တာဝန်မှလွတ်မြောက်ခြင်း
Vol. 007 Ch. 674
“ရှီမာယူယူ”
ရှီမာယူယူသည် လူစိမ်းတစ်ယောက်မှ သူမနာမည်ခေါ်သံကိုကြားလိုက်သောအခါ ခြေလှမ်းများရပ် လိုက်သည်။ လှည့်ကြည့်ရာ သူမ မသိသောလူဖြစ်နေသည်။
“မင်းက ရှီမာယူယူလား” လူကောင်သေးသော အမျိုးသားတစ်ယောက်သည် ကြီးမားသော ဓားရှည်ကိုင် ထားပြီး ရှီမာယူယူဆီလျှောက်လာကာ သူ့မေးသူကိုင်ရင်း မေးလေသည်။
“မင်း ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။
သူမသည် ဒီလိုအရူးမျိုးကို မသိသည့်ပုံပင်။
“ငါက ဟော်ဖန် လူတွေကတော့ငါ့ကို တိုက်ပွဲရူးလို့ခေါ်ကြတယ်” ဟော်ဖန် ပြန်ဖြေလေသည်။
ရှီမာယူယူသည် အံ့သြသွားသဖြင့် မျက်ခုံးပင့်လိုက်သည်။ ဒါက အတွင်းဂိုဏ်းမှာ သတင်းထွက်နေတဲ့ တိုက်ပွဲရူးဆိုတာလား။
သူမစိတ်တွင် တိုက်ပွဲရူးမှာ မြင်းလောက်အရပ်ရှည်ပြီး သန်သန်မာမာဟုထင်တားသည်။ သူမ ရှေ့မှလူ သည် သူမလောက်ပင် အရပ်ရှည်ကာ နုနယ်ပြီး လှပသောပုံစံရှိသည်။
သူမသည် သူ့အား ခဏလောက်ချီးကျူးမိသည်။ သူ၏ နာမည်ပြောင်မှလွဲပြီး ကျန်သည်မှာ ပုံမှန်ပင်။
“မင်းက ရှီမာယူယူလား” ဟော်ဖန်မေးလိုက်သည်။
“လူမှားနေပါပြီ” ရှီမာယူယူသည် မျက်တောင်မခတ်ပဲလိမ်လိုက်သည်။
သူ့ကိုမြင်လိုက်သည်နှင့် သူဘာကိုလိုချင်သည်ကို သူမသိလိုက်သည်။ သို့သော် သူမသည် သူနှင့် တိုက်ရန်စိတ်မဝင်စားပေ။
“လူမှားတယ်ဟုတ်လား ဒီတစ်ယောက်က မင်းကိုရှီမာယူယူလို့ခေါ်လိုက်တာ ကြားပါတယ်၊ ဘယ်လိုလုပ် မှားရမှာလဲ” ဟော်ဖန်သည် နားမလည်ဖြစ်နေသည်။
“အကြားမှားတာပါ တစ်ယောက်ယောက်က တခြားတစ်ယောက်ကိုခေါ်တာနေမှာပေါ့” ရှီမာယူယူ ပြော ပြီးနောက်ထွက်သွားလေသည်။
ခဏအကြာတွင် ဟော်ဖန်သည် ရှီမာယူယူရှေ့အပြေးလာပြီး သူမလမ်းကိုပိတ်လိုက်သည် “မင်းပဲဆို တာ ငါသိတယ်”
“လူမှားနေပါတယ်ဆိုမှ” သူမသည် ဆက်ငြင်းလေသည်။
“မဖြစ်နိုင်ဘူး သက်သေပြ” ဟော်ဖန် ပြောလိုက်သည်။
“ဘယ်လိုလုပ်ရမှာလဲ” ရှီမာယူယူသည် မျက်ခုံးပင့်ကာ မေးလေသည်။
“ငါနဲ့တိုက်မယ် မင်းနိုင်ရင် မဟုတ်ဘူးပဲ” ဟော်ဖန်သည် ပေကပ်ပြောလေသည်။
“ကျွန်တော်က လူသစ်ပါ မင်းက အတော်ဆုံး အဆင့်၂၀ထဲမှာရှိတယ်၊ ကျွန်တော်နဲ့တိုက်မှာကို ဂုဏ်ယူ စရာလို့ထင်နေလား” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေါ့” ဟော်ဖန်ပြောလိုက်သည် “သဘောတူလား မတူဘူးလား၊ သဘောမတူရင် မင်းက ရှီမာယူယူ ဆိုတဲ့သဘောပဲ”
ရှီမာယူယူသည် သူ၏မျက်နှာပြောင်မှုကို အရှုံးပေးကာ ပြောလိုက်သည် “ကျွန်တော်က ရှီမာယူယူဆိုရင် တောင် ခင်ဗျားနဲ့ မတိုက်နိုင်ဘူး”
“ဘာလို့လဲ” ဟော်ဖန် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်တော်က အဲလိုတိုက်ပွဲတွေကို စိတ်မဝင်စားဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်တော်ဒဏ်ရာရထားတာ၊ ဒဏ်ရာရထားတဲ့လူနဲ့ တိုက်လို့မရဘူးလေ ဟုတ်တယ်မလား”
“မင်း ဒဏ်ရာရထားတာလား အဲလိုပုံမပေါ်ပါဘူး”
“ကျွန်တော့်အသိစိတ်က” ရှီမာယူယူ ပြောလိုက်သည် “အသိစိတ်ဒဏ်ရာရတာက တိုက်ပွဲမှာ ဘယ်လောက် သက်ရောက်လဲဆိုတာ သိတယ်မလား၊ တစ်ဖက်သက်တိုက်ပွဲတော့ မဖြစ်ချင်ဘူးမလား”
ဟော်ဖန်သည် ခေါင်းငုံ့ကာ သေချာစဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည် “ဟုတ်တယ် မင်းအခု ဒဏ်ရာရထားတော့ မင်းနဲ့တိုက်လို့မဖြစ်ဘူး၊ အဲလိုဆိုရင် နောက်မှထပ်လာရှာမယ်”
ပြောပြီးနောက်တွင် ဓားရှည်ကိုပြန်သိမ်းကာ ထွက်သွားလေသည်။
“ယူယူ မင်းတော့ အတေးခံရပြီ” ဖက်တီးကျူသည် ရှီမာယူယူအား သနားသလိုကြည့်လေသည်။
“ဘာလို့လဲ” ရှီမာယူယူ ဆက်လျှောက်လေသည်။
“တိုက်ပွဲရူးရဲ့ ပစ်မှတ်ဖြစ်သွားပြီဆိုရင် မတိုက်ရမချင်းကို မလွှတ်ဘူးတဲ့ နင်သဘောတူတဲ့အထိ သူ လိုက်ကယ်နေမှာပဲ” ဖက်တီးကျူ ပြောလိုက်သည်။
“ကိစ္စမရှိဘူး၊ သူ ခွဲခွာခြင်းဥယျာဉ်ကိုဝင်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ် သူ့ကို သည်းမခံနိုင်တော့ရင် ခွဲခွာခြင်းဥယျာဉ်ကိုသွားလို့ရတယ် သူမဝင်ရဲပါဘူး” ဖက်တီးကျူ ပြုံးပြီးပြောလိုက်သည်။
“သွားရအောင် အစ်ကိုကြီးတို့ ဘာတွေလုပ်နေကြလဲလို့ အဖွဲ့ဘယ်လိုဖြစ်သွားလဲ သိချင်နေပြီ”
သူတို့အိမ်အပြင်ထိလျှောက်သွားပြီး အထဲသို့ရောက်သောအခါ ရှီမာယူရွှီတို့သည် အလေးအနက်ဆွေး နွေးနေသည်ကို တွေ့လိုက်ရသည်။
“ဘာတွေပြောနေကြတာလဲ” သူမလျှောက်သွားကာ ထိုင်ပြီးကြည့်ကာ မေးလိုက်သည်။
“ရောက်လာတာအချိန်ကိုက်ပဲ” ရှီမာယူရွှီ ပြောလိုက်သည် “ငါတို့အဖွဲ့ကိစ္စကိုဆွေးနွေးနေကြတာ”
“အဖွဲ့က ဘာဖြစ်လို့လဲ၊ အခက်အခဲဖြစ်နေလို့လား”
“မဟုတ်ဘူး ငါတို့အဖွဲ့က ကိုယ့်လူတွေချည်းပဲလေ အဲဒါကြောင့် အတွင်းရေးအကျပ်ရိုက်တာမရှိဘူး” ရှီမာယူရွှီ ပြောလိုက်သည်။
“ဒါဆို ဘာလို့အဲလောက်တည်ငြိမ်နေတာလဲ” ရှီမာယူယူ နားမလည်တော့ပေ။
“ငါတို့ မစ်ရှင်လက်ခံသင့် မခံသင့် ဆွေးနွေးနေကြတာ” ရှီမာယူရန် ပြောလိုက်သည်။
“မစ်ရှင်ဟုတ်လား”
“ဟုတ်တယ်” ရှီမာယူလီ ပြောလိုက်သည် “ငါတို့ ပြီးခဲ့တဲ့ရက်တွေက ကျင့်ကြံခြင်းဘုရားကျောင်းမှာ ကျင့်ကြံခဲ့ကြလို့ အမှတ်တွေကုန်နေပြီ”
“အဲလောက်မြန်မြန်သုံးလိုက်ကြတာလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလေသည်။
“ကုန်သွားပြီလေ အခုမှဝင်လာတဲ့ကျောင်းသားသစ်တွေက ကျင့်စဉ်အမှတ်က ဘယ်လောက်မှရတာ မဟုတ်ဘူး” ရှီမာယူမင် ပြောလိုက်သည် “ဒါပေမဲ့ ငါတို့က ကျွမ်းကျင်သူလည်းမဟုတ်တော့ ကျင့်စဉ်အမှတ်ရဖို့ ငါတို့ ပစ္စည်းတွေအပေါ်လည်း မှီခိုလို့မရဘူး အဲဒါကြောင့် ထပ်ရအောင်ရှာမလို့” ရှီမာယူရွှီ ရှင်းပြလေသည်။
“ပြီးခဲ့တဲ့တစ်ခေါက် ငါလာတော့ ပြောမလို့ပဲ မင်းတို့အကုန်လုံးက တံခါးပိတ်ကျင့်ကြံနေကြလို့” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုမှတာ့ အမှတ်ပိုရှာလို့ရမယ့် နည်းရှာရမယ်”
“အဲဒါကြောင့် ဆွေးနွေးနေကြတာလေ” ရှီမာယူ ရွှီ ပြောလိုက်သည် “အဖွဲ့အများစုက မစ်ရှင်ကိုပဲ အားထားကြတယ်၊ အဲဒါနဲ့ ငါတို့နဲ့လိုက်မယ့် မစ်ရှင်ရှိမလားလို့သွားကြည့်ကြတယ်”
“တွေ့လား” ဖက်တီးကျူ မေးလိုက်သည်။
“သိပ်မဆိုးတောာ့ နည်းနည်းရှိတယ်” ရှီမာယူရွှီသည် အားလုံးမြင်အောင် စာရွက်များဖြန့်လိုက်သည် “ငါတို့ စာရင်းအတိုလုပ်ထားတယ်၊ အရမ်းလည်းမခက်ဘူး အမှတ်လည်းကောင်းတယ်”
ရှီမာယူယူ ကြည့်လိုက်ရာ အမှောင်တောထဲသွားပြီး မီးကြက်ဥ၅လုံး ယူလာသည့်အတွက် အမှတ် ၁ထောင်ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
တခြားမစ်ရှင်များလည်းရှိရာ တစ်ခုစီမှာ ကျင့်စဉ်အမှတ် ၁ရာလောက်သာ ရသည်။ ထိုအမှတ်သည် သူတို့ ကျင့်ကြံခြင်းဘုရားကျောင်းတွင် ၃လလောက် ကျင့်ကြံ၍ရသည်။
ဒီမစ်ရှင်က မဆိုးဘူးပဲ။
သူမသည် နောက်တစ်ခုထုတ်ရာ တရားခံ၁၀ယောက်ကိုရှာပြီး သတ်ရန်ဖြစ်သည်။ တစ်ယောက်ကိုသတ် လျှင် အမှတ် ၁ထောင်ရမည်။ ထို့အပြင် သူတို့သည် အစဉ်လိုက်စီထားသည်။ စားရင်းရှိ ထိပ်ဆုံးလူသည် ကျင့်စဉ်အမှတ်ပိုရမည်။
“ဒါလည်း ဂိုဏ်းရဲ့မစ်ရှင်ပဲလား” သူမ မေးလိုက်သ်ည။
“ဟုတ်တယ်” ရှီမာယူရွှီ ပြန်ဖြေလေသည် “ငါတို့ အဲလူ၁၀ယောက်ကို စစ်ဆေးပြီးပြီ အဲ၁၀ယောက်က လူဆိုးတွေ လူသတ်တယ်၊ ပြန်ပေးဆွဲတယ် အဲလိုမျိုးတွေလုပ်တာ၊ သူတို့အားတက်အောင် မိန်းကလေးတွေရဲ့ အနံ့ကိုစုပ်ယူတဲ့ ရင် ကျင့်ကြံသူတွေလည်းပါတယ်၊ အဲလူတွေက အရမ်းယုတ်မာပြီး သူတို့သေရင်တောင် လွှတ် ပေးတတ်တာမဟုတ်ဘူး”
ရှီမာယူူသည် အဆင့်စာရင်းများကိုကြည့်လိုက်သည်။ သူတို့သည် သာမန်မျှသာ အားကောင်းကာ အားစိုက်ထုတ်ရန်မလိုပေ။
“ဒီလူတွေက အားကောင်းတဲ့ပုံမပေါ်ဘူး ဘာလို့ကျင့်စဉ်အမှတ်က မြင့်နေတာလဲ”
“သူတို့က အရမ်းယုတ်မာကြလွန်းလို့လေ၊ ဒါပေမဲ့ အသက်ရှင်ဖို့အတွက် နည်းလမ်းတွေရှိနေတယ် သတ် ဖို့မလွယ်ဘူး” ရှီမာယူရန် ပြောလိုက်သည် “ပြီးတော့ မစ်ရှင်ကထုတ်ထားတာကြာပြီ အဲမစ်ရှင်လုပ်တဲ့လူတိုင်း သေကြတာပဲ၊ အဲဒါကြောင့် သူတို့နဲ့ပြိုင်မယ့်သူမရှိတော့ ကြေးမြင့်သွားတာပဲ”
“ဒီမစ်ရှင်ကို လူဘယ်လောက်လောက် လုပ်ကြည့်ကြလဲ” ရှီမာယူယူ မေးလိုက်သည်။
“အများကြီးပဲ ဒါပေမယ့် အောင်မြင်တာမရှိဘူး၊ အစတုန်းကတော့ ၁၀ယောက်ကိုမှ ကျင့်စဉ်အမှတ် ၅ရာ ပဲ၊ ဒါပေမဲ့ ၂နှစ်အတွင်းကို ၁ရာစီတက်သွားရင်းကနေ အခု ၁ထောင်ဖြစ်သွားတာပဲ”
“၁၀နှစ်အတွင်းကို အောင်မြင်တဲ့လူမရှိဘူးလား”
“ဟုတ်တယ်” ရှီမာယူရန် ပြောလိုက်သည် “ပြီးတော့ အဲလူတွေနဲ့ပတ်သတ်ပြီး သတင်းရလို့ သွားရှာ လည်း အမြီးတောင်ရှာမတွေ့ကြဘူး”
***