ငြင်းဆိုချက်
Vol. 007 Ch. 672
မိုဒိဆန်းသည် အံ့သြသွားသော်လည်း ဖုံးကွယ်ကာ ငြင်းဆန်လေသည် “လူမှားနေပါပြီ”
“လူမှားတယ်ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းက ညီလေး ၁၀ပေးခဲ့တဲ့ ပုံနဲ့ တစ်ပုံစံတည်းပဲကို ဘယ်လိုလုပ်လူမှားမှာလဲ” ဝူလာရှုံသည် သူ့ကိုမယုံပေ။
“ခင်ဗျားတို့ မျိုးနွယ်ကို ငါမသိဘူး ပြီးတော့ မင်းတို့က ဘယ်မျိုးနွယ်ကလဲဆိုတာလည်းမသိဘူး၊ မင်းတို့ မင်းသား ၁၀နဲ့ ငါဘယ်လိုလုပ်ရင်းနှီးမှာလဲ” မိုဒိဆန်းသည် ငြင်းဆန်နေတုန်းပင်။
တစ်ချိန်တည်းမှာပင် သူသည် ရွှမ်ရှင်းမန်တို့၏ ဇစ်မြစ်ကိုသိနိုင်ရန် ကြိုးစားနေလေသည်။ မျိုးနွယ်တစ်ခု ရဲ့ မိဖုရားနဲ့ မင်းသားတွေက သူ့ကိုလာကူညီတယ်ဟုတ်လား။ သူ့ကိုတောင် သူတို့သိနေသေးတယ်။ သူတို့က တခြားရည်ရွယ်ချက်ရှိလို့ သူ့ကိုကယ်တာလား။
ဝူလာအာသည် တိုင်းပြည်တွင် ရှိစဉ်က ထိုကဲ့သို့အခြေအနေကိုကြုံဖူးပြီးဖြစ်သည်။ ထို့ကြောင့် မိုဒိဆန်း သည် သူတို့ကိုမသိသောကြောင့် သူ့သရုပ်မှန်ကို ဝန်ခံရန်ငြင်းဆန်နေသည်ကို သိသည်။ သည်လိုနှင့် သူရှင်းပြ လေသည် “ငါတို့က ခရမ်းရောင်ရေမျိုးနွယ်ကပါ ငါတို့ ညီလေး၁၀က တကယ်တော့ ငါတို့မျိုးနွယ်ကမဟုတ်ဘူး လူသားပါ”
“လူသားဟုတ်လား” မိုဒိဆန်းသည် ချက်ချင်းပင် စတင်စဉ်းစားတော့သည်။ လူသားတစ်ယောက်က ဘယ်လိုလုပ် ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မင်းသားဖြစ်လာတာလဲ။ သူက သူ့ပုံကိုတောင်ပေးခဲ့သေးတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့လဲ။
“ငါတို့ကို သံသယဖြစ်စရာမရှိပါဘူး” ရွှမ်ရှင်းမန်သည် ပြောလေသည် “ငါတို့က မင်းရေအောက်မှာရှိနေ တုန်း ဒုက္ခရောက်ရင် ကူညီပေးပါဆိုတဲ့ မင်းသား၁၀ရဲ့ တောင်းဆိုမှုကြောင့်လုပ်ပေးတာပါ၊ မကောင်းတဲ့စိတ်မရှိ ပါဘူး”
“မိဖုရားကြီးရဲ့ ဂရုစိုက်မှုအတွက်ကျေးဇူးပါ ဒါပေမဲ့ တကယ်ပဲလူမှားနေပါပြီ မိဖုရားကြီးတို့ ထင်တဲ့လူက ကျွန်တော်မဖြစ်နိုင်ပါဘူး” မိုဒိဆန်းသည် ခေါင်းမာလေသည်။
ဒီတစ်ကြိမ်တွင် သူသည် ကြယ်ကိုးပွင့်သမုဒ္ဒရာကို တိတ်တဆိတ်လာခြ့သည်။ လူအနည်းစုသာသိကာ အထူးသဖြင့် ခရမ်းရောင်ရေမျိုးနွယ်သိသည်မှာ မဖြစ်နိုင်ပေ။
သူသည် သူတို့ကူညီမှုအတွက် အလွန်ကျေးဇူးတင်သော်လည်း ဒီတစ်ခေါက် မစ်ရှင်မှာကြီးမားလွန်း သည်။ သူ့ကိုယ်သူ အန္တရာယ်ထဲ မရောက်စေနိုင်ပေ။
“မင်းသား ၁၀က ရှီမာယူယူပါ” ရွှမ်ရှင်းမန်သည် ပြုံးပြီး ပြောရာ မိုဒိဆန်း၏ အံ့သြသွားသော အမူအရာကို ကြည့်ပြီး ကျေနပ်နေလေသည်။
“ယူယူလား” မိုဒိဆန်းသည် အမှန်အကန်ပင် ကြက်သေသေမိသည်။ ရှီမာယူယူက ဘယ်လိုလုပ် ခရမ်း ရောင်ရေမျိုးနွယ်ရဲ့ မင်းသားဖြစ်လာတာကို သူ ဘယ်လိုလုပ်မသိတာလဲ။
“မင်းရဲ့ အမူအရာကိုကြည့်ရတာတော့ ငါတို့ညီလေး ၁၀ကိုသိတဲ့ပုံပဲ ဟုတ်တယ်မလား” ဝူလာရှုံ ပြော လိုက်သည်။ “ညီလေး ၁၀က မိုဒိဆန်းဆိုတဲ့လူကိုတွေ့ရင် ကူညီပေးလိုက်ပါလို့ပြောခဲ့တယ်၊ အခုပြောတော့ မင်း က မိုဒိဆန်းလား”
မိုဒိဆန်းသည် အမှန်ပင်ရှက်သွားကာ ရွှမ်ရှင်းမန်အား အရိုအသေပေးကာ နှုတ်ဆက်လေသည် “မိဖုရား ကြီးတို့ကိုမသိတဲ့အတွက် ဖုံးကွယ်ထားတာပါ တကယ်တောင်းပန်ပါတယ်”
“မင်းက တွေ့ရင်တောင် ဝန်မခံနိုင်ဘူးလို့ မင်းသား၁၀ ပြောတယ်၊ အဲဒါကြောင့် သူ့နာမည်ပြောတာနဲ့ နားလည်မှာပါတဲ့” ရွှမ်ရှင်းမန် ပြောလေသည်။
“ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” မိုဒိဆန်းသည် ထပ်ပြီးကျေးဇူးတင်ကြောင်းပြောလေသည်။
“ဘာကိုကျေးဇူးတင်တာလဲ ညီလေး ၁၀ရဲ့ သူငယ်ချင်းပဲ သေချာပေါက် ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မိတ်ဆွေပဲပေါ့” ဝူလာရှုံ ပြောလိုက်သည် “မင်းက အရည်အချင်းမြင့်တယ်မလား၊ လူသားရောင်ဝါလည်းမရှိဘူး၊ ယူယူပေးခဲ့တဲ့ ပုံနဲ့တူလို့သာမဟုတ်ရင် ငါတို့သတိထားမိမှာတောင်မဟုတ်ဘူး”
“ဟုတ်သားပဲ ညီလေး ၉ သူ့ကိုထပ်ပြီးအချိန်မဆွဲနဲ့တော့” ဝူလာအာပြောလိုက်သည် “သူ့ဒဏ်ရာပြင်း တယ် ငါတို့နန်းတော်အရင်သွားရအောင်”
“ဟုတ်သားပဲ နန်းတော်ရောက်မှပြောလို့ရတာပဲ” ဝူလာရှုံ ပြောလိုက်သည်။
“မသွားခင် ဒီဆေးစားလိုက်ဦး” ရွှမ်ရှင်းမန်သည် ဆေးပုလင်းထုတ်လိုက်သည် “ငါတို့ ဒဏ်ရာရရင် စားဖို့ ယူယူက ဆေးဖော်ပေးထားတာ”
မိုဒိဆန်းသည် ဆေးယူလိုက်ရာ ထိုဆေးသည် အမှန်ပင် လူသားများပင် စားလို့ရသည့် ဆေးဖြစ်သည်။ သူသည် တွေဝေမှုမရှိပဲ စားလိုက်သည်။
ဆေးသည် ဗိုက်ထဲရောက်သွားသည်နှင့် မီးလိုပူနေသော အတွင်းအင်္ဂါများသည် အအေးလှိုင်းကြောင့် ငြိမ်သွားလေသည်။ သူသည် သက်တောင့်သက်သာဖြစ်သွားသည်။
“မင်းက ကံကောင်းတာပဲ မင်းသား၁၀က ဒီဆေးကိုတစ်ခါတည်းယူသွားခိုင်းလိုက်လို့ မဟုတ်ရင် ကုဖို့ ခက်မှာ” ရွှမ်ရှင်းမန် ပြောလိုက်သည်။
သူတို့သည် ထက်မြက်သောလူများဖြစ်သည်။ မိုဒိဆန်း၏ ဒဏ်ရာများသည် အချိန်အတော်ကြာမကုသ နိုင်သည့် ဒဏ်ရာများဖြစ်ကြောင်းသိသည်။ သူသည် ဆေးပြတ်သွားသည်မှာ ကြာပြီဖြစ်နိုင်သည်။
သူတို့သည် သူ့ကိုမျိုးနွယ်သို့ခေါ်သွားရာ ခရမ်းရောင်ရေမျိုးနွယ်များသည် သူ့အားမြင်သောအခါ အလွန် သိချင်မိလေသည်။ အထူးသဖြင့် ဝူလာမိုင်ဖြစ်သည်။ ရွှမ်ရှင်းမန်သည် သူနှင့် စကားပြောနေသည်ကို တွေ့ သောအခါ မျက်နှာကြီးသုန်မှုန်နေလေသည်။
သူသည် ချက်ချင်းပင် သူမကိုပြန်ဆွဲကာ အေးစက်စွာမေးလေသည် “ရှင်းမန် သူကဘယ်သူလဲ”
“ရွှတ်” ဝူလာရှုံသည် သူအဖေ သဝန်တိုနေသည်ကိုတွေ့သောအခါ ရယ်မိလေသည်။
“အဖေ သူကမိုဒိဆန်းပါ သူက ညီလေး၁၀ တွေ့ရင်ကူညီပေးပါလို့ပြောခဲ့တဲ့တစ်ယောက်ပါ” ဝူလာအာ ရှင်းပြလေသည်။
“သူကလူသားလား သူ့မှာလူသားရောင်ဝါမရှိပါဘူး” ဝူလာမိုင်သည် သူ့အား သံသယဖြင့်ကြည့်လေ သည်။
“ခရမ်းရောင်ရေဘုရင်ကြီးကို နှုတ်ဆက်ပါတယ်” မိုဒိဆန်းသည် ရှေ့ထွက်ကာ ဝူလာမိုင်အား အရိုအသေပေးပြီး နှုတ်ဆက်လေသည် “ကျွန်တော် လူသားရောင်ဝါကိုဖုံးဖို့အတွက် နည်းလမ်းသုံးထားလို့ပါ”
“မင်းတို့နှစ်ယောက် သူ့ကိုဂရုစိုက်လိုက်ကြပါ” ဝူလာမိုင်သည် မိုဒိဆန်းအားသဘောမကျသဖြင့် ရွှမ်ရှင်းမန်၏ လက်ကိုဆွဲကာ နန်းတော်ဆီသို့ထွက်သွားလေသည် “ဘယ်လိုလဲ သူ့ကိုတွေ့ခဲ့ပြီလား မင်းသား ၁၀ ဘယ်လိုနေလဲ၊ သက်သာပြီလား ဘယ်လိုဖြစ်ပြီးဒဏ်ရာရတာလဲ”
“ယူယူ ဒဏ်ရာရတာလား” ဝူလာမိုင် ပြောစကားကိုကြားသည်နှင့် မိုဒိဆန်းသည် ဝူလာရှုံဘက်လှည့် လာသည်။
“ဟုတ်တယ် သူ့ဆီသွားလည်ပြီးပြန်လာတာပဲ၊ သူ သတိမေ့နေတယ်လို့ အရင်တစ်ခေါက်က သွားကြည့် တဲ့လူတွေပြောလို့ သွားကြည့်ကြတာ” ဝူလာရှုံ ပြောလိုက်သည်။ မိုဒိဆန်းစိတ်ပူနေသည်ကို တွေ့သောအခါ သူ့ ပခုံးကိုပုတ်လိုက်ပြီး “သူအဆင်ပြေပါတယ် သူ့ဆီရောက်တော့ သတိတောင်ရနေပြီ၊ သူ့စိတ်စွမ်းအင်လည်း အများကြီးတိုးတက်လာနေပြီ၊ ငါတို့အတွက် ဆေးတစ်သုတ်လုံးတောင် ဖော်ပေးလိုက်သေးတယ်”
သူမ သက်သာပြီဟုကြားမှပင် မိုဒိဆန်းစိတ်သက်သာရာရကာ “ဘယ်လိုဖြစ်ပြီး ဒဏ်ရာရတာလဲ ပြောပြ လို့ရမလား”
“ရတာပေါ့ သွားကြတာပေါ့ မင်းကိုဂရုစိုက်ဖို့ ခမည်းတော်ပြောထားတော့ စကားသွားပြောကြတာပေါ့” ဝူလာရှုံသည် သူ့အား နန်းတော်ငယ်သို့ခေါ်သွားသည်။
သူတို့သုံးယောက် နန်းတော်ငယ်သို့ရောက်ပြီး မကြာမီတွင် အချက်ပေးသံမြည်လာကာ ခရမ်းရောင်ရေ မျိုးနွယ်တစ်ခုလုံးသည် စတင်စောင့်ကြပ်လေသည်။
“ဘာဖြစ်တာလဲ” မိုဒိဆန်းမေးလိုက်သည်။
“ငါးရှဉ့်မျိုးနွယ်နဲ့ ရေနဂါးမျိုးနွယ်က ငါတို့ကိုလာတိုက်ကြတာ” ဝူလာရှုံ ရှင်းပြလေသည် “မင်းက ဒဏ်ရာ ရထားတော့ ဒီမှာပဲနေပါ ငါတို့သွားကြည့်လိုက်ဦးမယ်”
ညီအစ်ကိုတစ်စုသည် အလောတကြီးထွက်သွားရာ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့အပြင်တွင်ရှိနေသည်ကို တွေ့လိုက်သည်။
“ကျန်တဲ့လူတွေရောစုလိုက်” ဝူလာမိုင်သည် ရွှမ်ရှင်းမန်ပေးသောဆေးကိုကိုင်ကာ ညီအစ်ကိုများကို အမိန့်ပေးပြီးနောက် ခြေလှမ်းကျဲဖြင့် နန်းတော်မှထွက်သွားလေသည်။
ချန်ရှောင်းသည် အပြင်တွင်ရောက်နေပြီးဖြစ်ကာ ရွှမ်ရှင်းမန်လျှောက်လာသည်ကိုတွေ့သည်နှင့် သူတို့ ရောက်နေနှင့်ပြီးဖြစ်သည်ကို သိလိုက်သည်။
သူတို့ ဆေးရလာလား မရလာလားကို သူသိချင်မိသည်။ သူတို့သာ ဆေးရလာခဲ့ပါက ပြီးခဲ့သည့် တစ်ခေါက်ကထက် လွယ်ကူနိုင်မည်။ သို့သော် ရှီမာယူယူဒဏ်ရာရထားသဖြင့် သွားခဲ့ကြသည်ဖြစ်ရာ ဆေးရရန် မှာမဖြစ်နိုင်ဟု ခံစားရသည်။
“ချန်ရှောင်း ဘယ်လိုအခြေအနေရှိလဲ” ဝူလာမိုင် မေးလိုက်သည်။
“ငါးရှဉ့်မျိုးနွယ်ရဲ့ တတိယနန်းတော်နဲ့ ရေနဂါးမျိုးနွယ်နန်းတော်က အုပ်စုလိုက်လာပြီး အခု ကျွန်တော် တို့ ခံတပ်ကိုရောက်နေပါပြီ ပင်မနန်းတော်နဲ့ ဒုတိယနန်းတော်အဖွဲ့တွေက သူတို့နဲ့ ရင်ဆိုင်နေပါတယ်” ချန်ရှောင်း သတင်းပို့လေသည်။
“ချန်ရှောင်း ဒီတစ်ခေါက်ငါတို့ပြန်လာတော့ ဆေးတွေရလာတယ် လူလေးတို့သောက်လို့ရအောင် လူ လွှတ်ပြီးပို့ပေးလိုက်” ရွှမ်ရှင်းမန် ပြောလိုက်သည်။
ဆေးအကြောင်းပြောသည်ကို ချောင်းရှင်း ကြားသောအခါ မျက်လုံးများအရောင်တောက်လာပြီး ဆေးများယူကာ အပြင်သို့ထွက်သွားလေသည်။
“ကျွန်မတို့လည်း သွားကြည့်ကြမလား” ရွှမ်ရှင်းမန်သည် မေးလေသည်။
“စိုးရိမ်ဖို့မလိုပါဘူး၊ ငါတို့ မင်းသားတွေကို တိုက်ပွဲတိုက်ဖို့လွှတ်လိုက်ပြီပဲ၊ သွားစရာမလိုပါဘူး” ဝူလာမိုင် ပြောလိုက်သည် “လူလေးနဲ့ တခြားသူတွေနဲ့ဆို သူတို့ကို ရှင်းနိုင်ပါတယ်၊ စိုးရိမ်တာတစ်ခုက ရေနဂါးမျိုးနွယ်က ဒီနှစ်တွေကို အရမ်းအားကောင်းလာတယ် ငါတို့ထက်တောင် ကျွမ်းကျင်သူတွေပိုရှိနိုင်တယ်”
***