← Chapters

မစ်ရှင်အစပျိုးခြင်း

Vol. 21 Ch. 304

မစ်ရှင်အစပျိုးခြင်း

Vol. 21 Ch. 304

နောက်တစ်နေ့တွင်ရာသီဥတုသည်အလွန်သာယာလေသည်။

လင်းဖန်သည် နံနက်ခင်းလေနုအေးမျကိုရှူကာ Mercedes-Benz Big G ကားကို မောင်းနှင်ကာ ရှေ့ကိုသွားခဲ့သည်။

သိပ်မကြာခင်မှာပဲ သူသည်ကျန်ပေ့တက္ကသိုလ်ကို ရောက်ခဲ့လေသည်။

ဒီမနက်သည် ပါမောက္ခဟောင်း၏အတန်းဖြစ်သည်။

လင်းဖန်သည် မနေ့က ကောင်းကောင်းအနားယူခဲ့ပါသည်။

သို့သော် ပါမောက္ခအိုကြီး၏ စကားသံကို နားထောင်ရင်း စားပွဲပေါ်တွင် လျင်မြန်စွာ အိပ်ပျော်သွားလေသည်။

ယင်းနှင့်ပတ်သက်၍ပါမောက္ခဟောင်းသည် စိတ်ဆိုးရုံသာမက ဆန့်ကျင်ဘက်တွင် လင်းဖန်ကိုကြည့်ရင်းတိတ်တဆိတ်ခေါင်းညိတ်ပြလိုက်လေသည်။

သူ့ပုံစံက...ဒါကကျောင်းသားကောင်းတစ်ယောက်ရဲ့ စံနမူနာပဲလို့ ပြောနေပုံရသည်။

“ဒီး”

ခေါင်းလောင်းသံ မြည်ပြီးနောက် မနက်ပိုင်း အတန်းပြီးဆုံးသွားလေသည်။

.....

လင်းဖန်၊ စုရီ၊ မူဇောင်နှင့် ဇောင်ချင်းဘို တို့လေးယောက်သည်အဆောင်အတွင်းမှအပြင်သို့ ထွက်လာခဲ့ကြသည်။

သူတို့လေးယောက် ရှေ့ထောင့်သို့ ကွေ့လိုက်သောအခါ ဆံပင်ဖြူနှင့် လူလတ်ပိုင်း ပါမောက္ခတစ်ဦးကိုမတော်တဆ တိုက်မိသွားလေသည်။

တိုက်မိသွားသောကြောင့်လူလတ်ပိုင်း ပါမောက္ခရဲ့လက်ထဲက စာရွက်စာတမ်းအမြောက်အမြားဟာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။

မူဇောင်က “တောင်းပန်ပါတယ် ဆရာ...”

ထို့နောက် အချက်အလက်များ ကောက်ယူရန် ထိုင်ချလိုက်လေသည်။

လင်းဖန် ၊ ဇောင်ချင်းဘိုနှင့် စုရီတို့ကလဲစာရွက်တွေကိုကူကောက်ပေးလိုက်ကြသည်။

လူလတ်ပိုင်း ပါမောက္ခ က “ကိစ္စမရှိပါဘူး... ငါဖြေရှင်းရမည့်ပြဿနာကို တွေးရင်းရှေ့ကို ဂရုမစိုက်ဘဲ လမ်းလျှောက်နေလို့ယခုလိုတိုက်မိသွားတာပါ” လို့ ပြောလိုက်သည်။

လင်းဖန်သည် ၎င်းကို ကောက်ယူလိုက်သောအခါ သတင်းအချက်အလက်၏ အကြောင်းအရာကို အမှတ်တမဲ့ ကြည့်လိုက်လေသည်။

အနုတ်လျှပ်ကူး- 4Li-4e=4Li+

လျှပ်စီးအပြုသဘောဆောင်သော တိုင်- 2SOCI2+4e=4CI-+S+SO2

တုံ့ပြန်မှု- 4Li+2SOCI2=4LiCI+S+S02(ဘာတွေလဲတော့မသိပါ..ဟီးဟီး)

…………

သက်လတ်ပိုင်း ပါမောက္ခက “ကျေးဇူးတင်ပါတယ်”

မူဇောင်သည် အချက်အလက်ကို တွေ့လိုက်တေည့”ဆရာ၊ မင်းက ဘက်ထရီပိုင်းကို လေ့လာနေတာလား။”

သက်လတ်ပိုင်း ပါမောက္ခက ခေါင်းညိတ်ပြီး ပြုံးပြီး “ဟုတ်တယ်၊ မိုဘိုင်းလ်ဖုန်းဘက်ထရီ ကမလုံလောက်ဘူးလို့ ပြောတဲ့သူတွေ များတယ်မဟုတ်လား”(ဟုတ်ပါတယ်..ဟီး)

သူတို့၏ စကားဝိုင်းသည် အလွန်တိုသော်လည်း လင်းဖန်၏ အမူအရာမှာ အနည်းငယ် လှုပ်ရှားသွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။

【ဒင်း! မစ်ရှင်အစပျိုးခြင်း။ဘက်ထရီစမ်းသပ်မှုအား ကြည့်ရှုပါ (01)။ “ဘက်ထရီအခြေခံမူများ”, “ဘက်ထရီလက်စွဲစာအုပ်”, “လစ်သီယမ်အိုင်ယွန်ဘက်ထရီ”, “ပိုလီမာဘက်ထရီ”, “ဘက်ထရီဖွဲ့စည်းပုံအခြေခံ 5ကိုဖတ်ခြင်းဖြက့် စူပါဘက်ထရီမူပိုင်ခွင့်နှင့် ထုတ်လုပ်မှုအခြေခံမူစာရွက်စာတမ်းအပြည့်အစုံကို ဆုချီးမြှင့်မည်ဖြစ်သည်။ 】

သက်လတ်ပိုင်း ပါမောက္ခကြီးသည်စာရွက်စာတမ်းတွေကို ယူသွားပြီး လှည့်ထွက်သွားလေသည်။

ဒီအချိန်မှာ လင်းဖန်က “ဒီကဆရာ၊ မင်းရဲ့နာမည်ကို သိနိုင်မလား”

“ငါ့နာမည် ကျောက်ပါ” လူလတ်ပိုင်း ပါမောက္ခက ပြောလိုက်သည်။

“ပရော်ဖက်ဆာ ကျောက်၊ မင်္ဂလာပါ၊ ကျွန်တေည်က သင်္ချာအတန်းကလင်းဖန် ပါ။ကျွန်တေည်လည်းဘထ္ထရီတွေကို စိတ်ဝင်စားပါသည်။ အဲ့ဒါကျနော့်ကို ဓာတ်ခွဲခန်းသို့ ခေါ်သွားပေးလို့ရမလား။ကျနေည့်လေ့လာခြင်လို့ပါ။၊” လင်းဖန်က ပြောလိုက်သည်။

တကယ်တော့လင်းဖန်ကို ပထမဆုံးမြင်သောအခါ ပရော်ဖက်ဆာ ကျောက်သည်လင်းဖန်ကိုအနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

လင်းဖန်က သူ့ကိုယ်သူ မိတ်ဆက်သောအခါ သူ့၏မျက်လုံးများသည်ချက်ချင်း တောက်ပလာလေသည်။

သင်္ချာအတန်းမှ... လင်းဖန်

ယနေ့ကျန်ပေ့ တက္ကသိုလ်တွင် လူတိုင်းသည် ဤနာမည်ကိုသိလေသည်။

လင်းဖန်သည် ဘယ်အင်တာဗျူးကိုမှ လက်မခံသောကြောင့်လင်းဖန် ၏ပုံသဏ္ဍာန်ကို လူအများမသိကြပေ။

ပရော်ဖက်ဆာကျောက်သည် အဝေးကနေလင်းဖန်ကို တစ်ကြိမ်သာ မြင်ဖူးလေသည်၊အနှီးကပ်သာတွေ့ဖူးပါကသူသည် လင်းဖန်ကို သေချာပေါက် မှတ်မိလိမ့်မည်ဖြစ်သည်။

ပရော်ဖက်ဆာကျောက်က လုံးဝမတွန့်ဆုတ်ဘဲ “ကောင်းပြီ၊ ငါမင်းကို ဓာတ်ခွဲခန်းဆီ ခေါ်သွားပေးမယ်”

သူ၏ စမ်းသပ်မှုတွေကို လျှို့ဝှက်ထားသည်ဟု ယူဆနိုင်သည်။

လင်းဖန်သည် သင်္ချာအတန်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။

ဒါပေမယ့်၊ ဒါဆို ဘာလဲ။

သိရန်……

လင်းဖန်သည် ငလျင်ကြိုတင်ခန့်မှန်းစက်ကိုလည်း တီထွင်ခဲ့သည်။

သူက ရူပဗေဒအတန်းက ကျောင်းသားမဟုတ်ပေ။

ထက်မြက်တဲ့ ဦးနှောက်သာရှိရင်ဘာပဲလုပ်လုပ် အားထုတ်မှု ထက်ဝက်နဲ့ ရလဒ်ကနှစ်ဆကိုရရှိနိုင်ပြီး သာမန်လူတွေ ရှာဖွေရခက်တဲ့ အရာတွေကို ရှာဖွေတွေ့ရှိနိုင်သည်။

ထို့ကြောင့် ပရော်ဖက်ဆာ ကျောက် သည် လင်းဖန် ကိုခေါ်ဆောင်ရန် မစောင့်နိုင်တော့ပေ။

ထို့ကြောင့်သူသည်နေရာတွင်ရပ်နေသောမူဇောင်၊ ဇောင်ချင်းဘိုနှင့် စုရီတု့ကိုတောင်ဂရုမစိုက်တော့ပေ။

ဘတ်စကတ်ဘောကွင်းရဲ့တစ်ဖက်မှာ အထပ်မြင့်လေ့ကျင့်ရေး အဆောက်အအုံတစ်ခုရှိလေသည်။

ဓာတုဓာတ်ခွဲခန်း အများအပြားသည် ဤလေ့ကျင့်ရေး အဆောက်အအုံ၏ အထက်တွင် တည်ရှိသည်။

လေ့ကျင့်ရေး အဆောက်အဦး၏ ကျယ်ပြောလှသော စင်္ကြံတွင် လမ်းလျှောက်ရင်း အဝေးကနေဆူညံသံတွေကို ကြားရလေသည်။

ပါမောက္ခကျောက် က ဦးဆောင်ပြီး ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်လေသည်။

တံခါးဖွင့်လိုက်တာနဲ့အရှည်စက်လုံးကြီးတစ်လုံးကိုမြင်လိုက်ရလေသည်။

ကျောင်းသား သုံးဦးသည် စက်လုံးတွင် အလုပ်ကြိုးစားနေကြသည်။

တံခါးဖွင့်သံကြားတာတောင်လှည့်မကြည့်ကြပေ။

သူတို့သည်ကွန်ပြူတာဖန်သားပြင်ကိုသာကြည့်နေပြီး ရှေ့ဆုံးမှာထိုင်နေတဲ့ ပရော်ဖက်ဆာဟောင်းတစ်ယောက်သာ ပရော်ဖက်ဆာ ကျောက် ကို ရိုးရှင်းသော အမူအရာဖြင့် စိုက်ကြည့်ပြီးနောက် လင်းဖန်ကိုသာတစ်ချက်ကြည့်လိုက်ပြီးနောက်ကွန်ပြူတာစခရင်ကို အာရုံပြန်စိုက်လိုက်လေသည်။

ပါမောက္ခကျောက်က “ပါမောက္ခ လီ ဒါက သင်္ချာအတန်းက လင်းဖန်ပါ”

“အိုး?” ပရော်ဖက်ဆာ လီ၏ အမြဲတမ်း ရိုးစင်းသော မျက်နှာဟောင်းထက်ဝယ်အံ့အားသင့်သောအမူရာကိုပြသလိုက်လေသည်။

စမ်းသပ်မှုများပြုလုပ်နေသောကျောင်းသား သုံးဦးသည်လဲ၎င်းတို့၏ လှုပ်ရှားမှုကို မရပ်တန့်နိုင်ဘဲ လှည့်ကြည့်လိုက်သည်။

တကယ်တော့ လင်းဖန်သည်ကျန့်ပေ့တက္ကသိုလ်တစ်ခုလုံးတွင်နာမည်ကြီးနေပြီဖြစ်သည်။

ပရော်ဖက်ဆာကျောက်က “ကျောင်းသား လင်းက ဘက်ထရီပိုင်းကို အရမ်းစိတ်ဝင်စားတယ်တဲ့။ သူက ဓာတ်ခွဲခန်းထဲကတိကျတဲ့ဘက်ထရီ စမ်းသပ်ချက်တွေကို ကြည့်ဖို့ ဒီကို ရောက်လာတာပါ။”

ပရော်ဖက်ဆာလီသည် တုံ့ဆိုင်းမနေတော့ဘဲ “ကောင်းပြီ၊ ငါတို့ရဲ့ နောက်ဆုံးစမ်းသပ်မှုမှာ ကိုင်တွယ်ဖြေရှင်းစရာ နည်းနည်းလေးရှိသေးတယ်၊ ဒါကြောင့် ခဏစောင့်ပေးပါ။”

လင်းဖန်က “ကောင်းပြီ။”

ဟုတ်ပါတယ်၊ ပါမောက္ခလီပြောတဲ့အတိုင်းပဲခဏပဲစောင့်လိုက်ရလေသည်။

၅ မိနစ်ခန့်အကြာတွင် ပါမောက္ခ လီက “ငါတို့တို့ရဲ့ဘက်ထရီစမ်းသပ်မှု အစကနေလုပ်ပြလိုက်ရအောင်” ဟု ပြောကြားလိုက်သည်။

“ဒါဆို ပရော်ဖက်ဆာ လီကိုပဲဒုက္ခပေးပါရအုံမယ်။” လင်းဖန်က ပြောသည်။

ပရော်ဖက်ဆာလီက ပြုံးပြီး “ဘာကိုဒုက္ခ​ပေးရမှာလဲ။ဒါက နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေရတဲ့အရာပဲလေ၊ဒါကြောင့်ကိစ္စမရှိဘူး” ဟု ပြောလိုက်သည်။

ထို့နောက် ပါမောက္ခ လီက “လူတိုင်း စမ်းသပ်မှုကို တတ်နိုင်သမျှ အသေးစိတ်လုပ်ပေးပါ”

သူသည်လင်းဖန်ကို ပိုရှင်းရှင်းလင်းလင်း မြင်စေချင်သည်မှာ ထင်ရှားသည်။

စမ်းသပ်မှုစတင်သောအခါတွင် ထူးဆန်းသောပုံသဏ္ဍာန်ရှိသော စက်ထဲကနေထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာလေသည်။

“ဒီး’’

“ဒပ့်!”

“ဂီး”

စက်လုံးရှိညွှန်ပြသည့်အတန်းများကြောင့်မတူညီသောမီးများကိုလင်းစေလေသည်။

ထို့နောက်လျှပ်စစ်မီးပွားများသည် အမှောင်ထုအတွင်း၌ဆက်တိုက်ဆိုသလိုထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် ကွန်ပြူတာစခရင်ပေါ်တွင် အတက်အဆင်း ခုန်နေသော မျဉ်းကွေးတစ်ခု ပေါ်လာလေသည်။

ကျောင်းသား သုံးဦး၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးပြီး ကယ်တင်နိုင်သည့် လုပ်ဆောင်ချက်အချို့ကိုလည်း ထည့်သွင်းထားသည်။(အသက်မျဉ်းလိုမျိုးအောက်အရမ်းမကျရအောင်ဒေတာထည့်လိုက်တာကိုပြောတာပါ)

ထို့ကြောင့်၊ မူလက မိနစ် 30 သာကြာသည့် စမ်းသပ်မှုသည် မိနစ် 50 နီးပါးကြာပြီးနောက်မှတဖြည်းဖြည်း ပြီးဆုံးသွားခဲ့သည်။

ပရော်ဖက်ဆာလီက “ကျောင်းသား လင်းမင်းမှာ တခြား အကြံဉာဏ်တွေ ရှိသေးလား”

လင်းဖန်သည် စနစ်တာဝန်ကို တစ်ချက်ကြည့်လိုက်သည်။

【ဒင်း! မစ်ရှင်အစပျိုးခြင်း။ဘက်ထရီစမ်းသပ်မှုအား ကြည့်ရှု​ (01)ခြင်းပြီး။ “ဘက်ထရီအခြေခံမူများ”, “ဘက်ထရီလက်စွဲစာအုပ်”, “လစ်သီယမ်အိုင်ယွန်ဘက်ထရီ”, “ပိုလီမာဘက်ထရီ”, “ဘက်ထရီဖွဲ့စည်းပုံအခြေခံ 5ကိုဖတ်ခြင်းဖြက့် စူပါဘက်ထရီမူပိုင်ခွင့်နှင့် ထုတ်လုပ်မှုအခြေခံမူစာရွက်စာတမ်းအပြည့်အစုံကို ဆုချီးမြှင့်မည်ဖြစ်သည်။ 】

ထင်ရှားသည်မှာ၊ လုပ်ငန်းတာဝန်၏ ပထမအခြေအနေသည်ပြီးမြောက်ခဲ့ပြီဆိုတာပင်ဖြစ်သည်။

ဒါကြောင့် လင်းဖန် က “ကျွန်တော် ဒါကိုစဉ်းစားဖို့အချိန်နည်းနည်း​တော့လိုတယ်”

ဒါကိုကြားတော့ပရော်ဖက်ဆာလီသည် အလွန်အံ့သြခြင်းမရှိဘဲအနည်းငယ်ခေါင်းညိတ်ကာ “ဘက်ထရီရဲ့ရလဒ်ကောင်းများကိုရရှိရန် အချိန်နှင့် စမ်းသပ်မှုများစွာ လိုအပ်တယ်”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters