အပန်းဖြေအဖွဲ့တည်ဆောက်ခြင်း
Vol. 20 Ch. 300
ကျူရီရှောင် သည် ဖုန်းခေါ်ဆိုမှုကိုကြည့်လိုက်တော့ညီအစ်မလူကဆက်တယ်ဆိုတာကို သိလိုက်သည်။
ထို့ကြောင့် မဆိုင်းမတွဘဲ အဖြေခလုတ်ကိုနှိပ်လိုက်သည်။
“ရီရှောင် နင်လင်းဖန်နဲ့အတူရှိနေသေးလား။” ညီအစ်မလူက ကမေးလိုက်သည်။
“ဟုတ်တယ်လေ ညီအစ်မလူတခုခုဖြစ်လို့လား” ကျူရီရှောင် က ပြန်မေးလိုက်သည်။
ညီအစ်မလူက “အိုး၊ ဒါက ဒီလိုပါမကြာသေးမီက ငါတို့က အမှာစာတွေ အများကြီးယူခဲ့တယ် မဟုတ်လား၊ မနေ့ကတော့ အားလုံးက ညဆိုင်းဆင်းလိုက်တာကြောင့်အခြေခံအားဖြင့် အမှာစာအားလုံးကိုစစ်ပြီးတွေ ပြီးသွားခဲ့တယ်”
“ပြီးခဲ့နှစ်ရက်ကတည်းကအလုပ်တွေကိုပင်ပင်ပန်းပန်းလုပ်ခဲ့တယ်ဆိုတော့လေ...ဝန်ထမ်းတွေကလဲပင်ပန်းနေမှာပဲလေ။ဒါကြောင့်ငါတို့ဝန်ထမ်းတွေနဲ့အတူပျော်ပျော်ပါးပါး အပန်းဖြေခရီးထွက်ကြမယ်လေ။ဒါကိုမင်းဘယ်လိုထင်လဲ”
ကျူရီရှောင် သည် စီမံခန့်ခွဲမှုစွမ်းရည်ကောင်းသူတစ်ဦးဖြစ်သည်။
ဝန်ထမ်းများကိုစီမံခန့်ခွဲမှုမှာပိုင်ပိုင်နိုင်နိုင်လုပ်ခိုင်းချင်ရင်စိတ်အပန်းပြေမှရမယ်ဆိုတာကို သူမကောင်းကောင်းသိသည်။
မဟုတ်ရင် လူတွေကအလုပ်ကိုပြီးရင်ပြီးရောဆိုပြီးလုပ်လာမည်ဖြစ်သည်။
ကုမ္ပဏီကို စတင်တည်ထောင်ချိန်မှစ၍ဝန်ထမ်းတွေနဲ့အတူအပန်းဖြေခရီးကိုတစ်ကြိမ်မှ မထွက်ခဲ့ဖူးပေ။
ထို့အပြင် မကြာမီမှာပင် ကုမ္ပဏီတစ်ခုလုံးသည်အလုပ်များတော့မည်ဖြစ်သည်။
ယင်းမတိုင်မီဝန်ထမ်းတွေနဲ့အတူအပန်းဖြေခြင်းသည် ဝန်ထမ်းများရဲ့စိတ်ကိုလန်းဆန်းစေသည်။ တစ်ချိန်တည်းမှာပင်ဝန်ထမ်းများနှင့်အတူရင်းနှီးလာတဲ့အခါကျရင် အနာဂတ်လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်သည်။ ဒါက တကယ်ကို ကောင်းမွန်တဲ့အရာပင်ဖြစ်သည်။
ဒါကြောင့်ကျူရီရှောင် က “ဒါက တော်တော်ကောင်းမယ်လို့ငါထင်တယ်” လို့ပြန်ဖြေလိုက်သည်။
ဒါကိုကြားတော့ညီမ လူက ဝမ်းသာအားရပြောလိုက်သည်။ “ဟာဟား။ ရီရှောင်နငိ သဘောတူမယ်လို့ငါထင်ထားတာ၊ငါအထင်မှန်မယ်လို့မထင်ထားဘူး..!”
“ကောင်းပြီ၊ နင်နဲ့လင်းဖန်တို့ဆက်ပြီး ချစ်လိုက်ကြအုံး၊ ငါ နင်တို့ကို မနှောင့်ယှက်တော့ဘူး။ဒါပဲ....”
စကားပြောပြီးနောက် သူမသည် ဖုန်းကို ချလိုက်လေသည်။
သူမတို့ပြောသောစကားအားလုံးကိုလင်းဖန်ကကြားလိုက်ရသည်။
“အသင်းလိုက်အပန်းဖြေခရီးထွက်မယ်ဆိုတော့နေရာကောင်းလေးတွေကိုငါကူညီစီစဉ်ပေးပါ့မယ်။” လင်းဖန်က ပြောသည်။
ကျူရီရှောင်သည် လင်းဖန် ကို အကြွင်းမဲ့ယုံကြည်သည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် သူမသည်ဘာမှမစဉ်းစားဘဲ ခေါင်းညိတ်ကာ “Ok!”ဟုပြောလိုက်လေသည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။
သို့သော် ၎င်းသည် သူမရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။ဒါပေမဲ့သူသည်အဖြေခလုတ်ကိုတော့နှိပ်လိုက်လေသည်။
“ဟယ်လို မစ္စတာလင်းဖန်လား” ဖုန်းထဲကနေလေးစားသောအသံတစ်ခု ထွက်ပေါ်လာသည်။
လင်းဖန်က “ဟုတ်ပါတယ် ငါပါ၊ မင်းကဘယ်သူလဲ။”
“မစ္စတာလင်း၊ မင်္ဂလာပါ၊ ငါက မီပို ကုမ္ပဏီရဲ့ မန်နေဂျာ ဝမ်ဘိုပါ။”
“မင်းမှာယူထားတဲ့ စိုလန် ဇိမ်ခံရွက်လှေက မှော်မြို့ဆိပ်ကမ်းကိုရောက်ရှိနေပါပြီး။မင်းစစ်ဆေးချင်ရက်အချိန်မရွေးစစ်ဆေးနိုင်ပါတယ်။ထို့အပြင်၊ မင်းမှာ တခြားမေးခွန်းတွေရှိလားဒါမှမဟုတ်ကျနော့် အကူအညီတစ်ခုခုကိုလိုအပ်သေးလား”
ဝမ်ဘိုသည် မီပို ကုမ္ပဏီတွင် ရာထူးတစ်ခုရှိသည်ဟုဆနုရမည်ဖြစ်သည်။
သို့သော် ဇိမ်ခံ စိုလန်ရွက်လှေကို မှာယူသူ၏ ရှေ့တွင်တော့ဘာမှမဟုတ်ဘူးဆိုတာကိုသူကောင်းကောင်းသိသည်။
ထို့ကြောင့် သူ့လေသံက ပြေတဲ့တစ်လျှောက်လုံးမှာလေးစားစွာပြောနေခြင်းဖြစ်သည်။
ဒါကိုကြားမှလင်းဖန်က “ကောင်းပြီ... ဒါဆိုမနက်ဖြန်ကျရင်ပင်လယ်ထွက်ပြီး ပါတီပွဲကျင်းပဖို့ရှိတယ်။အဲ့အခါကျရင်သင်္ဘောသားတွေ(သင်္ဘောမောင်းတဲ့သူ)နဲ့ စားပွဲထိုးဝန်ထမ်းတွေကိုရှာဖို့ကိုမင်းကူညီနိုင်မလား။”
“ရပါတယ် ဒါကပြဿနာမရှိပါဘူး! မင်းလိုအပ်တာရှိရင်ငါ့ကို အချိန်မရွေး ဖုန်းဆက်လို့ရတယ်။” ဝမ်ဘိုက ပြောလိုက်သည်။
လင်းဖန်က ဖုန်းချသွားပြီးနောက်လင်းဖန်ကကျူရီရှောင်ကို “ငါအားလုံးတော့စီစဉ်ပြီးပြီ။ အဖွဲ့ကတော့မင်းကြိုက်သလိုဖွဲ့ပေါ့(လူအရေအတွက်)။”
ကျူရီရှောင် က “ဒါဆို ငါညီအစ်မလူ နဲ့ တခြားသူတွေကို မေးလိုက်မယ်”
.....
ဒီနေ့ မှာတော့လင်းဖန် နဲ့ ကျူရီရှောင်တို့သည် တစ်နေကုန် အပြင်မထွက်ကြပေ။
အားလပ်ရက်မှာသူတို့သည်အတူတူစား၊ တီဗီကြည့်နှင့်အလွန်သက်သောင့်သက်သာရှိစွာဖြတ်သန်းနေလေသည်။
....
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ကိုရောက်သွားလေသည်။
မနက်ခင်း နေထွက်လာသောအခါ ကျူရီရှောင်သည် လင်းဖန်းအား ဂိုဘယ်အဆောက်အအုံးစီသို့သူမကားဖြင့်မောင်းခေါ်သွားလေသည်။
ထိုအချိန်တွင်၊ ဖန်ရီကုမ္ပမှ ဝန်ထမ်းများအားလုံးသည် လွယ်အိတ်များ၊ နေကာမျက်မှန်များနှင့် ဦးထုပ်များကို ဆောင်းကာ ၎င်းတို့၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ဂိုဘယ်အဆောက်အအုံးရှေ့တွင်စောင့်ဆိုင်းနေကြသည်။
ဘာကြောင့်လဲဆိုတော့ ဒီနေ့ကဖန်တီကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေအသင်းဖွဲ့ပြီးပျော်ပွဲစား(အပန်းဖြေ)သွားဖို့ပင်ဖြစ်သည်။
BMW မီနီကားထဲကနေကျူရီရှောင် နဲ့ လင်းဖန်ထွက်လာတာတွေ့တော့အားလုံးက “မင်္ဂလာပါ မစ္စတာလင်း၊မစ္စကျူ!”
လင်းဖန်၏ လက္ခဏာကို လူတိုင်းတွင် နားလည်မှုကိုယ်စီရှိသည်။
ကျူရီရှောင် က “ဒီနေ့ ငါတို့ဖန်တီကုမ္ပဏီကအသင်းဖွဲပြီးအပန်းဖြေတဲ့နေ့ပဲ၊ သူဌေးတွေ နဲ့ခေါင်းဆောင်တွေဆိုတာမရှိဘူး၊ အားလုံးက သူငယ်ချင်းတွေပဲ။ဒါကြောင့်အားလုံးက အတူတူစားပြီး အတူတူ ပျော်ပျော်ပါးပါး နေကြရအောင်!”
“ကောင်းပြီ!” အားလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင်၊ Mercedes-Benz ဇိမ်ခံဘတ်စ်ကားသည် အဝေးမှ ဖြတ်မောင်းလာကာ လူတိုင်း၏ရှေ့တွင် ရပ်သွားလေသည်။
ကျူရီရှောင်က “ကားရောက်ပြီဆိုတော့ငါတို့သွားကြရအောင်”
ဖန်နီကမ်(မှောမြို့လေဆိပ်နဲ့အတူတူပါပဲအသုံးနှုန်းပြောင်းသွားတာပါ)ဆိပ်ခံနှင့် သိပ်မဝေးပေ။ထို့ကြောင့်နာရီဝက်အတွင်းမှာပဲ ပင်လယ်ပြာကြီးကို လူတိုင်းမြင်လိုက်ကြသည်။
ကားပေါ်မှ ဆင်းပြီးသည့်နောက် အားလုံးက ပင်လယ်လေကိုဝအောင်ရှုလိုက်ပြီးအောင်သူတို့၏မျက်နှာပေါ်တွင်ပျော်ရွှင်သောအမူအရာတွေရှိကြသည်။
ဤအခိုက်အတန့်တွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသော အမျိုးသားတစ်ဦးသည် အဝေးမှ လျှောက်လာကာ လင်းဖန်အား “မစ္စ လင်း၊ ဒီဘာက်ပါကျေးဇူးပြုပြီး....”
သူကတော့မနေ့ကလင်းဖန်ကိုဖုန်းဆက်ခဲ့တဲ့ မီပိုရဲ့မန်နေဂျာ ဝမ်ဘိုပင်ဖြစ်သည်။
လင်းဖန်က ခေါင်းညိတ်ပြပြီး ရှေ့ကို လျှောက်သွားလေသည်။
၎င်းသည် သင်္ဘောကျင်းဧရိယာနှင့် သက်ဆိုင်သောကြောင့် မြစ်ကမ်းနံဘေးတွင် ဆိုက်ကပ်ထားသော သင်္ဘောများနှင့် ရွက်လှေများစွာရှိလေသည်။
လူတိုင်းက လမ်းလျှောက်ရင်း ကြည့်ကာစကားတွေ တောက်လျှောက် ပြောနေကြလေသည်။
“ဒီသင်္ဘောက တော်တော်ကြည့်ကောင်းတယ်”
“ဒီမှာ လှေတွေ အများကြီး ရပ်ထားတာပဲ..’’
ဒီအချိန်မှာ တစ်စုံတစ်ယောက်က “ဝိုး၊ ကြည့်စမ်း ဟိုမှာရှိတဲ့သင်္ဘောက အရမ်းလှတယ်။ ရုပ်ရှင်ထဲက သင်္ဘောထက်တောင် မိုက်သေးတယ်”
“အရမ်းမိုက်တယ်။ ငါတက်ပြီးကြည့်နိုင်ရင်ကောင်းမယ်။”
“တက်ဖို့တော့မစဉ်းစားနဲ့ဟေ့ရောင်ရေ”
“ဒါက စိုလန် ဇိမ်ခံရွက်လှေပဲ။ဒီရွက်လှေကို လွန်ခဲ့တဲ့ နှစ်ရက်က မဂ္ဂဇင်းမှာ တွေ့ခဲ့တယ်။သူ့ရဲ့ စျေးနှုန်းက ယွမ် ၁.၂ ဘီလီယံတောင်ရှိတယ်။”
“ယွမ် ၁.၂ ဘီလီယံ?.
လင်းဖန်သည် လူတိုင်း၏ စကားကို နားထောင်ပြီးနေညက်သူသည်ပြုံးပြီး နောက်”ဒီရွက်လှေကို လူတိုင်း ကြိုက်ကြတဲ့အတွက်ကျေးဇူးပါ။အခုအပေါ်ကိုတက်သွားကြရအောင်”
ဝန်ထမ်းတော်တော်များများက သံသယစိတ်တွေ ပေါ်လာလေသည်။
ဒါကိုတွေ့တော့လင်းဖန်က ပြုံးပြီး “ဒီနေ့ ဒီရွက်လှေပေါ်မှာ အပန်းဖြေအဖွဲ့လုပ်မှာလေ” လို့ ပြောလိုက်သည်။(အဖွဲ့ဆိုတာကအဖွဲ့လိုက်ရွက်လှေမှာအပန်းဖြေမှာကိုပြောတာပါ)
တိတ်တိတ်!
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
လူတိုင်း၏မျက်နှာသည် ထိတ်လန့်မှုအပြည့်နှင့်။
သိရန်…
သူတို့ကြားဖူးတာကဤရွက်လှေကိုစိုလန်ဟုခေါ်ပြီး ယွမ် ၁.၂ ဘီလီယံ တန်ကြေးရှိသည်။
ဒါကို မသိရင်တောင်မှ ဒီရွက်လှေရဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့တင်အရမ်း ကိုထိတ်လန့်စရာကောင်းနေပြီဖြစ်သည်။
ဒီနေ့ ပင်လယ်ပြင်မှာ အပန်းဖြေအသင်းတည်ဆောက်မယ်ဆိုတာကို မနေ့က လူတိုင်းသိပြီးသားပင်ဖြစ်သည်။
သို့သော်လည်းသူတို့သည်ရွက်လှေကိုငှားခြင်း သို့မဟုတ် သင်္ဘောကြီးအချို့မှာလက်မှတ်ဝယ်ခြင်းသာဖြစ်သည်ဟု လူတိုင်းက ထင်နေကြသည်။(လက်မှတ်ဝယ်တယ်ဆိုတာကအပျော်စီးသင်္ဘောလိုမျိုးပါ)
အခုဒါက အဆင့်မြင့်ဇိမ်ခံရွက်လှေကြီးမှာအပန်းဖြေအသင်းတည်ဆောက်တာလား။
ဒါ...ဒါက ငါ့တို့အိပ်မက်မက်နေတာများလား။? !
လူတိုင်းကဒါကို မယုံနိုင်သေးပေ။
ထိုအချိန်တွင်စိုလန် ဇိမ်ခံရွက်လှေပေါ်ရှိ အစောင့်များသည် လင်းဖန်၏ပြောဆိုချက်ကို အတည်ပြုသည့်ပုံဖြင့် သူတို့က လှေပေါ်ကဆင်းပြီး ခါးကိုကွေးညွှတ်ကာ”အားလုံးကို ဇိမ်ခံရွက်လှေကနေကြိုဆိုပါတယ်။ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်ဆုံပါစေလို့ဆုတောင်းပေးပါတယ်!”