အရှက်ရခြင်း
Vol. 21 Ch. 302
ရှန်လူက ပင်လယ်ပြင်မှာ ပါတီပွဲကျင်းပဖို့ သူ့ကိုယ်ပိုင်ရွက်လှေကို အသုံးပြုဖို့ ကမ်းလှမ်းရတဲ့ အကြောင်းရင်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေရဲ့ရှေ့မှာသူမျက်နှာရအောင်ပင်ဖြစ်သည်။
အခုရလဒ်အနေနဲ့ဘာလဲ။
အခုသူ့ကိုလူသိရှင်ကြားနှိပ့်ချတယ်လို့ပြောလာလေသည်။
ရှက်စရာ!
ရှန်လူသည် ငယ်စဉ်ကတည်းကအဲ့လိုနှိပ့်ချပြီးပြောတာကိုတစိခါမှမခံဖူးပေ။
ဒါကြောင့်အခုသူ့စိတ်ထဲမှာဒေါသတွေတောက်လောင်နေတော့သည်။
သူ့မူရင်း နှစ်သက်ဖွယ်အမူအရာကို ဖယ်လိုက်ပြီး “ကောင်လေး၊ မင်းဘာပြောတာလဲ?”
လင်းဖန်က “ငါပြောတာမင်းနားမလည်ဘူးထင်တယ်။မင်းကငါကြည့်ရအောင်တန်လို့လား”
“ကောင်းပြီ၊ကောင်လေး မှော်မြို့မှာ ဘယ်သူမှ ငါ့ကို ဒီလို မပြောရဲကဘူး။ ဖန်တီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၊ အဲဒါကို ငါမှတ်ထားမယ်။ မင်းငါ့ကို နောင်တရစေမှာ သေချာတယ်။” ရှန်လူကပြောလိုက်သည်။
သူမှော်မြို့ကိုပြန်ရောက်ရင်လင်းဖန်အကြောင်းကိုဖော်ထုတ်ပြီး မှတ်လောက်သားလောက်ဖြစ်အောင်သင်ခန်းစာပေးရမယ်လို့ သူဆုံးဖြတ်ထားလိုက်လေသည်။
ထိုအချိန်တွင် ရွက်လှေအခန်းအတွင်းမှ ခြေသံများ ထွက်လာလေသည်။
“အပြင်မှာဘာတွေဖြစ်နေတာလဲ”
တစ်ယောက်မှမရောက်ခင်စိတ်မချမ်းသာတဲ့ အသံတစ်ခု ထွက်ပေါ်လာလေသည်။
ထို့နောက် လူတစ်ယောက်သည်ကုန်းပတ်ပေါ်သို့ လျှောက်လာလေသည်။
ရှန်လူ နှင့် အခြားသူတို့က သူ့ကိုမြင်သောအခါ “ဟွမ်တန်” ဟု တလေးတစားပြောကြသည်။
“ဟွမ်တန်”
ဒီလူကိုတွေ့ပြီးနောက် လင်းဖန်သည်သူ့မျက်နှာမှာ ထူးဆန်းတဲ့အကြည့်ကို ချက်ချင်းပြသလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤဆရာကြီး ဟွမ်တန်ဆိုသည်မှာမကြာသေးမီကဟန်တီအဘိုးမွေးနေ့ပွဲ၌တွေ့ခဲ့သောဟွမ်တန်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အားလုံး၏ နှုတ်ဆက်ခြင်းကိုကြားတော့ဟွမ်တန်သည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ရှန်လူက “ဟွမ်တန်၊ မင်းကိုနှောင့်ယှက်မိလို့တောင်းပန်ပါတယ်။ ကမ္ဘာကြီးရဲ့အမြင့်ကိုမသိတဲ့ တောသားလေတစ်ယောက်နဲ့တွေ့နေလို့ပါ...”
ဟွမ်တန်သည် ရှန်လူ ညွှန်ပြသည့် နေရာအတိုင်း ကြည့်လိုက်လေသည်။
နောက်အခိုက်အတန့်တွင်ဟွမ်တန်သည်တမျက်လုံးပြူးသွားလေသည်။
အဲ့ဒါ...သူပဲ။
လင်းဖန်။
ဟွမ်တန်သည်လင်းဖန်၏ တည်ရှိမှုကို ဘယ်တော့မှ မမေ့နိုင်ပေ။
ဟွမ်တန်သည် လင်းဖန် ကိုတွေ့လိုက်သည့်အခိုက်တွင် လင်းဖန်အား တောင်းပန်ရန် သူ့အဖေကိုယ်တိုင် ခေါ်ဆောင်သွားသည့် မြင်ကွင်းကို ရုတ်တရက်သတိရသွားလေသည်။
ထိုနေ့ကို တွေးနေရင်းဟွမ်တန်သည်သူ၏ နှာခေါင်းသည် အနည်းငယ် နာကျင်လာပြန်သည်။
တကယ်တော့ ဟွမ်တန်မှော်မြို့ကိုရောပ်နေရခြင်းမှာထိုနေ့က ဝမ်းနည်းဖွယ်အမှတ်တရများကို မေ့ပျောက်စေရန်အတွက် အများနဲ့အနားယူရန် ထွက်လာရခြင်းဖြစ်သည်။
ရလဒ်အနေနဲ့... လင်းဖန်ကို မထင်မှတ်ပဲ ပြန်တွေ့လေသည်။
ရှန်လူက “ဆရာငယ် ဟွမ်၊ စိတ်မပူပါနဲ့၊ ငါ မှော်မြို့ကို ပြန်ရောက်တဲ့အခါ ဒီခွေးလေးကို ဘယ်လိုကောင်းကောင်းနေရမယ်ဆိုတာသိအောင်လုပ်ပေးလိုက်ပမယ်”
မင်းတော့ကွာ?
သူ့အဖေကတောင် တလေးတစား ဆက်ဆံရတဲ့ လင်းဖန်ကို ခွေးလို့ ကြိမ်းမောင်းဝံတာ် !
သူဘယ်လိုတောက်သတ္တိရှိတာလဲ။
သူသည်ရှန်လူ နဲ့ အတူ ရပ်နေခဲ့တာ ဆိုရင်တော့လင်းဖန်က သူနဲ့ရှန်လူကိုသူငယ်ချင်းကောင်းတွေလို့ ထင်တော့မယ်။အဲ့အခါကျရင်ငါတော့သွားပြီ။
ဒါကိုတွေးမိပြီး ဟွမ်တန်သည်သူ့နဖူးကနေချွေးများချက်ချင်း စိမ့်ထွက်လာလေသည်။
ဒီကိစ္စကိုသာအမှန်တကယ် နားလည်မှုလွဲပါက ကြောက်စရာကောင်းသော ဘေးအန္တရာယ်တစ်ခုကိုသူဖြတ်ကျော်ရမှာသေချာသည်။
“ပါးစပ်ပိတ်ထားစမ်းခွေးကောင်”
ဟွမ်တန် က အော်ဟစ်ပြောလိုက်ပြီးနောက်တစ်ချိန်တည်းမှာပင် သူသည် ရှန်လူ ၏ မျက်နှာကိုဖြတ်ရိုက်လိုက်လေသည်။
“ပါ့”
စူးရှသောပါးရိုက်အသံကိုလူတိုင်းကကြားလိုက်ရလေသည်။
ရှန်လူနဲ့အတူရွက်လှေပေါ်ရှိလူတိုင်း အံ့အားသင့်သွားကြသည်။
ရှန်လူသည်ပါးရိုက်ခံလိုက်ရသောကြောင့်သူ၏မျက်နှာသည် တဖြည်းဖြည်း နီရဲလာပြီး ရောင်လာလေသည်။
သို့သော်ဟွမ်တန်သည်ဒါကို မလုံလောက်ဟု ခံစားမိလိုက်သည်။
ဒါကြောင့်ရှန်လူကိုနောက်ထပ်ခြေကန်ချက်၊ လက်သီးနဲ့ ထိုးခြင်းကိုထပ်မံထိုးသွင်းခြင်း ခံရလေသည်။
ခဏကြားပြီးနောက်မှာတော့ဟွမ်တန် က ခေါင်းငုံ့ကာ “မစ္စလင်း၊ ငါ ဒီကောင်နဲ့ ဘာမှမသက်ဆိုင်ဘူး... သူကမင်းကိုအနှောက်အယှက်ဖြစ်စေမိတဲ့အတွက်တောင်းပန်ပါတယ်...”
တိတ်ဆိတ်
ရွက်လှေတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ဇိမ်ခံသင်္ဘောပေါ်ရှိ ချမ်းသာသော ဒုတိယမျိုးဆက်များ အားလုံးသည် ၎င်းတို့၏ မျက်နှာများတွင် အံ့သြဖွယ်သောအမူရာကိုပြသလိုက်ကြသည်။
သူတို့သည်တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိတယ်လို့ ပြောလို့ရသည်။
ဟွမ်တန်က ဘယ်သူလဲ။
ဟွာရှ တစ်ခုလုံးအတွက်ပင်၊ ၎င်းသည် ပထမတန်းစားအကောင်ကြီးကြီးလို့ပြောလို့ရသည်။
အကြောင်းမှာဟွမ်မိသားစုသည် အဆက်အသွာ်ကောင်းရုံသာမက စီးပွားရေးလောကမှာလဲကြီးမားသောကွန်ရက်တွေရှိသောကြောင့်ဖြစ်သည်။
ရလဒ်အနေနဲ့ကတောဟွမ်တန်သည်သူ့ရှေ့ကလူငယ်လအတွက်ရှန်လူကိုအပစ်ပေးခဲ့သည်။
အဲဒီနောက်မှာတော့ဦးညွှတ်ပြီး ဒီမစ္စတာလင်းကို တောင်းပန်ဖို့ အစပြုခဲ့သည်။
မစ္စတာလင်းက ဘယ်သူလဲ။
သူ့မှာ ဘယ်လို အဆက်အသွယ်တွေ ရှိတာလဲ။
လင်းဖန်က ဟွမ်တန်ကို တစ်ချက်ကြည့်လိုက်ပြီး “ဟွမ်တန်၊ အနာဂတ်မှာ သူငယ်ချင်းဖွဲ့တဲ့အခါ မင်းပိုပြီးသတိထားသင့်တယ် “
သူ့လေသံက အထက်လူကြီးလေသံနဲ့တူသည်။
ဟွမ်တန်သည်ဒါကိုအံသြစရာလို့သူမထင်ပေ။
ဆန့်ကျင်ဘက်အနေနဲ့ သူအရမ်းပျော်သွားလေသည်။ထို့ကြောင့်သူက “ဟုတ်ကဲ့ ဟုတ်ကဲ့ပါ...အနာဂတ်မှာ သေချာပေါက် အာရုံစိုက်ပါ့မယ်။”
...
ရွက်လှေသုံးစီးသည် အဝေးမှ ဖြည်းညှင်းစွာ ရောက်လာခဲ့သည်။
ကုန်းပတ်ပေါ်တွင် ရပ်နေသော ထိပ်ပြောင်အမျိုးသားက ပြုံးလိုက်ပြီး “ဒါက တကယ်ကိုငါ့ရွက်လှေပဲ!”
ဤထိပ်ပြောင်သူမှာ ရှန်လူ၏ဖခင်ဖြစ်သူရှန်ချူချန်ပင်ဖြစ်သည်။
အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားများသည် သူကြည့်သည့်နေရာသို့လှည့်ကြည့်လိုက်ကြလေသည်။
အဲ့ထဲမှာတန်တန်ဘဏ်ရဲ့ဥက္ကဌဟွမ်ဒမ်လည်း ပါဝင်လေသည်။
ရှန်ချူချန် က “ဟွမ်ဒမ်၊ နောက်တစ်ခါ ငါတို့ ပင်လယ်ကိုထွက်ဖြစ်ရင် ဒီရွက်လှေနဲ့ ငါးမျှားပြီး ပင်လယ်လေကို အတူတူ ရှုကြမယ်၊ဒါကို မင်းဘယ်လိုထင်လဲ”
ဒါကိုကြားတော့ဟွမ်ဒမ်ကညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ဒါကိုကြည့်ရင်းရှန်ချူချန်၏ နှလုံးသားသည် ရွှင်မြူးသွားလေသည်။
ထို့နောက် ရှန်ချူချန် သည် အဝေးမှ ရွက်လှေပေါ်ရှိ ရှန်လူအား လက်ညှိုးထိုးပြကာ “ကြည့်ပါဦး သူက ငါ့သားလေ”
ရှန်ချူချန် က သူ့သားကို မျက်နှာပြဖို့ အခွင့်အရေးပေးနေတာ ထင်ရှားပါတယ်။(ပြောချင်တာကဗျသူ့သားကိုပြပြီးအနာဂတ်မှာသူ့သားကိုထောက်ပံခိုင်းချင်နေတာပါ)
သိရန်သူ့ဘေးမှာ ရပ်နေတဲ့ လူတွေက အကောင်ကြီးကြီးတွေပင်ဖြစ်သည်။
သူ့သားသည် သူတို့၏နှလုံးသားထဲတွင် အထင်အမြင်သေးသေးလေးပင် ကျန်နေသရွေ့၊ ၎င်းသည် အနာဂတ်တွင် အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။
“ပါ့!”
ထိုအချိန်တွင် ရှန်ချူချန်သည် သူ့သားအရိုက်ခံရသည်ကိုမြင်လိုက်ရလေသည်။
ထို့နောက်နောက်ရိုက်နှက်ကန်သွင်းခြင်းကိုခံရသည်ကိုလဲမြင်လိုက်လေသည်။
ဒါကိုတွေ့တော့ရှန်ချူချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် တခဏချင်း ပျောက်ကွယ်သွားပြီး “မင်း ငါ့သားကို ဘာလို့ ရိုက်ရတာလဲ!”
ဤအော်ဟစ်သံသည်ဟွမ်တန်နှင့် လင်းဖန်အပါအဝင် ရွက်လှေနှစ်စင်းပေါ်မှ လူများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
လင်းဖန် လှည့်ကြည့်လိုက်သောအခါ ဟွမ်ဒမ်ကိုတွေ့လိုက်သည်။ဟွမ်ဒမ်ကလဲလင်းဖန်ကိုတွေ့လိုက်သည် ။
လင်းဖန်ကိုတွေ့တေ့ဟွမ်ဒမ်သည်ချက်ချင်းပဲ “ဟဲလို မစ္စတာလင်း!”ဟုနှုတ်ဆက်လိုက်လေသည်။
ဤအသံကြောက့်ရှန်ချူချန် သည် အနည်းငယ် ထိတ်လန့်သွားကာရွက်လှေပေါ်ရှိ အခြားလူများကိုလဲအံ့အားသင့်စေခဲ့သည်။
သိရန်ဟွမ်ဒမ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် တန်တန်၏ ဥက္ကဌဖြစ်သည်။
ဒီမှာရှိတဲ့လူတွေသာသူ့ကိုလေးစားစွာဆက်ဆံရသည်။
ဟွမ်ဒမ်က တခြားသူတွေကိုလေးစားစွာဆက်ဆံတာကိုတစ်ခါမှမမြင်ဖူးပေ။
ထို့အပြင်၊လေးစားစွာပြောခံရသူသည် အသက် 20 နှစ်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။
လင်းဖန်က “အို၊ ဟွမ်ဒမ်ပဲ....”
ဂုဏ်သိက္ခာရှိတဲ့ တန်တန်ဘဏ် ရဲ့ ဥက္ကဌကို နာမည်တပ်ခေါ်တာလား။
စီးပွါးရေးရွက်လှေပေါ်မှာရှိတဲ့သက်လတ်ပိုင်း အမျိုးသားတွေရဲ့ မျက်နှာပေါ်မှာထိတ်လန့်တဲ့အမူအရာတွေ ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လင်းဖန်ကမည်သူမည်ဝါဖြစ်ကြောင်း လျင်မြန်စွာ ခန့်မှန်းနေကြသည်။
ထိုအချိန်တွင် ရှန်လူသည် မြေပြင်မှ ထလာလေသည်။
ရှန်လူသည်သူ့အဖေ လာနေတာကို မြင်လိုက်ရတော့ချက်ချင်းဝမ်းသာသွားလေသည်။
ထို့ကြောင့်သူသည်ဟွမ်တန်နှင့် လင်းဖန် တို့၏အထောက်အထားကိုသူဂရုမစိုက်တော့ဘဲ
သူက သူတို့နှစ်ယောက်ကို လက်ညှိုးထိုးပြပြီး “အဖေ သူက ငါ့ကို အရှက်ခွဲပြီး ရိုက်ရဲတယ်!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး