တွမ်စန်အဆောက်အဦး
Vol. 20 Ch. 295
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်ကနေခြေသံများထွက်ပေါ်လာလေသည်။
ရွှေရောင်မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလျှောက်လာခဲ့သည်။
သူဌေးအချို့က သူ့ကိုမြင်သောအခါ သူတို့၏အမူအရာမှာ အနည်းငယ်လေးနက်သွားကာ “မင်္ဂလာပါဟွမ်ဒမ်” ဟု ဆိုကြသည်။
ဟွမ်ဒမ် သည် တန်တန်ဘဏ်၏ ဥက္ကဌ ဖြစ်သည်။
ပြီးတော့ယနေ့ပွဲ၌ အရေးကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။
ညီအစ်မ လူနှင့် ညီအစ်မ ဖိန်တို့က “ဟွမ်ဒမ်၊ ကြိုဆိုပါတယ်” လို့ ပြောလိုက်ကြသည်။
ဟွမ်ဒမ် သည် ဤနှုတ်ဆက်စကားများကို ကြားပုံမပေါ်ပေ။သူသည် လင်းဖန်ထံသို့ အမြန်လျှောက်သွားပြီးနောက် အနည်းငယ် ကိုယ်ကိုကွေးညွတ်ကာ အလွန်ရိုသေသော လေသံဖြင့် “မစ္စလင်း၊ တောင်းပန်ပါတယ်၊ ငါနည်းနည်းနောက်ကျသွားတယ်”
လင်းဖန်က “ရပါတယ်၊ဘာပဲဖြစ်ဖြစ် ပွဲကမစသေးဘူးလေ”
ဟွမ်ဒမ်သည် ဒီစကားကိုကြားပြီးမှာပဲသက်ပြင်းတစ်ချက်ချလိုက်သည်။
ဒီမြင်ကွင်းကို ညီအစ်မလူ နဲ့ ညီအစ်မဖိန်တို့ကမြင်လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ?
လင်းဖန်သည်ဂိုဘယ်အဆောက်အဦးကိုပိုင်တယ်ဆိုတာ သူမတို့သိပြီးသားပင်ဖြစ်သည်။
သို့သော်တန်တန်ဘဏ်သည်ဂိုဘယ်ဆောက်အဦးကို တစ်ခါမှမငှားခဲ့ပေ။
ဒါဆို ဟွမ်ဒမ်ကဘာလို့လင်းဖန်ကိုဒီလောက် ယဉ်ကျေးစွာပြောနေရတာလဲ။
နောက်ဆုံးတွင် ညီအစ်မလူသည်သူမ၏သိချင်စိတ်ကြောင့်မနေနိုင်ပဲ “လင်း...လင်းဖန်မင်း ဟွမဒမ်ကိုသိတာလား” လို့မေးတလိုက်သည်။
လင်းဖန့ က “မသိပါဘူး၊ငါသူ့ကိုဒီနေ့ ပထမဆုံးအကြိမ်တွေ့ဖူးတာ” လို့ ပြန်ဖြေလိုက်သည်။
“ပထမဆုံးအကြိမ်တွေ့တာလား၊ ဒါဆို ဘာလို့...” အကြီးတန်းညီမ လူက ပိုလို့တောင် အံ့သြသွားလေသည်။
လင်းဖန်က သူမဆိုလိုရင်းကို သဘာဝကျကျနားလည်သောကြောင့်ပြုံးကာပြောလိုက်သည်။ “ဖြစ်နိုင်တာကငါက တန်တန်ဘဏ် ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်လို့ ဖြစ်နိုင်တယ်။”
ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
ညီအစ်မ လူနှင့် ညီအစ်မ ဖိန်တို့သည် လုံးဝအံ့အားသင့်သွားကြသည်။
တန်တန်ဘဏ်၏ အကြီးဆုံးရှယ်ယာရှင်။
သိရန်တန်တန်ဘဏ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်ပြီး စျေးကွက်တန်ဖိုးမှာယွမ် ဘီလီယံ ၆၀၀ ကျော်ရှိသည်။
ရှယ်ယာအများဆုံးပိုင်ဆိုင်သူဆိုရင်ရှယ်ယာတွေကိုဝယ်ဖို့ဘယ်လောက်ကုန်ကျဘာမလဲ?
အစပိုင်းတွင် လင်းဖန်သည် ဂိုဘယ်အဆောက်အဦး၏ 78 လွှာကိုဝယ်ယူရန် ယွမ် သန်း 100 ကို ကျပန်းထုတ်ပေးကာကုမ္ပဏီ၏ အရင်းအနှီးမှုအဖြစ် နောက်ထပ် ယွမ် သန်း 200 ကို ပေးခဲ့သည်။
ယနေ့တွင်၊ ဂိုဘယ်အဆောက်အအုံတစ်ခုလုံးသည် လင်းဖန် မှပိုင်ဆိုင်ကြောင်း သူမသိရှိလာခဲ့သည်။
ဒါတွေက သူမတို့နှစ်ယောက်ကိုဒီတစ်တစ်ခုထဲနဲ့ထိတ်လန့်စေပြီဖြစ်သည်။
ရလဒ်အနေဖြင့်ယခုအခါတွင် ၎င်းသည် တန်တန် ဘဏ်၏ အကြီးဆုံးရှယ်ယာလဲဖစ်သေးသည်။
ဒါ……
ဒါ……
ဒါကသူတို့နှစ်ယောက်ရဲ့ စိတ်ကူးနဲ့ သိမြင်မှုကို လုံးဝကျော်လွန်သွားပြီဖြစ်သည်။
လင်းဖန်းကို ဆရာကြီးစတိုင်နဲ့ပြောခဲ့သောစကားများကိုညီအစ်မလူသည် ထိုအကြောင်းကိုပြန်တွေးလိုက်သောအခါ သူမ၏လှပသောမျက်နှာသည် နီရဲသွားတော့သည်။
သို့သော်ညီအစ်မလူနှင့် ညီအစ်မဖိန် ကလင်းဖန်၏ ယခုပြသခဲ့သော ပိုင်မှုသည်သည် သူပိုင်ဆိုင်သောအရာအားလုံးထဲကရေခဲတောင်ထိပ်လေးသာဖြစ်သည်ကို မသိခဲ့ပေ။
လင်းဖန်သည် ရန်ရှီဂရု၊ ချင်ကောင်းဂရု၊
ရှောင်ဝူလက်ကားစီးတီးစသည့် ဘီလီယံနှင့်ချီသော ကုမ္ပဏီများ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်ကြောင်း ၎င်းတို့အား အသိပေးပါကသူ့တို့လုံးဝကိုရှုးသွမ်သွားမှာသေချာသည်ယာ
ထို့အပြင် ၎င်းသည် LV.....အခြားသော နိုင်ငံတကာကုမ္ပဏီများ၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။
တောင်မှလင်းဖန်သည်အဲဂရုနှင့် ပန်ကူဂရု၏ဒုတိယအကြီးဆုံးရှယ်ယာရှင်လဲဖြစ်သေးသည်။
ပြီးတော့လူနေရပ်ကွက်များနှင့် အဆင့်မြင့် ရုံးခန်း အဆောက်အအုံများလဲရှိသေးသည်။
သူဘေးတွင်ရပ်နေသော ကျူရီရှောင်သည် လင်းဖန်၏မျက်လုံးများကို တောက်ပသောမျက်လုံးများဖြင့်ကြည့်နေလိုက့သည်။
သူ့မျက်လုံးထဲမှာ လင်းဖန်ရဲ့ အရပ်ရှည်ပြီးချောမောသောအသွင်အပြင်အခုဆို ပိုပိုပြီးချောမောလာလေသည်။
တစ်ချိန်တည်းမှာပင်လင်းဖန်သည်မှောင်နေသောစကြဝဠာထဲတွင်လင်းလက်တောက်ပနေသောနေတစ်စင်းနဲ့တူနေလေသည်။
မကြာခင်မှာပဲ ယနေ့ပွဲကိုတရားဝင်စတင်ခဲ့သည်။
လင်းဖန်သည် ယနေ့ပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်မှာ သေချာသည်။
ထို့ကြောင့် “ဖန်ရီ” ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုအဖြစ်ဒေါ်လာဘီလီယံပေါင်းများစွာကို တိုက်ရိုက်ရရှိခဲ့သည်။
အတိတ်တုန်းကဆိုရင်ညီမ လူနဲ့ ညီအစ်မဖန် တို့သည်အလွန်အမင်းပျော်ရွှင်နေမှာ သေချာသည်။
သို့သော် ဤအချိန်တွင် သူတို့သည် အလွန်ကိုငြိမ်သက်နေလေသည်။
လင်းဖန်နဲ့ယှဉ်ဒီဟာတွေကဘာမှအဲ့သြစရာမဟုတ်ပေ။
…………
ပွဲအပြီးတွင် လင်းဖန် နှင့် ကျူရီရှောင် တို့သည် ရှန်လှန်ဟိုတယ်မှ ထွက်ခွာမသွားခဲ့ကြပေ။
ယင်းအစား အပေါ်ထပ်ရှိသမ္မတ(အကောင်းဆုံးဇိမ်ခံ)အိမ်တော်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
သမ္မတအိမ်တော်ထဲဝင်ပြီးသွာတာနက် သူတို့နှစ်ဦးသည် သံလိုက်ကဲ့သို့တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ထားလိုက်ကြသည်။
အချိန်အတော်ကြာ မှပြန်လည်ဆုံစည်းကြရသောကြောင့်ကျူရီရှောင်သည်လင်းဖန်၏ ရင်ခွင်ထဲတွင်လုံးဝ အရည်ပျော်သွားစေသည်။
( ̄ε ̄)
( ̄3)(ε ̄)
ဒီည ကတော့အိပ့်မရတဲ့နေ့တစ်နေ့ပင်တည်း။
…………
နောက်တစ်နေ့။
လင်းဖန်၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့အပြင်မှာနေထွက်နေပြီဖြစ်သည်။
အဖြူရောင်ကုတင်ပေါ်မှာ သူတစ်ယောက်တည်းသာရှိလေသည်။
လင်းဖန်သည် ထုံးစံအတိုင်း ဖုန်းကို ကောက်ကိုင်လိုက်ပြီးဖုန်းကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်နေသည်။
“၀:၀၀ နာရီတွင်တရုတ်ဘဏ်မှယွမ် ၇.၁ သန်း ကိုရရှိသည်။”
ထို့နောက် သူသည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“ဒီရက်ပိုင်းမှာငါအသုံးမဝင်တဲ့ယွမ် 10 သန်းပဲရနေတယ်။ဒီနေ့တေည့တခြားအရာတစ်ခုကို ပြောင်းလဲရနိုင်မယ်လို့ မျှော်လင့်တယ်”
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် တွမ်စန် ပထမတန်းစား အဆောက်အဦးကို ရရှိသည်။ 】
လင်းဖန်သည်ပထမတန်းစားအဆောက်အအုံတွမ်စန်၏အမည်ကို သဘာဝအတိုင်းကြားဖူးသည်။
တစ်စတုရန်းမီတာလျှင် ယွမ် ၂၀၀,၀၀၀ထက်ပေးရသောအဆင့်မြင့် ဇိမ်ခံအိမ်များဖြစ်သည်။
အဆောက်အဦတစ်ခုစီတွင် အိမ်(တိုက်ခန်းလိုမျိုးပါ)အတွဲ ၄၀ ကျော်ရှိသည်။
တစ်ခန်းလျှင် သန်း 100 မှ သန်း 500 ကြားရှိသည်။
ဆိုလိုသည်မှာ၊ ဤတစ်ကြိမ်တွင်၊ အကောင့်ဝင်ခြင်းသည် ယွမ် ၅ ဘီလီယံကျော်ကိုရရှိခဲ့သည်။
ဒါကိုမြင်တော့မှလင်းဖန်သည် ကျေနပ်အားရကြောင်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ကျူရီရှောင် သည် ကွန်ပြူတာရှေ့တွင် ထိုင်ကာ သူမ၏အလုပ်ကို အလေးအနက်ထား ဂရုစိုက်နေသည်။
ဖန်ရီကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုများစွာကို ဆွဲဆောင်နိုင်ပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။
တစ်ဖက်တွင်၊ဂိုဘယ်အဆောက်အဦးကို ငှားရမ်းသည့် ကုမ္ပဏီများမှာလင်းဖန်ကြောင့် ပံ့ပိုးကူညီခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်၊ ၎င်းသည် ကျူရီရှောင်၏ကြိုးပမ်းမှုဖြစ်သည်။
ဒီလိုမှမဟုတ်ရင် ငွေဘယ်လောက်ပဲရှိရှိ အရည်အချင်းမရှိရင်ပိုက်ဆံကုန်တာသာအဖတ်တင်မည်မှာသေချာသည်။
ထိုအချိန်တွင် ကျူရီရှောင်သည် လင်းဖန်ကို သတိပြုမိပြီးနောက်သူမ၏မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးကို ပြကာ”နိုးပြီလား? ငါအလုပ်ပြီးအောင် အရင်လုပ်လိုက်အုံးမယ်” လို့ပြောလိုက်သည်။
လင်းဖန်က “ကောင်းပြီ၊ ဒါဆို ငါအရင်ဆုံး စားစရာမှာလိုက်အုံးမယ်”
“အွန်း!” ကျူရီရှောင်က ဖြေသည်။
ထို့နောက် လင်းဖန်သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ငှက်သိုက်ယာဂု၊ ပင်လယ်ငါးဥကျော်၊ ပင်လယ်စာခေါက်ဆွဲ၊ ပုဇွန်ချည်စပ်ဟင်းရည်၊ ထူးထူးခြားခြား သရေစာမျိုးစုံတို့ကိုမှာပြီးနောက်လင်းဖန်သည်မျက်နှာသွားသစ်လိုက်သည်။
လင်းဖန်ပြန်ရောက်သောအခါ အစားအသောက်များကရောက်ရှိနေပြီဖြစ်သည်။
ထို့နောက်နှစ်ယောက်သားသည်အတူတူထိုင်ကာ အစားအသောက်ကို ဖြည်းဖြည်းချင်းကာစကားပြောရင်း ရယ်မောနေကြသည်။
ထို့နောက် လင်းဖန်နှင့်ကျူရီရှောင်တို့သည် သမ္မတအိမ်တော်တွင် နောက်ထပ်နှစ်နာရီကြာအောင် နေထိုင်ခဲ့ကြသည်။
ကျူရီရှောင်ရေချိုးခန်းထဲဝင်သွားသောအခါ လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားလေသည်။
12:00!
အနီရောင်စာအိတ်တွေ ပေါ်လာတော့သည်။
“ဒင်း ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 999 ယွမ် ရရှိသည်”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ရသည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3222 ယွမ် ရသည်”
…………
လင်းဖန်သည် ယနေ့စာအိတ်နီဖွင့်ရာတွင်စုစုပေါင်း 52,112 ယွမ်ကိုရယူပြီးနောက် ဖုန်းကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
…………
မတ်လဖြစ်ငေါကြောင့်မှော်မြို့တွင်လန်းဆန်းသော လေပြည်တွေကဖြည်းညင်းစွာတိုက်ခတ်နေလေသည်။
လင်းဖန် နှင့် ကျူရီရှောင်တို့သည် လူစည်ကားသော လမ်းတွင် လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြသည်။
ယခုအချိန်တွင် လင်းဖန်သည်လဲထရီလီယံနှင့်ချီ အသားတင်ကြွယ်ဝသော သူဌေးမဟုတ်တော့ဘဲ ကျူရီရှောင်သည်လဲကြီးမားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု၏ သူဌေးမဟုတ်တော့ပေ။
ထို့အစားသူတို့နှစ်ယောက်သည် သာမန်ချစ်သူစုံတွဲလေးများလိုပျော်ရွှင်ကြည်နူးနေကြသည်မှာဘာသာပြန်သူတောင်မှကောင်မလေးတစ်ယောကိုလိုချင်သွားသည့်အထိဖြစ်သည်။
လမ်းဆုံတစ်ခုကိုရောက်သောအခါတွင် အဝေးကနေကျယ်လောင်တဲ့ ဆူညံသံတစ်ခု ထွက်ပေါ်လာလေသည်။
ကျူရီရှောင် သည် အသံကြားရာကိုကြည့်ပြီးနောက် သူမ၏အမူအရာအနည်းငယ်ပြောင်းသွားပြီး “အန်တီ၊ ချီချီ”
ပြီးနောက်သူမက လင်းဖန်ကို “အဲဒါ ငါ့အဒေါ်နဲ့ ငါ့တူမပဲ။”
ထို့နောက် လင်းဖန်နှင့်အတူအရှိန်ပြင်းပြင်းနှင့် ရှေ့သို့ လျှောက်သွားလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး