ငါကြည့်ရအောင်တန်လို့လား
Vol. 21 Ch. 301
ဖန်တီကုမ္ပဏီ မှ ဝန်ထမ်းများသည် အဆုံးမရှိသော မျှော်လင့်ချက်များနှင့် အံ့အားသင့်မှုများနဲ့အတူနောက်ဆုံးတွင် စိုလန် ဇိမ်ခံရွက်လှေပေါ်သို့ ဖြည်းညှင်းစွာ တက်လာခဲ့ကြသည်။
စိုလန် ဇိမ်ခံရွက်လှေ၏အသွင်အပြင်ကိုကြည့်ရုံဖြင့်လူတိုင်းကအံ့အားသင့်ခဲ့ကြသည်။
အခုရွက်လှေကို ရောက်ပြီးနောက် လူတိုင်း သည်အံသြလွန်းလို့ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
ရွက်လှေပေါ်တွင်ကျယ်ဝန်းသောစားသောက်ဆိုင်များ၊ ဘားများ၊ အဆင့်မြင့်အခန်းများ၊ စပါးလုပ်ရမည့်နေရာများ၊ ရုပ်ရှင်ရုံများ၊ အပူပေးရေကူးကန်များ၊ ဇိမ်ခံနားနေခန်းများ... သူတို့လုပ်ချင်သည့်အရာများကိုလုပ်နိုင်သည်။(သူတို့ဒါကိုဘယ်လိုသိလားဘာသာပြန်လဲမသိပါ)
ဒါရွက်လှမဟုတ်တော့ပေ။
ဒါစွယ်စုံရနေရာပင်ဖြစ်သည်။
လင်းဖန် က “ရွက်လှေပေါ်မှာ မင်းတို့စားတာဖြစ်ဖြစ်၊သောက်တာဖြစ်ဖြစ်၊ ကစားတာ၊သုံးတာမှန်သမျှ... အားလုံးကို အကန့်အသတ်မရှိ အခမဲ့ရနိုင်တယ်!”
ထို့နောက် လင်းဖန် က “ထွက်မယ်”
“ဂျင်း’’
မော်တာ၏ဟောက်သံသည်နဂါးတစ်ကောင်ကဲ့သို့ ကျယ်လောင်လှသည်။ထို့နောက်ဇိမ်ခံရွက်လှေကြီးတစ်ခုလုံးသည် ရေထုကိုခွဲကာ အဝေးသို့ မောင်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ဖန်တီ ကုမ္ပဏီမှ ဝန်ထမ်းများအားလုံး သူတို့လုပ်ချင်တာကိုသွားလုပ်ကြသည်။
၎င်းတို့အနက် အချို့မှာ အပူရှိန်အနည်းငယ်ရှိသော ရေကူးကန်ထဲသို့ ခုန်ဆင်းသွားခဲ့ကြသည်။
တစ်ချို့လူများသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ သက်တောင့်သက်သာရှိစွာ အနားယူနေကြသည်။
လူတစ်ချို့သည် အပန်းဖြေရန် စပါး(spa)သို့ လျှောက်လာခဲ့ကြသည်။
…………
မကြာမီ ဇိမ်ခံရွက်လှေကြီးတစ်ခုလုံးတွင် ဆွေးနွေးမှုများ ထွက်ပေါ်လာကြသည်။
“Remy၊ XO၊ Ace of Hearts!(ဝိုင်နာမည်) သင်္ဘောပေါ်မှာ ဝိုင်တွေ ထောင်နဲ့ချီ ရှိတာပဲ ဘုရားရေ။”
“ပုစွန်ကင်၊ ကဏန်းဘုရင်ပေါင်း၊ ငါးအသားလွှာ၊ ပင်လယ်စာအမျိုးစုံရှိသည်... ထို့အပြင်၊ ဟင်းချက်လက်ရာကလဲအရမ်းအရသာရှိတယ်!”
“စပါး(spa) ကလဲအရမ်းအဆင်ပြေတယ်!”
…………
စိုလန် ဇိမ်ခံရွက်လှေသည် မှောမြို့ ဆိပ်ကမ်းသို့ ယမန်နေ့ကသာ ရောက်ရှိခဲ့သည်။ သာမာန်လူတွေသာဆိုအစားအစာများနှင့် ဝိုင်ကောင်းများကို တစ်ပြိုင်နက် သိုလှောင်ရန် မဖြစ်နိုင်လုနီးပါးခက်ခဲသည်။
သို့သော်လည်းလင်းဖန်သည် ကြယ်သုံးပွင့် မြူချီလီ(ဖူမန်ဒူးနဲ့အတူတူပါ) ဟိုတယ်ကို ပိုင်ဆိုင်ပါက၊ ၎င်းသည် သဘာဝအတိုင်း အလွန်ရိုးရှင်းသည်။
လူတိုင်းက အစားအသောက်ကသာ အရသာရှိတယ် လို့ ထင်နေကြတာ။
သိရန်……
၎င်းကို မြူချီလီ ကြယ်သုံးပွင့်ဟိုတယ်မှ စားဖိုမှူးတစ်ဦးက ချက်ပြုတ်ထားသောကြောင့် အရသာမကောင်းဘူးဆိုတာကလုံးဝမဖြစ်နိုင်ပေ။
ကျူရီရှောင်သည် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး အဝေးမှ အဆုံးမရှိသော ပင်လယ်ကြီးကို ကြည့်ရင်းပျော်ရွှင်နေသည်။
ဝန်ထမ်းတွေရဲ့ ရယ်မောသံတွေကို နားထောင်ရင်း လင်းဖန်နှင့်အတူရယ်လိုက်လေသည်။(ပက်လက်ကုလားထိုင်ကလူနှစ်ယောက်စာလောက်ဆန့်တဲ့အတွက်လင်းဖန်ရောကျူရီရှောင်ရောကပက်လက်ကုလားထိုင်မှာထိုင်နေတာပါ)
…………
ဒီအချိန်မှာစိုလန်ရွက်လှေ ဟာ ပင်လယ်ထဲမှာ တစ်ခုတည်းသော ရွက်လှေမဟုတ်ပေ။
မနီးမဝေးတွင် ရွက်လှေကြီးတစ်စင်းလည်း ရှိသေးသည်။
ဤရွက်လှေသည် မည်မျှကြီးသည် သို့မဟုတ် ဇိမ်ကျကျနေပါစေ၊ ၎င်းသည် စိုလန်ထက် တော့မသာလွန်ပေ။
ရွက်လှေ၏ ကုန်းပတ်ပေါ်တွင် အမျိုးသားနှင့် အမျိုးသမီးတစ်စုသည်မတ်တပ်ရပ်ကာ ပင်လယ်လေကို ရှုရင်း ဝိုင်တွေကိုသောက်နေပြီးသူတို့အားလုံးသောမျက်နှာတွင်ပျော်ရွှင်သောအမူအရာရှိကြလေသည်။
“ဝိုင်၊ အစားအသောက်၊ .... အားလုံးကောင်းတယ်။လူရှန် မင်းရဲ့ရွက်လှေက တကယ်ကိုကောင်းတယ်!” မျက်နှာဝိုင်းတစ်ယောက်ကသဘောကျစွာပြောလိုက်လေသည်။
လူရှန်က “ဒါက သဘာဝဘဲလေ။ ပါကစ္စတန်က နေဒီရွက်လှေကို ယွမ် သန်း 300 နဲ့ ဝယ်ခဲ့တာ။ မှော်မြို့တစ်ခုလုံးမျာ အဲဒါထက် ပိုကောင်းတာ မရှိတော့ဘူး”
“ရှန်လူမင်း က ဒီရွက်လှေကိုအရမ်းကျေနပ်ပုံရတယ်။!” မျက်နှာဝိုင်းလူက ပြောသည်။
ရှန်လူက “ငါတို့အားလုံး အတူတူကစား(ပျော်တာကိုပြောတာပါ)ဖို့အတွက်လေအဲ့လောက်ကြီးလဲမဟုတ်ပါဘူး”
သူသည်ဒီလိုပြောပေမဲ့သူ့မျက်နှာပေါ်ရှိ အပြုံးက ရှင်းရှင်းလင်းလင်း ပြောနေတာကတော့၊ ဒါကို အရမ်းကျေနပ်နေတယ်ဆိုတာပင်ဖြစ်သည်။
ထိုအချိန်တွင် ဇိမ်ခံပြီး ခမ်းနားထည်ဝါကာအလွန်အေးမြသော(အေးမြတယ်ဆိုတာကအသွင်မိုက်တာကိုပြောတာပါ) ရွက်လှေကြီးသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောတစ်စုံတစ်ယောက်သည် ချက်ချင်းပင် “Fuck! ဘယ်လောက်တောင်လှလိုက်တဲ့ ရွက်လှေကြီးလဲ!”
“ပြီးတော့ အရမ်းလဲကြီးသေးတယ်!”
“ဒါက ရွေ့လျားနေတဲ့ ရဲတိုက်လို့ ပြောလို့ရတယ်။”
လူအနည်းငယ်က မတ်တပ်ရပ်ပြီး တအံ့တသြကြီးပြောနေလိုက်ကြသည်။
ဒါကိုတွေ့တော့ရှန်လူ ၏ မျက်နှာတစ်ခုလုံး သည်အနည်းငယ် မည်းမှောင်သွားလေသည်။
သူ့ရွက်လှေထက်ကောင်းတဲ့ ရွက်လှေမရှိဘူးသူခုနကပဲ ပြောခဲ့တာမဟုတ်ဘူးလား။
ရလဒ်အနေနဲ့ သူ့ထက်ကောင်းတဲ့ ရွက်လှေတစ်စင်း ချက်ချင်းပေါ်လာလေသည်။
ဒါကသူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့တူသည်။
အဲဒီအချိန်မှာ သူ့ဘေးက မျက်နှာဝိုင်းကလူကမေးလိုက်သည်။ “ဟေ့ သူငယ်ချင်း၊ မင်းလည်းမှော်မြို့တော်ကလား? “(သူတို့ရွက်လှေနှစ်ခုကဘေးချင်းကပ်ရပ်မို့ပါ)
ဝန်ထမ်းတစ်ဦးက “ငါတို့ကမှော်မြို့မှာရှိတဲ့ဖန်တီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကပါယနေ့မှာတော့ငါတို့အသင်းဖွဲအပန်းဖြေတည်ဆောက်ခြင်းဖြစ်သည်” ဟုပြောလိုက်သည်။
အပန်ဖြေအသင်းတည်ဆောက်ခြင်း?
မျက်နှာဝိုင်းလူသညချက်ချင်း် အံ့အားသင့်သွားလေသည်။
ဒီလိုဇိမ်ခံရွက်လှေနဲ့အပန်းဖြေအဖွဲ့တည်ဆောက်တာလား?
နောက်ပြီး ဖန်တီကုမ္ပဏီအဲဒါကိုတစ်ခါမှကြားဖူးပုံမပေါ်ဘူး။
ဒါကိုကြားတော့ရှန်လူသည် သူ့မျက်နှာအနည်းငယ်ကောင်းမွန်လာခဲ့သည်။
အမည်မသိ ကုမ္ပဏီငယ်တစ်ခု......
ဒီရွက်လှေက ကြည့်ရတာကောင်းတယ်ဆိုတော့ဒါကိုကိုငှားလာတာဖြစ်မယ်။
ထို့ကြောင့် ရှန်လူသည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး စိုလန်ရွက်လှေအတွင်းကို ကြည့်လိုက်လေသည်။
နောက်အခိုက်အတန့်တွင်လူရှန်၏မျက်လုံးများသည် အနည်းငယ်တောက်ပလာပြီးဘာလို့ဆိုသူဿျူရီရှောင်ကိုတွေ့လိုက်သောကြောင့်ဖြစ်သည်။
အလှလေး!
ပြည့်စုံတဲ့ခန္ဓာကိုယ်!
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျူရီရှောင်ကို ဖက်ထားတဲ့ လင်းဖန်ကို သူတွေ့လိုက်လေသည်။
ဒါကိုတွေ့တော့ရှန်လူသည် ချက်ချင်းပင် မနာလိုစိတ်ဖြစ်သွားလေသည်။
အဘယ်ကြောင့်?
ဒီလို လှပတဲ့ အလှလေးက ဘာကြောင့် တခြားသူရဲ့ မိန်းကလေးဖြစ်နေရတာလဲ။
သူက ရုပ်ချောလို့များလား?
ဒါကိုတွေးမိပြီးရှန်လူက အသက်ပြင်းပြင်းရှူပြီး လင်းဖန်ကို အော်ပြောလိုက်လေသည် “ သူငယ်ချင်း၊ ဖန်လင်းကုမ္ပဏီအကြောင်းကိုတော့ကြားဖူးတယ်မလား။ငါတို့ကရှန်မိသားစုက ပါ၊ ငါ့နာမည်က ရှန်လူ၊ ငါမင်းနဲ့သူငယ်ချင်းလုပ်လို့ရလား။ဒီနေ့ မင်းကိုရုတ်တရက်တွေ့ခဲ့တော့ဘာပေးရမှန်းမသိဘူး ?”(ဒါကတစ်ယောက်ထဲပြောနေတယ်ဟ)
“အနာဂတ်မှာ ရွက်လှေကို အသုံးပြုချင်တယ်ဆိုရင်ငါ့ရဲ့ပါကစ္စတန်ကနေ ယွမ်သန်း ၃၀၀ နဲ့ ဝယ်ယူထားတဲ့ ကျွန်တော့်ရဲ့ ဇိမ်ခံရွက်လှေကို လာငှားနိုင်တယ်။”
ရုပ်ရှင်နှင့် ဝတ္ထုများတွင် ချမ်းသာသော ဒုတိယမျိုးဆက် အများစုသည် အလွန်မောက်မာကြသည်။
တကယ်တော့?
အများစုမှာ ရှန်လူကဲ့သို့ ထက်မြက်ကြသည်။
သို့သော် သူ၏ပစ်မှတ်မှာကျူရီရှောင် ဖြစ်သည်။
သူသည် လင်းဖန်နှင့် မိတ်ဆက်တယ်ဆိုပေမဲ့သူ့မိသားစု၏ ခွန်အားနှင့် တန်ဖိုးကြီးသော ရွက်လှေကို ပိုင်ဆိုင်ကြောင်း စကားတစ်ခွန်းတည်းနဲ့ပြောခဲ့တာဖြစ်သည်။
လင်းဖန်သည် ချက်ချင်းပင် ခွေးတစ်ကောင်လို သူ့ကိုယ့်သနားရန် တောင်းပန်မည်ဟုထင်လိုပ်သည်။(ရွက်လှေငှားတာကိုပြောတာပါ)
ထို့နောက်ကျူရီရှောင်သည် သူ့ကိုယ်အဆုံးမရှိ သဘောကျကာ သူမကသူ့ကိုယ်အမြဲစွဲနေမှာသေချာသည်။
ဒါ... ငွေရဲ့ အင်အားပင်ဖြစ်သည်။!
ရှန်လူသည် အလားတူ အတွေ့အကြုံမျိုး အကြိမ်များစွာ ရှိခဲ့ဖူးသောကြောင့်ယခုအကြိမ်သည် ခြွင်းချက်မဟုတ်ဟု ယုံကြည်သည်။
သို့သော်ရှန်လူသည် ဒီစကားတွေပြောပြီးတဲ့အခါ လင်းဖန်ကသူ့ကိုအရူးကိုကြည့်နေငလိမျိုးကြည့်လိုက်လေသည်။
ယွမ် သန်း 300 ဇိမ်ခံရွက်လှေ?
ယွမ် သန်း ၃၀၀ မျှသာရှိသော ဇိမ်ခံရွက်လှေဟု ယူဆနိုင်သည် ။
သူ၏ကိုယ်ပိုင်သင်္ဘောက ယွမ် ၁.၂ ဘီလီယံ။
ဒါတောင့်သူ့ကိုယ်ပိုင်ရွက်လှေနဲ့ ကွာဟချက်ကို ဒီခွေးကောင်မမြင်နိုင်ဘူးလား။
မင်းဘာလို့ ဒီလောက် မျက်စိမှိတ်ပြီးကိုယ့်ကိုကိုယ်ယုံကြည်နေသေးတာလဲ။
လင်းဖန်က “ဖန်လင်းကုမ္ပဏီ? အဲဒါကို ငါတစ်ခါမှ မကြားဖူးဘူး။”
“သူငယ်ချင်းလုပ်တာလား စိတ်မဝင်စားဘူး”
ဒီစကားကို သူတကယ် ပေါက်ကရ ပြောတာမဟုတ်ပေ။
ဖန်လင်းကုမ္ပဏီသည်ကျော်ကြားမှုအချို့ရှိသော်လည်း လင်းဖန်သည် ဒီလိုသေးငယ်တယ်ဟာတွေကိုသူမသိပေ။တွမ်စန် လို နာမည်ကြီးအိမ်ကလွဲရင် ကျန်တာတော့ သိပ်မကြားဘူးပေ။
လင်းဖန်၏စကားကိုကြားတော့ရှန်လူ၏ မျက်နှာသည် အနည်းငယ် နစ်မြုပ်သွားခဲ့သည်။
လင်းဖန်က ဒီလိုဖြေဖို့ကိုသူ မမျှော်လင့်ထားပေ။
“ငါကိုယ်တိုင် မိတ်ဆက်ပြီးတာတောင်။ မင်းကဒီလိုစကားမျိုး ပြောပြီးငါ့ကို နှိမ့်ချချင်နေတာလား”
လင်းဖန်က ရှန်လူကိုကြည့်ကာ “မင်းမကြားဘူးလားငါပြေတာကို၊မင်းကိုကြည့်ရအောင်လဲမင်းကတန်လို့လား” လို့ပြောလိုက်သည်။
ဒီစာကြောင်းနဲ့ ပတ်သက်ပြီး သူလိမ်ညာပြီးပြောတာမဟုတ်ပေ။
လင်းဖန် ရဲ့ လက်ရှိတန်ဖိုးအရ သူ့ကိုကြည့်လို့ရအောင် လုပ်နိုင်တဲ့သူတွေ အများကြီးမရှိပေ။
သာမာန်အခြေအနေအရ လင်းဖန် က ဒီလိုပြောမှာမဟုတ်ပေ။
သူဒီလိုပြောရသည်မှာလင်းဖန်သည်ရှန်လူကသူ့ရည်စားကျုရီရှောင်ကို့မကောင်းကျန်ချင်နေတဲ့စိတ်တွေကို မြင်လိုက်ရလို့ပင်ဖြစ်သည်။
ထို့ကြောင့်လင်းဖန်သည် ရှန်လူကိုသဘာဝအတိုင်း ယဉ်ကျေးနေမည်မဟုတ်ပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး