ကျန်ပေ့သို့ပြန်လာခြင်း
Vol. 21 Ch. 303
ဒါကိုကြားတော့ဟွမ်ဒမ်၏ မျက်နှာသည် အနည်းငယ်မဲမှောင်သွားပြီး ရှန်ချူချန် နှင့် ရှန်လူတို့ကိုအေးစက်သောမျက်လုံးဖြင့်ကြည့်လိုက်လေသည်။
အခုဟွမ်ဒမ်သည်ဘာဖြစ်နေမှန်း အတိအကျ ကိုမသိပေ။
သို့သော်လည်း ရှန်လူသည် လင်းဖန်ကို စော်ကားတာဟာ ခွင့်မလွှတ်နိုင်တဲ့အရာတစ်ခုပင်ဖြစ်သည်။
ရှန်ချူချန်သည် ဟွမ်ဒမ်၏ပြောင်းလဲသွားသောအမူအရာကို သတိပြုမိလိုက်ရာသူသည်ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားလေသည်။
ဟွမ်ဒမ်သည် လင်းဖန်ကိုအလွန်လေးစားစွာဆက်ဆံနေကြောင်းကိုသူမြင်သောအခါရှန်ချူချန်သည် လင်းဖန်ကို စိတ်ကျေနပ်အောင် မည်သို့ပြုလုပ်ရမယ်ဆိုတာကိုစီစဉ်နေပြီဖြစ်သည်။
ယခုအချိန်တွင် ရှန်ချူချန်သည် ရှန်လူရိုက်နှက်ခံရသည်ကို ဂရုမစိုက်နိုင်တော့ပဲသူသည်
“မစ္စတာလင်း၊ မင်းနဲ့ ငါ့သားကြားက နားလည်မှုလွဲနေတာတွေ ရှိမယ်ထင်တတယ်... သူကမင်းကို တမင်တကာစော်ကားဖို့ မရည်ရွယ်ပါဘူး...”
လင်းဖန် က ရှန်ချူချန်ကို တစ်ချက်ကြည့်လိုက်ပြီး “နားလည်မှုလွဲတာလား။သူက ငါ့ရည်းစားကို ကြောင်တေညင်နှိုက်ဖို့ကြိုးစားနေတယ်။ပြီးတော့သူက ငါ့ကိုတောင်ခြိမ်းခြောက်နေသေးတယ်။”
ဘော့လင်းဖန်ရဲ့ ချစ်သူကိုခိုးယူဖို့စဉ်းစားပြီးဘော့စ်လင်းဖန်ကို သူ့ကခြိမ်းခြောက်တာလား?
အဲဒါ...ငါီ့းပဲ
ဒါကိုကြားတော့ဟွမ်ဒမ် သည် အလွန်အေးစက်သော မျက်လုံးများဖြင့်ရှန်ချူချန်နှင့်ရှန်လူတို့ကို စိုက်ကြည့်နေလိုက်သည်။
ဟွမ်ဒမ်၏အမူရာကိုတွေ့တော့ရှန်ချူချန်၏သည် အနည်းငယ် တုန်လှုပ်သွားပြီး “ဟွမ်...ဟွမ်ဒမ် ဒီကိစ္စက.....”
ဟွမ်ဒမ်က သူပြောတာကိုပြီးအောင်မစောင့်တေည့ဘဲ “မင်းထပ်ပြောစရာ မလိုတော့ဘူး၊ ငါတို့ဘဏ်က မင်းရဲ့ ကုမ္ပဏီကို အခုကစပြီး တစ်ပြားတစ်ချပ်မှ ချေးမှာ မဟုတ်တော့ဘူး!”
“ဒါ့အပြင် အရင်ချေးထားတဲ့ငွေကိုလည်း ချက်ချင်းပြန်ဆပ်ပေးရမယ်!”
ဟွမ်ဒမ်၏စကားကိုကြားရှန်ချူချန်၏မျက်နှာသည်ချက်ချက်းဖြူဖျော့သွားလေသည်။
သိရန်…
ယခုအခါတွင် သူ၏ ဖန်လင်း အိမ်ခြံမြေကုမ္ပဏီသည် ငွေပြတ်လပ်နေသည့် အခြေအနေတွင် ရှိနေသည်။
ယနေ့တွင် သူသည် အခြားလုပ်ငန်းရှင်များနှင့် ပယ်လယ်ထွက်အပန်းဖြေရခြင်း၏ အဓိကအကြောင်းရင်းမှာ တန်တန်ဘဏ်၏ ဥက္ကဋ္ဌ ဟွမ်ဒမ် နှင့် ပိုမိုရင်းနှီးလိုခြင်းကြောင့် ဖြစ်သည်။
ဒါမှတန်တန်ဘဏ် မှ ချေးငွေအချို့ကို အလွယ်တကူရနိုင်မည်ဖြစ်သည်။
ရလဒ်အနေနဲ့ ကတေည့ယခု ချေးငွေရရန် မဖြစ်နိုင်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ယခင်ချေးငွေကိုပင်ချက်ချင်းပြန်ပေးရမည်ဖြစ်သည်။
ရှန်ချူချန်သည်ယခုအခါဖန်လင်းအိမ်ခြံမြေကုမ္ပဏီ ပြီးပြီဆိုတာကိုသိလိုက်လေသည်။
ရှန်လူက ဒါကို မသိသေးကာ ထပ်ပြောလိုက်လေသည်။ “ဟေး...ငါတို့ ရှန်မိသားစုက ရှုပ်ဖို့လွယ်တာတော့မဟုတ်ဘူး!”
ရှန်ချူချန်သည် ထိုစကားကိုကြားသောအခါ
သူသည်လုံးဝ ဒေါသထွက်သွားလေသည် ။
ဒီခွေးသားကြောင့်ဒီလိကိစ္စတွေဖြစ်လာတာ။
ဒါကြောင့်တော့ရှန်ချူချန်က ရှေ့ကိုတိုးလာကည “ခွေးကောင် မင်းကငါ့ကိုကူညီပေးလိုက်တာပဲ..”
ထို့နောက် ရှန်ချူချန်သည် ရှန်လူနားသို့တိုးကာမျက်ခွက်ကိုပိတ်ရိုက်လိုက်လေသည်။
“ခွေးကောင်!”
“ငါ့ကိုဘာလို့ဒုက္ခပေးရတာလဲ”
“ခွေးမသား!”
ရှန်ချူချန်ရိုက်နှက်ရင်းကျိန်ဆဲကာသူ၏ဒေါသထွက်ကိုအပြည့်အဝဖောက်ခွဲနေလေသည်။
ဒါတွေအတွက်...
လင်းဖန်သည် အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပြီးနောက်ကျူရီရှောင်နဲ့အတူအဝေးကပင်လယ်အလှကို ဆက်လက်ခံစားနေခဲ့သည်။
.....
ဤအပန်းဖြေအဖွဲ့တည်ဆောက်စဉ်အတွင်း ဖန်တီကုမ္ပဏီရှိ(ဖန်ရီနဲ့အတူတူပါ)ဝန်ထမ်းများအားလုံးသည် အလွန်ပျော်ရွှင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဝန်ထမ်းများသည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးပြီး နားလည်မှုပိုရှိလာကြသည်။
လင်းဖန်သည်မှော်မြို့ မှာ အကြာကြီးဆက်မနေခဲ့ပေ။
ဘာလို့ဆို သူ့မှာကျောင်းသားတစ်ယောက်ရဲ့ အထောက်အထားရှိနေသေးလိုပင်ဖြစ်သည်။
ကျူရီရှောင်သည်လင်းဖန် ကို လေဆိပ်သို့ လိုက်ပို့ပြီးနောက် သူမသည် ဂိုဘယ်အဆောက်အဦးစီသို့ ပြန်လာခဲ့သည်။
ကျူရီရှောင်ကကိုမြင်တာနဲ့ညီအစ်မလးက သက်ပြင်းချရင်း “ရီရှောင်၊ နင့်ရဲ့ချစ်သူက အရမ်းအံ့သြစရာကောင်းတာပဲ၊ သူက ဂိုဘယ်အဆောက်အဦးတစ်ခုလုံးကိုတောင် ပိုင်ဆိုင်ထားတယ်။တစ်ချိန်ထဲမှာပင် သူက တန်တန်ဘဏ်ရဲ့ အဓိကရှယ်ယာရှင်လည်းဖြစ့သေးတယ်၊ ပြီးတော့ ဒီလိုဇိမ်ခံရွက်လှေလဲရှိသေးတယ်။”
ညီအစ်မလူသည်ထိုအကြောင်းကိုပြောတဲ့အခါ သူမရဲ့မျက်လုံးကကြယ်လေးလိုတောက်ပနေလေသည်။
ခေတ္တနားပြီးနောက် အစ်မလူက “စကားမစပ် မနေ့က မင်းကို ဈေးဝယ်ထွက်တယ်မလား။ သူ မင်းကို တစ်ခုခုဝယ်ပေးခဲ့သေးလား။”
ကျူရီရှောင်က “သူငါ့ကိုနာရီဝယ်ပေးခဲ့တယ်”
စကားပြောနေစဉ်၊ ကျူရီရှေညက် သည် သူမ၏ လက်ကောက်ဝတ်ကို မြှောက်ပြလိုက်လေသည်။
“နာရီ ဝယ်ပေးလိုက်တာလား ဘုရားရေ အဲဒါ အရမ်းကြည့်ကောင်းတယ်။ ဒါဘယ်လောက် ပေးရလဲ” ညီအစ်လူကချက်ချင်းမေးလိုက်သည်။
အမျိုးသမီးတစ်ဦးအနေဖြင့်လှပသော နာရီကိုလိုချင်သောစိတ်ကိုခံနိုင်ရည်မရှိပေ။
“ဒါက Patek Philippe Queenရဲ့ နာရီဖြစ်ပြီး သူရဲ့စျေးနှုန်းကတော့ယွမ် ၃၁ သန်းပါ” ကျူရီရှောင် က ပြောလိုက်လေသည်။
“၃၁ သန်း!” ညီအစ်မလူ က ချက်ချင်းအော်လိုက်လေသည်။
မူလက သူမသည် ကျူရီရှောင်၏နာရီကို ခဏချွတ်ပြီး သူမလက်ကောက်ဝတ်မှာခဏပတ်လိုခဲ့သည်။
ဒီအချိန်မှာတော့ဒီလိုအတွေးကို လုံးဝဖျက်ပစ်လိုက်လေည်။
နာရီက31 သန်း၊ဒါကို မတော်တဆ မြေပြင်ပေါ်တောင် ပြုတ်ကျခဲ့ရင်.....
ကျူရီရှောင်က ထပ်မံပြောလိုက်လေ “ဒါ့အပြင် သူက ငါနေဖို့ ပထမတန်းတွမ်စန်အိမ်ကိုလည်း ပေးခဲ့တယ်”
“ပထမတန်းတွမ်စန်အိမ်!” ညီအစ်မလူ ၏ မျက်လုံးများသည် ချက်ချင်းပင် ဝိုင်းစက်သွားလေသည်။
သူမသည် မှော်မြို့တွင်အမြဲနေထိုင်ခဲ့သောကြောင့်တွမ်စန်၏အိမ်သည် မည်မျှဈေးကြီးသည်ကို သိလေသည်။
တစ်အိမ်၏စျေးနှုန်းသည် အနည်းဆုံး ယွမ် သန်း 100 နှင့်အထက်ဖြစ်သည်။
အိမ်သန်း 100 ကျော်နှင့် နာရီ 31 သန်း။
အချိန်အတော်ကြာပြီးနောက် ညီအစ်မလူသည် ငြိမ်သက်သွားကာ”ရီရှောင် မင်းရဲ့ချစ်သူမှာ ညီလေး ဒါမှမဟုတ် အကိုကြီးရှိလား?”
ကျူရီရှောင်သည် သူမ၏ အခန်းဖော်ဟောင်းကလဲ အလားတူစကားမျိုးပြောဖူးသည်ဟု တွေးကာ မထိန်းနိုင်ဘဲ ရယ်မောပြီးသူမက “သူ့မှာ ညီမလေးတစ်ယောက်တော့ရှိတယ်”
ညီအစ်မလူ က “ညီမလေးလား? တကယ်တော့ ငါ့မှာ ကျားမခွဲခြားထားတာမရှိဘူးဆိုတော့။အဆင်ပြေမှာပါ။”
ကျုရီရှောင်:...
...
လင်းဖန်သည် ကျူရီရှောင် နှင့် ညီအစ်မလူတို့၏ ပြောဆိုမှုကို သဘာဝအတိုင်း မသိခဲ့ပေ။
လေယာဉ်၏ပထမတန်းအခန်းတွင် အိပ်ပြီးနောက်၊ သူသည် ကျန်ပေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့နောက် လင်းဖန်သည် Mercedes-Benz Big G(ကား)ကို မောင်းနှင်ပြီး ပန်းလုံဗီလာသို့ ပြန်လာခဲ့သည်။
သူသည် ဝိညာဉ်ရေးလက်ဖက်ရည်တစ်ခွက်ကို ပထမဆုံးပြုလုပ်ပြီးနောက်သောက်လိုက်လေသည်။
ဝိဉာဉ်လက်ဖက်ရည်ကို သောက်လိုက်သောအခါ သူ့ခံတွင်းတစ်ခုလုံးတွင်မွှေးရနံ့များ ပြည့်လာကာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပင်ပန်းနွမ်းနယ်မှုအားလုံးကို ချက်ချင်း ပျောက်သွားလေသည်။
လင်းဖန်သည် သူ၏လက်ဖက်ရည်ခွက်ကိုချကာ လက်ကိုင်ဖုန်းကိုထုတ်ကာ အနီရောင်အထုပ် ၃၁၇၈ ထုပ်ကို စိုက်ကြည့်နေသည်။
အနီရောင်စာအိတ် ၃၁၀၀ ကို ကျူရီရှောင်ကိုPatek Philippe Diana နာရီဝယ်ပေးရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
ကျန်စာအိတ်အနီ 78 စောင်သည် လတ်တလောကာလတွက်သူသုံးထားတဲ့ဟာပင်ဖြစ်သည်။
“စာအိတ်အနီ ၃၁၇၈ စောင်ဘာရနိုင်သည်ကိုကြည့်ရအောင်” လင်းဖန်က ညည်းညူလိုက်သည်။
“စာအိတ်နီဖွင့်ရအောင်”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 9 ယွမ်ရသည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၁၀၀၀ ရသည်။”
...
“ဒင်း! ဂုဏ်ယူပါတယ်၊ ရှယ်ယာနှစ်ဆတိုးကူပွန်ကို ရရှိသည်”
...
“ဒင်း! ဝိုမားဂရု၏ရှယ်ယာ 10% ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
...
“ဒင်း! လိပ်အသက်ရှူ စွမ်းရည်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။”
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိသည်။”
အဆိုပါ အနီရောင်စာအိတ် ၃၁၇၈ စောင်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၁,၃၂၁,၂၀၁ ရရှိခဲ့သည်။
ဤငွေအနည်းငယ်ကိုလင်းဖန်သည် ၎င်းကိုလျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
စတော့ရှယ်ယာနှစ်ထပ်ကူပွန်ကို ဦးစွာအာရုံစိုက်လိုက်လေသည်။
လင်းဖန်သည် ပြီးခဲ့သည့်အကြိမ်တွင် ပန်ကူဂရုကိုရှယ်ယာနှစ်ဆတိုးကူပွန်ကို အသုံးပြုခဲ့ပြီး ပန်ကူဂရု၏ ရှယ်ယာစုစုပေါင်း 20% ကို ပိုင်ဆိုင်ခဲ့သည်။
ထို့ကြောင့်လင်းဖန်သည်ဒီတစ်ခါတွင်အဲဂရုကို ရွေးချယ်ခဲ့သည်။
【ဒင်း! အောင်မြင်စွာ အသုံးပြုပြီးပါပြီ။ အဲဂရု ၏ ရှယ်ယာစုစုပေါင်း 20% သင့်မှာရှိသွားပါပြီ။ 】
အဲဂရု ၏ ရှယ်ယာများ 10% ရုတ်ခြည်း တိုးလာသောအခါလင်းဖန် ၏ ပိုင်ဆိုင်မှုသည် ယွမ် ဘီလီယံ 500 တိုးလာပြန်သည်။
ဝိုမားဂရုသည် စျေးကွက်တန်ဖိုး ယွမ် ၁.၄ ထရီလီယံရှိသောကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီးဖြစ်သည်။
အစုရှယ်ယာ၁၀ရာခိုင်နှုန်းဆိုတေည့ယွမ် ၁၄၀ ဘီလီယံရှိသည်။
နောက်ဆုံးတွင် လင်းဖန် သည် လိပ်အသက်ရှူခြင်းနည်းပညာကို ကြည့်လိုက်လေသည်။
【လိပ်အသက်ရှုခြင်းနည်းပညာ- အသက်ရှူခြင်းကို အစားထိုးသည့် အထူးကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ဒါကိုသုံးလို အသက်ရှုရန် မလိုအပ်ပေ။ ဒါကိုသုံးလိုက်တာနဲ့သင်သည် အဆုံးမရှိ ကျက်သရေကို ပြသနိုင်မည်ဖြစ်သည်။ 】
ဒါကိုကြည့်ပြီး လင်းဖန်းတောင်မှ နည်းနည်းလေး လန့်သွားလေသည်။
လိပ်အသက်ရှုခြင်းနည်းပညာ၊ ဒါက အရမ်းကောင်းမွန်တဲ့ ကျွမ်းကျင်မှုတစ်ခုပဲဟုလင်းဖန်ကတွေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး