မာနကြီးခြင်း
Vol. 21 Ch. 311
လင်းဖန်သည် စနစ်သတိပေးချက်ကိုကြားတော့ သူ့မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာလေသည်။
သူသာမှတ်မိတယ်ဆိုရင်ကျူချန်ကုမ္ပဏီက သူ့ ကော်ဖီစေ့တွေကို ဝယ်ချင်နေတာမဟုတ်လား။
ယခု သူသည် ကျူချန်ကုမ္ပဏီ၏ရှယ်ယာ10% ကို တိုက်ရိုက်ပိုင်ဆိုင်ခဲ့သည်။
သိရန်ကျူချန်ကုမ္ပဏီ၏ ရှယ်ယာအများဆုံးပိုင်သောသူတွင်ပင်၂၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒုတိယရှယ်ယာရှင်မှာ ရှယ်ယာ ၈ ရာခိုင်နှုန်းသာရှိလေသည်။
ဒါဆို အခု သူက တိုက်ရိုက် ဒုတိယရှယ်ယာရှင် ဖြစ်သွားတာလား?
....
လင်းဖန်က ခေါင်းခါလိုက်ပြီး ဒီကိစ္စကိုမေ့လိုက်လေသည်။
ထို့နောက်သူသည်သူ ဖြည်းညှင်းစွာထကာ အပြင်သို့ လျှောက်သွားကာနေထွက်နေတာကိုကြည့်နေလေသည်။
ထိုအချိန်တွင် စုနမ်ရောက်လာလေသည်။
လင်းဖန်သည်စုနမ်ကိုတွေ့တော့သူသည်သူမ၏ သွယ်လျသောခါးကို ဖက်ထားလိုက်လေသည်။
အရှေ့ဘက်တွင် သဘာဝအလှရှုခင်းများရှိပြီးရင်ခွင်ထက်ဂယ်လှပသောအမျိုးသမီးရှိလေသည်။ဘယ်လောက်တောင်ပြည့်စုံလိုက်သလဲ။
သူတျု့သည်ဒီအတိုင်းအချိန်မည်မျှကြာသည်ကိုမသိတော့ပေ။ထို့အချိန်တွင်သူ့တို့နောက်ကနေအသံတစ်ခုထွက်ပေါ်လာလေသည်။
“အစျမ၊ မနကျစာစားမယျ!”
ဒါကိုကြားတော့ ချက်ခြင်းပင်စုနမ်၏ လှပသော မျက်နှာသည် နီရဲသွားပြီး လင်းဖန်၏ ရင်ခွင်ထက်ကနေထွက်ပြေးလိုက်လေသည်။
သို့သော်သူမသည်လင်းဖန်စီကနေဘယ်လိုလွှတ်မြောက်နိုင်မည်နည်း။ထို့ကြောင့်လင်းဖန်သည် မနေ့ကကဲ့သို့ သူမ၏ ကျောက်စိမ်းလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်လေသည်။
ထို့နောက်သူတို့သည်စုရန်နောက်ကိုလိုက်သွားလေသည်။
မနက်စာကတော့ စုနမ်တို့ရဲ့ ကိုယ်ပိုင်မြေမှာ စိုက်ပျိုးထားတဲ့ ကန်စွန်းဥပြုတ်၊ ပဲဥကျော်၊ ပြောင်းဖူးကျော်၊ နဲ့ သူ့မတို့ရဲ့ ကြက်လှောင်အိမ်ထဲက ကြက်ဥ အနည်းငယ်ကိုပြုတ်ထားတာပင်ဖြစ်သည်။
လင်းဖန်သည်ဒါကရိုးရှင်းပြီးအရသာရှိတယ်လို့သူခံစားရလေသည်။
မနက်စာစားပြီးတာနဲ့ အပြင်မှာ ကားအင်ဂျက်သံတစ်ခုထွက်လာလေသည်။
ထို့နောက် အနောက်တိုင်း၀တ်စုံနှင့်သာရေဖိနပ်ဝတ်ထားသော အမျိုးသား သုံးဦးသည်ခြံထဲသို့ ဝင်လာဆလသည်။
ရှေ့ဆုံးကလူသည်စုနမ် ရဲ့ ခန္ဓာကိုယ်ကို မျက်တောင်မခတ်ပဲစိုက်ကြည့်နေလေသည်။
ထိုလူသည် စုနမ်ရဲ့ လှပတဲ့ မျက်နှာလေးကို မနေ့ကလဲမြင်ဖူးလေသည် ။
သို့သော် ယခုတစ်ကြိမ် ထပ်မံမြင်တွေ့ရပြီးနောက်တွင် သူသည် ခဏတာ အံ့အားသင့်သွားကာ သူ့မျက်နှာပေါ်တွင်လည်းလိုချင်သောအရိပ်ယောင်အနည်းငယ်ပေါ်လာလေသည်။
တောင်ရွာမှာ ဒီလောက်ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် ရှိလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးမိဖူးပေ။
ခဏကြာတော့ အဲဒီလူက “မစ္စစု၊ မနေ့က ကော်ဖီစေ့ကို၁ သန်းနဲ့ဝယ်တာနဲ့ ပတ်သက်ပြီး နင်ဘယ်လိုတွေးထားလား”
1000000နဲ့ ကော်ဖီစေ့ကို စနစ်ကနေ ဝယ်ချင်တာလား။
ဒါက ဟာသမဟုတ်ဘူးလား။
ဒါကြောင့်လင်းဖန်က ချက်ချင်းပြောလိုက်လေသည်။ ‘’မင်းဟာသပြောနေတာလား!”
လင်းဖန်စကားကိုကြားတော့ထိုလူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။ အခန်းထဲမှာ လူပိုတစ်ယောက် ဘယ်အချိန်ရှိမှန်းကိုသူမသိလိုက်သောကြောင့်ဖြစ်သည်။
“မင်းကဘယ်သူလဲ?”
လင်းဖန်သည် စုနမ်၏ သွယ်လျသောခါးကို အလွန်ကျွမ်းကျင်စွာ ကိုင်ကာ “ငါကသူမရဲ့ ချစ်သူ လင်းဖန်” ဟု ပြောလိုက်လေသည်။
စုနမ်သည်သူမကိုယ်သူမလင်းဖန်ကိုပုံအပ်ထားပြီဖြစ်လေသည်။
သို့သော် ယခုအချိန်တွင်လင်းဖန်သည်လူမြင်ကွင်းတွင်သူမကိုပွေ့ဖက်ထားကာသူ၏ချစ်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒါကြောင့်သူမသည်အလွန်ရှက်နေသေးဆလသည်၊ထို့ကြောင့်သူမ၏လှပသော မျက်နှာသည်တစ်လုံးသည်အနည်းငယ်အနီရောင်သို့ပြောင်းသွားလေသည်။
ထိုလူကဒါကိုမြင်တော့ သူ့မျက်နှာ ရုတ်တရတ် ပျက်သွားလေသည်။
မနေ့ကထိုသူသည်စုနမ်ကိုတွေ့ပြီးနောက် သူမကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာကို သူ့စိတ်ထဲမှာ တွေးနေပြီဖြစ်လေသည်။
ရလဒ်အနေနဲ့... အခု ရည်းစားရှိနေတာလား။ ?
ထိုလူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ အနည်းငယ် ငြိမ်သွားအောင်ထိန်းလိုက်လေသည်။
ထို့နောက်သူက”မစ္စစု၊ မင်းကဒီတောင်ရွာမှာ ကြီးပြင်းလာခဲ့တာဆိုတော့မင်းက အရမ်းဖြူစင်တယ်ဆိုတာ ငါသိပါတယ်။ ဒါက ရှားပါးပြီး အဖိုးတန်တဲ့ အရည်အသွေးတစ်ခုပါပဲ”
“ဒါပေမယ့် တချို့လူတွေက မင်းလောက်မဖြူစင်ကြဘူးဆိုတာ မင်းနားလည်မယ်လို့ ငါမျှော်လင့်တယ်”
ထိုလူက ဤသို့ပြောသောအခါတွင်သူသည်လင်းဖန်အား တိုက်ရိုက်အကဲခတ်လိုက်သည်။
ထို့ကြောင့်ဤဝါကျမှာလင်းဖန်ကိုရည်ညွှန်းတယ်ဆိုတာကိုအကုန်လုံးကသိသွားလေသည်။
ခေတ္တနားပြီးနောက်ထိုအမျိုးသားက “မစ္စတာလင်း၊ မင်းအရင်က တောင်ရွာမှာ ရှိပုံမပေါ်ဘူး။မနေ့က ငါတို့ ကျူချန်ကုမ္ပဏီ က မစ္စစုရဲ့ ကော်ဖီစေ့တွေကို 1သန်းနဲ့ဝယ်မယ်လို့မနေ့ကပြောပြီးတာနဲ့၊ဒီနေ့မင်းကချက်ချင်းပေါ်လာတယ်။ဒါကတော့မသင်ကာစရာကောင်းတယ်မဟုတ်လား....”
ဤစကားလုံးများသည် သဘောထားကွဲလွဲမှုကို လှုံ့ဆော်ပြီးစုနမ်၏နှလုံးသားတွင်လင်းဖန်ကိုမယုံကြည်မှုမျိုးစေ့ချရန် ကြိုးပမ်းခဲ့သည်မှာ ထင်ရှားသည်။
ထို့နောက် ထိုအမျိုးသားက “ကျွန်ုပ်တို့၏ကျူချန်ကုမ္ပဏီသည်အမြဲတန်းဖြေက့်မတ်မှန်ကန်တဲ့ဘယက်မှာပဲနေပြီးမှန်ကန်တာတွေကိုပဲလက်ကိုင်ထားပါတယ်။’’
“မစ္စစုသည်ဖြူစင်သောကော်ဖီပိုင်ရှင်ဖြစ်သသောကြောင့်ကျွန်ုပ်တို့၏ ကျူချန်ကုမ္ပဏီသည်မနေ့ကစျေးထက်ပိုပေးဖို့ဆန္ဒရှိပါသည်။ ဒါကိုမစ္စစု ဘယ်လိုထင်လဲ”
ဒါကတညိးလမ်းကောင်းကောင်းတစ်ခုဟုဆိုရမည်ဖြစ်သည်။
အရင်ဦးဆုံး မယုံကြည်တဲ့ မျိုးစေ့တွေကို ကြဲပြီးရင် ငွေက တွန်းပိလိုက်လေသည်။
တခြားသူဆိုရင်တော့ အဲဒီလူရဲ့စကားကို လိုက်နာမှာသေချာလေသည်။
ကံမကောင်းစွာပဲ သူတွေ့ခဲ့တာက စုနမ်ဖြစ်နေလေသည်။
တကယ်တော့ထိုလူက လင်းဖန် ကို ပထမဆုံးစကားစပြောသောကတည်းကစုနမ်သည်ထိုသူကို ပြန်လည်ချေပချင်သည်။
ဒါပေမယ့် လက်းဖန်ကသူမကိုစပါးမပြောဖို့ကိုအမူအရာလုပ်ပြသောကြောင့်သူမဘာမှမပြောခြင်းဖြစ်သည်။
အခုတော့ဒီလူရဲ့ကားတွေကအရမ်းကိုများသွားလေပြီဖြစ်သည်။
ထိုကြောင့်စုနမ်သည်မထိန်းချုပ်နိုင်ပဲ”ငါတို့မိသားစုက မင်းကို ကြိုဆိုမှာမဟုတ်သလို မင်းနဲ့လည်းပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး၊ဒါကြောင့်ထွက်သွားပေးပါ”
ဒါကိုကြားတော့ထိုလူသည် အနည်းငယ် တောင့်တင်းနေပြီး စုနမ်ကဒီလို ၏ တုံ့ပြန်တာကိုသူမမျှော်လင့်ထားပေ။
လင်းဖန်သည် စုနမ်း၏ခါးကိုဖက်ထားရင်း”ကျွန်တော်က ဖြူစင်တယ်၊မဖြူစင်ဘူးဆိုတာကိုကျနော့်ကိုယ်ကျနေည်တောင်မသိဘူး။ဒညပေမဲ့ငါမင်းနဲ့ဆွေးနွေးဖို့တော့အဆင့်အတန်းမီတယ်လိုထင်တယ်တာပဲ။”
“ဘာလို့ဆိုဒီမှာရှိတဲ့ကော်ဖီတွေ အကုန်လုံးကိုငါစိုက်ထားလို့ပဲ”
ထိုလူက လင်းဖန်ကို သံသယဖြင့် ကြည့်လိုက်သည်။
သူ့ဘေးနားရှိစုနမ်၏ညီမလေးဖြစ်သောစုရန်က’’ဟုတ်တယ်ဒီကော်ဖီအကုန်လုံးကိုငါ့အကိုစိုက်ထားတာ’’လို့ပြောလိုက်လေသည်။
ဒါကိုကြားမှ ကော်ဖီကို လင်းဖန်က အမှန်ပင် စိုက်ထားသည်ဟု ထိုလူကယုံကြည်လိုက်လေသည်။
ယေဘုယျအားဖြင့် ကလေးများသည် မလိမ်ညာတတ်ပေ။
“မစ္စတာလင်းလား။ဒါဆိုငါ့ကိုယ်ငါငါအရင်မိတ်ဆက်ပေးပါရစေ။ ငါက ကျုချန်ကုမ္ပဏီရဲ့ရဲ့ မန်နေဂျာဇူရီဟိုင်ပါ။”
သူစကားပြောနေစဉ်တွင် သူသည် ခေါင်းကို တိုက်ရိုက်မော့ထားလေသည်။
ဇူရီဟိုင်က “ကျွန်တော်တို့ရဲ့ကျူချန်ကုမ္ပဏီကက မင်းရဲ့ကော်ဖီကို ယွမ် ၁ သန်းနဲ့ ဝယ်မယ်။ဒါကို မင်းဘယ်လိုထင်လဲ။”
လင်းဖန် က ပေါ့ပေါ့ပါးပါးနဲ့ “ဒါကရောင်းဖို့မဟုတ်ပါဘူး”လို့ပြန်ဖြေလိုက်လေသည်။
ဇူရီဟိုင်သည်လင်းဖန်က စျေးတိုးခိုင်းတယ်လို့ ထင်ပြီး “မစ္စလင်း၊ ဒါက မင်းအတွက် ငါတျု့ပေးနိုင်တာအမြင့်ဆုံးဈေးပဲ။ ငါတို့ ဈေးတိုးမယ်လို့ မထင်နဲ့။ ဒါကြောင့်ရိုးရိုးလေးတွေးရင် ပိုကောင်းမယ်!”
“မက်းကကျွန်ုပ်တို့ရဲ့ ကျုချန်ကုမ္ပဏီ အကြောင်း များများစားစား မသိတာဖြစ်နိုင်တယ်၊ အဲဒါကို အတိုချုံး မိတ်ဆက်ပေးပါရစေ။”
“ကျူချန်ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးကော်ဖီကုမ္ပဏီတစ်ခုဖြစ်ပြီး စျေးကွက်တန်ဖိုး မှာတစ်ထရီလီယံကျော်ရှိသည်။ ပြီးတော့ငါတို့ကုမ္ပဏီကကမ္ဘာပေါ်ရှိ ကုမ္ပဏီကြီးများနှင့် အသေးစားကုမ္ပဏီအားလုံးနှင့် ရှုပ်ထွေးသောဆက်ဆံရေးလဲရှိသေးတယ််။”
“တကယ်လို့ ငါတို့ ကျူချန်ကုမ္ပဏီကို မင်းရဲ့ ကော်ဖီစေ့တွေကို မရောင်းဘူးဆိုရင် မင်းရဲ့ ကော်ဖီစေ့တွေကို ဘယ်တော့မှ ရောင်းနိုင်မှာမဟုတ်ဘူးလို့ ငါအာမခံနိုင်တယ်”
“အခုခေတ်မှာ အင်တာနက်ကနေအရာရာလုပ်တိုင်တယ်လို့မထင်ပါနဲ့။ ကော်ဖီစေ့တွေကို အွန်လိုင်းမှာ ရောင်းဖို့ဆိုတာက စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ငါတို့ကျူချန်ကုမ္ပဏီက၊ ပန်ကူဂရု၊အဲ့ဂရုနဲ့ တခြားအင်တာနက်ကုမ္ပဏီကြီးတွေနဲ့က နက်နဲတဲ့ ဆက်ဆံရေးရှိလို့ပဲ။”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး