စိတ်ကူးယဥ်ခြင်း
Vol. 21 Ch. 313
ဇူရီဟိုင်သည်ကျယ်လောင်စွာရယ်မောပြီးနောက်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် အသံမြည်လာပြန်သည်။
ယခုတစ်ကြိမ်သည် အဲဂရု၏ဥက္ကဌ မလေး ထံမှာဖြစ်လေသည်။
မလေး၏ အတွေးအမြင်များသည် ရှောင်မာ နှင့် ဆင်တူလေသည်။ သူသည် အနာဂတ် သူဌေးနှင့် အတတ်နိုင်ဆုံး ရင်းနှီးအောင်လုပ်ချင်လေသည်။
လင်းဖန် သည် ကျောက်ဒန်မင် နှင့်မစ္စတာမာထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိထားပြီးဖြစ်သောကြောင့်နောက်ထပ် မစ္စတာ မလေးဖုန်းဆက်တာကိုမြင်တော့မအံသြပေ။
ထို့နောက်အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်လိုက်လေသည်။
“မစ္စတာလင်း နေကောင်းကျန်းမာရဲ့လား!” မလေးက ဝမ်းသာအားရပြောလိုက်လေသည်။
လင်းဖန်ကလဲပန်မေးပြီးနောက်သူကလိုရင်းကိစ္စကိုပြောလိုက်လေသည်။ “မစ္စတာ မလေး၊ အဲဂရု နဲ့ ကျူချန်ကော်ဖီကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်မှု ရှိလား”လို့ဟူ၍ပင်ဖြစ်သည်။
လင်းဖန်၏ လေသံမှာ အနည်းငယ်မကျေနပ်တာကိုသည်ကို မလေးက သတိထားမိလိုက်သည်။
ထို့ကြောင့်သူက နည်းနည်းစဉ်းစားပြီပြောလိုက်လေသည်။ “ကျူချန်ဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီကုမ္ပဏီတစ်ခုပါ။တရုတ်ဈေးကွက်မှာနေရာရဖို့အတွက်ကျူချန်ဥက္ကဌဟာ ကျွန်တော်တို့ရဲ့ အဲဂရု ကို လူကိုယ်တိုင်လာရောက်လည်ပတ်ခဲ့ပြီး လူသိများအောင်လုပ်ဆောင်ဖို့ ငွေများစွာသုံးစွဲခဲ့ပါတယ်။”
၎င်း၏ပြောကြားချပ်မှာလည်းရိုးရှင်းသည်၊ သူပြေချင်သည်မှာကျူချန်ကုမ္ပဏီနှင့်အဲဂရုတို့သည်ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာပင်ဖြစ်သည်။
သို့သော် ၎င်းသည် ရိုးရှင်းသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခုမျှသာဖြစ်သည်။
လင်းဖန်သည်သူပြောချက်တာကိုနားလည်လေသည်။ထို့ကြောင့်သည် “ကျွန်တော် ကော်ဖီနည်းနည်း စိုက်ထားတယ်။အဲ့ဒါကိုကျူချန်ကော်ဖီရဲ့မန်နေဂျာ ဇူရီဟိုင်က ကျွန်တော့်ကသာသူ့က်ုမရောင်းဘူးဆိုရင်ဘယ်မှာမျရောင်းလို့ရမှာမဟုတ်ဘူးလို့လာခြိမ်းခြောက်နေတယ်.....”
ဒါကိုကြားတော့မလေးသည်သူ့ကိုယ်သူချီးကျူးလိုက်လေသည်။ဘာလို့ဆိုသူနဲ့ကျူချန်ကုမ္ပဏီတို့နဲ့ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးရှိတယ်ဆိုတာကိုမပြောလိုက်လို့ပင်ဖြစ်သည်။
မဟုတ်ရင် လင်းဖန်က သူ့ကိုယ်ဒေါသမထွက်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ။
မလေးက “ဒီကျူချန် က ဝန်ထမ်းတွေကို ဘယ်လို စီမံခန့်ခွဲနေတာလဲမသိဘူး။အားလုံးက ပရမ်းပတာဖြစ်နေတာပဲ၊ မန်နေဂျာ ဇူရီဟိုင်နော်။”
“မစ္စတာလင်း၊ ခဏစောင့်ပါ၊ ကျူချန်ကမင်းကိုကျေနပ်လောက်တဲ့အဖြေတစ်ခုရစေရပါမယ်”
လင်းဖန် က “ကောင်းပြီ။”
ဖုန်းချလိုက်ပြီးနောက်သူ့ဘေးနားရှိ ဖူရီဟိုင် က ရယ်ရင်း “ဒါကအဲဂရုဥက္ကဋ္ဌမလေးဆီက ဖုန်းခေါ်တာလား။ ဒါဆို မင်းကအဲဂရုရဲ့ ရှယ်ယာရှင်ပဲလား”
“ဟုတ်ပါတယ်” လင်းဖန်က ပြောလိုက်သည်။
ဇူရီဟိုင်သည် လင်းဖန်၏အဖြေကိုကြားတေည့မျက်ရည်ကျတဲ့အထိရယ်လိုက်လေသည်။
“ဟားဟားဟားဟားဟားဟားဟားဟားဟား။ အဲ၊ ပန်ကူနဲ့ လက်တာ ဥက္ကဌတို့က ငါကို ပြဿနာလာရှာတော့မယ်... ဟာဟား! ဘာလုပ်ရမလဲ ငါ... အရမ်းကြောက်နေပြီ... အရမ်းကြောက်တယ်.. ...ဟားဟား!”
ထို့နောက်ဇူရီဟိုင်က မထိန်းနိုင်ဘဲ ရယ်မောကာ “သူငယ်ချင်းလေး၊ မင်းကကုမ္ပဏီကြီးတွေ အများကြီးရဲ့ ရှယ်ယာရှင်ပဲလေ။ ကျူချန်မှာလဲရှယ်ယာထပ်ထည့်ဖို့ စိတ်မကူးထားဘူးလား၊ ကျူချန်ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တဲ့ သူနဲ့စကားပြောလို့ရအောင်ခေါ်လိုက်ပါ။ငါဥက္ကဌနဲ့ တစ်ခါမှ စကားမပြောဖူးဘူး... ဟားဟား..။
“ကလင်ခကလင် ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် အသံမြည်လာပြန်သည်။
ဒီတစ်ခါတော့ နိုင်ငံခြားက မသိတဲ့ နံပါတ်တစ်ခုပင်ဖြစ်သည်။
လင်းဖန်သည် အဖြေခလုတ်ကို နှိပ်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ...”
ဖုန်းထဲတွင် မပီသသော တရုတ်ဘာသာစကား တစ်ခုပေါ်လာလေသည်။
ထို့နောက် အလွန်ပီသသောတရုတ် အသံတစ်ခု ထွက်ပေါ်လာကာ “ချစ်လှစွာသော မစ္စတာလင်း၊ မင်္ဂလာပါ။ ခုနက ပြောခဲ့တဲ့ သူကတော့ ကျူချန်ကော်ဖီ ဥက္ကဋ္ဌ မစ္စတာ ဂျော့ချ်ဒေးဗစ်ပါ၊ ငါက သူ့ရဲ့ အတွင်းရေးမှူးနဲ့ ဘာသာပြန်သူ လုံဖန်ပါ”
လင်းဖန်က ဇူရီဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး “အခုဖုန်းခေါ်တာကအချိန်ကိုက်ပဲ၊အခုပဲဟွာရှကမန်နေဂျာ ဇူရီဟိုင်က ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ကော်ဖီစေ့တွေကို အတင်းအကြပ်ဝယ်ချင်နေတယ်။ပြီးတော့မစ္စတာနဲ့လဲပြောချင်တယ်တဲ့”
ထို့နောက် လင်းဖန်သည် စပီကာခလုတ်ကို တိုက်ရိုက်နှိပ်လိုက်ပြီး “ မင်းဥက္ကဌနဲ့ စကားမပြောဘူးလား” လို့ ပြောလိုက်သည်။
ဒါကိုကြားတော့ဇူရီဟိုင်က ထပ်ပြီး ပြုံးကာ “တကယ်လား? ဟားဟား၊ ကောင်းပြီ!”
ထိုအချိန်တွင် တစ်ဖက်ဖုန်းမှ လုံဖန်သည် လင်းဖန်၏ စကားလုံးအားလုံးကို ဂျော့ခ်ဒေဗစ်ထံသို့ ဘာသာပြန်ပြီးဖြစ်သည်။
ဂျော့ချ်ဒေးဗစ်သည် ကျူချန်ကော်ဖီကို ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်စေခဲ့သောသူဖြစ်သည်။ထို့ကြောင့်သူဘယ်လောက်တော်ကြောင်းသိနိုင်လေသည်။
ခဏလောက်စဉ်းစားပြီးနောက်သူသည်ယေဘုယျအခြေအနေကို သိလိုက်လေသည်။
ထိုအချိန်တွင်ဇူရီဟိုင်က ဖုန်းဘက်သို့သို့လှည့်လာပြီး “မင်းက ငါတို့ ကျူချန်ကော်ဖီရဲ့ ဥက္ကဌလား” လို့ အော်ပြောလိုက်လေသည်။
လုံဖန်က “ကျွန်တော်က ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးနဲ့ ဘာသာပြန်သူပါ”
“ဟားဟား။ အတွင်းရေးမှူးနဲ့ ဘာသာပြန်တွေ ရှိတာ၊ ဒါကအံ့သြစရာကောင်းတာပဲ။ ဟားဟားဟား” ဇူရီဟိုင်ကကယ ကောင်းကင်သို့မော့ကာရယ်လိုက်လေသည်။
“ဒါဆို... မင်းပြော ီး ဥက္ကဋ္ဌ၊ ဒီလင်းဖန်ရဲ့ ကော်ဖီစေ့ကို ၁ သန်းနဲ့ ဝယ်မှာလား၊ ဒါမှမဟုတ် ဘယ်သူ့မှာမဝယ်ရအောင်လုပ်ရမှာလား!”
စကားပြောပြီးနောက် ဇူရီဟိုင် သည် ချတဲ့ခုတ်ကိုတိုက်ရိုက်နှိပ်လိုက်သည်။
ထို့နောက် သူသည်မြေပြင်ပေါ်တွင် လဲလျောင်းလုနီးပါးဖြစ်တဲ့အထိရယ်လိုက်လေသည်။
ပထမဆက်တာကသည် ဥက္ကဌ ကျောက်ဒန်မင် ၏ခေါ်ဆျုသံဆိုတာကိုသူသည်အနည်းငယ်ယုံကြည်သည်။
ထို့နောက် ပန်ကူဂရု ဥက္ကဌ မစ္စတာမာ၊ အဲဂရုဥက္ကဌ နှင့် ကျူချန် ရဲ့ အတွင်းရေးမှူးနှင့် စကားပြန် တို့၏ ဖုန်းခေါ်ဆိုမှုသည်လုံးဝရုပ်တည်မရှိတဲ့ဝါပင်ဖြစ်သည်။
သိရန်လက်တာ၊ ပန်ကူ နှင့် အဲဂရု တို့သည် တရုတ်အင်တာနက်ကုမ္ပဏီကြီး သုံးခုဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းတို့အနက်မှ ရှယ်ယာရှင်တစ်ဦးဖြစ်လျှင်ပင်ယုံကြည်စိတ်မှုအချို့ ရှိပါသေးသည်။
သို့သော် အချို့သောလူများက ၎င်းတို့သည် ဧရာမကုမ္ပဏီ ၃ ခု၏ ရှယ်ယာရှင်များဖြစ်သည်ဟု ဆိုကြသည်၊ ယင်းမှာ ရယ်စရာကောင်းလေသည်။
နောက်ဆုံးအနေနဲ့ကတော့ကျူချန်ဥက္ကဌရဲ့ အတွင်းရေးမှူးနဲ့ ဘာသာပြန်သူက ဖုန်းဆက်တယ်လို့ပြောလေသည်။
ကျူချန်ရဲ့ဥက္ကဌ သည်ဟွာရှဇာတိဖြစ်သောကြောင့်အဘယ်မှာဘာသာပြန်လိုမည်နည်း။
ဒါတွေအားလုံးကိုကြည့်ခြင်းဖြင့်လင်းဖန်က တစ်ချိန်လုံး ကြွားလုံးထုတ်နေတယ်ဆိုတာ ပြနေသည်။
သို့သော်ဇူရီဟိုင်က သူတွေးနေတဲ့ ဥက္ကဌဟာကျူချန် ရဲ့ တရုတ် ဥက္ကဌသာဖြစ်တယ်ဆိုတာ ဘယ်လိုသိမှာလဲ။
ဂျော့ချ်ဒေးဗစ် သည် ကျူချန်ကော်ဖီ ၏ ဥက္ကဌဖြစ်သောကြောင့် သူ့မှာစကားပြန်တစ်ယောက်ရှိတာ ပုံမှန်ပင်ဖြစ်သည်။
“ကလင် ကလင် ကလင်”
ဇူရီဟိုင်ပြုံးနေသောအခါ သူ့အိတ်ကပ်ထဲက ဆဲလ်ဖုန်းက အအသံတစ်ခုမြည်လာလေသည်။
ဇူရီဟိုင် သည် သူ၏ ဆဲလ်ဖုန်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး ဖုန်းခေါ်ဆိုမှု အကြောင်းကြားချက်ကို မြင်သောအခါ သူချက်ချင်းလေးနက်သွားလေသည်။
ခေါ်ဆိုသူသည်ဟွာရှ၏ဥက္ကဌ ဝမ်ဟီပိုင် ဖြစ်သောကြောင့်ဖြစ်သည်။
ဇူရီဟိုင်သည်အတွင်းပိုင်းကွန်ရက်တွင်ကျူချန်ကော်ဖီ ၏ အကြီးတန်းခေါင်းဆောင်များ၏ အဆက်အသွယ် အချက်အလက်ကို တစ်ခါက မြင်ဖူးလေသည်။
ထို့ကြောင့်သူကလုံးဝမတွန့်ဆုတ်ဘဲ ၎င်းတို့အားလုံးကို အနာဂတ်တွင် အသုံးတည့်စေရန်အတွက် ဖုန်းမှတ်စုထဲသို့ ထည့်လိုက်လေသည်။
အခုက တကယ်ကို အဆင်ပြေတယ်လို့ သူမထင်ထားပေ။
ဒါ့အပြင် ဥက္ကဌကိုတိုက်ကသူ့ကိုဖုန်းခေါ်လေသည်။
ဒါ... ဒါကအခွင့်အရေးပဲ။
ဥက္ကဋ္ဌက သူ့ကိုယ်မြှင့်တငပေးချင််နေတာ ဖြစ်နိုင်မလား။
ဒါကိုတွေးရင်း ဇူရီဟိုင်သည်အလွန်စိတ်လှုပ်ရှားသွားလေသည်။
သူသည် သူ့အဝတ်အစားတွေကို အမြန်သပ်ပြီး လည်ချောင်းကို ရှင်းထုတ်ပြီး ဘေးကို လျှောက်သွားကာ “မင်္ဂလာပါ ဥက္ကဋ္ဌ၊ ဒါကကျူချန်ကော်ဖီဟွာရှ ရဲ့ မန်နေဂျာ ဇူရီဟိုင်ပါ။”
ရှေးဦးစွာ နှုတ်ခွန်းဆက်သပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်သည်။
ဇူရီဟိုင်သည်က ဥက္ကဌက သူ့ကိုယ် ချီးမြှောက်မယ်လို့ စိတ်ကူးထားလေသည်။
သို့သော်……
ဖုန်းထဲတွင် ချက်ချင်းပင်ကျယ်လောင်သောကြိမ်ဆဲသံတစ်ခု ထွက်ပေါ်လာသည်။
“ဇူရီဟိုင် ****ပဲ”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး