုက်ရတော့လင်းဖန်ကမယုံဘူးဟုထင်လိုက်သည်။
ထို့ကြောင့် သူမက “မင်းမယုံဘူးဆိုတာငါသိပါတယ်။ဒါပေမဲ့ငါတျု့ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံပြီးပူးပေါင်းဆောင်ရွက်ခဲ့တဲ့သူဌေးတွေ၊ ရင်းနှီးမြုပ်နှံဖို့ ရည်မှန်းထားတဲ့ သူဌေးတွေ အားလုံး ဒီနေ့ ရောက်လာကြလိမ့်မယ်… အဲဒီအထဲမှာမှတန်တန်ဘဏ်ရဲ့ဥက္ကဋ္ဌတောင်ပါသေးတယ်။ခဏနေကျရင်မင်းကိုမိတ်ဆက်ပေးမယ်။ဒါမှမင်းကယုံမှာ။”
ထိုအချိန်တွင် သူမနောက်မှ ခြေသံများထွက်ပေါ်လာလေသည်။
အကြီးတန်းညီမ လူသည် ခြေသံကိုကြားတော့ သူမသည် လှည့်လိုက်ပြီးနောက် “ ဒေါင်လူ၊ မင်္ဂလာပါ၊ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ “ လို့ ပြောလိုက်သည်။
ဒေါင်လူ က ခေါင်းညိတ်ပြပြီး အထဲသို့ဂင်ရန်ပြင်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူသည်အံ့အားသင့်သွားပြီး “မစ္စလင်း၊ မင်းဒီကိုရောက်နေတာလား”
လင်းဖန်သည် သူ့ကို မသိပေမယ့် တစ်ဖက်လူက သူ့ကို နှုတ်ဆက်သောကြောင့်သူသည်လျစ်လျူမရှုနိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ဒေါင်လူက “ဟာဟား။ ဒီနေ့ မင်းနဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး။ ငါ အရမ်းကံကောင်းနေတာပဲ”
“စကားမစပ်၊ ငါတို့ကုမ္ပဏီက ဂိုဘယ်အဆောက်အဦးရဲ့ ၃၅ ထပ်မှာ ရှိပါတယ်... ကျနော်တို့ကဖန်ရီကုမ္ပဏီမှာ ယွမ် သန်း ၂၀ ရင်းနှီးမြှုပ်နှံပါမယ်”
လင်းဖန် က ခေါင်းညိတ်ပြီး “ကောင်းပြီ မင်းကုမ္ပဏီရဲ့ ငှားခကိဒ 50% လျှော့ပေးမယ်”
“ကျေးဇူးတင်ပါတယ် မစ္စတာလင်း” ဒေါင်လး က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
50% လျှော့စျေး။
သူတို့၏ ကုမ္ပဏီအတွက် နှစ်စဉ် ငှားရမ်းခ ပင်ယွမ် သန်း ၂၀ လိုအပ်သည်။
တစ်နည်းအားဖြင့်ပြောရရင်အခုယွမ် 10 သန်းကို တိုက်ရိုက် လျှော့ချပေးခဲ့သည်။
သို့ပေမယ့်လည်း သူဟာ နောက်ထပ် ယွမ် သန်း 20 ကိုလည်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
သို့သော် ရင်းနှီးမြုပ်နှံမှုသည် ဆုံးရှုံးသွားနိုင်သလိုအမြတ်အစွန်းများလဲရှိရက်ရှိနိုင်လေသည်။ဒါက ကံစီမံရာပင်ဖြစ်သည်။
ထို့အပြင် လင်းဖန်ရဲ့ စိတ်ထဲမှာ အထင်အမြင်ကောင်းတွေကိုချန်ထားခဲ့တာကလဲမဆိုးသောကိစ္စပင်ဖြစ်သည်။
ဒါက သေချာပေါက် ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုပင်ဖြစ်သည်။
သူတို့ဘေးမှာ ရပ်နေတဲ့ ညီအစ်မဖန် နဲ့ ညီအစ်မ လူတို့ကက သူတို့စကားတွေကို နားထောင်ရင်းအံသြသွားပုံရသည်။
ငှားတာလား
ဘာကိုငှားတာလဲ။
မူလက စကားစမြည်ပြောရင်း ရယ်မောနေသော သူဌေးအချို့သည် တံခါးဝတွင် စကားပြောသံကို ကြားလိုက်ပုံရပြီးနောက်တံခါးဆီသို့ အမြန်လျှောက်လာကြသည်။
“မင်္ဂလာပါ မစ္စတာ!”
“မစ္စတာလင်းနေကောင်းကျန်မာရဲ့လား”
“မစ္စတာလင်း၊ကျနော်တို့ကဂိုဘယ်ဆောက်အဦးရဲ့ ၂၉ ထပ်ရှိပါတယ်။ကျနော်တို့ကိုဖန်ရီ ကုမ္ပဏီတွင် ယွမ်သန်း ၃၀ ရင်းနှီးမြုပ်နှံခဲ့သည်”
“မစ္စတာလင်းငါတို့ကဂိုဘယ်အဆောက်အဦးရဲ့၄၅ ထပ်မှာရှိပါတယ်။ကျနော်တို့ကဖန်ရီကုမ္ပဏီမှာ ယွမ်သန်း ၂၀ ရင်းနှီးမြှုပ်နှံခဲ့တယ်”
…………
အားလုံးက လင်းဖန်ကို ဝိုင်းပြီး စကားတွေဆက်တိုက်ပြောနေလိုက်သည်။
လင်းဖန် က “မင်းတို့ရင်းနှီးမြှပ်နှံထားသည့်ကာလပတ်လုံး ငှားရမ်းခကို50% လျှော့ပေးမှာပါ”
“ကျေးဇူးတင်ပါတယ် မစ္စတာလင်း!” သူဌေးတွေက ဝမ်းသာအားရ ပြောလိုက်သည်။ကး
လင်းဖန်သည် လူများစုဝေးနေတာကိုကြည့်ရင်း “အဝင်ဝမှာပဲပိတ်မနေကြနဲ့လေ၊ အထဲကို ဝင်ထိုင်ကြရအောင်’’ လို့ပြောလိုက်သည်။
သူဌေးတွေအားလုံးက ချက်ချင်းပဲထိုင်ဖို့ နေရာရှာပြီးထိုင်လိုက်ကြသည်။
သို့သော် သူတို့၏မျက်လုံးများက လင်းဖန်ကိုမော့ကြည့်နေလိုက်သည်။
စီနီယာအစ်လူက အားလုံးထွက်သွားတာကိုမြင်တော့ သက်သာရာရသွားပြီး “သူတို့ပြောတာက ဘာငှားခကိုပြောတာလဲ.....”
“အိုး၊သူတို့ကဂ်ုဘယ်အဆောက်အဦးရဲ့ငှားရမ်းခကို ငါပြောတာပါ။ဘာလို့ဆိုငါကဒီဂိုဘယ်အဆောက်အဦးတစ်ခုလုံးကိုပိုင်တာကြောင့်လေ “ လင်းဖန်က ပြောလိုက်သည်။
သူ့လေသံက ရိုးစင်းပြီး စိတ်အေးလက်အေး ဒါပေမယ့် ညီအစ်မ ဖန် နဲ့ ညီအစ်မလူတို့ရဲ့ နားထဲမှာ မိုးခြိမ်းသံတစ်ခုလို ကျယ်လောင်သွားကာသူမတို့၏နားစည်တစ်ခုလုံးတုန်ခါသွားတော့သည်။
သိရန်ဂိုဘယ်အဆောက်အဦးသည် စျေးကွက်တန်ဖိုး ယွမ် 50 ဘီလီယံခန့်ရှိသော မှော်မြို့၏ အလယ်ဗဟိုတွင် အမြင့်မားဆုံးသော ရုံးခန်းအဆောက်အအုံဖြစ်သည်။
အခုဒါကိုလင်းဖန်ကပိုင်နာလား။
အံ့ဩစရာတော့မဟုတ်တော့ပေ။ကုမ္ပဏီပိုင်ရှင်အားလုံးကို လင်းဖန်ကိုအထူးဂရုစိုက်ပြောဆိုနေတယ်ဆိုတာ။
သူတို့၏ကုမ္ပဏီသည်ဂိုဘယ်အဆောက်အဦးတွင်ရှိသောကုမ္ပဏီနှင့် ပူးပေါင်းညှိနှိုင်းသောအခါ အလွန်ချောမွေ့စွာပူးပေါင်းနိုင်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
အချို့သော ကုမ္ပဏီများသည်ပင် ၎င်းတို့ကိုယ်တိုင် ညှိနှိုင်းရန်မလိုအပ်ဘဲ အလွန်တက်ကြွစွာဖြင့်သူတို့ကိုယ်ပိုင်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။
ယခုတော့ ဒါကတွေအားလုံးကလင်းဖန်
ကြောင့်ဆိုတာရှင်းသွားပြီ ဖြစ်သည် ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး