← Chapters

နာရီဝယ်ခြင်း

Vol. 20 Ch. 298

နာရီဝယ်ခြင်း

Vol. 20 Ch. 298

ထို့နောက် တံခါးနားမှာမတ်တပ်ရပ်နေသောဝန်ထမ်းမလေးကသူတို့ကိုချိုသာစွာနှုတ်ဆက်လိုက်လေသည်။

ထို့နောက်သူမကဆက်လက်ပြောလိုက်သည်။” ငါမင်းတို့ကိုဘာကူညီပေးရမလား”

လင်းဖန် က ကျူရီရှောင်ကို လက်ညှိုးထိုးပြပြီး “ငါ့ရည်းစားအတွက် နာရီဝယ်ဖို့ ဒီကိုလာတာ။မင်းမှာသူမနဲ့လိုက်မယ့်နာရီလေးများရှိလား”

ဝန်ထမ်းမလေးသည် ကျူရီရှောင် ကိုကြည့်လိုက်ပြီးနောက်သူမသည်ကျူရီရှောင်၏အသွင်အပြင်ကြောင့် အံ့သြသွားလေသည်။

ကျူရီရှောင် ၏လည်ပင်းတွင် ပင်လယ်နက်လည်ဆွဲကို သူမမြင်လိုက်ရသောအခါ သူမ၏မျက်လုံးများသည် အနည်းငယ်တောက်ပလာခဲ့သည်။

ထို့နောက်အမျိုးသမီးဝန်ထမ်းက လင်းဖန်ကို ကြည့်လိုက်ရာလင်းဖန်ဝတ်ထားတဲ့ Vacheron Constantin Tourdel’Ile(နာရီ)ကို မတော်တဆတွေ့လိုက်တဲ့အခါ သူမရဲ့ နှလုံးခုန်သံများသည်ချက်ချင်းခုန်ပေါက်သွားတော့သည်။

ထို့နောက်သူမသည် ဒီနေ့ဟာ ဖောက်သည်ကြီးတစ်ယောက်နဲ့ တွေ့တယ်ဆိုတာကိုသိလိုက်သည်။

ထို့ကြောင့် အမျိုးသမီးဝန်ထမ်းသည်လင်းဖန်တို့ကို ပို၍ လေးစားသွားခဲ့သည်။

“ဒီအမျိုးသမီးကကျွန်မတို့Patek Philippe ရဲ့ Tiannian(နာရီ)နဲ့အရမ်းအသင့်တော်တယ်”

အမျိုးသမီးစာရေးမသည်ဖန်လှောင်အိမ်တွင်ထည့်ထားသော အလွန်လှပသော နာရီတစ်ခုကို လက်ညှိုးထိုးပြကာ ၎င်းနှင့် မိတ်ဆက်ပေးသည်။

သို့သော်ကျူရီရှောင်သည် ဤနာရီကိုကြည့်ပြီးသူမ၏မျက်နှာသည်ဘာမှမထူးခြားပေ။

ဝန်ထမ်းမိန်းကလေးကလဲ ဒါကို သတိပြုမိပုံရပြီး “ဒါဆိုဒီဟာမစ္စနဲ့ အသင့်တော်ဆုံးလို့ ထင်တယ်” လို့ ပြောလိုက်သည်။

ဝန်ထမ်းအမျိုးသမီးသည်ဖန်လှောင်ပြင်အလယ်ရှိ နာရီတစ်လုံးကို ညွှန်ပြလိုက်သည်။

ကျူရီရှောင် သည် သူမညွှန်ပြသော နေရာကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများသည် ချက်ချင်းတောက်ပသွားလေသည်။

ဤပြောင်းလဲမှုကို အမျိုးသမီးဝန်ထမ်းမလေးက မြင်လိက်ရလေသည်။

ထို့ကြောင့်သူမသည် ပြုံးပြီး အသေးစိတ်ကို မိတ်ဆက်ပေးလိုက်လေသည်ယာ “ဒီနာရီကိုထုတ်လုပ်သူကတော့Mr. ရိုယမ်သယ်ပဲဖြစ်ပါတယ်။ သူကဒီနာရီကို 5 နှစ်အကြာ ဒီဇိုင်းဆွဲပြီးမှ ထုတ်လုပ်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာမှနာရီ 15 လုံးသာထုတ်လုပ်ပြီး တရုတ်နိုင်ငံမှာတောင် ဒီတစ်ခုပဲ ရှိတယ်”

“ဒါကြောင့် ဒီနာရီကထူးခြားတယ်လို့ ပြောလို့ရတယ်။”

“ဒီနာရီကိုအပြာရောင် ကျောက်မျက်ရတနာများနဲ့ပြုလုပ်ထားပြီးနာရီဖန်မျက်နှာပြင်တစ်ဝက်နှင့်လက်ပတ်ကို စိန် 99 ပွင့်ဖြင့် စီခြယ်ပြုလုပ်ထားပါသည်။ဒါက မစ္စနဲ့အရမ်းသင့်တော်ပါတယ် .”

အမျိုးသမီးစာရေးက ရော်ဘာလက်အိတ်ကိုဝတ်ပြီးနောက်နာရီကို မိတ်ဆက်ရင်းနာရီကို ဂရုတစိုက်ထုတ်လိုက်လေသည်။

“ဝိုး ! ဘယ်လောက်တောင်လှတဲ့ နာရီလေးလဲ!”

ထိုအချိန်တွင် တံခါးဝနေအသံတစ်ခုထွက်ပေါ်လာလေသည်။

ထို့နောက်ဗိုက်ပူလူကြီးတစ်ဦးသည်လှပသော အမျိုးသမီးတစ်ဦး၏လက်ကိုကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

လှပသောအမျိုးသမီးက “ခင်ပွန်း၊ ငါ ဒီနာရီကို လိုချင်တယ်” ဟုပြောလိုက်သည်။

ဗိုက်ပူယောက်ျားက မိန်းကလေးညွှန်ပြနေတဲ့ ဘက်ကို လှမ်းကြည့်ကာ သာသည်နာရီကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်လေသည်။

သို့သော်သူသည်ကျူရီရှောင်၏လှပသောအသွင်အပြင်ကိုမြင်သောအခါသူသည်ချက်ချင်းအံ့သြသွားလေသည်။

အရင်တုန်းကတော့ ဗိုက်ပူယောက်ျားက သူ့ရည်းစားအသစ်က အရမ်းလှတယ်လို့သူထင်ခဲ့သည်။ဒီနေ့မှာတော့သူသည်ကျူရီရှောင်၏အလှကိုမြင်ပြီးနောက်သူသည်အဲ့တုံးကဘယ်လောက်တောင်တုံးခဲ့လဲဆိုတာကိုသူသိလိုက်သည်။

လှပသောအမျိုးသမီးသည် ဗိုက်ပူယောက်ျား၏ပြောင်းလဲသောအမူအရာကို သတိမပြုမိခဲ့ပေ။ထို့နောက်သူမက”ခင်ပွန်း ငါ ဒီနာရီကို လိုချင်တယ်လို့...”

ဒါကဗိုက်ပူလူက သူ့အသိစိတ်ပြန်ဝင်လာပြီး “အာ၊ သြော် ...အင်း....”

လှပသောအမျိုးသမီးသည် ဆိုင်ထဲသို့ဝင်ကတည်းကနာရီကိုကြိုက်ကြောင်းပြောခဲ့သည်။

သို့သော်လည်း အမျိုးသမီးဝန်ထမ်းမသည် ပြစ်တင်ရှုတ်ချခြင်းလုံးဝမပြုဘဲရိုသေလေးစားသောလေသံဖြင့် “တောင်းပန်ပါတယ် ဒီနာရီကို ဒီဖောက်သည်နှစ်ယောက်က ရွေးချယ်ထားပြီးသားမို့လို့ပါ..…”

အမျိုးသမီးဝန်ထမ်းမက ဒီလိုမပြောခဲ့ရင်ဗိုက်ပူယောက်ျားက ဒီနာရီဝယ်ဖို့ တွန့်ဆုတ်နေလိမ့်မည်ဖြစ်သည်။

ဒါပေမယ့် အခုအချိန်မှာတော့ အမျိုးသမီးဝန်ထမ်းက ဒီလိုပြောတာကို ကြားလိုက်ရတော့ ဗိုက်ပူယောက်ျားက ဒီနာရီဝယ်ကိုဝယ်ရမယ်လို့စိတ်ကိုဆုံးဖြတ်လိုက်လေသည်။

သူသာပိုက်ဆံအများကြီးသုံးပြီး ဒီနာရီတစ်လုံးဝယ်လိုက်တာနဲ့ သူ့ရဲ့ချမ်းသာမှုကသန်းပေါင်းများစွာရှိတယ်ဆိုတာကို ချက်ချင်းပြသနိုင်မည်ဖြစ်သည်။

ဒါမှသူက ကျူရီရှောင်ရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာဖြစ်သည်။အဲ့အခါကျရင် ကျူရီရှောင်၏ဆက်သွယ်ရန်အချက်အလက်ကိုတောင်းပြီးနောက်သူမနဲ့ဆက်သွယ်ရန် အကြောင်းပြချက်ကိုရှာပြီးဆက်သွယ်ဖို့က အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိမှာသေချာသည်။

ထိုလူသည် ဒီလိုအကွက်များကိုအအကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့်ဒီအကွက်ကို​​နှောကျေနေပြီလို့ပြောလို့ရသည်။

ထို့ကြောင့်ဗိုက်ပူယောက်ျားက “ မင်းအဲဒါကို ငါမဝယ်သေးဘူးလို့ ဆိုလိုတာလား။ အဲဒါဆိုရင် ငါအခုဝယ်ပြမယ်!”

အဲဒီနောက်မှာတော့ အဲဒီအမျိုးသားကသူ၏ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်ယူလိုက်လေသည်။

ဒါကိုမြင်တော့ လှပတဲ့အမျိုးသမီးက ဝမ်းသာအားရနဲ့ “ဝိုး! ငါ့ခင်ပွန်းက အရမ်းမိုက်တယ်ကွ...မွမွ “

အမျိုးသမီးဝန်ထမ်းက ကတ်ကိုမယူသေးဘဲ လင်းဖန်နဲ့ ကျူရီရှောင်တို့ကို ကြည့်လိုက်လေသည်။

ဒါကမြင်တော့ဗိုက်ပူလူက မျက်မှောင်ကြုတ်ကာ “ဘာလဲ၊ မင်းတို့ရဲ့ခေါင်းဆောင်နဲ့ စကားပြောဖို့ လိုအပ်လို့လား”

အမျိုးသမီးဝန်ထမ်းက “မဟုတ်ဘူး...မဟုတ်ပါဘူး၊ ငါမင်းကို အခုချက်ချင်းငွေချေပေးပါ့မယ်”

“ဒီ”

သို့သော် ဘဏ်ကတ်ကို POS စက်တွင် ပွတ်ဆွဲပြီးနောက် ပြေစွာမထွက်လာပေ။

အမျိုးသမီးဝန်ထမ်းက “သခင်မင်းပိုက်ဆံနဲ့ကမလုံလောက်သေးဘူး”

ထိုလူက ကတ်ကိုယူပြီးကြည့်ကာ “ဘယ်လိုဖြစ်နိုင်မလဲ။ ဒီကတ်ထဲမှာ ယွမ် ၂ သန်းရှိပါသေးတယ်၊ စက်ကမှားတာထင်တယ်။ ထပ်စမ်းကြည့်ပါအုံး”

ဝန်ဖမ်းအမျိုးသမီးက “မစ္စတာက ခုနကမိတ်ဆက်တာကို​မကြားဘူးထင်တယ်​” ဟု စိတ်ရှည်စွာပြောလိုက်သည်။

“ဒီနာရီကို ဖန်ဟွမ်လို့ခေါ်ပြီး သဘာဝ စိန် ၉၉ လုံးနဲ့ကျောက်ပြာတွေနဲ့ပြုလုပ်ထားတာပါ။ တစ်ကမ္ဘာလုံးမှာမှာနရီက၁၅လုံးသာရှိပြီး ဈေးနှုန်းကတော့ ယွမ် ၈ ဒသမ ၈၉ သန်းပါ။”

ယွမ် ၈.၈၉ သန်း၊

ထိုဗိုက်ပူလူသည်စျေးနှုန်းကိုကြားပြီးနောက်ထိတ်လန့်သွားလေသည်။

သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်ရင် သန်းအနည်းငယ်သာရှိသည်။

အဲဒီအထဲမှာအိမ်ခြံမြေတွေလည်း ပါဝင်လေသည်။

လက်ပတ်နာရီတစ်လုံးအတွက် ယွမ် ၈.၉၉ သန်း သုံးစွဲတာကသူလိုလူမျိုးမသုံးနိုင်ပေ။

သူ့ဘေးနားက အလှလေးက “ခင်ပွန်း၊ မင်းမှာ စျေးကွက်တန်ဖိုး ဘီလီယံနဲ့ချီတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်မဟုတ်လား။ဒီနာရီက 8.99 သန်းပဲရှိတယ်ဆိုတော့ချစ်လေးကိုဝယ်ပေးလေ...”

စျေးကွက်တန်ဖိုးက ဘီလီယံနဲ့ချီရှိတာလားဒါသူက ကြွားလုံးထုတ်ထားတာပင်ဖြစ်သည်။

ထို့ကြောင့်ဗိုက်ပူလူကရှက်ရှက်ဖြင့် “ဒါ... ဒါကငါဒီကတ်ထဲမှာ ပိုက်ဆံအများကြီး မထည့်ထားမိဘူး။ နောက်တစ်ခါကျရင်ဝယ်ပေးမယ်လေ’’

တစ်ချိန်လုံး စကားမပြောတယ်လင်းဖန်က “မင်းမှာ ပိုက်ဆံမရှိရင် ပိုက်ဆံမရှိဘူးပေါ့။ အကြောင်းပြချက်တွေ လျှောက်ပေးနေတယ်”

ဒါကိုကြားတော့ဗိုက်ပူလူကဒေါသတကြီးနဲ့ “ကောင်လေး၊ မင်းဘာတွေပြောနေတာလဲ”

သို့သော်သူသည်လေသံကိုအရှိန်လျှော့ရင်း “ကောင်းပြီ၊ ငါ့မှာ ပိုက်ဆံမရှိဘူးဆိုတာမှန်တယ်!? မင်းကရောဒီနာရီကို အရင်ကြည့်တာမဟုတ်ဘူးလား။မင်းအခု ပိုက်ဆံချေလိုက်လေ!”

ထိုလူ၏အမြင်တွင် လင်းဖန်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေးမျှသာဖြစ်သည်။

ယွမ် 8.99 သန်းကို သူဘယ်လိုတတ်နိုင်မှာလဲ။

ဒီပိုက်ဆုံကိုလင်းဖန်မထုတ်နိုင်သရွေ့တော့ သူ့ကဲ့ရဲ့လို့ရပြီဖြစ်သည်။

လင်းဖန် က “ဒီနာရီကို ဘယ်တုန်းက ငါဝယ်မယ်လို့ပြောလို့လား”

ဗိုက်ပူလူက“ဝယ်ဖို့ပိုက်ဆံမရှိရင် ပိုက်ဆံမရှိဘူးလို့ ပြောပေါ့။ တချို့လူငယ်တွေကလူကြီးတွေကိုတောင်လိမ်ပြောတတ်နေပြီပဲ”

လင်းဖန်သည် ထိုဗိုက်ပူလူကို တစ်ချက်ကြည့်လိုက်ပြီးနောက် အလယ်ကောင်တာရှိ နာရီကို ညွှန်ပြကာ “ဟဲလို၊ ကျေးဇူးပြုပြီး ဒီနာရီကို ထုတ်ပေးပါ။ငါတို့ ဝယ်မယ်” ဟု ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters