ရွေးချယ်ခြင်း
Vol. 21 Ch. 309
အတန်းဖော်များ၏ မနာလိုမှုအောက်တွင်ရန်ဝမ် လင်းဖန်နှင့် ရန်ဖေးတို့သည်အပြင်သို့်ထွက်ခဲ့ကြလေသည်။
ခဏအကြာတွင် ကျန်ပေ့ တက္ကသိုလ်၏ဒုတိယဥက္ကဌ ဖန်ဝမ်၏ရုံးခန်းသို့လင်းဖန်တို့ရောက်ရှိလာသည်။
ဖန်ဝမ် သည် လူငယ်ပါရမီရှင်များစွာနှင့်ဆက်ဆံဖူးလေသည်။
ဒါပေမယ့် ဒီလူငယ် ဉာဏ်ကြီးရှင်တွေကသူတို့ကိုယ်သူတို့ အမြဲတမ်း မော်ကြွားလေ့ရှိသည်။
လင်းဖန်ကို စာသင်ခန်းထဲတွင် ပထမဆုံးအကြိမ်တွေ့ပြီးနောက် ဖန်ဝမ် သည် လင်းဖန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
လင်းဖန်၏အမူအရာသည် အမြဲတမ်း အလွန်တည်ငြိမ်ကြောင်း ဖန်ဝမ်သူတွေ့ရှိခဲ့သည်။
ထို့ကြောင့်သူသည်စိတ်ထဲတွင်လင်းဖန်ကိုမချီးမွှမ်းပဲနေနေနိုင်ပေ။ထို့ကြောင့်သူ၏စိတ်ထဲတွင်’’ မျှော်လင့်ထားသည့်အတိုင်းပဲ သူသည် သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပြီးတယ်။ငလျင်ကြိုတင်ခန့်မှန်းစက်နှင့် စူပါဘက်ထရီကို တီထွင်ခဲ့သူ ပါရမီရှင်တစ်ဦးဖြစ်တာတောင်မော်ကြွားမှုမရှိဘူး။သူကတစ်ခြားသူနဲ့တစ်ကယ်ကွဲပြားတာပဲ။’’ဟူ၍ပင်ဖြစ်သည်။
ရန်ဖေးသည်ထိုင်ခုံတစ်ခုတွင်ထိုင်ပြီးနောက် “မစ္စတာလင်း၊ ဟွာအုပ်စုသည် စီးပွားရေးလုပ်ငန်းကြီးကိုနှစ်ခုအဖြစ် ပိုင်းခြားထားသည်၊ ပထမတစ်ခုကတော့ ဆက်သွယ်ရေးပစ္စည်းပဲ၊ ဒုတိယကတော့ စမတ်ဖုန်းဖြစ်တယ်ဆိုတာကို မင်းလဲသိပါလိမ့်မယ်။”
ရန်ဖေးသည်သူနဲ့ပူးပေါင်းမည့်ကိစ္စကို ပြောပြချင်ပုံပေါက်နေတာကို မြင်လိုက်ရတော့ လင်းဖန်က “ဥက္ကဌ ရန်၊ မင်းက ငါ့ရဲ့ စူပါဘက်ထရီနဲ့ ပူးပေါင်းချင်တယ်လို့ ပြောခဲ့တယ်မလား၊ဒါကြောင့် တိကျတဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို ပြောကြည့်ကြရအောင်။”
လင်းဖန်သည် စကားအပိုပြောခြင်းကို မကြိုက်ကြောင်းရန်ဖေးသည်ချက်ချင်းနားလည်လိုက်သည်။
ထို့ကြောင့်သူက “စူပါဘက်ထရီအကြောင်းကိုတော့ကျနော်အနည်းငယ်သိပါတယ်။အဲဒါကို တီထွင်ဖို့ စွမ်းအင်(အသိဉာဏ်)အများကြီးသုံးထားရမှာပဲ၊ ဒါကြောင့် မူပိုင်ခွင့်ကို တိုက်ရိုက်ဝယ်ဖို့ မစီစဉ်ထားပါဘူး”
လင်းဖန်က စွမ်းအင်အများကြီးသုံးထားတယ်လို့ ပြောချင်တာလား။
မင်းအရမ်းတွေးလွန်နေပီ။
ဘက်ထရီစမ်းသပ်ချက်တစ်ခုကို ကြည့်ရှုပြီးနောက် ဘက်ထရီစာအုပ်အချို့ကို ဖတ်ရန်အချိန်တစ်နာရီခန့်ကြာခဲ့သည်။ပြီးနောက်သူသည်စနစ်မှစူပါဘယ်ထရီကရရှိခဲ့သည်။
ဒီကြောင်းကိုသာရန်ဖေးသိပါကလောက်ကကြီးကမတရားဘူးဆိုပြီးထိုင်ငိုနေမှာကြိမ်းသေလေသည်။
ရန်ဖေးကပဲဆက်လက်ပြောလိုက်လေသည်။ “ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းနှစ်ခုကို ကျွန်တော် ယာယီပြင်ဆင်ထားပါတယ်။ မစ္စတာလင်း ဦးစွာနားထောင်ပေးပါဗျ။”
“ပထမအမျိုးအစားကတော့ဟွာအုပ်စု သည် စူပါဘက်ထရီကို ၁၀ နှစ်ကြာ အသုံးပြုခွင့် ရရှိရန် ယွမ်သန်း ၅၀၀ ပေးပါမယ်။ ဒီကြားထဲမှာပဲသင်သည် အခြားကုမ္ပဏီများနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကိုလဲဆက်လက် လက်မှတ်ရေးထိုးနိုင်တယ်”
“ဒုတိယအမျိုးစကတော့ ကျွန်ုပ်တို့၏ ဟွာအုပ်စုသည် စူပါဘတ္ထရီ 10 နှစ် အထွေထွေအေဂျင်စီအခွင့်အရေးများရရှိရန်အတွက် ယွမ်ငွေ 1.5 ဘီလီယံသုံးစွဲပါမယ်(ပြောချင်တာက၁၀နှစ်လင်းဖန်စီကငှားပါမယ်။အဲ့၁၀နှစ်အတွင်းသူတို့လုပ်ချင်တာကိုလုပ်ပါမယ်။အဲ့သဘောပါ)။ အခြားကုမ္ပဏီများအနေဖြင့် စူပါဘက်ထရီကို အသုံးပြုလိုပါက ကျွန်ုပ်တို့၏ ဟွာအုပ်စု နှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။”
“အဟော့...”
သူတို့ဘေးတွင်ထိုင်နေသော ဒု-ကျောင်းအုပ် ဖန်ဝမ်သည်ရန်ဖေး၏စကားကြောင့်သောက်နေသည့်ရေတောင်နင်သွားလေသည်။
သန်း 500!
1.5 ဘီလီယံ
ဖန်ဝမ်သည် ကြီးကျယ်ခမ်းနားသောစာချုပ်များစွာကို မြင်တွေ့ခဲ့ရသည်ဟုလည်း ယူဆနိုင်သည်။
သို့သော်လည်း ဤမျှများပြားသော အရေအတွက်ကြောင့် သူ အံ့အားသင့်နေဆဲဖြစ်သည်။(ပြောချင်တာကသူကအဲ့လောက်ပိုက်ဆံအများနဲ့ချုပ်တဲ့စာချုပ်ကိုမမြင်ဖူးလို့ဆိုတာပါ)
လင်းဖန်၏အမူအရာသည် အမြဲတမ်း တည်ငြိမ်နေကာသူသည်”ဒုတိယတစ်မျိုး” ဟု တိုက်ရိုက်ပြောလိုက်သည်။
လင်းဖန်သည် 1.5 ဘီလီယံကိ ရွေးချယ်ရခြင်းမှာပိုက်ဆံများသောကြောင့်မဟုတ်ပေ။
သိရန်…
1.5 ဘီလီယံသည် တန်ဖိုးကြီး ရုံးခန်း အဆောက်အအုံတစ်ခု၏ စျေးနှုန်းသာဖြစ်သည်။
လင်းဖန် တွင် ထိုသို့သော ရုံးအဆောက်အဦများစွာရှိလေသည်။
ထို့အပြင် လင်းဖန်၏ကိုယ်ပိုင်ဘဏ်အကောင့်တွင်လဲယွမ်ဘီလီယံများစွာရှိသေးသည်။
သူဒီလိုလုပ်ရသည့်အကြောင်းရင်းမှာမတူညီသောကုမ္ပဏီများနှင့် မကြာခဏ စာချုပ်များချုပ်ဆိုရန်မှာသူအတွက်အလုပ်ရရှုပ်လွန်းသည်ဟု ခံစားမိခြင်းကြောင့်ဖြစ်သည်။
“ဂရု!”
သူ့ဘေးတွင်ထိုင်နေသော ဖန်ဝမ်သည်တံတွေးတစ်လုတ်ကိုမျိုချလိုက်လေသည်။
1.5 ဘီလီယံ
ရန်ဖေးသည်လဲက အသက်ပြင်းပြင်းရှူပြီး နောက်”ကောင်းပြီ၊ဒါဆို စာချုပ်ချုပ်ရအောင် “ လို့ပြောလိုက်လေသည်။
နည်းပညာဒါရိုက်တာသည် စာရွက်ဒေတာနှင့် ပြဿနာမရှိကြောင်း သက်သေပြရန်အတွက် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။
သို့သော်၊ 1.5 ဘီလီယံမူပိုင်ခွင့်အေဂျင်စီစာချုပ်သည် ရန်ဖေးသူ့အတွက်ပင်ကြီးမားသောအလောင်းအစားဖြစ်နေဆဲဖြစ်သည်။
ဘာလို့ဆျုမကြာမီပင်တစ်ယောက်ယောက်က ပိုကောင်းတဲ့ဘက်ထရီကိုတီထွင်ခဲ့မယ်ဆိုရင် ဟွာအုပ်စုအတွက် သေချာပေါက် ထိခိုက်မည့်ကိစ္စဖြစ်သည်။
“အက်ကွဲ၊ တိတ်!”
ခဏအကြာတွင်ရန်ဖေး၏ရှေ့နေသည်စာရွက်စာတမ်းသုံးခုကိုယူကာရန်ဖေးကိုပေးလိုက်လေသည်။
ရန်ဖေးသည်စာချုပ်ကို မိနစ် 20 ခန့်ကြာသည်အထိ သေသေချာချာ စစ်ဆေးပြီးနောက် သူက စာချုပ်ကို လင်းဖန်ထံ လွှဲပေးပြီး “မစ္စ လင်း ကျေးဇူးပြုပြီး ကြည့်ပေးပါ” လို့ ပြောလိုက်လေသည်။
ရန်ဖေး၏၏သတိထားမှုနှင့်ယှဉ်လျှင် လင်းဖန်ကပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။
လင်းဖန်သည် စာချုပ်ကို အမြန်လှန်လိုက်ပြီး စက္ကန့် ဆယ်ဂဏန်းမျှသာကြာပြီးနောက် သူရပ်လိုက်ပြီး “ကောင်းပြီ၊ စာချုပ်က အဆင်ပြေပါတယ်။ အဲဒါကို တိုက်ရိုက်လက်မှတ်ထိုးလို့ရမလား?”
ဒါကိုတွေ့တော့ရန်ဖေးသည်ခဏလောက် ထိတ်လန့်သွားလေသည်။
သူကစာချုပ်ကိုသေချာမကြည့်ဘူးလား။
ဒါက 1.5 ဘီလီယံတန်စာချုပ်။
လင်းဖန်သည် စကင်န်ဖတ်နိုင်စွမ်းရှိကြောင်း ရန်ဖေးကဘယ်လိုသိနိုင်မှာလဲ။
ကြည့်ရှုရန် အချိန်တိုတောင်းသော်လည်း စာချုပ်ပါအကြောင်းအရာကို နားလည်မှုအဆင့်သည် ရန်ဖေးထက် များစွာကျော်လွန်သည်။
ယခုအချိန်တွင် လင်းဖန်အား စာချုပ်ပါ အကြောင်းအရာများကို ရွတ်ဆိုခိုင်းလျှင်ပင် ပြဿနာမရှိပေ။
ရန်ဖေးကပြန် မဖြေတာကိုမြင်တော့ လင်းဖန်ကက “ငါလက်မှတ်ထိုးတာကိုစောင့်ရအုံးမှာလား”
“မဟုတ်ပါဘူး...လက်မှတ်ထိုးလို့ရပါတယ်။” ရန်ဖေးက ပြန်ဖြေလိုက်လေသည်။
လင်းဖန်သည် ခေါင်းညိတ်ကာ စားပွဲပေါ်ရှိ စာရေးကလောင်ကို ကောက်ယူကာ သူ့နာမည်ကို အမြန်ရေးထိုးလိုက်သည်။
ရန်ဖေးသည်လည်း သူ့နာမည်ကို ရေးထိုးပြီး နောက်သူနှင့်အတူ သယ်ဆောင်လာသော တရားဝင်တံဆိပ်ကို တံဆိပ်ခတ်နှိပ်လိုက်လေသည်။
သူ့ဘေးမှာထိုင်နေတဲ့ ရန်ဝမ်ကဒါကိုတွေ့တော့နောက်ထပ်တံတွေးတစ်လုတ်ကို မျိုချလိုက်ရပြန်သည်။
ဤကဲ့သို့သော 1.5 ဘီလီယံတန်စာချုပ်သည် မိမိကိုယ်ကို ရှေ့မှောက်တွင် ရိုးရှင်းစွာ ပြီးမြောက်ခဲ့တာလား။
သူသည် အစစ်အမှန်မဟုတ်ဟု ခံစားရသည်။
ရန်ဖေးက “မစ္စတာလင်း၊ မင်းဆီကိုမကြာခင်ပို့လိုက်ပါ့မယ်”
လင်းဖန်က သိပ်အလေးမထားဘဲ ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာပြီးနောက် သူ့အိတ်ကပ်ထဲက ဖုန်းသည်အနည်းငယ်လှုပ်သွားလေသည် ။
“တရုတ်ဘဏ်မှယွမ် ၁,၅၀၀,၀၀၀,၀၀၀ ရရှိသည်။”
လင်းဖန်က သူ့ဖုန်းကို ကြည့်ကာ “ပေးချေပြီးပြီ” လို့ပြောလိုက်လေသည်။
ရန်ဖေးက သူ့လက်ကို ဆန့်တန်းပြီး “မစ္စတာ လင်း၊ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်မှုပါ” ဟု ပြောလိုက်လေသည်။
ထိုအချိန်တွင် လင်းဖန်ကလဲ “ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်မှုပါ” လို့ ပြောလိုက်လေသည်။
...
ဟွာအုပ်စု သည် စူပါဘက်ထရီ မူပိုင်ခွင့်အတွက် ယွမ် ၁.၅ ဘီလီယံ သုံးစွဲခဲ့သည်ဆိုသော အချက်သည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
ယခုတစ်ကြိမ်တွင် မိုဘိုင်းအီလက်ထရွန်းနစ်လုပ်ငန်း လှုပ်ခါရုံသာမက မိုဘိုင်းကွန်ရက်တစ်ခုလုံးကလဲဆူညံနေလေသည်။
မိုဘိုင်းကွန်ယက်။
[ရန်ရန်- ၁.၅ဘီလီယံလား? အိုဒီ မူပိုင်ခွင့်တွေကအလွန်တန်ဖိုးရှိတာလား။ 】
[မန်းကီး- အပေါ်ကတစ်ယောက်ရေမူပိုင်ခွင့်တိုင်းကတော့အဲ့လောက်ထိတော့တန်ဖိုးမရှိဖူး။စူပါဘယ်ထရီလိုမျိုးကတော့တစ်မျိုးပေါ့ကွာ။ငါလဲဒီလိုမျိုးတီထွင်နိုင်အောင်အခုကစပြီးနေ့မအိပ့်၊ညမအိပ့်ကြိုးစားတော့မယ်ကွာ။ 】
[လီလီ- အပေါ်ကတစ်ယောက်ရေငါလဲမင်းပြောသလိုငါလဲဒီနေ့ကစပြီးကြိုးစားပြီကွ.....။ 】ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး