အမြန်ဆုံးသုံးသပ်ခိုင်းခြင်း
Vol. 21 Ch. 306
လင်းဖန်သည် ရေချိုးခန်းထဲသို့သွားကာပြန်လာပြီးနောက်စားပွဲပေါ်တွင် စာရွက်အမြောက်အများကို မတော်တဆတွေ့လိုက်ရသည်။
ထို့ကြောင့်သူသည်သိချင်စိတ်ဖြင့် သူစာရွက်ကိုကိုင်ကာဖတ်ကြည့်လိုက်မိသည်။
“စူပါဘက်ထရီမူပိုင်ခွင့်”
ဒါကိုတွေ့ပြီးနောက်လင်းဖန်သည်ပြုံးကာ “မစ်ရှင်ကရတဲ့ဆုတွေကို အိမ်ကို တိုက်ရိုက်ပို့ပေးတာကတော်တော်အဆင်ပြေတာပဲ”
ထို့နောက် သူ့ဘေးရှိ ကွန်ပြူတာကို ကြည့်ကာ “ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်၊ ဒီစူပါဘက်ထရီပေါ်မှာရှိတဲ့စာလုံးတွေကို အရင်ရေးလိုက်ရအောင်” လို့ ပြောလိုက်သည်။
လူအများစုသည်စာစီစာကုံးလိုမျိုးစာရှည်ကြီးကိုရေးရင် နှစ်ကြိမ်ပြန်စဉ်းစားမှာသေချာသည်။
ဘာလို့ဆိုစာရေးရန် အချိန်များစွာ ပေးပြီးနောက်၊မှားလား၊မှန်လားကိုလည်းသေချာပြန်စစ်ရသောကြောင့်ဖြစ်သည်။
ဒါပေမယ့်လင်းဖန်ကတော့ မတူပါပေ။ ဤစာတမ်း(စာရွက်စာတမ်း)ကို စနစ်ကချီးမြှင့်ခဲ့တာဖြစ်သည်။
ထို့ကြောင့်သူသည်ဘာမှတွေးစရာမလိုပဲစာရွက်ထဲရှိအကြောင်းအရာများကိုအေးအေးဆေးဆေးရိုက်သွင်းနိုင်လေသည်။
လင်းဖန်သည် သူ့လက်ချောင်းကို ကီးဘုတ်ပေါ်တင်ကာလျင်မြန်စွာစာရိုက်လေသည်။
တစ်နာရီကျော်ကျော်အကြာမှာပဲWORD(ဝေါ့) စာတမ်းတွင် အလွန်ရှုပ်ထွေးသော စာရွက်(ပြဿနာကိုဖြေရှင်းရင်အဲ့မှာရှိတဲ့သင်္ကတနဲ့ရှုပ်ထွေးစွာတွက်ထားတာကိုပြောတာပါ)တစ်ခု ပေါ်လာလေသည်။
လင်းဖန်သည် အနည်းငယ်စဉ်းစားပြီးနောက်တွင် ပထမနေရာ၌ သူ၏အမည်ကို ရေးခဲ့ပြီး ဒုတိယနေရာ၌ ကျောက်ကျူ(သူကလင်းဖန်တို့နဲ့တိုက်မိတဲ့ဆရာကျောက်ပါ)နှင့် လီဖန်(စမ်းသပ်ခန်းမှာရှိတဲ့ဆရာလီပါ)တို့ကိုရေးလိုက်လေသည်။
ကျောက်ကျူနှင့် လီဖန်တို့သည် သူ့အတွက် နဲ့ဘက်ထရီ စမ်းသပ်မှုကိုအစဆုံးပြန်ပြုလုပ်ခွင့်ပေးသော ပါမောက္ခနှစ်ဦးဖြစ်သည်။
လင်းဖန်သည် ကျေးဇူးရှိရင်အဲ့ကျေးဇူးကိုပြန်ဆပ်တတ်သူဖြစ်သည်။
ဒါကြောင်ဘ့သူတို့ကိုသေးသေးလေးဖြစ်သောဒုတိယနေရာပေးတာက ကျိုးကြောင်းဆီလျော်လေသည်။
သေးသေးလေး ပေးတာလား?
ဤသည်မှာ စူပါဘက်ထရီစာတမ်းဖြစ်သည်။
ကျောက်ကျူ နှင့် လီဖန်တို့သည် ထိုအကြောင်းကို သိခဲ့ပါက သူတို့မည်သို့အမူအရာရှိမယ်ဆိုတာမသိပေ။
ဟုတ်ပါတယ် ဒါတွေကိုလင်းဖန်က ဂရုမစိုက်ပေ။
ထိုစာတမ်းကို သိပ္ပံပညာဌာနသို့ ပေးပို့ခဲ့သည်။
အခန်းထဲမှထွက်ခါနီးတွင် သူ၏လက်ကောက်ဝတ်တွင် စူပါစမတ်နာရီကို မတော်တဆတွေ့လိုက်ရသည်။
ဒီတော့ လင်းဖန်က “ရှောင်ဘိုင်၊ မင်း ငါ့စာရွက်ကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ပြန်လည်သုံးသပ်လို့ရအောင်လုပ်ပေးနိုင်မလား?”
ကမ္ဘာပေါ်တွင်ရှိသောသိပ္ပံနည်းပညာ သုတေသန သည် မရေမတွက်နိုင်သော အီးမေးလ်များကို နေ့စဉ် လက်ခံရရှိပြီး သိပ္ပံသုတေသီ အားလုံး၏ နှလုံးသားထဲတွင် သန့်ရှင်းသော နေရာ ဖြစ်သည်။
သိပ္ပံပညာရှင်အများစုအတွက်၊ “သိပ္ပံ” တွင် စာတမ်းတစ်စောင်ကို အောင်မြင်စွာ ထုတ်ဝေခြင်းသည် ဂုဏ်ယူစရာဖြစ်သည်။
ထို့ကြောင့်၊ အယ်ဒီတာ၏ “သိပ္ပံ” စာတိုက်ပုံးတွင် နေ့စဉ်မပြတ်စာမူများစွာရှိလေသည်။
လင်းဖန်သည် စာမူကို ပို့လိုက်ရုံသာဖြစ်ပြီး ပုံမှန်အခြေအနေအရ ပြန်လည်သုံးသပ်ခြင်းမပြုမီ အနည်းဆုံး ရက်သတ္တပတ် သို့မဟုတ် နှစ်ပတ်ကြာမည်ဖြစ်သည်။
ထို့ကြောင့် သူသည် စူပါစမတ်နာရီကိုမေးလိုက်ခြင်းဖြစ်သည်။
“ရပါတယ်ဆရာ!”
စူပါစမတ်နာရီ၏ မျက်နှာပြင်သည် အနည်းငယ်တုန်ခါသွားကာ ကြည်လင်ပြီး နှစ်လိုဖွယ်ကောင်းသော အသံတစ်ခုထွက်ပေါ်လာလေသည်။
…………
အမရေိက။
ထိုအချိန်မှာ မနက်အစောကြီးအချိန်ပင်ဖြစ်သည်။
“သိပ္ပံ” အယ်ဒီတာ ဟောဟွမ်သည် ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် လဲလျောင်းနေပြီး သူ့မျက်နှာပေါ်တွင် အနည်းငယ်ပြုံးနေလေသည်။သိသာထင်ရှားသည်မှာသူသည် အိပ်မက်ကောင်းတစ်ခုကိုမက်နေတယ်ဆိုတာပင်ဖြစ်သည်။
“ကလင် ကလင် ကလင်”
ဒီအချိန်မှာ သူ့ကုတင်ဘေးတွင်ထားရှိသော ဖုန်းသည် ရုတ်တရက် အသံမြည်လာခဲ့သည်။
သို့သော်လည်း ဤအသံသည် အိပ်ပျော်နေသော ဟောဟွမ်ကို မနှိုးနိုင်ခဲ့ပေ။
နောက်အခိုက်အတန့်တွင် သူ့အခန်းရှိ တီဗီသည် ရုတ်တရက် အလိုအလျောက်ပွင့်လာပြီး သီးချင်းသံများထွက်လာလေသည်။
“ဗွမ်း!”
အဲ့အခါကျမှဟောဟွမ် သည် အလွန်ထိတ်လန့်သွားကာ ကုတင်ပေါ်မှ ခုန်ဆင်းလာလေသည်။
“ဘာဖြစ်တာလဲ? ဘာဖြစ်နေတာလဲဟ?”
တီဗွီမှ သီချင်းအသံကို မြင်လိုက်ရသောအခါတွင်တော့ မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။
“ငါအိပ်ယာမဝင်ခင်ကတီဗီကိုပိတ်ထားတာပါ။ငါမပိတ်ဘဲအိပ်ပျော်သွားတာထင်တယ်’’
ဟောဟွမ် ခေါင်းကိုယမ်းလိုက်သော်လည်း ဒီကိစ္စကိုသိပ်ဂရုမစိုက်ပေ။
သူသည် ကုတင်ဘေးက တီဗီခလုတ်ကို ကောက်ကိုင်လိုက်ပြီး ပိတ်တဲ့ခလုတ်ကို နှိပ်လိုက်ပြီးနောက်ကုတင်ပေါ် မှာပြန်အိပ်လိုက်လေသည်။
“ဗွမ်း!”
သို့သော်လည်း ခဏလောက် လှဲလျောင်းပြီးသောအခါတွင် တီဗီပြန်ဖွင့်လိုက်ရာဟောဟွမ်သည်သူ့ နားထဲတွင်အသံပေါင်းစုံထွက်ပေါ်လာလေသည်။
ဟောဟွမ်သည်ကုတင်ပေါ်ကနေ ခုန်ဆင်းပြီးနောက်”FUCK(ဖာ့)! ဒီ TV ကကြောင်နေတာလားကွာ။ မနက်ဖြန်ကျရင်သွားလွှင့်ပစ်တော့မယ်!”
စကားပြောပြီးနောက် ဟောဟွမ်ဒေါသတကြီးဖြင့် တီဗီကြိုးကို ပြင်းထန်စွာဖြုတ်လိုက်ဆလသည်။
ထို့နောက်ဟောဟွမ်အနည်းငယ် ရေငတ်သလို ခံစားရသည်။
ထို့ကြောင့်သူသည်ထပြီး မီးဖိုချောင်သို့သွားကာ ရေခဲရေတစ်ခွက်ကို သောက်လိုက်လေသည်။
ထို့နောက် အခန်းထဲပြန်ဝင်ကာ ဆက်အိပ်လေသည်။
ဒီအချိန်မှာပဲအစားအစာဖုတ်သောစက်သည် ရုတ်တရက် ‘ဒင်ဒေါင်’ အသံဆိုပြီးအသံထွက်ပေါ်လာလေသည်။
အဝတ်လျှော်စက်သည်လဲအသံများအဆက်မပြတ်မြည်နေလေသည်။
ရေခဲသေတ္တာသည်လဲ’ဒီဒီ’ဆိုတဲ့အသံတွေအဆက်မပြတ်ထွက်နေလေသည်။
ယခုအချိန်တွင်လျှပ်စစ်ပစ္စည်းများအားလုံးသည်အသံမြည်နေလေသည်။
အလွန်ဆူညံသံကိုကြားတော့ဟေဟွမ် က သူ့ခေါင်းကို ကိုင်လိုက်ပြီး “ဘာဖြစ်နေတာလဲ၊ ဒါက ဘာဖြစ်နေတာလဲ?!”
ထို့နောက် လျှပ်စစ်ပစ္စည်းအားလုံးရဲ့ကြိုးတွေကို အမြန်ဖြုတ်လိုက်လေသည်။
ဟောဟွမ်သည်သက်ပြင်းတစ်ချက်ချလိုက်သောအခါတွင် အခန်းထဲရှိလက်တော့ကနေအသံများထွက်ပေါ်လာလေသည်။ထို့ကြောင့်သူသည်အခန်းထဲသို့ လျင်မြန်စွာဝင်ရောက်လာကာ လက်ပ်တော့ကိုပိတ်လိုက်လေသည်။
သို့သော် ဟောဟွမ်သည်လက်တော့ကိုလုံးဝမပိတ်နိုင်ကြောင်းကိုသူတွေ့လိုက်ရသည်။
ထို့ကြောင့်ဟောဟွမ် က ဒေါသတကြီးအော်ပြေညလိုက်လေသည်။ “ဘယ်ခွေးကောင်ကဒီအချိန်ကြီးငါ့ကိုလာနောက်နေတာလဲဟ။သိလို့ကတော့မှတ်လောက်သားလောက်အောင်ပညာပေးလိုက်အုံးမယ်။”
ဒီအချိန်မှာ လက်တော့ထဲရှိ သီချင်းသံက ရုတ်တရက် ရပ်သွားလေသည်။
တစ်ချိန်တည်းမှာပင် စခရင်ပေါ်တွင် အီးမေးလ်တစ်စောင် ပေါ်လာလေသည်။
“စူပါဘက်ထရီ၏အခြေခံနှင့်အသုံးပြုမှု”
ဟောဟွမ်သည် အစတွင် အမှတ်တမဲ့ ကြည့်မယ်ဆိုပြီးဖွင့်ပြီးကြည့်လိုက်ရုံသာရှိသည်။
သို့သော် မကြာမီမှာပင် သူ့မျက်လုံးများသည်ထိုအီးမေးလ်ကနေလုံး၀ မဖယ်ရှားနိုင်တော့ပေ။
“ဒါ...ဒါက... သေးငယ်တဲ့ ဘက်ထရီတစ်လုံးကနေပါဝါအများကြီးကို ဆက်ပြီး ထုတ်ပေးနိုင်တာလား?”
“ဒီစာက အမှန်ဆိုရင်...”
“စူပါဘက်ထရီ...”
“ဒီစူပါဘက်ထရီကြောင့်မိုဘိုင်းအီလက်ထရွန်နစ်လုပ်ငန်းတစ်ခုလုံးကို ချက်ချင်းပြောင်းလဲစေမည်မှာ သေချာပါသည်။”
“ဒီဆောင်းပါးက ဘယ်သူလဲ။ဟွာရှ ကျန်ပေ့တက္ကသိုလ်က လင်းဖန်လား’’
“အိုဘုရားရေ!”
ယနေ့တွင် လင်းဖန်၏အမည်သည် သိပ္ပံသုတေသနအသိုင်းအဝိုင်းတွင် လူသိများသည်။
ဤအခိုက်အတန့်တွင်၊ ဟောဟွမ်သည် ယခုလေးတင် မကျေမနပ်ဖြစ်မှုကိုလုံးလုံးမေ့သွားခဲ့ကာသူသည်အလွန်စိတ်လှုပ်ရှားနေလေသည်။
လင်းဖန်သာအမှန်ဆိုလျှင်၊ ဤစာတမ်း၏တန်ဖိုးသည် အဆင့်သစ်တစ်ခုသို့ တိုးသွားလေသည်။
“အယ်ဒီတာချုပ်ကို မေးပြီး ပြီးကျွမ်းကျင်တဲ့သုံးသပ်သူကို ရှာရမယ်...”
ထို့နောက် ဟောဟွမ်သည် ယခုဖြစ်ပွားသောအိမ်ရှိလျှပ်စစ်ပစ္စည်းများ၏ မူမမှန်မှုကို ဆက်လက်ဂရုမစိုက်တော့ဘဲ လုံး၀မတောက်ပအယ်ဒီတာချုပ်၏ဖုန်းအား တိုက်ရိုက်ခေါ်လိုက်လေသည်။ .
…………
(သုံးသပ်တယ်ဆိုတာကစာမူကိုအရင်ပို့ရတာပါ။အဲ့စာမူလက်ခံတဲ့လူကနေတစ်ဆင့်အယ်ဒီတာချုပ်ကိုပြန်ပြောရပါတယ်။အယ်ဒီတာချုပ်ကလင်းဖန်ပို့တဲ့အချက်တွေကိုမှန်မမှန်ကိုသိပ္ပံမှာကျွမ်းကျင်တဲ့သူတွေကိုခေါ်ပြီးစမ်းသပ်ခိုင်းတာကိုပြောတာပါ)
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး