ဇိမ်ခံရွက်လှေရခြင်း
Vol. 20 Ch. 299
လင်းဖန်သည်အမျိုးသမီးဝန်ထမ်းက ဖန်ဟွမ် ကိုမိတ်ဆက်ပေးသောအခါတွင်ကျူရီရှောင်၏မျက်လုံးများသည်အနည်းငယ်တောက်ပလာသွားသည်ကိုသိသည်။
သို့သော်သူမသည်ဖန်ဟွမ်ကိုမဟုတ်ဘဲဖန်ဟွမ်နာရီဘေးရှိနာရီကြောက့်သူမမျက်လုံးများတောက်ပသွားသည်ကိုသူသာသိသည်။
အမျိုးသမီးဝန်ထမ်းသည်လင်းဖန်ညွှန်ပြနေသည့် နေရာကို ကြည့်လိုက်ရာ သူမ အံ့သြသွားလေသည်။
ထို့နောက်၊ သူမသည်လင်းဖန်ညွှန်ပြသောနာရီအကြောင်းကိုချက်ချင်းမိတ်ဆက်ပေးလိုက်လေသည်။ “ဒါက ကမ္ဘာလုံးမှာမှ နာရီ5 ခုသာရှိပြီးဒါကကျွန်မတို့ရဲ့ Patek Philippeကနာရီဖြစ်ပါတယ်-သူရဲ့နာမည်ကthe Queen(နာရီ)လို့ခေါ်ပါတယ်!”
“The Queen(နာရီ) ၎င်းကို နာမည်ကျော် Patek Philippe(နာရီအမှတ်တံဆိပ်) ဒီဇိုင်နာ ဂိုလိမ်းမှ 10 နှစ်ကြာ သုတေသနပြုပြီးမှထုတ်ထားတာဖြစ်သည်။ လက်ပတ်နှင့် အိတ်နာရီခွက်ကိုသဘာဝရောင်စုံစိန် 365 ပွင့်ဖြင့် အလှဆင်ထားသည်။”
လင်းဖန်က ဒါကိုကြားတော့ခေါင်းညိတ်ပြပြီး သူမပြောတကို ပြီးအောင်မစောင့်ဘဲ ဘဏ်ကတ်ကို ထုတ်ကာ “ကတ်ကိုယူပြီးငွေချေလိုက်ပါ” ဟု ပြောလိုက်သည်။
“အမ်?’’
အမျိုးသမီး ဝန်ထမ်းမလေးသည် ခဏမျှ အံ့အားသင့်သွားလေသည်။
ဈေးနှုန်းကို မပြောရသေးတောင်သူမမိတ်ဆက်တဲ့ အကြောင်းရင်းကနေဒီနာရီက အရမ်းဈေးကြီးတယ်လို့ပြောလို့ရသည်။
ဝန်ထမ်းမလေးကက ချီတုံချတုံဖြစ်ပြီး “ဒီနာရီရဲ့စျေးနှုန်းက ယွမ် ၃၁ သန်း” လို့ ပြောလိုက်သည်။
လင်းဖန်က စကားမပြောခင်မှာပင်သူ့ဘေးကဗိုက်ပူလူက ပြောလိုက်လေသည်။
“ ကတ်ပေးနေတယ်လေမြန်မြန်ပွတ်ဆွဲလိုက်လေ။ဘညလုပ်နေတာလဲနင်တို့ရဲ့ခေါင်းဆောင်နဲ့သွားပြောရမှာလား”
ဝန်ထမ်းအမျိုးသမီးက လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်စကားမပြောတော့ဘဲဘဏ်ကတ်ကို POS စက်ပေါ်တင်ပြီး ပွတ်ဆွဲလိုက်လေသည်။
“ဒင်!”
အသံတိုးတိုးလေးဖြင့် ယွမ် ၃၁ သန်းတန် ကိုချေပြီးကြောင်းစာရွက်ပေါ်လာလေသည်။
ငွေကြိုရှင်းပြီး။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ဖုန်းတွင် အနီရောင်စာအိတ် ၃၁၀၀ ရောက်လာလေသည်။
မူလက ထိုဗိုက်ပူလူသည် အပေါ်ကိုမော့ကာ ရယ်မောရန် ပြင်ဆင်ထားပြီးဖြစ်သည်။
ထိုအချိန်တွင် သူတစ်ကိုယ်လုံး အေးခဲသွားလေသည်။
အခု... အခြေအနေ ဘယ်လိုကြီးကဘယ်လိုလဲ။
ငွေပေးချေမှု အောင်မြင်တယ် ?
သူ့မှာ ယွမ် ၃၁ သန်းတစ်ကယ်ရှိတယ်။
ဒါက ဘယ်လိုဖြစ်ရတာလဲ!
လင်းဖန်ကဗိုက်လူကို တစ်ချက်ကြည့်လိုက်ပြီး “မင်းပြောတာက မှန်တယ်။ ပိုက်ဆံမရှိရင် ပိုက်ဆံမရှိဘူးလို့ ပြောရုံပဲလေ။စိတ်မကောင်းတာကငါကသောက်ရမ်းချမ်းသာတယ်ကွ.. “
ဒါကိုကြားတော့ထိုလူက မျက်နှာတစ်ခုလုံး ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရသလိခံစားလိုက်ရသည်။
အရမ်းနာကျင်တယ်။
ဗိုက်ပူလူက ပြန်ပြီးချေပချင်ပေမယ့် ဘာမှချေပလို့မရတဲ့အတွက် ခေါင်းငုံ့ပြီး ဆနုင်အပြင်ကို ထွက်လာခဲ့လေသည်။
Patek Philippe(နာရီတံဆိပ်)စတိုးဆိုင်ထဲက ထွက်လာတာနဲ့ တပြိုင်နက် သူ့ဘေးနားက အလှလေးက “မင်းအမြဲတမ်း ချမ်းသာတယ်လို့ ငါထင်ထားခဲ့တာ၊တစ်ကယ်တော့ နင်ကဆင်းရဲသားပဲ။နင်လိမ်ပြီးပြောတာမရှက်ဖူးဘူး!”
စကားပြောပြီးနောက် သူသည် အခြားဘက်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ထိုလူက ပါးစပ်ကိုဖွင့်လိုက်ပြီးစကားပြောချင်သောလဲဘာစကားမှမထွက်လာပေ။သူ၏မျက်နှာမှာလဲအားကိုးရာမဲ့မှုအပြည့်နှင့်ဖြစ်နေလေသည်။
ကျုရီရှောင်ကိုမြင်သောအခါ လှပသောအမျိုးသမီးသည် အမှိုက်လို့သူ ခံစားရသည်။
သို့သော်ယခုအခါ ဒီလိုအလှလေးတောင်မရှိတော့ပေ။
...
ဒါတွေကိုလင်းဖန်က ဂရုမစိုက်ပေ။
သူသည် တောက်ပနေသော Patek Philippe diva(The Queenနဲ့အတူတူပါပဲအသုံးနှုန်းကွဲသွားတာပါ)နာရီကိုယူ၍ ကျူရီရှောင် ၏ဖြူဖွေးသောကျောက်စိမ်းလက်ပေါ်တွင်ပတ်ပေးလိုက်လေသည်။
ထို့နောက်လင်းဖန်ကပြုံးပြီးပြောလိုက်သည်။ “ဒါကိုကြိုက်လား”
ကျူရီရှောင်က အားတက်သရော ခေါင်းညိတ်ပြပြီးနောက် လင်းဖန်၏ ရင်ခွင်ထဲသို့ ဝင်လိုက်လေသည်။
ဒီအချိန်မှာ သူမကတော့အရမ်းရမ်းကိုပျော်နေလေသည်။
Patek Philippe(နာရီဆိုင်)မှ ထွက်ခွာပြီးနောက် ၎င်းတို့နှစ်ဦးသည် တစ်ယောက်လက်တစ်ယောက်ကိုင်ကာလမ်းလျှောက်ထွက်လာလေသည်။
လမ်းလျှောက်နေရင်းလင်းဖန်သည် ခေါင်းကိုမော့လိုက်သောအခါ၊ မဝေးလှသောနေရာတွင် ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံတွမ်စန်ကိုမြင်လိုက်ရလေသည်။
ဒါက သူရထားတဲ့အဆောက်အအုံမဟုတ်ဘူးလား။
လင်းဖန်သည် တွမ်စန်နာမည်ကြီးအိမ်အကြောင်း သိချင်စိတ်အပြည့်ရှိသည်။
ထို့ကြောင့် သူကကျူရီရှောင်၏လက်ကို တိုက်ရိုက်ကိုင်ကာ တွမ်စန်ဆီသို့ လျှောက်သွားလေသည်။
တွမ်စန်အသိုက်အဝန်း၏ တံခါးဝတွင်မျက်နှာမှတ်တမ်တင်(မျက်နှာကိုစကင်ဖတ်တာကိုပြောတာပါ)လုပ်ဆောင်ချက် တပ်ဆင်ထားပြီး အသိုက်ဝန်းအတွင်းရှိသူများသာဝင်နိုင်ပြီးအပြင်လူများ လုံးဝမဝင်ရောက်နိုင်ပေ။
“ဒီ”
လင်းဖန်သည် တံခါးဆီသို့ လျှောက်သွားကာမျက်နှာစကင်ဖတ်လိုက်ပြီးနေညက် တံခါးသည် အသံတိုးတိုးလေးဖြင့် ပွင့်လာလေသည်။
ဘေးမှာရပ်နေတဲ့ လုံခြုံရေးအစောင့်နှစ်ယောက်သည် အကြီးအကဲကိုမြင်တဲ့ စစ်သားတွေလို မတ်တပ်ရပ်ပြီးနှုတ်ဆက်လိုက်ကြလေသည်။
လင်းဖန်သည် ၎င်းကို သိပ်ဂရုမစိုက်ဘဲ မြစ်နှင့်အနီးဆုံးရှိသေညအဆောက်အအုံဆီသို့ တည့်တည့်သွားလိုက်သည်။
“ဒီး”
အဆောက်အဦးနားကိုရောက်ပြီးနောက်မျက်နှာကိုစကင်ဖတ်ပြီးနောက်အဆောက်ဦးတံခါးသည် အလိုလိုပွင့်လာလေသည်။
ဒါကိုကြည့်ပြီးလုံခြုံရေးအစောင့်များသည် လင်းဖန်ကိုလေးစားသောအကြည့်နဲ့ကြည့်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤအဆောက်အအုံကို ရှေးရှေးရှေးကတည်းက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးမှ ဝယ်ယူခဲ့ကြောင်းသူတို့သိသည်။
ဒါကိုမှာ သန့်ရှင်းရေးလုပ်သမားနဲ့ လုံခြုံရေးကလွဲလို့ ဘယ်သူမှ ဒါကိုမသိလိုက်ကြပေ။ရှယ်ယာရှင်တွေတော့ပါတာပေါ့။
ထုံးစံအတိုင်း လင်းဖန်သည် လုံခြုံရေးအစောင့်၏ အတွေးကို မသိပေ။
သူသည် အလွန်ကျယ်ဝန်းပြီး ခမ်းနားလှသော ဓာတ်လှေကားထဲသို့ ကျူရီရှောင်ကို ခေါ်သွားလေသည်။
ဓာတ်လှေကားသည် တုန်ခါမှုမရှိဘဲ မြေပြင်ပေါ်တွင် လမ်းလျှောက်သွားသကဲ့သို့ တက်သွားလေသည်။
ဆယ်စက္ကန့်အတွင်းမှာပဲ လင်းဖန် နဲ့ ကျူရီရှောင်တို့သည် အပေါ်ထပ်ကို ရောက်လာလေသည်။
ဓာတ်လေးကားကနေထွက်လာပြီးနေညက်လင်းဖန်က ကုတ်နံပါတ်တစ်ခုကိုရိုက်နှိပ်လိုက်လေသည်။(ဒီအဆောာက်အဦးအပေါ်ထပ်တက်လိုက်ရင်အခန်းတွေအများကြီးမဟုတ်ပဲတစ်ခန်းထဲပါ။လုံးချင်းအိမ်လိုမျိုးကိုမှအဆောက်အဦးထဲမှာဆောက်ထားတာပါ)
အသံတိုးတိုးလေးဖြင့် တံခါးပွင့်လာလေသည်။
စတုရန်း100မီတာ နီးပါးကျယ်ဝန်းသော ဧည့်ခန်းသည် သူတို့နှစ်ဦး၏အမြင်တွင် ချက်ချင်းပေါ်လာလေသည်။
လရောင်သည်မျက်နှာကြက်နှင့် ပြတင်းပေါက်များမှတဆင့်ဇိမ်ခံခေတ်မီပရိဘောဂများကိုထွန်းလင်းနေသောကြောင့်ဇိမ်ခံပစ္စည်းများကိုတောက်ပစေသည်။တစ်ချိန်တည်းမှာပင်၊ ၎င်းကိုကြည့်ရင်းကျူရီရှောင်၏ လှပသောမျက်လုံးများသည်လုံးဝတောက်ပသွားလေသည်။
လင်းဖန် က “ရီရှောင်၊ မင်းဒီမှာ နေချင်ရင် နေနိုင်တယ်”
ဒါကိုကြားတော့ကျူရီရှောင် ၏ ခန္ဓာကိုယ် သည်အနည်းငယ် တုန်ခါသွားခဲ့သည်။
ထို့နောက်သူမ၏ချယ်ရီပါးစပ်လေးကို ညင်သာစွာဖွင့်လိုက်ပြီး “လင်းဖန်” လို့ တိုးတိုးလေးခေါ်လိုက်လေသည်။
ထို့နောက် သူမသည်လင်းဖန်ကိုနံရံကပ်ကာအနမ်းပေးလိုက်လေသည်။
( ̄ε ̄)
( ̄3)(ε ̄)
...
အချိန်အတော်ကြာ တိတ်ဆိတ်နေသောတွမ်စန် သည် ယနေ့ညမှာတော့အလွန်အသက်ဝင်နေလေသည်။
...
နောက်တစ်နေ့တွင် လင်းဖန်သည် မျက်လုံးဖွင့်လိုက်သောအခါကုတင်ပေါ်တွင်လဲလျောင်းနေသောကျူရီရှောင်ကိုတွေ့လိုက်လေသည်။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။သူမသည်
ဒီနှစ်ရက်လုံးမှာအလွန်ပင်ပန်းစွာအလုပ်လုပ်ရလေသည်။
ထို့ကြောင့် လင်းဖန်သည် သူမအား အနှောက်အယှက်မပေးပေ။
ထို့ကြောင့်သူသည်အိပ့်ခန်းမှာထွက်လာကာဧည့်ခန်းမှာထိုင်ပြီးနောက်အစားအသောက်များကိုမှာလေသည်။
ထို့နောက် သူသည် အကောင့်ဝင်ခြင်းစနစ်အပေါ် သူအာရုံစိုက်လိုက်လေသည်။
“မနေ့က ငါ တွမ်စန် ရခဲ့တယ်။ ဒီနေ့ လဲဘာရမှလဲဆိုတာကြည့်ရအောင်။”
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်းစိုလန် ဇိမ်ခံရွက်လှေတစ်စီးကိုရရှိသည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများ သည်အနည်းငယ် တောက်ပလာခဲ့သည်။
မကြာသေးမီက သူသည် စိုလန်ရွက်လှေအကြောင်း သတင်းကို မတော်တဆ တွေ့လိုက်ရသည်။
ဤရွက်လှေသည် အရှည် ၈၆ မီတာရှိပြီး VIP အခန်း ၈ ခန်းပါရှိသည်။၎င်းသည် ရေတပ်စစ်သင်္ဘောမဟုတ်ဘဲ ရွက်လှေဖြစ်သည်။
ပြီးတော့ သူ့ရဲ့စျေးနှုန်းက ယွမ် ၁.၂ ဘီလီယံအထိ ရှိလေသည်။
အခုသူကအဲ့လိုဇိမ်ခံရွက်လှေကို သူ့ပိုင်သွားတာလား။
လင်းဖန် သည် တန်ဖိုးကြီးအသိုင်းအဝိုင်းများ(အိမ်ရာ)၊ ဇိမ်ခံအိမ်ကြီးများ၊ စူပါပြိုင်ကားများနှင့် ရဟတ်ယာဉ်များပင် ပိုင်ဆိုင်ဖူးသည်။
ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်သူသည် ဇိမ်ခံရွက်လှေကိုတေည့ပထမဆုံး အကြိမ် ရဖူးခြင်းပင်ဖြစ်သည်။
ထိုအချိန်တွင် ကျူရီရှောင်သည် ဧည့်ခန်းဆီသို့ လှမ်းလာပြီးလင်းဖန်းကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
လင်းဖန်က “လွန်ခဲ့တဲ့ နှစ်ရက်က မင်း အလုပ်တွေ အရမ်းကိုကြိုးစားနေခဲ့တာ၊အခု ဘာလို့ ပိုမအိပ်တာလဲ”
အလုပ်ကြိုးစားတညလား?
ဒါကိုကြားတော့ကျူရီရှောင်၏ လှပသော မျက်နှာသည် အနည်းငယ် နီမြန်းသွားကာ “ငါအနားယူပြီးပြီ” ဟု တိုးတိုးလေး ပြောလိုက်သည်။
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင်ကျူရီရှောင်၏လက်ကိုင်ဖုန်းက အသံမြည်လာလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး