စိတ်ပျက်ခြင်း
Vol. 21 Ch. 307
အိပ်မက်ထဲမှာစော်တွေအများကြီးနဲ့ပျော်မြူးနေသောအယ်ဒီတာချုပ်သည် ရုတ်တရက် ဖုန်းသံကြောင့်သူ၏ပျော်မြူးနေသောအိမ်မက်ကိုပျက်စီးစေခဲ့သည်။
ထို့ကြောင့်သူသည်ဖုန်းခေါ်သည့်လူကိုဒေါသအမျက်ထွက်သွားလေသည်။
ထို့နောက်သူသည်ဟောဟွမ်ကိုဒေါသတစ်ကြီးပြောဖို့လုပ်လိုက်ပေမဲ့ဟောဟွမ်သည်သူ့ကိုစကားပြောခွင့်မပေးဘဲသူသည်လင်းဖန်အကြောင်းကိုပြောသွားလေသည်။
လင်းဖန်အကြောင်းကြားပြီးနောက်သူ၏မျက်လုံးသည်ချက်ချင်းတောက်ပသွားလေသည်။
ထို့ကြောင့်လင်းဖန်ပို့သောစာမူကိုသူ့ကိုပို့ရန်ဟောဟွမ်ကိုပြောလိုက်လေသည်။
....
“စူပါဘယ်ထရီ” စာတမ်းကိုမြင်ပြီးနောက် လူအယ်ဒီတာချုပ်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာဟောဟွမ် ကို ချက်ချင်း ချီးကျူးလိုက်လေသည်။
“သိပ္ပံ” ၏ အယ်ဒီတာချုပ်အနေဖြင့် ဤစာတမ်းသည်မည်သည်ကိုကိုယ်စားပြုလဲဆိုတာကိုသူအတိအကျသိလေသည်။
အချို့သောလူများသည် သိပ္ပံတွင် ထုတ်ဝေသည့်အပေါ်၎င်းတို့၏စာတမ်းများကို အလွန်ဂုဏ်ယူကြသည်။
အချို့သော စာတမ်းများဆို ၎င်းတို့ကိုကို သိပ္ပံကထုတ်ဝေရန် ရွေးချယ်ခဲ့ခြင်းအပေါ်များစွာဂုဏ်ယူစေသည်။
သိရန်ဒီကမ္ဘာတွင် “သိပ္ပံ” သည် ထိပ်တန်းဂျာနယ်တစ်ခုတည်းသာမဟုတ်ပေ။
အကယ်၍ ပြန်လည်သုံးသပ်ပြီးကြောင်းကို အကြောင်းမကြားပါကအခြားပါတီက သူ့ကို လျစ်လျူရှုထားသည်ဟု ခံစားမိကာအခြားဂျာနယ်သို့ ပြောင်းကာ ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သော “နီတာ” ကို ရွေးချယ်ခဲ့အဲ့အချိန်ကျမှနောင်တရလဲနောက်ကျသွားပြီဖြစ်သည်။
ထို့ကြောင့်၊ အယ်ဒီတာချုပ်သည် MIT(အမ်အိုင်တီ) မှ ပရော်ဖက်ဆာ စတီဟန်ဂျေနီထံသို့ “စူပါဘယ်ထရီစာတမ်း” ကို ချက်ချင်းပေးပို့လိုက်သည်။
နောက်တစ်နေ့တွင် MIT ဓာတုဗေဒဓာတ်ခွဲခန်းသည် အလွန်အသက်ဝင်နေလေသည်။
...
ဒါတွေနဲ့ပတ်သက်ပြီး လင်းဖန်ကဘာမှ မသိခဲ့ပေ။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လင်းဖန်သည် ကျောင်းသွားလိုက်၊ အိပ်လိုက်၊ စား၊ လိုက်လုပ်ပြီးနေ့တိုင်းကိုအေးအေးဆေးဆေး ကျောင်းသားဘ၀ကို တွေ့ကြုံခံစားနေလေသည်။
သူကသာ စိတ်အေးလက်အေးနဲ့ ဇိမ်ရှိနေပေမယ့် ပါမောက္ခ စတီဟန်ဂျေနီကတော့ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ ပရော်ဖက်ဆာ စတီဟန်ဂျေနီ သည် ‘’စူပါဘယ်ထရီစားတမ်း” နှင့်အညီ နေ့ရောညပါ တွက်ချက်မှုများလုပ်ကာ စမ်းသပ်စစ်ဆေးနေလေသည်။
ယနေ့တွင်၊ စမ်းသပ်မှု၏ရလဒ်များ သည်နောက်ဆုံးထွက်ပေါ်လာပြီး ၎င်းတို့သည် စာတမ်းပါအချက်အလက်များသည်အမှန်တစ်ကယ်မှန်ကြောင်းကိုအပြည့်အဝ သဘောတူညီခဲ့ကြသည်။
ဒါကိုကြားတော့အယ်ဒီတာချုပ်သည် စာတမ်းကို တိုက်ရိုက်ထုတ်ဝေရန် မတွန့်ဆုတ်ဘဲ မျက်နှာဖုံးတွင် ထင်ရှားသော ခေါင်းစီးတစ်ခုကို ထည့်သွင်းခဲ့လေသည်။
မိုဘိုင်းလ်ဖုန်း အီလက်ထရွန်းနစ် လုပ်ငန်းသည် ငြိမ်းချမ်းတော့မည်မဟုတ်ဟုဆို၍ပင်ဖြစ်သည်။
ထို့နောက် ဤစာတမ်းကြောင့် မိုဘိုင်းလ်ဖုန်း အီလက်ထရွန်းနစ် လုပ်ငန်းကြီးတစ်ခုလုံး ဆူပွက်သွားတော့သည်။
...
ထိုအချိန်၌ အမေရိကန်ပြည် ထောင်စု iphoneကုမ္ပဏီ၏ ဌာနချုပ်ဖြစ်သည်။
နည်းပညာဒါရိုက်တာသည် စာရွက်စာတမ်းအစုံအလင်ဖြင့် ဥက္ကဌကာကူ ထံသို့ အမြန်သွားလိုက်သည်။
ကာကူက “ဘာကိစ္စရှိလို့လဲ?”
“စူပါဘက်ထရီ။ အဲဒါကို ကြည့်ပါအုံး” နည်းပညာဒါရိုက်တာက ပြောလိုက်သည်။
ကာကူသည် အချက်အလက်များကို လျင်မြန်စွာ လှန်ကြည့်လိုက်ပြီး ခဏအကြာတွင် သူ၏မျက်နှာသည် ထိတ်လန့်မှုနှင့် လေးနက်မှုတို့ကို တဖြည်းဖြည်း ပြသလာတော့သည်။
“စာရွက်မှာပြောထားတဲ့အတိုင်း၊ ဒီနေ့ခေတ်မိုဘိုင်းဖုန်းတွေရဲ့ ဘက်ထရီပမာဏကို အနည်းဆုံး ထက်ဝက်လျှော့ချနိုင်ပြီးစွမ်းဆောင်ရည်ကို အဆပေါင်းများစွာ တိုးမြှင့်နိုင်တယ်တဲ့။ ဒီစာရွက်က ဘယ်လောက်မှန်နိုင်လဲ။”
တူညီသောဖွဲ့စည်းများတွင်အိုင်ဖုန်းကုမ္ပဏီကဲ့သို့ပင်ဖြစ်နေကြလေသည်။
နည်းပညာဒါရိုက်တာက “ဒီစာတမ်းကို MIT မှ ပရော်ဖက်ဆာ စတီဟန်ဂျေနီ က သုံးသပ်ထားပါတယ်။ သူက ဘက်ထရီနဲ့ ပတ်သက်တဲ့ အာဏာပိုင်တစ်ဦးဖြစ်တယ်။ နောက်ပြီး မနေ့ညကတည်းကစာရွက်ထဲကအတိုင်းအရေးပေါ် စမ်းသပ်မှုတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်။ ဖော်ပြထားသော အချက်အလက်များသည် ယေဘူယျအားဖြင့် တူညီတယ်လို့ဆိုပါတယ်။”
“ဒါကြောင့် မှားဖို့ဆိုတာကဖြစ်နိုင်စရာအကြောင်းမရှိဘူး။”
ဒါကိုကြားတော့ ကာကူက စားပွဲပေါ်ရှိ ဖုန်းကို ကိုင်ကာနံပါတ်တစ်ခုကိုခေါ်လိုက်လေသည်။ “ဝီလ်ဆင်၊ ကျွန်တော် ဖြစ်နိုင်သမျှ အချိန်အတိုဆုံး “စူပါဘယ်ထရီစာတမ်း’’ကို ရယူလိုတယ် အချိန်အတိုဆုံးနော်”
“ဟုတ်!” ဝီလ်ဆင် သည်ချက်ချင်းပြန်ဖြေလိုက်လေသည်။
...
နိုင်ငံကျော် ကြယ်လေးပွင့်အဖွဲ့။
ဥက္ကဌ လီကောင်ရှီ က သူ့ရှေ့က ဒါရိုက်တာရဲ့ အစီရင်ခံစာကို နားထောင်ပြီး “စူပါဘက်ထရီလား? ဒါအပြင်ဒါကိုဟွာရှလူက ဖန်တီးထားတဲ့ စူပါဘက်ထရီလား”
ခဏအကြာတွင် လီကောင်ရှီက “ကဲ၊ ငါတို့ လက်နှစ်ခုပြင်ဆင်ရထားရယ်”
“ပထမ၊ ဖြစ်နိုင်သမျှ အချိန်တိုအတွင်း လင်းဖန်အမည်ရှိဟွာရှလူ နှင့် ဆက်သွယ်ပြီး စူပါဘက်ထရီအတွက် မူပိုင်ခွင့်ကို ဝယ်ယူရန် တတ်နိုင်သမျှကြိုးစားပါ။”
“ဒုတိယအချက်၊ ဤ ဟွာရှလင်းဖန်ကငါတို့ကျွန်းနိုင်ငံအဖွဲ့ဝင်ဖြစ်မဖြစ် စစ်ဆေးကြည့်ပါ။”
“ဟုတ်ကဲ့” ဒါရိုက်တာက လေးစားစွာ ပြောလိုက်လေသည်။
...
တရုတ်၊ ဒီဟွမ်မိုဘိုင်းအုပ်စု။
ဥက္ကဌ ရီဖန်သည် သိပ္ပံနည်းကျ သုတေသနအစီရင်ခံစာများကို တစ်နေ့လျှင် အနည်းဆုံး တစ်နာရီခန့် အချိန်ဖြုန်းလေ့ရှိသည်။
နည်းပညာသည် တိုးတက်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း သူကောင်းကောင်းသိသောကြောင့်ဖြစ်သည်။
စားပွဲပေါ်ရှိ “သိပ္ပံပညာ” ၏ နောက်ဆုံးထုတ်စာစောင်ကို ကောက်ကိုင်လိုက်သောအခါ မကြာမီ မျက်နှာဖုံးရှိခေါင်းစဉ်ကြောင့်ချက်ချင်းသူ့ကိုဆွဲဆောင်ခံလေသည်။
နောက်တော့ ရီဖန် က သူ့ခေါင်းတစ်ခုလုံးသည်စာအုပ်ထဲမှာမြှုပ်နှံလုနီးပါးဖြစ်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်၊ “ဘက်ထရီ ပမာဏ အများကြီး တိုးနိုင်တယ်၊ အများကြီး တိုးနိုင်တယ်...”
ရီဖန်သည်ကဖုန်းကိုကိုင်ကာနံပါတ်တစ်ခုကိုဆက်လိုက်လေသည်။ “ဒါရိုက်တာ လီ “သိပ္ပံ” ရဲ့ နောက်ဆုံးထုတ်စာစောင်ကို ဖတ်ပြီးပြီလား” လို့ မေးလိုက်သည်။
“မင်းပြောနေတာက စူပါဘက်ထရီတွေရဲ့ တည်ဆောက်မှုနဲ့အသုံးချမှုအကြောင်း ပြောတာလား။ “ ဒါရိုက်တာလူက ပြောလိုက်လေသည်။
“အိုး။ စာရွက်ထဲက အကြောင်းအရာကို ဘယ်လိုထင်လဲ၊ ဖြစ်နိုင်ပါ့မလား” ရီဖန် က မေးလိုက်သည်။
“အခြေခံယုတ္တိဗေဒအရကတော့ ပြဿနာမရှိဘူစ။ဒါကိုစမ်းသပ်မှုနဲ့ အတည်ပြုရန် လိုအပ်ပါသည်။” ဒါရိုက်တာ လူကပြောလိုက်လေသည်။
ရီဖန် က “မင်းအရာရာကို ဖယ်ထားလိုက်ပြီးတော့ စမ်းသပ်မှုကို အချိန်တိုအတွင်း အတည်ပြုဖို့လူ ၂၀ ကနေ ၅၀ လောက်ရှိတဲ့ သိပ္ပံသုတေသနအဖွဲ့ကို အပ်လိုက်ပါ!”
“ကောင်းပြီ!” ဒါရိုက်တာ လူက ချက်ချင်းပြန်ဖြေလိုက်သည်။
ထို့နောက် ရီဖန်သည်နောက်ထပ် နံပါတ်ကို ခေါ်ဆိုလိုက်ပြီး “ကျန်ပေ့တက္ကသိုလ်ကလင်းဖန်ကို ဆက်သွယ််ရန်အချက်အလက်ကို တတ်နိုင်သမျှ အမြန်ဆုံး ကူညီရှာဖွေပေးပါ” ဟု ပြောကြားခဲ့သည်။
“ဟုတ်ကဲ့!” ဖုန်းထဲရှိတစ်ဘက်လူကပြန်ဖြေလိုက်လေသည်။
ရီဖန်ရုံးခန်းထဲမှာခဏတာငြိမ်ငြိမ်ထိုင််နေလိုက်လေသည်။ ခဏလောက်စဉ်းစားပြီးမှ သူသည် နောက်ထပ်ဖုန်းတစ်ခုကိုထပ်ခေါ်ပြီး “ကျန်ပေ့ ကို သွားဖို့လက်မှတ်ဝယ်ထားပေးပါ၊ မြန်လေကောင်းလေပဲ”
...
မိုဘိုင်းလ်ဖုန်းလုပ်ငန်း အကြီးစားအများအပြားသည် စူပါဘက်ထရီအကြောင်းကို သတိပြုမိလိုက်ကြသည်။
လင်းဖန်ကိုဆက်သွယ်ရန်အချက်အလက်များကိုရှာဖွေခဲ့သောလည်း အများစုမှာလင်းဖန်စာမူပို့ခဲ့သောအီးမေးလ်ကိုသာတွေ့ခဲ့ကြသည်။
ဖုန်းနံပါတ်၊မိသားစုရဲ့ လိပ်စာအတိအကျကိုတော့ တစ်ယောက်မှမသိရပေ။
တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
လင်းဖန်သည် နဂါးအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့်၎င်း၏အထောက်အထားကိုဝှက်ထားလေသည်။
ထို့အပြင် လင်းဖန်သည် တစ်ချိန်က ငလျင်ကြိုတင်ခန့်မှန်းစက်တစ်ခုကို တီထွင်ခဲ့ပြီး သင်္ချာပုစ္ဆာများစွာကိုလဲဖြေရှင်းခဲ့ပြီး မည်သည့်အင်တာဗျူးကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လင်းဖန် သည် မည်သည့်နည်းဖြင့်မျှ စိတ်အနှောင့်အယှက်ခံမည်မဟုတ်ကြောင်းကိုလည်း တာဝန်ရှိသူများကနားလည်လေသည်။
ဒါကြောင့်ထုံးစံအတိုင်း... ဒီအချက်အလက်တွေကို တခြားသူတွေမသိတာပုံမှန်ပင်ဖြစ်သည်။
ဖုန်းနံပါတ်မသိ၊ လိပ်စာအတိအကျမသိ...
စိတ်ပျက်အားငယ်စွာဖြင့်၊ မိုဘိုင်းလ်ဖုန်းကုမ္ပဏီ၏ အကြီးတန်းစီမံခန့်ခွဲမှုများသည် လင်းဖန်အီးမေးလ်သို့ အီးမေးလ်များ အဆက်မပြတ်ပေးပို့နေကြသည်။
သို့သော်၂၃ ရာစုမှာရှိတဲ့လူငယ်တစ်ယောက်အနေနဲ့ သူ့အီးမေးလ်ကိုစစ်ဖို့ကမဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး