ဟားဟားဟား
Vol. 21 Ch. 312
ဇူရီဟိုင်သည်ဒီစကားပြောရင်းသူ၏မျက်နှာပေါ်တွင်မာနကြီးသောအမူအရာပေါ်လာလေသည်။
ဇူရီဟိုင်သည်လင်းဖန် ဟုခေါ်သော ဤလူငယ်သည် အဲအဖွဲ့၊ ပန်ကူအဖွဲ့သည်ဘာကိုကိုယ်စားပြုပုံနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိနိုင်မည်ဟု သူယုံကြည်သည်။
ထိုအခါလင်းဖန်သည်ဒူးထောက်ကာကော်ဖီစေ့ဝယ်ရန် သူ့ကိုယ်တောင်းဆိုနေပုံကိုမြင်ယောင်ရင်းပျော်နေလေသည်။
သို့သော်ဇူရီဟိုင်က ဒီစကားတွေပြောတဲ့အခါ လင်းဖန်ရဲ့မျက်နှာပေါ်မှာထူးဆန်းသောအမူအရာတစ်ခုပေါ်လာသိကိုဇူရီဟိုင်မသိပေ။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုထပ်မံပေါ်လာလေသည်။
ခေါ်ဆိုသူသည် ဇူရီပြောတဲ့ထဲတွင်ပါသောလက်တာကုမ္ပဏီရဲ့ ဥက္ကဌ ကျောက်ဒန်မင်းပင်ဖြစ်သည်။
လက်တာသည်အများ၏အမြင်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည်။
သို့သော်လည်း အတွင်းလူများ၏အမြင်တွင် မူအလွန်ရိုးရှင်းလေသည်။
လင်းဖန်သည်လက်တာ ၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရယူပြီးကတည်းက ကျောက်ဒန်မင်သည် လင်းဖန်ကို အာရုံစိုက်ခဲ့လေသည်။
မကြာမီတွင် လင်းဖန်သည် ပန်ကူဂရုနှင့် အဲ့ဂရုတို့ရဲ့ရှယ်ယာ 5% ကို အမှန်တကယ် ပိုင်ဆိုင်ကြောင်းကိုသူတွေ့ရှိခဲ့သည်။
တဖြည်းဖြည်းနဲ့လင်းဖန်သည်ပန်ကူဂရုနဲ့အဲဂရုတို့ကိုရှယ်ယာ၅ရာခိုင်နှုန်းထပ်တိုးလိုက်သောကြောင့်နှစ်ခုစလုံးတွင်လင်းဖန်သည်ရှယ်ယည 10% စီကိုပိုင်ဆိုင်လေသည်။
ထိုနောက်မကြာသေးမီကပင်ရှယ်ယာ၁၀ရာခိုင်နှုန်းကနေရှယ်ရာ 20%စီသို့တိုးမြင့်ခဲ့လေသည်။
လင်းဖန်သည် ပန်ကူဂရု နှင့် အဲဂရုတို့၏ရှယ်ယာများကို ဆက်လက်တိုးမြှင့်နိုင်တယ်ဆိုရင်သူတို့လက်တာတွင်လည်းသူ၏ရှယ်ယာများကို တိုးနိုင်ပေသည်။
ကျောက်ဒန်မင်သည် သူ့ရင်ထဲမှာ မရေမတွက်နိုင်တဲ့ ခန့်မှန်းချက်တွေရှိလေသည်။
ဒီလိုနဲ့ ဒီရက်တွေတောက်လျှောက်သူသည်တစ်ချိန်လုံး စိတ်ပူနေခဲ့လေသည်။
နောက်ဆုံးတွင် ကျောက်ဒန်မင်သည်မရှိရှိတဲ့သတ္တိကို ထုတ်ယူပြီး လင်းဖန်ထံ ချဉ်းကပ်ရန် ကြိုးစားလေသည်။
“မစ္စတာလင်း၊ ဒီရက်ပိုင်း ဘယ်လိုနေလဲ”
ဖုန်းကို ချိတ်ဆက်လိုက်သည်နှင့် တပြိုင်နက် ကျောက်ဒန်မင်၏ ရယ်မောသံအရက်ထွက်ပေါ်လာသည်။
လင်းဖန်က “လောလောဆယ်တော့ မဆိုးပါဘူး။ကျောက်ဒန်မင်းရော”
“ကျွန်တော်လည်း အရမ်းကောင်းပါတယ်။ လက်တာ ရဲ့ မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုတွေကောင်းလာပါတယ်။ မစ္စတာလင်း၊ မကြာသေးခင်ကမှ လက်တာမှာ နောက်ထပ် ပရောဂျက်တချို့လုပ်ဖို့ စီစဉ်နေပါတယ်။ဒါက အလားအလာ ဘယ်လိုရှိလဲ မသိပါလို့ မစ္စတာလင်းအချိန်ရရင် လက်တာရဲ့ ရုံးချုပ်ကို လာလို့ရလားမသိဘူး၊ ကျွန်တော်တို့လုပ်ငန်းကိုလည်းစစ်ဆေးရင်းပေါ့” ကျောက်ဒန်မင်က ပြောလိုက်လေသည်။
လင်းဖန်သည် လိမ္မာပါးနပ်သူဖြစ်သောကြောင့် ကျောက်ဒန်မင်၏အဓိပ္ပါယ်ကို သူသဘာဝကျကျသိလေသည်။
ထို့ကြောင့်သူက “ဒါတွေကိုငါဘာမှနားမလည်ဘူး။ကျောက်ဒန်မက်းကငါ့အလုပ်လုပ်တာကောင်းတော့မင်းပဲကြည့်စီစဥ်လိုက်ပါ”
ကျောက်ဒန်မင် သည် ထိုစကားကိုကြားလိုက်ရသောအခါ အလွန်ဝမ်းသာသွားတော့သည်။
သို့သော်သူက“မစ္စလင်း၊ မင်းက နှိပ့်ချနေတာပဲ” လို့ သူက ဆက်ပြောလိုက်လေသည်။
ထိုအချိန်တွင် လင်းဖန်သည် တစ်ခုခုကို တွေးနေပုံရပြီး “စကားမစပ်၊ လက်တာနှင့် ကျူချန်ကော်ဖီကုမ္ပဏီအကြား ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား” ဟု မေးလိုက်လေသည်။
ကျောက်ဒန်မင်သည်လင်းဖန်ကသူ့ကိုဘာလို့မေးလဲမသိပေမဲ့သူသည်ချက်ချင်းပဲ”ပူးပေါင်းဆောင်ရွက်မှုအချို့တော့ရှိပါတယ်’’ ဟုအမှန်အတိုင်းပြောကြားလိုက်လေသည်။
လင်းဖန်က “ကျွန်တော်ကကော်ဖီပင်ကောင်းကောင်းကိုစိုက်ထားတယ်၊ အခု ကျူချန်ကော်ဖီကုမ္ပဏီရဲ့မန်နေဂျာ ဇူရီဟိုင်က သူတို့ကိုကျွန်တော်ကော်ဖီမရောင်းရင်ကော်ဖီစေ့တွေကိုဘယ်မှာမှရောင်းလို့ရမှာမဟုတ်ဘူးလို့လာခြိမ်းခြောက်နေတယ်။...”
ဒါကိုကြားတော့ကျောက်ဒန်မင်သည်နှလုံးခုန်မြန်သွားလေသည်။
လင်းဖန်ကို ခြိမ်းခြောက်နေတာလား။ လင်းဖန် သည် လက်တာတွင် ရှယ်ယာ ၅% နှင့် အဲဂရုနှင့် ပန်ကူဂရုတစ်ခုစီတွင် ရှယ်ယာ 20% ကိုင်ဆောင်ထားသည့်လူကိုခြိမ်းခြောက်တာလား။ !
ဒီ ဇူရီဟိုင်က.. တကယ်... ရဲရင့်တယ်လို့ပြောရမလားပဲ။
လင်းဖန်ကသူတို့လက်တာနှင့်ကျူချန်ကော်ဖီကုမ္ပဏီတို့အရမ်းရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့လင်းဖန်ကနားလည်မှုလွဲခဲ့ရင်.....
အကျိုးဆက်များကတော့...
ဒါကိုစဥ်းစားမိရင်းကျောက်ဒန်မင်၏နှလုံးခုန်နှုန်းသည် တစ်ဖန်ပြန်မြန်လာပြီး “မစ္စလင်း၊ စိတ်ချပါ၊ ကျူချန်ကော်ဖီကုမ္ပဏီက မင်းကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးရအောင်လုပ်ပေးပါ့မယ်”
လင်းဖန် က “ဒါဆိုလဲကောင်းပြီလေ’’
ထို့နောက် ဖုန်းချလိုက်လေသည်။
ထိုအချိန်တွင်သူတို့ဘေးတွက်ရပ်နေသောဇူရီဟိုင်သည်လှောင်ပြောင်သောလေသံဖြင့် “မင်းကမင်းခေါင်းဆောင်ဆီကို ဖုန်းဆက်တာလား။ဆောတီးမှားလို့ကွာ မင်းဖုန်းပြောတဲ့လေသံအရတော့မင်းဟာ အဆင့်မြင့်ဒါရိုက်တာရှိတဲ့လူလို့ထင်ရတယ် “
လင်းဖန်က “ဒါက လက်တာ ရဲ့ ဥက္ကဌ ကျောက်ဒန်မင်ဆီကပါ။ ဒါပေမယ့် ကျွန်တော်ဟာလက်တာရဲ့ အဆင့်မြင့် ဒါရိုက်တာတစ်ယောက်တော့မဟုတ်ဘူး၊ ရှယ်ယာရှင်တစ်ဦးပဲ”
ဇူရီဟိုင်သည်လင်းဖန်ပြောတာကိုကြားတော့သည်မနေနိုင်ပဲရယ်မောကာ “ဟာဟားဟား။ မင်းက တကယ်ကြွားလုံးထုတ်နေတာပဲ၊ ကျောက်ဒန်မင်ကဆက်တာလား။ပြီးတေည့မင်းကလက်တာရဲ့ရှယ်ရာရှင်လား.....ဟားဟားဟား”
ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းဖန်ကတစ်ခုခုပြောဖို့လုပ်လိုက်လေသည်။သို့သော်ထိုအချိန်တွင် ဖုန်းမြည်သံတစ်ခုထပ်မံထွက်ပေါ်လာလေသည်။
သူသည် ပန်ကူအဖွဲ့ရဲ့ဥက္ကဌမစ္စတာမာဆိုတာကိုသိလိုက်လေသည်။
ဒီရက်ပိုင်းမှာ ရှောင်မာလည တစ်ယောက်တည်း အမြဲစိတ်ပူနေရသည်။
ဘာလို့ဆိုလင်းဖန်၏ရှယ်ယာသည် 20% အထိတိုးလာသောကြောင့်ဖြစ်သည်။
ထိုကဲ့သို့ ရှယ်ယာများ လျင်မြန်စွာ တိုးလာခြင်းကြောင့် လင်းဖန်သာပြောင်းလဲချင်ရင်၊ သူသည် ပန်ကူဂရု ၏ အကြီးဆုံးရှယ်ယာရှင်နှင့် စစ်မှန်သော သူဌေးဖြစ်လာမည်ဖြစ်သည်။ ဒါကိုရှောင်မာသည် ဖြစ်နိုင်သည်ဟု အမြဲတွေးနေသည်။
ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရှောင်မာ သည် အနာဂတ်သူဌေးလင်းဖန် နှင့် နှစ်ကြိမ်သာတွေ့ဆုံခဲ့ပြီး လင်းဖန်၏စိတ်နေသဘောထားကို သူအပြည့်အဝနားမလည်ခဲ့ပေ။
ရှောင်မာ၏ ၏အမြင်တွင်တော့ဤအရာသည် အလွန်အန္တရာယ်များသည်။
ဒါကြောင့် အခုရက်ပိုင်းမှာရှောင်မာ ဟာ လင်းဖန်ကိုဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုစဥ်းစားနေလေသည်။
ဒီနေ့မှာတေ့ာသူသည်အကြောင်းပြချက်တစ်ခုကိုရလိုက်လေသည်။
“မစ္စတာလင်း နေကောင်းကျန်းမာရဲ့လား!” ရှောင်မာ က ပြောသည်။
လင်းဖန်က “ကောင်းပါတယ် ၊ မင်းကရော။”
ထို့နောက်မစ္စတာမညရဲ့စကားကို မစောင့်ဘဲ “ပန်ကူဂရု နှင့် ကျူချန်ကော်ဖီကုမ္ပဏီ တို့အကြား ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။”
ရှောင်မညသည် လင်းဖန်၏မေးခွန်းကို ကြားရပြီးနောက်သူအလွန်ပျော်ရွှင်သွားလေသည်။
ပြဿနာများစွာကိုဖြေရှင်းရမည်ကိုသူ မကြောက်ပေ။သူသည်အဆက်အသွယ်မရှိမှာကိုပိုကြောက်လေသည်။
ထို့နောက်သူသည်သူ့လက်တော့ကီးဘုတ်ကိုလက်နှစ်ဘက်နဲ့ မြန်မြန်ရိုက်လိုက်လေသည်။ ခဏအကြာတွင်ကျူချန်ကော်ဖီကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များသည် ဖန်သားပြင်ပေါ်တွင် အလွန်ရှင်းလင်းစွာ ပေါ်လာလေသည်။
ထို့ကြောင့် အ္စတာမာက “ကျွန်ုပ်တို့ပန်ကူဂရုသည် ကျူချန်ကော်ဖီရဲ့ရှယ်ယာ 10% ကို ပိုင်ဆိုင်ပါသည်။ ထို့အပြင် ကျူချန်ကော်ဖီကုမ္ပဏီ ၏ ကြော်ငြာနှင့် ပရိုမိုးရှင်းများကို ကျွန်ုပ်တို့ ပန်ကူကနေကြေညာပေးနေပါတယ်”
ရျောင်မာသည်သူ့စိတ်ထဲတွင်ဒီအကြောင်းအရာတွေကိုပြန်ပြောပြသင့်သည်ဟုထင်သောကြောက့်တစ်လုံးမကျန်ပြန်ပြောလိုက်လေသည်။
လင်းဖန်က “ကျွန်တော်က လီရှီတောင်မှာ ကော်ဖီနည်းနည်းစိုက်ထားတယ်။ အခုကျုချန် ရဲ့ မန်နေဂျာ ဇူရီဟိုင်က သူ့စီကော်ဖီမရောငရင်းဘယ်မှာမှမရောင်းရတော့ဘူးလို့လာခြိမ်းခြောက်နေတယ် ။”
ပန်ကူဂရု နှင့် ကျူချန်ကုမ္ပဏီတို့သည် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။
ဒါပေမယ့် ကျူချန် ရဲ့ မန်နေဂျာ ဇူရီဟိုင်သည်လင်းဖန်ကိုခြိမ်းခြောက်ခဲ့တာလား။ !
သူဖုန်းပြောရသည့်အကြောင်းအရင်းမှာလင်းဖန်နဲ့ပိုရင်းနှီးချင်လို့ပဲဖြစ်သည်။အခုတော့...
ဒီ ဇူရီဟိုင်ခွေးကောင် ...
ထို့ကြောင့်မစ္စတာမာသည် ဒေါသတကြီး မတ်တပ်ထရပ်လိုက်ပြီး “မစ္စတာလင်း၊ စိတ်မပူပါနဲ့၊ ကျူချန်က မင်းကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါလိမ့်မယ်”
လင်းဖန် က “ကောင်းပြီ။”
စကားပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်လေသည်။
သူ့ဘေးက ဇူရီဟိုင်က မပြုံးဘဲမနေနိုင်ကာ’’မစ္စတာရှောင်မာပန်ကူဂရုရဲ့ဥက္ကဌ မစ္စတာရှောင်မာကို ပြောလိုက်တာလား၊ပြီးတော့ဒီတစ်ခါလည်းပန်ကူဂရုရဲ့ရှယ်ယာရှင်ဖြစ်ပြန်ပြီလား” လို့ ပြောလိုက်လေသည်။
လင်းဖန်က “ဟုတ်ကဲ့” လို့ပြောလိုက်လေသည်။
“၊ ဟားဟားဟား! မင်းက တကယ့်ကိုရယ်စရာကောင်းတာပဲ ဟားဟားဟား!” ဇူရီသည်ရယ်ကာပြောလိုက်လေသည်။
မူလက လင်းဖန်သည် သူ၏ ကြွားလုံးထုတ်နည်းကို ပြောင်းလဲမည်ဟု ထင်ခဲ့သော်လည်း သူမမျှော်လင့်ထားတာကတော့လင်းဖန်သည် နည်းလမ်းဟောင်းကိုသာဆက်လက်အသုံးပြုမည်ဆိုတာပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး