← Chapters

လီရှီမြို့သို့သွားခြင်း

Vol. 21 Ch. 310

လီရှီမြို့သို့သွားခြင်း

Vol. 21 Ch. 310

[ပီပီ: ငါလဲအဲ့လိုဘယ်တော့မှရနိုင်မှာလဲ.... 】

[ရွှေငါး: အပေါ်ကကောင်ရေငါရောပဲ။ 】

[ချမ်စီ: ငါရောပဲ! 】

…………

လင်းဖန်သည် အွန်လိုင်းက​ဆွေးနွေးမှုတွေကိုလုံးဝမသိပေ။

ဟွာအုပ်စု ဥက္ကဌ ရန်ဖေးနှင့် စာချုပ်ချုပ်ဆိုပြီးနောက် Mercedes-Benz G(ကား)ဖြင့် လေဆိပ်သို့ မောင်းနှင်ခဲ့လေသည်။

ထို့နောက် လီရှီသို့လေယာဉ်ဖြင့်သွားလိုက်သည်။

ဘာလို့လဲ ဆိုတော့ အခုပဲစုနမ် က ကျူချန်ကုမ္ပဏီက လူတချို့က ကော်ဖီစေ့တွေ ဝယ်ချင်တယ်ဆိုတဲ့မက်ဆေ့ကိုပို့လိုက်လို့ပင်ဖြစ်သည်။

ကျူချန်ကုမ္ပဏီသည်တရုတ်တွင်အကြီးဆုံး ကော်ဖီလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည်။

ယေဘူယျအားဖြင့် ပြောရလျှင် ကော်ဖီစေ့ကိုခဏာတာဝယ်ပြီးသူတို့စီမှာစိုက်ဖို့ကြိုးစားလိမ့်မည်ဖြစ်သည်။

သို့သော် ဤသည်မှာ ယေဘူယျအခြေအနေတစ်ခုသာဖြစ်သည်။

ဤကော်ဖီစေ့များကို စနစ်မှရရှိကြောင်း လင်းဖန်သာသိသည်။

မည်မျှပင် အံ့သြဖွယ်ကောင်းသည်ဖြစ်စေ လင်းဖန်းကို အံ့အားသင့်စေမည်မဟုတ်ပေ။

လီချမ်သည် အကောင်းဆုံး ဥပမာဖြစ်သည်။

အကယ်၍ ကျူချန်သည် ကော်ဖီစေ့များ၏ မှော်ဆန်မှုကို ရှာဖွေတွေ့ရှိပါက ၎င်းတို့လုပ်ဆောင်မည့်အရာကို အာမခံရန် ခက်ခဲသည်။

လင်ဖန်းသည်သူ့ကိုယ်သူထိခိုက်မှာထက်စုနမ်သူမကို နာကျင်စေမည်ကို ပိုကြောက်လေသည်။

ထို့ကြောင့်သူသည် လီရှီထံသို့ ကိုယ်တိုင်လာခြင်းဖြစ်သည်။

လင်းဖန်သည် လေဆိပ်တွင် နှစ်လနီးပါး ရပ်ထားခဲ့သော Porsche ကားကို မောင်းနှင်ပြီး ကွေ့ကောက်သော တောင်တက်လမ်းအတိုင်း မောင်းနှင်ခဲ့လေသည်။

နှစ်နာရီခန့်ကြာသောအခါ ဟောင်းနေသေအိမ်ကြီးသည်သူ၏မြင်ကွင်းထဲတွင် ပေါ်လာသည်။

လင်းဖန် ကားကိုရပ်ပြီးနောက်တွင်ကျစ်ဆံမြီးကျစ်ထားသော ကလေးမလေးတစ်ယောက် ခုန်ထွက်လာပြီး “အစ်ကို၊ အစ်ကို၊ အစ်ကို ဒီမှာလာပြီ...”

သူမသည် တောင်ပေါ်ရှိ အလွန်တက်ကြွပြီး ချစ်စဖွယ်ကောင်းသောစုနမ်၏ညီမစုရန်ပင်ဖြစ်လေသည်။

စုရန်မ၏အသံကြားပြီးနောက်စုနမ်သည်အိမ်ပြင်သို့ပြေးထွက်လာလေသည်။

ယနေ့တွင်သည် အဖြူရောင်ဂါဝန်ကို ၀တ်ဆင်ထား​သောကြောင့်သူမ၏လှပသောအသွင်ပြင်ကိုပို၍ပေါ်လွင်စေသည်။

စုနမ်သည် လွန်ခဲ့သော နှစ်လခန့်က တောင်ရွာတွင်သာနေထိုင်ခဲ့သည်။

သို့သော်လည်း သူမ၏ အရေပြားမည်းခြင်းကို အရိပ်အယောင်မျှ မတွေ့ရပေ။

ဘာကြောင့်လဲဆိုတော့ လင်းဖန် ဟာ တစ်ချိန်က သူမကို အလှပြင်ဆေးတွေ အများကြီးပေးခဲ့လို့ပင်ဖြစ်သည်။

ထို့အပြင် စုနမ်သည် တောင်ပေါ်ရွာလေးတွင် အမြဲနေထိုင်သောကြောင့် သမူ့ခန္ဓာကိုယ်ကနေ ထူးခြားသောရနံကိုရစေသည်။

“လင်းဖန် နင်ရောက်ပီလား။” စုနမ်သည်သူမ၏ချိုသာသောလေသံဖြင့်မေးလိုက်လေသည်။

လင်းဖန်က ပြုံးပြီး “ဟုတ်တယ် ငါရောက်ပြီ”

ထို့နောက်စုနမ်သည်လင်းဖန်ဆီ အလျင်အမြန် လျှောက်သွားပြီး လင်းဖန်ရင်ခွင်ထဲသို့ပစ်ဝင်လိုက်လေသည်။

ခဏအကြာတွင် စုရန်သည် သူမတို့ဘေးတွင် ရှိနေကြောင်းကိုစုနမ်က သဘောပေါက်သွားလေသည်။

ထို့ကြောင့် သူမသည် လင်းဖန်၏ရင်ခွင်ထဲကနေအမြန်ရုန်းထွက်ကာ ရှက်ရွံ့သောအမူရာဖြင့် “ထမင်းအဆင်သင့်ဖြစ်နေပြီမို့ အရင်သွားစားရအောင်”

“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေပြီး တစ်ချိန်တည်းမှာပင် စုနမ်၏ သွယ်လျသောလက်ကို ဆုပ်ကိုင်လိုက်လေသည်။

စုနမ်သည် သူ့တို့ဘေးနားတွင် သူမကို စောင့်ကြည့်နေသော စုရန်ကို ငုံ့ကြည့်ကာရှက်ရှက်ဖြင့် လက်ကိုလင်းဖန်လက်အတွင်းမှလွတ်မြောက်ရန်ရုမ်းလေသည်။

သို့သော် သူမသည်လင်းဖန်၏လက်အတွင်းကနေမည်သို့ရုန်းထွက်နိုင်မည်နည်း။

ချက်ခြင်းပင် စုနမ်သည်အပြင်တွင်မူရှက်ရွံ့နေသောအမူအရာရှိကာရင်ထဲတွင်တော့ပန်းတွေပွင့်နေလေသည်။

ထိုအချိန်အိမ်ထဲရှိထမင်းစားပွဲပေါ်တွင်ငရုတ်သီးစိမ်း​ဖြင့်ကြက်ဥ​ကျော်၊ မှိုစွပ်ပြုတ်၊ ငါးသေးသေးကြော်နှင့် အခြားဟင်းလျာများ လဲစားပွဲပေါ်တွင် ရှိနေသေးသည်။

လင်ဖန်းသည် ထိုပန်းကန်များမှထွက်ပေါ်လာသော ရနံ့ကို ရှူရှိုက်လိုက်သည်နှင့် ရင်းနှီးသော အနံ့တစ်ခုသည်သူ့စိတ်ထဲမှာ ချက်ချင်း ပေါ်လာလေသည်။ ဒါက ငယ်ငယ်ကသူ့အဖွားချက်ပေးတဲ့အနံ့ဖြစ်တယ်ဆိုတာပင်ဖြစ်သည်။

အစပိုင်းတွင် လင်းဖန်သည်စုနမ်အား ပန်းလုံဗီလာတွင် သန့်ရှင်းရေးလုပ်ရန်သာတောင်းဆိုခဲ့သည်။သို့သော်နောက်ပိုင်းတွင်သူ့အဖွားချက်ပေးသောအရသာနဲ့တူသောကြောင့်ထမင်း၊ဟင်းချက်ပေးရန်ကိုထပ်မံတောင်းဆိုခဲ့လေသည်။

ယခုအချိန်တွင်လင်းဖန်သည်လဲမယဉ်ကျေးတော့ဘဲ ထမင်းစားပွဲတွင်ဝင်ထိုင်ပြီး ထမင်းနှင့်ဟင်းကိုစတင်စားတော့သည်။

သို့သော် စုနမ်၊စုနမ် နှင့် အဘွားအိုတို့သည် သူနှင့်အတူ မထိုင်ကြသေးကြောင်းကို လျင်မြန်စွာ သတိပြုမိလိုက်သည်။

ဒီနေရာမှာရှိတဲ့သူတို့ရဲ့ ဓလေ့ထုံးစံက ယောက်ျားတွေကို အရင်စားပြီးကျန်မှ မိန်းမတွေက ကျန်တာကိုစားရတယ်ဆိုတာကို ချက်ခြင်း သတိရမိလိုက်လေသည်။

လင်းဖန် က “အဖွား၊ စုရန်၊ဒီဓ​လေ့ကရင်ခေတ်မှာပဲရှိတယ်လေ။အခုဆိုတစ်ယောက်မှဒီလိုဓလေ့ကိုကျင့်သုံးမှာမဟုတ်တော့ဘူး။ဒါကြောင့်ကျနော်နဲ့အတူလာစား​ပါဗျ”

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အဘွားအိုက ခေါင်းညိတ်ပြီး “ ဒါဆိုလဲအားလုံးအတူတူ ထိုင်စားကြရအောင်”

Lလင်းဖန်သည်ဒါကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာလေသည်။

.......

ယခုအချိန်တွင်လင်းဖန်သည် ဝါးဖြင့်ပြုလုပ်ထားသောကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး အလွန်သက်တောင့်သက်သာရှိစွာနေရောင်ခံနေလေသည်။

ဒီအချိန်မှာ လင်းဖန်က တစ်ခုခုကို တွေးမိလိုက်ပြီးနောက်သူ့ဘေးတွင်ရှိသောစုနမ်အား “ကော်ဖီစေ့အရသာ ဘယ်လိုရှိလဲ” လို့ မေးလိုက်သည် ။

စုနမ်က “ဒါကစားလို့လဲကောင်းတယ်၊ အဖွား၊ စုရန် နဲ့ ရွာကလူတွေကလဲကော်ဖီကအရမ်း အရသာရှိတယ်လို့ပြောကြတယ်”

ကော်ဖီစေ့အကြောင်းပြောရင်း စုနမ် ၏ မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာလေသည်။

လင်းဖန်သည် ရွာသို့ ထွက်ခွာသွားသောအခါတွင်ဒီကော်ဖီကင်လေးတွေက သူမ၏ မျက်လုံးထဲတွင် သူ့ကလေးနှင့်တူသည်။(​ပြောချင်တာကဒီကော်ဖီပင်လေးတွေကလင်းဖန်ကိုယ်ပွားလိုမျိုးကိုဆိုလိုတာပါ)

လူတွေပိုကြိုက်လေလေ သူမပျော်လေလေဖြစ်သည်။

ခေတ္တနားပြီးနောက် စုနမ်က “ငါမင်းကို တစ်ခွက်ဖျော်ပေးမယ်”

စုနမ်သည်လင်းဖန်ဖြေတာကိုမစောင့်ပဲအိမ်ထဲသို့ပြေးဝင်သွားလေသည်။

ခဏကြာတော့ စုနမ်သည် ကြွေခွက်တစ်ခုကို ကိုင်ကာလျှောက်လာလေသည်။

အထဲမှာ လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ ကော်ဖီရှိလေသည်။

လင်းဖန်က ကော်ဖီမသောက်ရသေးသော်လည်းကော်ဖီရဲ့သင်းပျံ့သော မွှေးရနံ့ကသူ့ကိုအလွန်စွဲဆောင်ဆလသည်။

စုနမ်၏မျှော်လင့်နေသောအကြည့်အောက်တွင်လင်းဖန်သည် နောက်ဆုံးတွင် သူ့ပါးစပ်ထဲသို့ ကော်ဖီကို ဖြည်းညှင်းစွာလောင်းထည့်လိုက်လေသည်။

“ဂရု!”

လည်ချောင်းထဲသို့ဝင်လိုက်တာနဲ့တစ်ချိန်တည်းမှာပင် လင်းဖန်သည် စမ်းချောင်း၏အသံကိုကြားရသလိုဖြစ်ပြီးတောတောင်ရဲ့ရံနံကိုရှုရသလိုမျိုးခံစားလိုက်ရလေသည်။

ခဏကြာတော့ စုနမ်က “အရသာက ဘယ်လိုလဲ?”

လင်းဖန်က လေးလေးနက်နက် ခေါင်းညိတ်ပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်လေသည်။

စကားလုံးနှစ်လုံးသာရှိသော်လည်း စုနမ်အတွက်ကတော့ကလေးကိုသကြားလုံးကြွေးရင်ပျော်ရွှင်သလိုမျိုးပျော်ရွှင်သွားလေသည်။

ညမိုးချုပ်သည်နှင့်အမျှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် အိပ်ငိုက်လာလေသည်။

အဘွားနဲ့ စုနမ်၏ညီမလေးတို့သည်မကြာခင် မှာပဲအိပ်ပျော်သွားလေသည်။

စုနမ်သည် လင်းဖန် ၏ အခန်းသို့ လာပြီး အိပ်ယာခင်းများနှင့် စောင်အသစ်များကိုလဲလှဲပေးလေသည်။

စုနမ်လှည့်ထွက်ခါနီးတွင် လင်းဖန်သည် သူမကို သူ့ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။ထို့နောက်........

( ̄ε ̄)

( ̄3)(ε ̄)

…………

နောက်တစ်နေ့တွင် ကောင်းကင်ကြီး တောက်ပလာသောအခါ ကြက်ဖတစ်ကောင်သည်ကောင်းကင်သို့မော့ကာအသည်ကုန်အော်လေသည်။

လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ဖုန်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

ပုံမှန်အတိုင်း မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ခ်ျတစ်ခု ပေါ်နေလေသည်။

“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၇၁၂၀၀၀၀ ကို ရရှိသည်။”

လင်းဖန် က “ဒီတစ်ခါ ငါ တခြားနေရာကို ရောက်တည်းအကောင့်ဝင်လိုက်အုံးမယ်။ဘာရမလဲကြည့်ရအောင်။”

“အကောင့်ဝင်မယ်။”

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ကျူချန်ကုပ္မဏီ ၏ ရှယ်ယာ 10% ကို ရရှိပါသည်။ 】

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters