← Chapters

ငါပိုင်တယ်လေ

Vol. 20 Ch. 297

ငါပိုင်တယ်လေ

Vol. 20 Ch. 297

ရုတ်တရက် ပါးရိုက်ချက်ကြောင့် အမျိုးသမီးသည်ခဏတာထိတ်လန့် သွားခဲ့သည်။

ဘာ... ဘာတွေဖြစ်သွားတာလဲ?

ငါ့ယောက်ျားက ငါ့ကို ဘာလို့ ရုတ်တရက် ရိုက်ရတာလဲ။

သူငါ့အတွက်လာခဲ့တာမဟုတ်ဘူးလား။

ထို့နောက် လူလတ်ပိုင်းအရွယ်အမျိုးသားသည်သူ၏ခေါင်းကိုငုံ့ကာ အလွန်ရိုသေသောလေသံဖြင့် “မစ္စလင်း၊သူမအစားငါပဲ တောင်းပန်ပါတယ်...”

လင်းဖန် က “တောင်းပန်တာလား၊ငါ့ဒီလမ်းကိုဖြတ်သွားနေရင်း ငါ့ရည်းစားရဲ့ အဒေါ်နဲ့သမီးကို ခွေးနဲ့တောင် မယှဉ်နိုင်ဘူးလို့ ပြောတာကိုငါကြားတာ်၊ပြီးတော့ ခွေးကိုတောင်တောင်းပန်ခိုင်းသေးတယ်”

ဒါကိုကြားတော့လူလတ်ပိုင်းအရွယ် အမျိုးသားသည် နဖူးပေါ်မှ ချွေးအေးများကျလာလေသည်။

ထို့နောက်သူက ကောင်မလေးကို ထပ်ရိုက်ပြီး “မြန်မြန် တောင်းပန်စမ်း!”လို့ပြောလိုက်သည်။

ထိုအမျိုးသမီးသည် မြေပြင်ပေါ်တွင်နာကျင်စွာ ငိုကြွေးနေသော်လည်းချက်ချင်း တောင်းပန်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့်လူလတ်ပိုင်းအရွယ် အမျိုးသားက “မြန်မြန် တောင်းပန်စမ်း၊ မဟုတ်ရင်နင်နဲ့ငါအပြတ်ပဲ...!”

ထိုအချိန်မှာပင်လင်းဖန်မှာအလွန်ကြောက်စရာကောင်းသော လက္ခဏာတစ်ခု ပိုင်ဆိုင်ထားကြောင်း ထိုအမျိုးသမီးက နားလည်သွားခဲ့သည်။

ထို့ကြောင့်သူမသည်သည်ချက်ချင်ပင်တောင်းပန်လိုက်လေသည်။ “တောင်းပန်ပါတယ်....တစ်ကာ်တောင်းပန်ပါတယ်...’’

လင်းဖန်သည်သူမ၏စကားကိုလျစ်လျူရှုရင်း သူသည် “ရီရှောင်၊ အန်တီနဲ့ ချီချီ အခု ညစာစားချိန်ရောက်ပြီဆျုတေည် အရင်သွားစားကြရအောင်”

ကျူရီရှောင်အဒေါ်သည် ကျူရီရှောင် ကို မဝံ့မရဲကြည့်လိုက်သည်။

ကျူရီရှောင်က ပြုံးလိုက်ပြီး “လာ..အန်တီ၊ ချီချီ အရသာရှိတဲ့ အစားအစာ အတူတူ သွားစားကြရအောင်” လို့ပြောလိုက်သည်။

စကားပြောပြီးနောက် သူမသည် ချီချီ လက်ကိုကင်ရင်းလျှောက်သွားလေသည်။

သူ့ဘေးတွင်ရှိသော လူလတ်ပိုင်းအရွယ်က “မစ္စလင်း၊ ဖူမန်ဒူးမှာ မင်းအတွက် နေရာတစ်ခု စီစဉ်ပေးပါ့မယ်”

လင်းဖန် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် “မလိုပါဘူး၊ မင်းမိန်းမရဲ့ မဆင်မခြင် အပြုအမူကြောင့် ဖူမန်မှာ မင်းလိုလူ မလိုအပ်ဘူး”ပြောပြီးနောက်ရှေ့သို့လျှောက်သွားလိုက်လေသည်။

လင်းဖန်သည် သနားခြင်းလုံးဝမရှိပေ။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ကိစ္စမှာသူမမှားသောကြောင့်ပင်ဖြစ်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ခြင်းပင် သူ၏ တစ်ကိုယ်လုံး ခွန်အားများ ကုန်ဆုံးသွားသကဲ့သို့ခံစားလိုက်ရပြီးနောက် မြေပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့လေသည်။

သွားပြီ…

ဖူမန်ဒူး ၏ အထွေထွေမန်နေဂျာဖြစ်လာရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီးမှအထွေထွေမန်နေဂျာဖြသ်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက်သူသည်မြေပြင်ပေါ်မှာ လဲလျောင်းနေသောအမျိုးသမီးကို ငုံ့ကြည့်လိုက်ပြီးနေညက် ဒေါသဖြစ်သောလေသံဖြင့် “ဒါတွေအားလုံးမင်းကြောင့်ပဲခွေးမလို့” လို့ အော်ပြောလိုက်လေသည်။

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုအမျိုးသမီးအား ထပ်မံထိုးကြိတ်လိုက်တော့လေသည်။

ဒါတွေကိုလင်းဖန်က ဂရုမစိုက်ပေ။

...

လင်းဖန်၊ ကျူရီရှောင်၊ကျူရီရှောင်၏အဒေါ် နှင့် ချီချီတို့ကို ဖူမန်ဒူး ၏ လက်ထောက်အထွေထွေမန်နေဂျာနှင့် အဆင့်မြင့် အမှုဆောင်များက ဝိုင်းပြီး ကြိုဆိုခဲ့ကြသည်။

ကျူရီရှောင်က “အန်တီ၊ ဒါက ကျွန်မရဲ့ချစ်သူ လင်းဖန် ပါ။”

ကျူရီရှောင်အဒေါ်သည် လင်းဖန်ကိုကြည့်ကာ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ခဏကြာပြီးနောက်ကျူရီရှောင် အဒေါ်က “လင်းဖန်၊ ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ်... မင်းကြောင့်သာမဟုတ်ရင်ချီချီရော ငါရောအရှက်ကွဲသွားလိမ့်မယ်”

လက်းဖန်က “ဒါဟာ အသေးအမွှားကိစ္စလေးတစ်ခုပါပဲ၊စိတ်ထဲထားဖို့မလိုပါဘူး”

ထိုအချိန်တွင် အမဲသားကင်၊ငါးဟင်းချို... စာတဲ့အရသာရှိသော အစားအစာ အစုံအလင်ကို လျင်မြန်စွာ ယူဆောင်လာခဲ့သည်။

“ဒါ...ဟင်းတွေ အများကြီးပဲ”ကျူရီရှောင် အဒေါ်က တအံ့တသြမေးလိုက်လေသည်။ အစားအစာ၏ရနံ့ကို ရှူရှိုက်ရင်းသူမသည်တံတွေးတစ်လုတ်ကိုမနေနိုင်ပဲ မျိုချလိုက်သည်။

လင်းဖန် က “ဟုတ်တယ် အန်တီတို့များများစားလို့ရအောင်မှာထားတာ”

“အမဲသားကင်ကိုပူတုန်းစားရအောင်အေးရင်အရသာမကောင်းတော့ဘူး”

စကားပြောပြီးသောအခါ လင်းဖန်သည် အသားတစ်ပိုင်းကို ကောက်ယူကာ ကျူရီရှောင်အဒေါ် ဇလုံထဲသို့ ထည့်ပေးလိုက်သည်။ထို့နောက်နောက်ထပ်အသားတစ်ပိုင်းကိုယူကာကျူရီရှောင်ပန်းကန်ထဲသို့ထည့်ပေးလိုက်လေသည်။

လင်းဖန် ကပြောလာပြီ​ဖြစ်သောကြောင့်သူမတို့သည်မတွန့်ဆုတ်တော့ပဲချက်ချင်းစားလိုက်ကြတော့သည်။

ချီချီကအသားတစ်ဖကိုပါးစပ်ထဲသို့ထည့်​ပြီးနောက်သူမက “အရမ်းအရသာရှိတယ်!”ဟုပြောလိုက်လေသည်။

ကျူရီရှောင်က ပြုံးပြီး “အရသာရှိ​ရင်ချီချီနင်များများစားသင့်တယ်” လို့ပြောလိုက်သည်။

“ဟုတ်!” ချီချီက အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။

ဒီအစားအစာကို လူတိုင်းက အရမ်းကိုကြိုက်ကြလေသည်။

ထိုအချိန်တွင် ကျူရီရှောင်က “စကားမစပ် လင်းဖန်၊ နင်နဲ့ ဒီ ဖူမန်ဒူးဟိုတယ်က ...”

“အို၊ ငါ ဒီဟိုတယ်ကို မကြာသေးမီက ဝယ်ခဲ့တာလေ။ဒါကြောင့်ငါ့ကို ပိုင်ရှင်အဖြစ် သတ်မှတ်နိုင်တယ်” လင်းဖန်ကပြောလ်ုက်လေသည်။

သူ့၏လေသံက အလွန်ရိုးရှင်းလွန်းလသည်။

မသိရင်ငါပုရွတ်ဆိတ်တစ်ကောင်ကိုသတ်လိုက်တယ်လို့ပြောနေသလိုပင်ဖြစ်သည်။

သို့သော် ကျူရီရှောင်နှင့် သူမ၏ အဒေါ်၏ ဖြစ်သူတို့ကတော့လုံးဝကိုထိတ်လန့်သွားတော့သည်။

သိရန်ဖူမန်ဒူးသည် မြို့၏တစ်ခုတည်းသော ကြယ်သုံးပွင့်ဟိုတယ်ဖြစ်သည်။

တစ်ဦးလျှင်အနည်းဆုံးသုံးစွဲမှုပမာဏသည် 5000 အထက်ဖြစ်သည်။

ဒါတောင်မှဖူမန်ဒူမှာ ကြိုတင်မှာထားတဲ့သူတွေကတန်းစီလို့နေသည်။

ဒါကြောင့်ဒီဆိုင်က ဘယ်လောက်တောင်အံ့ဩစရာ ကောင်းလဲဆိုတာကိုတွေးကြည့်နိုင်သည်။

ဒီလိုဆိုင်ကိုလင်းဖန်ကပိုင်တာလား။

လင်းဖန်နှင့် အခြားသူများသည် အခန်းထဲမှ ထွက်လာသောအခါတွင်ဖူမန်ဒူး၏အဆင့်မြင့်အရာရှိများသည်ယခင်အတိုင်း စောင့်ဆိုင်းနေကြသည်။

လင်းဖန်သည် သူ၏ရှေ့တွင်ရပ်နေသော အနက်ရောင်မျက်မှန်တပ်ထားသည့် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး “မင်းနာမည်ဘယ်လိုခေါ်လဲ”

“ကျွန်တော့်နာမည်က ချန်ကို ပါ၊ ကျွန်တော်ကတော့ ဖူမန်ဒူးရဲ့ လက်ထောက်အထွေထွေမန်နေဂျာပါ။” ချန်ကိုက လေးလေးစားစား ပြန်ဖြေလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ မင်း အခုကစပြီး ဖူမန်ဒူးကို တာဝန်ယူရလိမ့်မယ်” လို့ပြောလိုက်သည်။

ဒါကိုကြားတော့ချန်ကိုငည် စိတ်လှုပ်ရှားစွာနဲ့ “ကျေးဇူးပါ၊ကျနော်ဖူမန်ဒူး ကို သေချာစီမံခန့်ခွဲမှာပါ...”

လင်းဖန်သည် နောပ်ထပ်ကတိများစွာပြောရန် မစောင့်ဘဲ သူ့လက်ကို တိုက်ရိုက်ဝှေ့ယမ်းကာ “ကောင်းပြီ၊ မင်းပြောတာအမှန်ဖြစ်ပါစေ...မဟုတ်လို့ကတော့....”

.....

လင်းဖန်နှင့် ကျူရီရှောင်တို့ ချိန်းတွေ့နေကြသည်ဆိုတာကိုကျူရီရှောင်အဒေါ်ကသိလေသည်။

ထို့ကြောင့် ဖူမန်ဒူးအိုမှ ထွက်ခွာပြီးနောက် ကျုရီရှောင်၏အဒေါ်သည် လင်ဖန်းနှင့်ကျူရီရှောင်တို့ကို နှုတ်ဆက်ကာချီချီကိုခေါ်ရင်းပြန်သွားလေသည်။

စားပြီးတာနဲ့ လင်းဖန် နဲ့ ကျူရီရှောင်တို့ကဘယ်သွားရမည်ကိုမသိသောကြောင့်ဒီအတိုင်းလမ်းလျှောက်ပြီးသွားနေလိုက်ကြသည်။

ဝေးဝေးမရောက်ခင်မှာပဲ ဥရောပပုံစံဆိုင်တစ်ခုက သူတို့ကို ဆွဲဆောင်လိုက်တော့သည်။

ဆိုင်ထိပ်တွင် PATEK-PHILIPPE(နာရီဆိုင်) ဟု ဖော်ပြထားသည်။

“Patek Philippe” လင်းဖန်သည် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ပြောလိုက်ပြီးနောက် ကျူရီရှောင်၏ ချောမောသောမျက်နှာလေးကို ကို စိုက်ကြည့်လိုက်သည်။

ထို့ကြောင့် လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ ကျူရီရှောင်၏ ကျောက်စိမ်းသဖွယ်လက်ကို တိုက်ရိုက်ကိုင်ကာ ဤရဲတိုက်နှင့်တူသော ဆိုင်ထဲသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဆိုင်ဝန်ထမ်းအမျိုးသမီးသည် တစ်စုံတစ်ဦးဝင်လာသည်ကို သတိပြုမိပြီးနေညက်သူမက “မင်္ဂလာပါ Patek Philippe(နာရီအမှတ်တံဆိပ်ပါ)ကနေကြိုဆိုပါတယ်” ဟု ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်လေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters