ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 21 Ch. 308
ထိုညတွင် လင်းဖန်သည် ရီကေမြို့သို့ သွားကာချူစီရှင်းနှင့်ဟေးတီတို့နဲ့အတူပျော်ရွှင်သောညကိုဖြတ်သန်းလေသည်။
......
နောက်တစ်နေ့တွင် လင်းဖန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့်စာသင်ခန်းထဲသို့ဝင်လာလေသည်။
ထိုအချိန်တွင် အတန်းတက်ရန် မိနစ်အနည်းငယ်သာလိုတော့သည်။အနီးနားရှိ ကျောင်းသားများသည် ဂိမ်းဆော့တဲ့လူကဆော့၊တီဗီဒရာမာအကြောင်း စကားစမြည်ပြောဆိုနေကြသည်။
“ကလင် ကလင် ကလင်!”
ခေါင်းလောင်းသံကြားပြီးနောက် ပါမောက္ခဟောင်းကြီး ဝင်လာလေသည်။
ထို့နောက်သူသည်ထပ်မံ ဟောပြောလေသည်။(ဟောပြောတာကစာအကြောင်းပြောတာကိုပြောတာပါ)
ဒါကိုကြားတော့လင်းဖန်သည် သူ့ရဲ့မျက်ခွံများလေးလံလာသည်ကိုခံစားလိုက်ရပြီးနောက်အိပ်ပျော်သွားလေသည်။
“ကလင် ကလင် ကလင်”
ခေါင်းလောင်းသံ ထွက်လာတော့မှပါမောက္ခဟောင်းက ဟောပြောတာကို ရပ်လိုက်လေသည်။
ထိုအချိန်တွင် အပြင်ဘက်ကနေခြေသံများထွက်ပေါ်လာလေသည်။
“လင်းဖန်... လင်းဖန်ရှိလား”
ပရော်ဖက်ဆာအိုကြီးနှင့် အတန်းဖော်များအားလုံးသည် အသံထွက်ရာတံခါးဆီသို့ ကြည့်လိုက်ကြသည်။
မကြာသေးမီက လင်းဖန်နှင့်ဆုံခဲ့ဖူးသော ပရော်ဖက်ဆာကျောက်ကျူ နှင့် လီဖန်တို့ဖြစ်သည်။
ပရော်ဖက်ဆာဟောင်းက သူတို့ကို သိလေသည်။ထို့ကြောင့်သူကမေးလိုက်လေသည်။ “ပါမောက္ခ ကျောက်ပါမောက္ခလီ၊ လင်းဖန်ကို ဘာကိစ္စရှိလို့လာရှာလဲမသိဘူး။”
ပါမောက္ခဟောင်းက မေးတာ အံ့သြစရာမဟုတ်ပေ။
သင်္ချာကောလိပ် သို့မဟုတ် ရူပဗေဒကောလိပ်ရှိ ဆရာ သို့မဟုတ် ပါမောက္ခဖြစ်တဲ့လူတွေသာလင်းဖန်ကိုလာရှာရင်နားလည်ရလွယ်လေသည်။
ဘာလို့ဆိုလင်းဖန်သည် သင်္ချာမှာထူးချွန်သူဖြစ်သောကြောင့်ပင်ဖြစ်သည်။
သင်္ချာသည် ရူပဗေဒဘာသာရပ်တွင်လဲရှုပ်ထွေးသော တွက်ချက်မှု ပြဿနာများ ပါဝင်လေသည်။ထို့ကြောက်ရူပဗေဒဆရာတွေလာရှာရင်နားလည်လို့ရသည်။
ဒါပေမယ့်အခုမေးစရာကတော့ ကျောက်ကျူနဲ့ လီဖန်တို့သည် ဓာတုဗေဒကျောင်းက ပါမောက္ခတွေဖြစ်ကြသည်။
ဓာတုဗေဒဘာသာရပ်သည် အထူးရှုပ်ထွေးသော တွက်ချက်မှုများ မပါပေ။ဒါဆိုဘာလို့လာရှာတာလဲ။
လီဖန်က “လင်းဖန်က စူပါဘက်ထရီစာရွက်ကို “သိပ္ပံ” မှာ ထုတ်ဝေလိုက်ပြီ’’
ဒီလိုပြောပြီးနောက် သူ့အသံသည် တုန်လှုပ်ခြောက်ခြားသွားလေသည် ။
လီဖန်သည် ဓာတုဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး ဘက်ထရီနှင့်ပတ်သက်၍ နက်နဲစွာ သုတေသနပြုလုပ်ထားဘေသည်။
လင်းဖန်းလေ့လာခဲ့သော စူပါဘက်ထရီသည် အမှန်တကယ်ဘာကိုကိုယ်စားပြုသောအရာကို သူကောင်းစွာသိသည်။
ပြီးတော့သူနှင့် ကျောက်ကျူတို့၏ အမည်များကို စာရွက်ပေါ်တွင်ပင် ပေါင်းထည့်ခဲ့သည်။
အဲဒါကလည်း ဂုဏ်ယူစရာပင်ဖြစ်သည်။
လီဖန်ရဲ့ စကားဆုံးသွားတာနဲ့စာသင်ခန်းတစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။
“သဘာဝပတ်ဝန်းကျင်” နှင့် “သိပ္ပံ” ကို သိပ္ပံသုတေသန၏ သရဖူများအဖြစ် လူသိများသည်။(အဖွဲ့စည်းနှစ်ခု)
သိပ္ပံနည်းကျ သုတေသနတွင် ပါဝင်ပတ်သက်သူအားလုံးသည် တစ်နေ့တွင် စာတမ်းများ ထုတ်ဝေနိုင်မည်ဟု အိပ်မက်မက်ကြသည်။
လင်းဖန်သည် ဉာဏ်ကြီးရှင်ဖြစ်သည်။
သို့သော်သူသည် သင်္ချာဉာဏ်ကြီးရှင်ဖြစ်သည်။
“သိပ္ပံ” မှာ စာရွက်ကိုဘယ်လိုထုတ်ဝေတာလဲ။
ပြီးတော့ အဲဒါက စူပါဘက်ထရီလေ။
ဒါ…
လင်းဖန်က ဓာတုဗေဒကို ဘယ်တုန်းက စလေ့လာခဲ့တာလဲ။
“ခေါ် ခလူး..!”
အတန်းရုတ်တရက် တိတ်ဆိတ်သွားသောအခါ လင်းဖန်၏ ဟောက်သံသည် ထူးထူးခြားခြားထွက်ပေါ်လာလေသည်။
ပရော်ဖက်ဆာဟောင်း၊ အတန်းဖော်အားလုံးအပြင် တံခါးဝတွင်ရပ်နေသော ကျောက်ကျူနှင့် လီဖန်တို့သည်ဟောက်နေသောလင်းဖန်ကိုကြည့်လိုက်ကြသည်။
လူတိုင်း၏စိတ်ထဲတွင် တူညီသောအတွေးတစ်ခုဝင်လာတော့သည်။ မနေ့က သူသည်နောက်ထပ်ပြဿနာတစ်ခုကိုဖြေရှင်းရန်ကြိုးစားခဲ့တာပဲ’’ဟူ၍ပင်ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်သည် အိပ်ကျော်နေရာရာမှ ဖြည်းညှင်းစွာ နိုးလာလေသည်။
သူသည် လူတိုင်း၏အကြည့်ကြောင့်သူသည်ခဏတာကြောင်တောင်တောင်ဖြစ်သွားလေသည်။
ထို့ကြောင့်သူသည်စိတ်ထဲတွင် ရေရွတ်လိုက်လေသည်။ အရင်တုန်းကငါအိပ့်ရာထရင််သူမှမကြည့်ပါဘူး။ ဒီနေ့မှဘာလို့ အားလုံးက ငါ့ကို ကြည့်နေကြတာလဲ။ဟူ၍ပင်ဖြစ်သည်။
ထိုအချိန်တွင်ပါမောက္ခဟောင်းက ရိုးသားစွာ ချီးကျူးလိုက်လေသည်။ “ကျောင်းသား လင်းဖန်၊ မင်းက လူတော်လေးပဲ၊မင်းက လူတိုင်းအတွက် စံနမူနာယူစရာတစ်ခုပဲကွာ”
ပါမောက္ခဟောင်းက ဦးစွာ ချီးကျူးလိုက်
ပြီးတာနဲ့ ချက်ချင်းပဲအတန်းထဲမှာရှိတဲ့ ကျောင်းသားတွေ အားလုံးက သြဘာပေးလိုက်ကြလေသည်။
ထိုအချိန်တွင်လင်းဖန်သည်ကြောင်တောင်တောင်ဖြစ်နေလေသည်။ဘာလို့ဆိုသူတို့ဘာကိုပြောမှန်းသူမသိသောကြောင့်ပင်ဖြစ်သည်။
ကျောက်ကျူနှင့် လီဖန်တို့သည် လင်းဖန်စီသို့အလျင်အမြန် လျှောက်သွားလိုက်ကြသည်။
“ကျောင်းသား လင်းဖတ်မင်းရဲ့ “စူပါဘယ်ထရီ” ကို “သိပ္ပံ” မှာ ထုတ်ဝေလိုက်ပြီ’’ဟုနှစ်ယောက်သားပြိုင်တူပြောလိုက်လေသည်။
ထို့နောက်လီဖန်က “သိပ္ပံ” စာတမ်း(စတမ်းကသတင်းလိုမျိုးပါ။ပုံစံကစာအုပ်ပုံပါ။သိပ္ပံကသတင်းစာလိုမျိုးဟိုဟာထည့်၊ဒီဟာထည့်မဟုတ်ပါ။သူတို့ကစမ်းသပ်ပြီးမှန်တာကိုသာထုတ်ဝေတာပါ)ကို အလျင်စလို ထုတ်ယူလိုက်သည်။
ဒါကိုကြားတော့ပါမောက္ခဟောင်းနှင့် အတန်းဖော်များအားလုံး၏ မျက်နှာပေါ်တွင်ထိတ်လန့်မှုတွေပေါ်လာလေသည်။
“သိပ္ပံ” စာတမ်းသည်တစ်ခါ၊တစ်ခါထုတ်ဝေရန်မှာအလွန်ရှားပါးသည်။(ပြောချင်တာကစာတမ်းထုတ်ဝေတာကအရမ်းရှားတယ်လို့ပြောချင်တာပါ)
ဒါ…
ဒါ..
လူတိုင်းရဲ့ အံ့အားသင့်စရာတွေနဲ့ ယှဉ်ရင်လင်းဖန်ကတော့ပုံမှန်ပင်ဖြစ်သည်။
ထို့နောက်သူသည်ပါမောက္ခဟောင်းကဘာလို့သူ့ကိုချီးကျူးရတာလဲဆိုတာကိုသိလိုက်လေသည်။
လင်းဖန်သည် သူ့လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီကို စိုက်ကြည့်ကာ တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ရက်အနည်းငယ်အတွင်း စာတမ်းသည် သုံးသပ်ပြီးအောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သည်။
ရှောင်ဘိုင်ရဲ့ စွမ်းရည်က တစ်ကယ့်ကိုအသုံးဝင်တာပဲ။
လီဖန်က “ပါမောက္ခကျောက်နဲ့ ငါကမင်းကို လုံးဝမကူညီခဲ့ဘူး၊ ရလဒ်အနေနဲ့ မင်း ငါတို့ကို ဒုတိယနေရာမှာ ရေးပေးခဲ့တယ်၊ ဒါကရှက်ဖို့်ကောင်းလိုက်တာ”
သူသာဒီလိုပြောတာသူ့မျက်နှာမှာတော့အလွန်ပျော်နေသည်က်ုအတိုင်းသာမြင်နေရလေသည်။
ဒါကိုကြားတော့ပရော်ဖက်ဆာအိုဟောင်းသည် ငြူစူသော်အမူအရာကိုပြသလိုက်လေသည်။
လင်းဖန်က “မင်းကဘက်ထရီ စမ်းသပ်ချက်ကို ပြခဲ့ပြီး ငါ့ကို ကူညီပေးခဲ့တယ်လေ၊ ဒါကြောင့် ဒုတိယနေရာမှာရေးတာကဖြစ်သင့်တာပေါ့ “
ဘက်ထရီစမ်းသပ်ချက်ကိုပြပြီးနောက် “သိပ္ပံ”စာတမ်း ၏ဒုတိယနေရာတွင်ရေးခြင်းကိုရခဲ့သည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် နောက်ထပ် ခြေသံများထွက်ပေါ်လာလေသည်။
ထို့နောက်ကျန်ပေ့တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဖန်ဝမ်သည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူလမ်းလျှောက်လာခဲ့သည်။
ဖန်ဝမ်က ပြုံးပြီး “ပါမောက္ခ ကျောက်၊ ပါမောက္ခ လီ၊ ပရော်ဖက်ဆာ ဟောင်း၊ မင်းတို့ကိုဒီမှာတွေ့မယ်လို့မထင်ထားဘူး” လို့ပြောလိုက်သည်။
ထို့နောက် လင်းဖန်အား စိုက်ကြည့်ကာ သူ့ဘေးနားရှိ အမျိုးသားကို လက်ညှိုးထိုးပြကာ “ကျောင်းသား လင်း၊ ဒါဟွာအုပ်စု ဥက္ကဋ္ဌ မစ္စတာရန်ဖေး။ သူကမင်းနဲ့ ဆွေးနွေးစရာရှိလို့တဲ့”
ရန်ဖေးက ကမန်းကတန်းဖြင့်”မစ္စတာလင်း၊ မင်္ဂလာပါ။”ဟုနှုတ်ဆက်လိုက်လေသည်။
လင်းဖန်က “ဟယ်လို မစ္စတာရန်ဖေးမင်းကငါနဲ့ဘာဆွေးနွေးဖို့လဲမသိဘူးက ။”
ရန်ဖေးကခဏတာ တုံ့ဆိုင်းပြီးနောက်”ကျွန်တော်က စူပါဘက်ထရီကိစ္စကိုမစ္စတာလင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်လို့ပါ” လို့ပြောလိုက်လေသည်။
စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
ယခင်က လင်းဖန်သည် အလွန်အံ့ဖွယ်ကောင်းသော သိပ္ပံစာတမ်းတစ်စောင်ကို ထုတ်ဝေနိုင်ခဲ့သောကြောင့်ကျောင်းသားအားလုံး သည်လင်းဖန်ကိုအရက်ကထက်ပိုပြီးလေစားခဲ့လေသည်။
ယခုအချိန်တွင်တော့သူတို့သည် လင်းဖန်ကိုမနာလိုမှုအပြည့်ဖြင့်ကြည့်လိုက်လေသည်။
သိရန်ဟွာအုပ်စု သည် တရုတ်ဆက်သွယ်ရေးစက်မှုလုပ်ငန်းတစ်ခုလုံးတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။
ဟွာအုပ်စုသည်သူတို့ဘယ်လောက်တန်ကြေးရှိကြောင်းကိုမပြောထားသော်လည်း ပြင်ပခန့်မှန်းချက်များအရ ၎င်း၏စျေးကွက်တန်ဖိုးသည် အနည်းဆုံး ယွမ် ၂ ထရီလီယံရှိသည်ဟုဆိုကြသည်။
လင်းဖန်၏ စူပါဘက်ထရီကြောင့် ယခုကဲ့သို့ လုပ်ငန်းကြီးတစ်ခု၏ ဥက္ကဋ္ဌသည် ပူးပေါင်းဆောင်ရွက်လိုကြောင်းကိုလူကိုယ်တိုင်လာကာဆွေးနွေးခဲ့သည်။
ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ဘယ်လောက်တောင်မှရှိသင့်လဲ။
100000000?
သန်း 300?
ဒါမှ မဟုတ် ဒီထက်ပိုလား.....
ဒါကို ကျောင်းသားတွေ အားလုံးက တွေးကြတဲ့အခါ လည်ချောင်းတွေ ခြောက်သလိုခံစားလိုက်ရလေသည်။
ယင်းနှင့်ပတ်သက်၍...
လင်းဖန်က “အိုကေ၊ဒါဆိုလဲပူးပေါင်းဆောင်ရွက်ကြတာပေါ့” ဟု ပြတ်ပြတ်သားသားပြောလိုက်လေသည်။
တကယ်တော့ လင်းဖန်သူ့ကိုယ်ပိုင် ကုမ္ပဏီနဲ့ စက်ရုံကို တည်ထောင်လို့ရလေသည်။
သို့သော် သူသည် ဤသို့အလုပ်ရှုပ်တာကိုမကြိုက်တာကြောင့်အတည်ထောင်ဆုဲးဖြတ်ထားခြင်းဖြစ်သည်။
ထို့အပြင် ဟွာအုပ်စုသည် အမြဲတမ်း နာမည်ကောင်းရှိသောကြောင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုက်တန်တယ်လို့ဆိုလို့ရသည်။
ရန်ဖေးက ဝမ်းသာအားရနဲ့ “ဒါဆို ငါတို့က တခြားတစ်နေရာမှာစကားသွားပြောကြမလား။ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ စာချုပ်သွားချုပ်လိုက်ရအောင်”
လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး