← Chapters

တစ်ချို့လူတွေကခွေးထက် ယုတ်ညံ့တယ်

Vol. 20 Ch. 296

တစ်ချို့လူတွေကခွေးထက် ယုတ်ညံ့တယ်

Vol. 20 Ch. 296

အခုအချိန်တွင်ချစ်စရာကောင်းသောကလေးမလေးတစ်ယောက်သည်မြေပြင်ပေါ်မှာ လဲလျောင်းနေရင်း သူမ၏ ခန္ဓာကိုယ် တုန်နေတဲ့အထိငိုနေလေသည်။

သူမရဲ့ဘေးမှာ သာမန်အဝတ်အစားတွေသာဝတ်ထားတဲ့ အဒေါ်ကတော့သူမမျက်နှာမှာ ဂရုစိုက်မှုနဲ့ စိုးရိမ်မှုအပြည့်ပုံစံရှိနေလေသည်။

ကျုရီရှောင်သည်အမြန်သွားပြီးနောက် သူမက “အန်တီ၊ ချီချီက ဘာဖြစ်လို့ငိုနေတာလဲ”

ငယ်စဉ်ကတည်းကကျူရီရှောင်အဒေါ်သည် သူမ ကို အလွန်ကြင်နာစွာဆက်ဆံလေသည်။

မှော်မြို့သို့ သူမပြန်ရောက်တိုင်းသူမအဒေါ်သည် ကျူရီရှောင်ကိုမုန့်နှင့် အရုပ်များစွာ ကိုဝယ်ပေးလေ့ရှိသည်။

ဒါကြောင့်ကျူရီရှောင်သည်မှော်မြို့ကို ပညာသင်ရန် ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သည်။

ကျူရီရှောင်အဒေါ်ပြန်မဖြေမီတွင် ပုလဲလည်ဆွဲကိုဆွဲထားပြီးမိတ်ကပ်ကိုလိုတာထက်ပိုပိုပြီးလိမ်းထားသည့်အမျိုးသမီးက“မင်းဘယ်လိုတောင်လုပ်ရတာလဲ” ဟု အော်ပြောသည်။

“ငါရဲ့တန်လေးက ဒီကလေးမလေးကို ကြောက်ပြီး အခုထိ တုန်လှုပ်နေတုန်းပဲ။ မင်း ရှောင်တန် ကို မြန်မြန် တောင်းပန်ပြီး သူ့ကို အမြန်ချော့လိုက်ပါ။မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့!”

ထို့နောက် အမျိုးသမီးသည်သူမလက်ဖြင့် ခွေးကြိုးကိုရှေ့သို့ဆွဲကာ နောက်ပြန်ဆုတ်နေသော ခွေးကို ရှေ့သို့ တိုးရန်ပြောလိုက်လေသည်။

“ဝေါက်”

ခွေးက ချက်ချင်းဟောင်လိုက်လေသည်။

ကျူရီရှောင်ရဲ့အဒေါ်က တော်ယုံတန်ရုံကိစ္စတွေဆိုဒေါသထွက်တတ်တဲ့သူမဟုတ်ပေ။သို့သော်ဒီစကားကိုကြားပြီးနောက်သူမသည်ချက်ချင်းကိုဒေါသထွက်သွားလေသည်။ထို့နောက်သူမက”နင်ဘာတွေပြောနေတာလဲ၊ ငါ့သမီးက နင့်ခွေးကိုဘာလို့တောင်းပန်ရမှာလဲကောင်မရဲ့”

သူတို့နှစ်ဦး၏ပုံစံကြောင့်လမ်းသွားလမ်းလာလူများစွာ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

လူအများက တိုးတိုးလေး ပြောနေကြသည်။

“လူက ခွေးကို တောင်းပန်ရမှာလား”

“ငါတော့ခွေးမှားတယ်လို့ထင်တယ်။ဘာလို့ဆိုဒီကလေးမလေးကမြေပြင်မှာလဲကျနေလို့လေ။”

“ဘယ်လောက်တောင်သနားစရာကောင်းတဲ့ မိန်းမငယ်လေးလဲ။”

…………

ထိုအမျိုးသမီးသည် အနီးနားရှိလူများ၏စကားကိုဂရုမစိုက်ဘဲ သူမက”နင့်သမီးကသမီး နေ့တိုင်းဟင်းသီးဟင်းရွက်တွေပဲစားတယ်မလား”

“ငါ့ရဲ့ တန်လေးကတော့နေ့တိုင်း နိုင်ငံခြားက တင်ပို့တဲ့ အရည်အသွေးကောင်းတဲ့ အမဲသားနဲ့ သစ်သီးဝလံတွေကို နေ့တိုင်းစားတယ်။ ဒါကြောင့်သူက ကျွန်မရဲ့ တန်လေးကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလား?”

“မြန်မြန်ငါရဲ့ရှောင်တန်လေးကို တောင်းပန်စမ်း!”

ကျူရီရှောင်ရဲ့အဒေါ်ဖြစ်သူနဲ့သူ့သမီးတို့ကတောင်းပန်ဖို့မရည်ရွယ်တာကိုတွေ့တော့အမျိုးသမီးသည်ကျူရီရှောင်အဒေါ်ကို ရိုက်လိုက်လေသည်။

ထိုအချိန်တွင် လက်ကြီးတစ်ခုရောက်လာပြီး ထိုအမျိုးသမီး၏လက်ကို တိုက်ရိုက်ပိတ်ရိုက်လိုက်သည်။

ပိတ်ရိုက်လိုက်သူကတော့လင်းဖန်ပင်​ဖြစ်သည်။

လင်းဖန်းသည် ကြမ်းတမ်းသောတိုက်ခိုက်ရေး စွမ်းရည်ရှိ(လူအယောက်တစ်ယာကိုအမှောက်သိပ်နိုင်သောစွမ်းရည်)၍ မည်မျှအင်အားရှိသည်ကိုစဉ်းစားနိုင်သည်။။

ရိုက်ချက်ကြောင့် အမျိုးသမီး၏လက်မောင်းသည် ချက်ချင်းနီရဲသွားပြီး ရောင်လာလေသည်။

ထို့ကြောင့်မိန်းမက ကျယလောင်သောအသံဖြင့်ပြောလိုက်သည်။ “မင်းငါ့ကို ဘယ်လိုတောင်ရိုက်ရဲရတာလဲ။

သူမသည် မျက်လုံးများ ပြူးကျယ်သွားတဲ့အထိအော်ပြောလိုက်သောကြောင့်သူမမျက်နှာပေါ်ရှိ မိတ်ကပ်ထူထူများသည်အက်ကွဲကြောင်းများတောင်ထွက်ပေါ်လာလေသည်။

သူမပုံစံကလင်းဖန်ကို အရှင်လတ်လတ် မျိုချ ချင်နေပုံရသည်။

“ဖတ်!”

လင်းဖန်က သူ့လက်ဖြင့်နောက်တစ်ကြိမ်ထပ်ရိုက်လိုက်လေသည်။

ဒီတစ်ခါတော့ လင်းဖန်သည်သူမလက်ကိုမရိုက်ဘဲသူ့မမျက်နှာကိုဖြတ်ရိုက်လိုက်လေသည်။

ထို့အခါသူမမျက်နှာတစ်ဖက်သည်ချက်ချက်းနီရဲလာလေသည်။

ထို့နောက်လင်းဖန်က အေးစက်စွာပြောလိုက်သည် “အခုချက်ချင်းပြန်တောင်းပန်စမ်း”

ဒီပါးရိုက်မှုကထိုအမျိုးသမီးကိုအသိတရားမရစေခဲ့ပေ။ထို့ကြောင့်သူမက

“အ...အ...အာ... မင်းတို့အားလုံးနောင်တရစေရမယ်လို့ ငါအာမခံတယ်!”

“မြူချီလီ ကြယ်သုံးပွင့် မှာရှိတဲ့ဖူမန်ဒူးဟိုတယ် က ငါတို့ပိုင်တာ။မင်း...”

ထိုအမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်ပြောနေလိုက်သည်။သို့သော်သူမစကားမဆုံးမီပင်လင်းဖန်သည် ဘာစကားမှမပြောဘဲ ထိုမိန်းမ၏ကျန်တစ်ဖက်ပါးကို ရိုက်လိုက်ပြန်သည်။

ရုတ်တရက်သူမပါးနှစ်ဖက်လုံးသည် နီရဲလာခဲ့သည်။သို့သော်လင်းဖန်သည်သူမ၏မျက်နှာကိုဂရုမစိုက်ပဲသူ့လက်ဖဝါးကိုအံသြစွာကြည့်နေလေသည်။ဘာလို့ဆိုသူလက်ဖဝါးတစ်ခုလုံးကထိုမိန်းမ၏မိတ်ကပ်များနှင့်သာဖြစ်နေသောကြောင့်ဖြစ်သည်။

လင်းဖန်သည်စိတ်ထဲမှတိတ်တဆိတ်ကြိမ်ဆဲနေလိုက်တော့သည်။

ထို့နောက် လင်းဖန်သည် သူ့မျက်လုံးထောင့်မှ မဝေးသော ဖူမန်ဒူးဟိုတယ်ကို လှမ်းကြည့်လိုက်သည်။

ထို့နောက် စနစ်အတွင်းရှိ မြေကူပွန်များကို အာရုံစိုက်လိုက်လေသည်။

【ဒင်း! သင်သည်ဖူမန်ဒူးဟိုတယ်နေရာကို ဗဟိုပြု၍မြေကူပွန်များကို အသုံးပြုလိုပါသလား။ 】

လင်းဖန်သည် စုစုပေါင်း မြေလက်မှတ် ၃ စောင် ရှိ​လေသည်။

နောက်ဆုံးအကြိမ်တွင်သူသည်၎င်းကိုအသုံးပြုရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။သို့သေည်သူသည်ဘယ်မှာသုံးရမှန်းမသိပေ။

အခုနောက်ဆုံးတော့ အခွင့်အရေးတစ်ခုရောက်လို့လာပြီဖြစ်သည်။

“ဟုတ်တယ်!”

【ဒင်း! အောင်မြင်စွာ အသုံးပြုပြီးပါပြီ။】

ထိုအမျိုးသမီးသည် သူမ၏နီရဲသောမျက်နှာကိုကိုင်ရင်း”ကောင်းပြီ၊ နင်တို့စောင့်နေစမ်း”

စကားပြောနေစဉ်မှာပင်သူမသည်လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာဖုန်းနံပါတ်တစ်ခု ဖုန်းခေါ်လိုက်သည်။

“ခင်ပွန်း၊ငါဖူမန်ဒူးဟိုတယ် အဝင်ဝမှာ အရိုက်ခံရတယ်။ဒါကိုဖြေရှင်းဖို့ကိုတစ်ယောက်ယောက်လွှတ်ပေးပါ”

သူ့သမီးကို အတတ်နိုက်ဆုံးနှစ်သိမ့်ပေးဖို့ ကြိုးစားပြီးတဲ့ နောက်မှာ​​တော့ကျူရီ​ရှော​င်အဒေါ်က “ရီ... ရီရှောင်ငါတို့သွားကြရအောင်” လို့ ပြောလိုက်သည်။

ဖူမန်ဒူးဟိုတယ် ဒါကမှော်မြို့တစ်ခုလုံးမှာရှိတဲ့ ထိပ်တန်းဟိုတယ်ပင်ဖြစ်သည်။

ဒီလိုမိန်းမကိုသူမ(ကျုရီရှောင်အဒေါ်)သည် သူ့ကို နှိုးဆွဖို့ လုံးဝ မတတ်နိုင်ပေ။

ဟော်တယ်ကိုစောင့်နေတဲ့အစောင့်လူတွေရောက်လာရင် သူမတို့ဒုက္ခရောက်မှာ သေချာသည်။

ထိုမိန်းမက “နင်တို့သွားချင်တာလား၊ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး!”

စကားပြောပြီးနောက် သူမသည် ခြေလှမ်းအနည်းငယ်လှမ်းကာ ကျူရီရှောင်အဒေါ်၊ ကျူရီရှောင် နှင့် အခြားသူများ၏လမ်းကို ပိတ်ဆို့လိုက်သည်။

ကျူရီရှောင် သည် ချီချီကို သူမ၏ရင်ခွင်ထဲသို့ ပွေ့ဖက်ထားကာ ငြိမ်သက်စွာရပ်နေသောလင်းဖန်ကို ကြည့်လိုက်သည်။

ထင်ရှားသည်မှာ သူမသည် လင်းဖန် ၏သဘောထားတာကို​မေးနေတယ်ဆိုတာပင်ဖြစ်သည်။

လင်းဖန်သည် သူမအား စိတ်အေးလက်အေး နေလို့ရတယ်ဆိုတဲ့အရိပ်အယောင်ကိုပြပြီးနောက်ထိုအမျိုးသမီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် ကျူရီရှောင်အဒေါ်ကို ကြိမ်းမောင်းပြီး သူတို့သွားမည့်လမ်းကို တောင်တားဆီးဝံ့သည်။

ထိုအချိန်တွင် အဝေးမှ ခြေသံများ ထွက်လာလေသည်။

ထို့နောက် လုံခြုံရေးယူနီဖောင်းဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်စု သည်လင်းဖန်တို့နားသို့ရောက်ရှိလာသည်။

အထူးသဖြင့် အသက် ၅၀ ခန့်ရှိအနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ကိုဝတ်ဆင်ထားပြီး ရှေ့မှ လျှောက်လာသည့် လူလတ်ပိုင်း အမျိုးသားကို တွေ့လိုက်ရသောအခါတွင် ထိုအမျိုးသမီးသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

“ခင်ပွန်း၊ ငါဒီမှာ!”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယခုအချိန်တွင် ထိုအမျိုးသမီး၏ပုံပန်းသဏ္ဍာန်ကို မမြင်တော့ပေ။သူမြင်တာကထိုအမျိုးသမီးဘေးမှာ ရပ်နေတဲ့လူကို သူမြင်လိုက်တော့ သူ့ရုတ်တရက် လန့်သွားလေငဘ်။

လင်းဖန်။

သူဌေးလင်း!

ဖူမန်ဒူးဟိုတယ် ဟာသူပိုင်ဆိုင်တယ်လို့ လူအများက ယူဆကြသည်။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည်သူက တာဝန်ခံတစ်ဦးသာဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။

တကယ့်သူဌေးကတခြားတစ်ယောက်ပင်ဖြစ်သည်။

ဒီနေ့မှာပဲဖူမန်ဒူးဟိုတယ်၏ သူဌေးက ပြောင်းလဲသွားကြောင်းနှင့် အသက်နှစ်ဆယ်ကျော် လင်းဖန်အမည်ရှိ လူငယ်တစ်ဦးကို အစားထိုးခဲ့ကြောင်းသူသိလိုက်လေသည်။

မထင်မှတ်ပဲ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဌေးအသစ်ကို သူတွေ့လိုက်ရလေသည်။

ထိုအချိန်တွင် အမျိုးသမီးက လင်းဖန်ကို လက်ညှိုးထိုးပြပြီး “အဲဒါ သူပဲ၊ သူပဲ၊ ခင်ပွန်းက ငါ့ကို ဒီလိုဖြစ်အောင်ရိုက်ရဲ့တဲ့သူပဲ!”

“ဒီကလေးမလေးက ငါ့ ရဲ့တန်လေးနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊သူတို့အကုန်ပေါင်းလိုက်ရင် တောင်ငါ့ရဲ့တန်လေးနဲ့နည်းနည်းလေးတောင်မယှဉ်နိုင်ပဲနဲ့၊ဒါတောင်တန်လေးရဲ့ပိုင်ရှင်ဖြစ်တဲ့ငါ့ကိုရိုက်ဖို့ဘယ်လိုတောင်သတ္တိရှိတာလဲ”

“ဟေး ခုနကငါ့ကိုရိုက်တဲ့တစ်ယောက် မင်း ခုနကမာနကြီးတာမဟုတ်ဘူးလား။လာလေအခုငါ့ကိုလာ တိုက်ခိုက်!”

လင်းဖန်နဲ့လင်းဖန်ဘေးနားက လူတွေကို သူ့မခွေးနဲ့ မယှဉ်နိုင်ဘူးလားလို့ပြောဝံ့တာလား။

သူမကဘယ်လိုတောင်သတ္တိရှိတာလဲ?

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်စိတ်ဆိုးသွားပြီး ရှေ့သို့ အမြန်လျှောက်သွားလိုက်သည်။

နောက်အခိုက်အတန့်တွင် သူသည် သူ၏လက်ကို မြှောက်ပြီးရိုက်လိုက်သည်။

“ပါ့!”

ထိုအမျိုးသမီး၏ မျက်နှာသည် နီမြန်းပြီး ရောင်ရမ်းသွားကာပါးစပ်ထောင့်မှ သွေးများ တောင်စီးကျလာလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters