← Chapters

ပစ်မှတ်

Vol. 007 Ch. 673

ပစ်မှတ်

Vol. 007 Ch. 673

“အရမ်းဆိုးရိမ်ဖို့မလိုပါဘူး သူတို့က လူပိုများပေမယ့် ငါတို့မှာ ဆေးတွေရှိတယ်လေ၊ ဆေးတစ်လုံးက လူတစ်ယောက်ရဲ့ တစ်ဝက်အားလောက်ရှိတယ်၊ အဲဒါကြောင့် သူတို့ထက်လူနည်းတယ်ဆိုပြီး အရမ်းစိတ်မပူနဲ့” ရွှမ်ရှင်းမန် နှစ်သိမ့်လေသည်။

“အမှန်ပဲ” ဝူလာလီ ပြောလိုက်သည် “ကျွန်တော်ကြည့်လိုက်တာ ဆေးပေါင်းထောင်ချီတယ်၊ ကျွန်တော် တို့ အဲလောက်ဆေးအများကြီးလိုတာ သူမဘယ်လိုသိလဲမသိဘူး” ဝူလာလီသည် နားမလည်စွာပြောလိုက် သည်။

“သူမ မသိဘူး” ရွှမ်ရှင်းမန်သည် ဝူလာလီ၏ လက်ကိုကိုင်လိုက်သည်။ “ငါတို့သူမကိုတွေ့တော့ စကား ပြောကြတယ်၊ အဲဒါနဲ့ ငါတို့ကို ၁၀ရက်စောင့်ခိုင်းပြီး သူမက အတွင်းဂိုဏ်းမှာအကူအညီသွားတောင်းတာပဲ”

“လူသားတွေက ဆေးနည်းတွေကိုအရမ်းတန်ဖိုးထားတယ်လို့ လူလေးပြောတယ်၊ ဒီဆေးနည်းကိုသိတဲ့ လူအများကြီးမရှိဘူးလို့လည်း ယူယူပြောတယ်၊ သူမ တခြားသူတွေကိုဆေးဖော်ခိုင်းလိုက်ရင် ဒီဆေးနည်းက ပေါက်ကြားသွားမှာပေါ့” ဝူလာလီ ပြောလိုက်သည်။

“အမှန်ပဲ ယူယူက သိတတ်တယ်၊ သူမကို သမီးလိုမွေးစားလိုက်တာ ဒုက္ခမရောက်စေဘူး” ရွှမ်ရှင်းမန် ထပ်ပြောလေသည်။

“သိပါတယ် အမေခဏခဏပြောနေတာပဲ၊ ကျွန်တော်တို့ ခရမ်းရောင်ရေမျိုးနွယ်က အမေ့ကို မတရား မပြောပါဘူး၊ နောက်ကို ကျွန်တော်တို့ ရေအောက်ကမ္ဘာကတော့ သူမကိုမှီခိုနေရတော့မှာပဲ” ဝူလာလီသည် ရွှမ်ရှင်းမန်အား ပြုံးုပြလိုက်သည်။

“အင်း ငါတို့ကဘယ်လိုလူမျိုးတွေလဲဆိုတာ အဲလူတွေကိုပြဖို့လိုတယ်” ရွှမ်ရှင်းမန် ပြောလိုက်သည်။

“ရေနဂါးတွေက ကျွန်တော်တို့ကိုဖိနှိပ်ဖို့အတွက် ငါးရှဉ့်မျိုးနွယ်နဲ့ပေါင်းပြီး ရေနဂါးတွေရဲ့ ခေါင်းဆောင် ဖြစ်ချင်နေတာ၊ ရေနဂါးတွေဘယ်လောက်ပဲ မြင့်အောင်ခုန်ခုန် တကယ့်နဂါးအစစ်ဖြစ်မလာဘူး” ဝူလာလီ လှောင် လေသည်။

“ဟူး အံ့ဖွယ်နဂါးသာဒီမှာရှိရင် နဂါးမျိုးနွယ်ကဒီလောက်ပြဿနာဖြစ်မှာမဟုတ်ဘူး” ရွှမ်ရှင်းမန် သက်ပြင်းချလေသည်။

“အံ့ဖွယ်နဂါးဟုတ်လား အဲဒါအရမ်းဝေးသွားပြီ” ဝူလာလီ ပြောလိုက်သည် “အဲနှစ်က အံ့ဖွယ်နဂါး၊ အံ့ဖွယ် ငှက်၊ အံ့ဖွယ်လိပ်နဲ့ အံ့ဖွယ်ကျားတို့ ဘာလို့ရုတ်တရက်ပျောက်သွားလဲဆိုတာကို မသိဘူး”

ရှေးဟောင်းအချိန်များမှစပြီး အနောက်ဘက်မှ နဂါးပြာ၊ အရှေ့ဘက်မှ ကျားဖြူ၊ မြောက်ဘက်မှ အနက် ရောင်လိပ်နှင့် ပြဒါးရောင်ငှက်တို့သည် ဝိဉာဉ်မိစ္ဆာများနှင့် သားရဲမျိုးနွယ်များကို စီမံခဲ့ကြသည်။ အားလုံးသည် ငြိမ်းချမ်းကာ ဘေးကင်းခဲ့ကြသည်။ သို့သော် ပြဒါးရောင်ငှက်၊ အနက်ရောင်လိပ်၊ နဂါးပြာနှင့် ကျားဖြူတို့ ပျောက် ကွယ်ပြီးနောက်တွင် ဝိဉာဉ်သားရဲ့ကမ္ဘာသည် ဂယက်ထခဲ့ကြသည်။

“အံ့ဖွယ်နဂါး တစ်နေ့တော့ပြန်လာပါ့မလား…”

တစ်ဖက်တွင် ချန်ရှောင်းသည် ဆေးများကိုကိုင်ကာ ပို့ခိုင်းရမည့်သူရှာမတွေ့သဖြင့် သူကိုယ်တိုင်သွား ပို့လေသည်။

ဝူလာလီသည် ဝူလာလူနှင့် ကိစ္စများဆွေးနွေးနေသည်။ ခရမ်းရောင်ရေမျိုးနွယ်၏ အစောင့်များသည် အသင့်ဖြစ်နေကြသည်။

“မင်းသား မင်းသား” ချောင်းရှင်းသည် အရိုအသေပေးလေသည်။

“ချန်ရှောင်း ဘာလို့ရောက်လာတာလဲ” ဝူလာလီ မေးလိုက်သည်။

“မိဖုရားကြီးက တိုင်းပြည်ဘက်ကိုသွားပြီး ဆေးတွေပြန်ယူလာတယ်၊ ဘုရင်ကြီးက ပို့ခိုင်းလိုက်လို့” ချန်ရှောင်းပြန်ဖြေလေသည်။

“မယ်မယ်တို့ပြန်လာပြီလား ညီလေး၁၀ရဲ့ အခြေအနေဘယ်လိုလဲ” ဝူလာလီ မေးလိုက်သည်။

“သူနေကောင်းပါတယ်” ချန်ရှောင်း ပြန်ဖြေလေသည်။

“သူတို့နဲ့ ဆေးဘယ်လောက်ပါလာလဲ” ဝူလာလီ မေးလိုက်သည်။

“ကျွန်တော် တစ်ဝက်တောင်မယူခဲ့ဘူး နောက်ထပ် တစ်ထောင်ကျော်လောက်ရှိဦးမယ်ထင်တယ်” ချန်ရှောင်း ပြန်ြဖေလေသည်။

“အရင်ဆေးတွေကုန်တာနဲ့ အချိန်မှီထပ်ရောက်လာတာပဲ” ဝူလာလီ ပြုံးလိုက်သည်။

“သူမကို လူနာသွားကြည့်တာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ဆေးတွေအများကြီးပေးလိုက်တာလဲ” ဝူလာလူ မေးလေသည်။

“ဒါက…. ကျွန်တော်လည်းမသိဘူး” ချန်းရှောင်း ပြန်ဖြေလေသည်။

“ဆေးတွေပေး ဒါဆို ပြန်သွားပြီး ညီလေး၉ကို ညီလေး၁၀ရဲ့ အခြေအနေကို ပြန်မေးလိုက်” ဝူလာလူ ညွှန်ကြားလေသည်။

“ဟုတ်ကဲ့ပါ မင်းသား”

“ချန်ရှောင်း ပြန်သွားမေးစရာမလိုတော့ဘူး” ဝူလာရှုံနှင့် ဝူလာအာတို့ ရေကူးလာသည်ကို ဝူလာလီ တွေ့ လိုက်ရသည်။

“ဒါဆို သွားလို့ရပြီ” ဝူလာလီသည် လက်ဝေ့ပြလိုက်သည်။

“ဟုတ်ကဲ့” ချန်ရှောင်း ထွက်သွားသည်။ သူသည် ဝူလာရှုံတို့နှင့်တွေ့ပြီး အရိုအသေပေးပြီးနောက် နန်းတော်သို့ ပြန်လေသည်။

“အစ်ကို ၁ အစ်ကို ၂” ဝူလရှုံတို့ ရေကူးလာကြသည်။

“ဘာလို့ရောက်လာကြတာလဲ”

“ဒီကအခြေအနေကြည့်ဖို့လာတာလေ အရေးကြီးတယ်လို့ကြားတယ်” ဝူလာလီ ပြန်ဖြေလေသည်။

“သူတို့လူတစ်စုလွှတ်လိုက်တာ ငါတို့ပြန်တိုက်လိုက်တယ်” ဝူလာလူ ပြောလေသည် “ရောက်လာတာ အတော်ပဲ ညီလေး ၁၀အကြောင်းပြောပြဦး သူဘယ်လိုနေလဲ ဘယ်သူကြောင့် ဒဏ်ရာရတာလဲ”

“သူအခု အဆင်ပြေပါတယ်….”

ဝူလာရှုံတို့သည် ရှီမာယူယူ၏ အခြေအနေကိုရှင်းပြလေသည်။ သူတို့သည် မိုဒိဆန်းကိုပါကယ်ခဲ့သည့် အကြောင်း ပြောပြလေသည်။

“ဆေးအထောက်အပံ့နဲ့ဆိုရင် ရေနဂါးမျိုးနွယ်နဲ့ ငါးရှဉ့်မျိုးနွယ်ကတော့ အရှုံးပေးဖို့စောင့်နေပေတော့ပဲ” ဝူလာလူ ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလေသည်။

“မင်းသား၁ မင်းသား၁ ရန်သူတွေ ပြန်လာတိုက်ပြန်ပြီ” မျိုးနွယ်ဝင်တစ်ယောက်သည် သတင်းပေးလေ သည်။

“အမိန့်ကြေညာလိုက် ဆေးမရသေးတဲ့လူတွေ ဆေးလာယူ၊ သူတို့ကို ဝေပေးလိုက် ဒီတစ်ခေါက်တော့ ပြန်လမ်းမရှိအောင်လုပ်ပေးလိုက်မယ်” ဝူလာလူ အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့ပါ မင်းသား ၁” ထိုလူသည် ပြေးထွက်ကာ အမိန့်ကြေညာလေသည်။

ဝူလာရှုံသည် လက်သီးဆုပ်ကာ ဒေါသထွက်လေသည် “ငါတို့သွားခဲ့တာ ကြာနေပြီ ဒီနေ့တော့ တွေ့ကြ တာပေါ့၊ သူတို့ကို ဒီနေ့ပညာမပေးရရင် သင်ခန်းစာရတော့မှာမဟုတ်ဘူး”

“ကဲ ဒါဆို မင်းတို့နှစ်ယောက်လည်း ဦးဆောင်တိုက်၊ အားအကောင်းဆုံးကိုတော့ မတိုက်နဲ့ ကိုယ့်ကိုယ် ကို ဘေးကင်းအောင်ဂရုစိုက်” ဝူလာလီသည် သူတို့အားပြောလိုက်သည်။

“သိပါတယ်” ဝူလာရှုံ စကားဆုံးသည်နှင့် စိတ်လှုပ်ရှားစွာ ထွက်သွားလေသည်။

ရှီမာယူယူသည် ကြယ်ကိုးပွင့်သမုဒ္ဒရာမှအခြေအနေများကို မသိပေ။ ရွှမ်ရှင်းမန်နှင့် တခြားသူများထွက် သွားပြီးနောက်တွင် သူမသည် ရှီမာလိုင်တို့အား နှုတ်ဆက်ပြီး ရှောင်ချီနှင့်အတူ ကျောင်းသို့ပြန်ခဲ့လေသည်။

သူမပြန်ရောက်ချိန်တွင် ဟန့်မြောင်ရွှမ်တို့သည် အသက်ရှုထိန်းချုပ်မှုကို လေ့ကျင့်နေသည်။ သူမ အတွက် ဆေးဖော်ရာတွင် သူတို့သည် နားခြင်းမရှိကာ ရှုဂျင်း၏ ကိစ္စများကိုလည်း ကူညီပေးရသေးသည်။ သူတို့ သည် ပင်ပန်းနေကြပြီ။

ရှီမာယူယူသည် သူတို့အား အနှောင့်အယှက်မပေးတော့ပဲ ရှီမာယူလင်းအား သွားရှာလေသည်။ သူမ အဖွဲ့ဘယ်လိုအခြေအနေရှိသည်ကို သိချင်သည်။

ရှောင်ချီ ဂိုဏ်းသို့ရောက်ပြီဖြစ်သဖြင့် သူမတစ်ယောက်တည်းသွားခဲ့လိုက်သည်။ ရှီမာယူယူသည် ဂိုဏ်း အတွင်းတွင် သူမ၏ လုံခြုံမှုကိုစိတ်မပူပေ။ ရှောင်ချီဘယ်သွားသည်ကိုပင် သူမ မသိပေ။

ဒီတစ်ခေါက် ကျင့်ကြံခြင်းဘုရားကျောင်း ပထမအထပ်ကို ကြည့်ရန်သွားလိုက်သည်။ ဆရာတစ်ယောက် သည် ဘုရားကျောင်းအတွင်း စီမ့နေသည်။ ကျောင်းသားများသည် ကတ်များကို ဆရာကိုပြပြီး ဘယ်နရက် ကျင့်ကြံမည်ဆိုသည်ကို သတင်းပို့နေကြသည်ကို သူမ ကြည့်နေလိုက်သည်။ ဆရာသည် ကတ်ကိုစစ်ဆေးလေ သည်။

သူမသည် ဘုရားကျောင်းအတွင်းရပ်ချိန်တွင် ဝိဉာဉ်စွမ်းအင်များထူထပ်ပြီး မွှေးရနံ့များရှိသည်ကို ခံစား မိလိုက်သည်။

“ဒီအနံ့..”

သူမသည် အာရုံစိုက်ကာ…. ဒီအနံ့… ရင်းရင်းနှီးနှီးပဲ…

ဒီအနံ့….

“ယူယူ ပြန်လာပြီလား” ဖက်တီးကျူသည် ဘုရားကျောင်းမှထွက်လာပြီး ပြေးလာလေသည်။

“အခုပဲရောက်တယ်” ရှီမာယူယူ ပြောလိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက် သူမ ပြန်လာစဉ်ကာ ဖက်တီးကျူသည် တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ရာ မတွေ့ခဲ့ ရပေ။

“ငါတံခါးပိတ်ကျင့်ကြံနေတုန်း နင်ဒဏ်ရာရတယ်ဆိုတာ ကြားတယ် ငါ ခွင့်တောင်းမရလို့ ထွက်လို့မရခဲ့ ဘူး၊ အခု မင်းကိုတွေ့တော့ ဝမ်းသာတယ်” ဖက်တီးကျူသည် သူမ အဆင်ပြေရဲ့လားဆိုသည်ကို ခေါင်းအစခြေအဆုံးကြည့်လေသည်။

“ဒီကိုကျင့်ကြံဖို့လာတာမဟုတ်ဘူးလား”

“မဟုတ်ဘူး ဒီအတိုင်းပဲလာကြည့်တာ အစ်ကိုကြီးနဲ့ တခြားသူတွေအဆင်ပြေလားလို့သွားကြည့်မလို့”

“ဒါဆိုသွားကြမယ်”

လူတစ်ယောက်လျှောက်လာရာမှ ရှီမာယူယူ နာမည်ကိုကြားလိုက်သည်နှင့် အလျင်စလိုကြည့်လိုက် သည်။ သူသည် ရှီမာယူယူနှင့် ဖက်တီးကျူတို့ အပြင်ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူသည် မသိမသာ လိုက်သွားလေသည်။

***

All Chapters