← Chapters

တောင်းပန်ခြင်း

Vol. 21 Ch. 314

တောင်းပန်ခြင်း

Vol. 21 Ch. 314

ဒီစကားကြောင့်ဇူရီဟိုင်သည်လုံးဝထိတ်လန့်သွားခဲ့သည်။

အချိန်အတော်ကြာပြီးမှ “.. ဥက္ကဌဝမ် မင်းဘာလို့ငါကိုကြိမ်ဆဲတာလဲ”

ဥက္ကဌဝမ်သည်ဇူရီဟိုင်၏အပစ်မလုပ်ထားသောလေသံကိုကြားတော့သူသည်ချက်ချင်းဒေါသထွက်သွားကာ “ဘာကိုဆဲတာလဲဟုတ်လား။ဇူရီဟိုင် မင်းကဒီလိုမေးဖို့မျက်နှာရှိသေးတာလား။”

“ငါကိုတစ်ယောက်ကမင်းကလီရှီကကော်ဖီစေ့ကိုအတင်းဝယ်နေတယ်လို့ငါ့ကိုပြောတယ်။”

ဒါကိုကြားတော့ဇူရီဟိုင်၏နှလုံးသည် အနည်းငယ် တင်းကျပ်လာလေသည်။ ဒီကိစ္စကို ဥက္ကဋ္ဌကဘာကြောင့်သူ့ကိုပြောလဲဆိုတာကိုသူနားမလည်ပေ။

“ဝမ်... ဥက္ကဌ၊ နားလည်မှုလွဲနေတာလေးတွေရှိတယ်ထင်တယ်..”

ဥက္ကဌဝမ် ဒေါသတကြီးဖြင့် “မင်း..ီးကို ပဲနားလည်မှုလွဲလိုက်”

“လက်တာကမစ္စတာကျောက်၊ ပန်ကူဂရုက မစ္စတာရှာင်မာ၊ အဲဂရုက မစ္စတာမလေးနဲ့ ငါတို့ ရုံးချုပ်ရဲ့ ဥက္ကဌမစ္စတာဂျော့ချ်ဒေးဗစ်တို့ အားလုံးက ငါ့ကို ဖုန်းဆက်ပြီး မက်းရဲ့သောက်တလွဲလုပ်နဲ့အကြောင်းတွေလာပြောကြတယ်။ဒါတောင် နားလည်မှုလွဲတာလို့မင်းပြောတာလား။”

ထိုစကားများကိုကြားပြီးနောက် ဇူရီဟိုင်သည် တစ်ကိုယ်လုံး အေးခဲသွားလေသည်။

ယခုအချိန်တွင် လင်းဖန်၏ ဖုန်းပြောခြင်း မြင်ကွင်းများသည် ရုပ်ရှင်များကဲ့သို့ပင် သူ့စိတ်ထဲတွင် ပြန်ပေါ်လာလေသည်။

အမှန်ပဲလင်းဖန် က ကျောက်ဒန်မင်၊ ရှောင်မာ၊ မလေး၊ ကျူချန်ကော်ဖီဥက္ကဌတို့နဲ့ ဖုန်းပြောခဲ့သည်။

လင်းဖန်သည် လက်တာ၊ ပန်ကူဂရု၊ အဲဂရု၊ ကျူချန်ကော်ဖီတျု့ရဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်သည်။

ပြီးတော့ သူ့ကအဲ့လိုလူကိုခြိမ်းထြောက်ခဲ့တယ်...

ပြီးပြီ၊ ပြီးသွားပြီ...

ငါ လုံးဝပြီးသွားပြီ။

ထိုအချိန်တွင် ဥက္ကဌဝမ်၏ ဒေါသထွက်နေသောအသံထွက်ပေါ်လာလေသည်။ “ဇူရီဟိုင်၊ အလုပ်သမားနှင့် စီမံခန့်ခွဲရေးမှူး(ပြောချင်တာကအလုပ်ကိစ္စတွေကိုစစ်ဆေးတာကိုပြောတာပါ)က မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြထားတာ ပိုကောင်းမယ်။မဟုတ်ရင်ဟဲဟဲ...”

ထို့နောက် ဖုန်းချလိုက်လေသည်။

ဒီနောက်ဆုံးစကားကိုကြားတော့ဇူရီဟိုင်သည်သူရဲ့ခန္ဓာကိုယ်မှာရှိတဲ် ခွန်အားတွေအားလုံးကို ကုန်ဆုံးသွားသလိုခံစားရကာမြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။

ဒီအလုပ်လေးသာပြုတ်သွားရင်သူ့ဘဝကြီးကသွားပြီဆိုတာကိုသူသိလေသည်။

ဥက္ကဌဝမ်က လုံးဝနောက်နေတာမဟုတ်ဘူးဆိုတာကိုလဲဇူရီဟိုင်သိသည်။

သူသည်ကုမ္ပဏီမှာလက်ပေးလပ်ယူလုပ်ထားတာတွေရှိလေသည်။အကယ်၍သူသည်ဒါကြောင့်အလုပ်ထွက်သွားရင်တောင်ဥက္ကဌဝမ်ကသူ့ကိုအလွတ်ပေးမည်မဟုတ်ချေ။

ဇူရီဟိုင်က ဒါကို တွေးမိပြီး သူ့မျက်နှာတစ်ခုလုံး ဖျော့ဖျော့သွားလေသည်။

ဇူရီဟိုင်သည်ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီးလင်းဖန်စီသို့သွားကာ “တောင်းပန်ပါတယ် မစ္စတာလင်း... ကျေးဇူးပြုပြီးကျနေည့ကိုခွင့်လွှတ်ပေးပါ...”

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်……”

“မစ္စတာလင်း၊ မင်းမကျေနပ်သေးရင်ငါ့ကိုရိုက်ချင်ရိုက်၊ ကန်ချင်ကန်လို့ရတယ်....”

ဇူရီဟိုင်သည် လင်းဖန်၏ခွင့်လွှတ်မှုကိုရရှိရန်အတွက် သူ၏ဂုဏ်သိက္ခာအားလုံးကိုစွန့်လွှတ်ခဲ့လေသည်။

ဘာလို့ဆိုလင်းဖန်ကသာ သူ့ကိုယ် ကယ်တင်နိုင်မှန်း သူသိသောကြောင့်ပင်ဖြစ်သည်။

ထို့အပြင်ဇူရီဟိုင်သည် လင်းဖန်က နက်နဲစွာ လျှို့ဝှက်သော စူပါသူဌေးတစ်ဦးဖြစ်ကြောင်းကိုလည်း ယခု သိရှိခဲ့သောကြောင့်အဲ့လိုစူပါသူဌေးကိုတောင်းပန်ရတာကကောင်းတယ်လို့တေညင်သူခံစားမိလေသည်။

ဇူရီဟိုင် ၏ဘေးနားရှိစုနမ်ညီမစုရန်သည် ဇူရီဟိုင်၏သနားစရာကောင်းသောအသွင်အပြင်ကိုကြည့်ကာ “အ....အစ်ကို...” ဟုပြောလိုက်လေသည်။

လင်းဖန်ကစုရန်ရဲ့ ခေါင်းလေးကို ေပွတ်လိုက်ပြီး ‘’စုရန်ရဲ့ မျက်နှာကြောက့်ဒီတစ်ခါငါ မင်းရဲ့ ဥက္ကဌနဲ့ စကားပြောပေးမယ်... သူ မင်းကို ဘယ်လို ဆက်ဆံမလဲ ဆိုတော့ ငါလဲမသိဘူး...”

ဒါကိုကြားတော့ဇူရီဟိုင် က မြေပြင်ပေါ် ကနေ “ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ကျေးဇူးတင်ပါတယ်...”ဟုအထပ်ထပ်အခါခါပြောလိုက်လေသည်။

လင်းဖန်က မျက်မှောင်ကြုတ်ကာ “ကောင်းပြီ၊ဒါဆိုလဲထွက်သွားတော့....”

“ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့……”

ဇူရီဟိုင်သည်သည် မြေပြင်ပေါ်တွင် ခေါင်းအနည်းငယ် ငုံ့ပြီးနောက်အပြင်သို့ ပြေးထွက်သွားခဲ့သည်။

သူ့အနောက်ကလိုက်နေတဲ့အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်ကလည်း လင်းဖန် ရဲ့ လက္ခဏာက ထူးထူးခြားခြားဖြစ်နေတယ်ဆိုတာ နားလည်လိုက်လေသည်။

သူတို့ မထွက်ခွာခင်မှာ လင်းဖန်ကိုဦးညွှတ်ပြီး ထိတ်လန့်တကြားနဲ့ အိမ်ထဲကနေ ထွက်လာခဲ့လေသည်။

“ဗွမ်း!”

အပြင်မှ မော်တော်ကားများကြားရပြီးနောက်ခဏအကြာတွင်တောင်ရွာသည် နောက်ဆုံးတွင် ငြိမ်သက် ငြိမ်သက်သွားတော့သည်။

လင်းဖန်က ပြုံးပြီးပြောလိုက်သည်။ “ငါစကားပြောတကြာတေည့အာနဘ်းနည်းခြောက်နေပြီ။ဒါကြောင့် ရေငတ်ပြေဖို့အတွက် အသီးအနှံစားဖို့ တောင်ပေါ်သွားရအောင်”

“ကောင်းပြီ!” စုနမိက ဝမ်းသာအားရပြောလိုက်သည်။

“ငါလည်း လိုပ်ချင်တယ်!”စုရန် က စိတ်လှုပ်ရှားစွာပြောသည်။

ထို့အချိန်တွင်အဖွားက “စုရန်၊ မင်းလုပ်စရာရှိသေးလို့ မလိုက်သွားပါနဲ့” လို့ပြောလိုက်လေသည်။

ဒါကိုကြားတေည့စုရန်က သက်ပြင်းချလိုက်ပြီး “အင်း...”ဟုပြောလိုက်လေသည်။

လင်းဖန်သည် အနည်းငယ်ပြုံးကာ စုနမ်၏ ကျောက်စိမ်းလက်ကို ဆုပ်ကိုင်ကာ ရှေ့သို့ ထွက်လာခဲ့သည်။

သူတို့နှစ်ဦးသည် အကွေ့အကောက်များသောလမ်းပေါ်တွင် အတူတူလျှောက်လာခဲ့ကြပြီး ကြည်လင်သောစမ်းချောင်းကို ဖြတ်ကျော်ပြီးသစ်ပင်ပေါ်တက်ပြီးသစ်သီးများကိုခူးဆွတ်ကာ အတူတကွ စားခဲ့ကြလေသည်။

ထို့နောက် မြက်ခင်းစိမ်းစိမ်းပေါ်တွင် နှစ်ယောက်သားသည်တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ထိုင်နေကြသည်။

အဝေးရှိ တောင်တန်းတွေကို ကြည့်ရင်း ပတ်ဝန်းကျင်မှာရှိတဲ့လတ်ဆတ်တဲ့လေကိုရှုရှိုက်ရင်း အရမ်းကိုပျော်ရွှင်စရာကောင်းနေလေသည်။

ထိုအချိန်တွင် ထင်းသယ်လာသော အဖိုးအိုတစ်ဦးသည် အဝေးမှ တောင်ပေါ်လမ်းကနေ ဖြည်းညှင်းစွာ ဖြတ်လျှောက်လာသည်။

သူ့မှာ မည်းမှောင်တဲ့ အသားအရည်ရှိပြီး သူ့ပခုံးပေါ်ရှိ ထင်းတွေက အရမ်းလေးလွန်းတာကြောင့် သူသည်မတတ်နိုင်တော့ကာခဏအနားယူရန်ရပ်တန့်လိုက်လေသည်။

ဤမြင်ကွင်းသည် လင်းဖန်၏နှလုံးသားထဲတွင် ကြိုးတစ်ချောင်းကို ထိမိသွားလေသည်။

“အေးအေးဆေးဆေးနေလို့ရန်အောင် အဖွားနဲ့ ညီမကို မြို့ထဲ အတူတူ ခေါ်သွားရအောင်” လို့ သူသည် မနေနိုင်ဘဲ ပြောလိုက်သည်။

ဒါကိုကြားတေည့စုနမ်သည်လဲအနည်းငယ်တိတ်ဆိတ်သွပြီးသူမဘယ်လိုဖြေရမှန်းမသိဖြစ်သွားသည်။

လင်းဖန်ကဆက်ပြောလိုက်လေသည်။ “တောင်ပေါ်က လေကလဲ ကောင်းတယ်၊ ရန်ဖြစ်စရာတွေလဲမရှိဘူး၊ လူတွေကလဲရိုးသားကြတယ်... ဒါပေမယ့် အဖွား ပြန်ဖျားရင် ဘာလိုဖြစ်မလဲ၊ နောက်ပြီးစုရန်ကလဲ ငယ်သေးတယ်။ တောင်တန်းတွေထဲမှာပညာ​သင်မဲ့အစားမြို့မှာပိုမိုကောင်းမွန်တဲ့ ဘဝနဲ့ ပညာရေးကို သင်လို့ရတယ်။”

စုတမ် က ခဏလောက် နှုတ်ဆိတ်နေပြီးနေညက်သူမက “လင်းဖန်၊ မင်းပြောတာက အဓိပ္ပာယ်ရှိတယ်”ဟုပြောလိုက်လေသည်။

လင်းဖန်က ပြုံးပြီး ခေါင်းညိတ်သည်။

“ဒင်!”

12:00!

အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19 ယွမ် ရခဲ့သည်”

…………

“ဒင်း ဂုဏ်ယူပါတယ် မင်း 9,999 ယွမ်ရသည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 188,888ရသည်။”

လင်းဖန်သည် စခရင်ကို အကြိမ်အနည်းငယ် ကြုံသလို နှိပ်လိုက်ရာ စုစုပေါင်း 57,832 ယွမ် ရရှိခဲ့သည်။

လင်းဖန်သည် ပိုက်ဆံကိုပင် မကြည့်ဘဲ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

“အစ်မ၊ အစ်ကို။ အစာစားဖို့ အိမ်ပြန်ရအောင်”

အဝေးတွင်စုရန်၏ ကျယ်လောင်သော အသံ ထွက်ပေါ်လာလေသည်။

လင်းဖန် က “လာပြီဟေ့!”ဟုရယ်ကာပြန်ပြောလိုက်လေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters