ကားရွေးခြင်း
Vol. 21 Ch. 315
ဒီနေ့အစားစာကိုတော့စုနမ်အဖွားကကိုယ်တိုင်ချပ်ပြုတ်ပေးထားလေသည်။
စုနမ်အဖွားရဲ့ချက်ပြုတ်ပညာသည်အလွန်ကောင်းသည်ဟုဆိုရမည်ဖြစ်သည်။
ခရမ်းချဉ်သီး နှင့် ကြက်ဥကျော်နှင့် ဝက်သားကြော် ၊ အာလူးကို ပါးပါးလှီးကာဆီနဲ့ကျော်ထားတဲ့အာလူးကျော် ၊ သခွားသီးနဲ့ ဝက်ပေါင်ခြောက်ဟင်း..
ဟင်းပွဲတွေက အလွန်ရိုးရှင်းပေမယ့် အားလုံးကတော့အရသာရှိလေသည်။
ထို့ကြောင့်လင်းဖန်သည်ထမင်းနှစ်ပန်ကန်တောင်စားခဲ့လေသည်။
စုတမ်အဖွားနဲ့စုရန်တို့ဒီမှာရှိနေတာကို အခွင့်ကောင်းယူပြီး သူ့အရင်အတွေးထားသည်ကိုပြောပြလိုက်လေသည်။
“အဖွား၊စုရန် မင်းတို့မြို့ထဲမှာ နေချင်လား”
စုရန်က သူ့အဖွားကို ကြောင်တက်တက်နဲ့ ကြည့်ပြီး စုနမ်ကိုပြန်ကြည့်လိုက်လေသည်။
စုနမ်က “အဖွားနဲ့စုရန်တို့ကိုမြို့ထဲခေါ်သွားချင်တယ်... ဒီလိုနည်းနဲ့မှအဖွားရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရတာ ပိုလွယ်ကူလာပြီးစုရန်က လဲဗဟုသုတရှိတာတွေကို ပိုလေ့လာနိုင်မယ်လေ။ဒါမကောင်းဘူးလား။”
အဖွားသည် ပြတင်းပေါက်အပြင်ဘက်ရှိ တောင်ကုန်းများနှင့်လယ်ကွင်းများကိုမျှော်ကြည့်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် “မင်းပြောတာမှန်တယ်…”ဟာပြန်ပြောလိုက်သည်။
ဒါကိုကြားတော့လင်းဖန်နှင့်စုနမ်တို့၏မျက်နှာများသည် ရွှင်လန်းမှုမျနှင့်ပြည့်သွားလေသည်။
ယခုတော့ သူတို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူတို့သည်ခရီးဆောင်အိတ်မျညးကို အမြန်ထုပ်ပိုးရန် တွန့်ဆုတ်မနေတော့ပေ။
တကယ်တော့ သူတို့မှာ ကောက်သိမိးစရာအများကြီး မရှိပေ။
အဘွား၊ စုနမ်နှင့် စုရန် တို့သည် အမှတ်တရ ပစ္စည်းအချို့ကိုသာသိမ်းဆည်းထားခဲ့သည်။
ထို့နောက် ခေတ္တဝတ်ရန် အ၀တ်အစားအချို့ကိုသာယူခဲ့သည်။
.....
စုရန်က ဝန်လေးသောလေသံဖြင့်”အစ်ကို ကော်ဖီစေ့တွေကော?”
လင်းဖန်က သူ့ခေါင်းလေးကို ကိုင်လိုက်ပြီး “ဒါကိုစီမံခန့်ခွဲပြီးစိုက်ပျိုးဖို့ တစ်ယောက်ယောက်ကို လာကူညီခိုင်းလိုက်မယ်။ “ လို့ပြောလိုက်သည်။
....
A-mei သည် Porsche(ကား)တွင်ထိုင်ကာ အိမ်ဟောင်းများနှင့် စီးဆင်းနေသော မြစ်ကိုကြည့်ကာ သူမ၏မျက်နှာသည် စိတ်ပျက်စရာနှင့် ပြည့်နေပြီး သူမမှာ စိတ်မကောင်းဖြစ်နေဟန်ရှိသည်။
ကလေးတွေရဲ့စိတ်နေစိတ်ထားသည် အလွန်ပြောင်းလဲမြန်လေသည်။
စုရန်သည်လေယာဉ်ပေါ်တက်ပြီးနောက်ခဏအကြညတွင်လေယာဥ်ထွက်သွားလေသည်။ထိုအခါစုရန် ပြတင်းပေါက်အပြင်ဘက်မှာ တိမ်ဖြူဖြူမျကို တွေ့လိုက်ရသာအခါ သူမရဲ့ လှပတဲ့ မျက်လုံးတွေဟာ ကျောက်မျက်ရတနာတွေလို တောက်ပလာပြီး သူမရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်လို့သွားလေသည်။
အကယ်၍ လေယာဉ်ပေါ်ရှိ အခြားမည်သူမျှ မရှိလျှင်စုရန်သည်အလွန် ပျော်ရွှင်လွန်သောကြောင့်ကျယ်လောင်စွာရယ်မောမည်မှာသေချာသည်။
ကျန်ပေ့ကိုရောက်ပြီးနောက်လင်းဖန်သည် လေဆိပ်တွင် ရပ်ထားသည့် Mercedes-Benz G ကို မောင်းနှင်ပြီးစုနမ်၊စုရန်နှင့် အဖွားတို့ကို မြူချယ်လီ ကြယ်ပွင့် စားသောက်ဆိုင်တစ်ခုတွင် ခေါ်ဆောင်သွားခဲ့သည်။ ကြွယ်ဝပြီး လက်ရာမြောက်သော ညစာအတွက် ယွမ် ၃၇,၈၀၀ သုံးစွဲပြီးနောက် အဖွား၊စုရန်နှင့်စုနမ် တို့ကို ယူဆောင်ကာ 156 စတုရန်းမီတာရှိပြီး ဇိမ်ကျကျ အလှဆင်ထားသော အိမ်ကြီး ဝမ်ကျင်းဟန်စီ သို့ ရောက်လာလေသည်။
ဤသည်မှာ စနစ်ပိုင်ဆိုင်ပြီးနောက် တွင်လင်းဖန်ပထမဆုံးရခဲ့သောပိုင်ဆိုင်မှုဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည်ရေကန်များနှင့် ပန်းခြံများဖြင့်ဝန်းရံထားသော ကျန်ပေ့ရှိ အကောင်းဆုံးကျောင်းခရိုင်အခန်းလည်းဖြစ်ပြီး၊ စျေးဝယ်ခြင်း၊ သွားလာရေးနှင့်ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများသည်အလွန်အဆင်ပြေကြသည်။(ပြောချင်တာအိမ်၊စျေးနီးတာကိုပြောချင်တာပါ)
ဤတွင်နေထိုင်ခြင်းကစုရန်၏ အကောင်းဆုံးပညာရေးအရင်းအမြစ်များကိုရရှိစေပြီး အဖွားသည်လည်း ပိုမိုကောင်းမွန်သောလူနေမှုပတ်ဝန်းကျင်ကို ရရှိစေသည်။
ထို့အပြင် လင်းဖန် နှင့် စုနမ်တို့သည် တစ်ယောက်နှင့်တစ်ယောက်တွေ့ရန်အချိန်ပိုရလေသည်။
ထိုညတွင် လင်းဖန်သည် ဝမ်ကျင်းဟန်တွင် မနေဘဲ သူ့ကိုယ်ပိုင် Mercedes-Benz Big G ကားဖြင့် ပန်းလုံဗီလာသို့ပြန်လာခဲ့သည်။
နောက်တစ်နေ့...
လင်းဖန်သည် လသာဆောင်တွင် နွေးထွေးသော နေရောင်ခြည် ကျရောက်သောအခါတွငိသူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ဖုန်းကို အရင်ကြည့်လိုက်ပြီးနောက်ဖန်သားပြင်ပေါ်မှာ ထုံးစံအတိုင်း စာသားမက်ဆေ့ချ်တစ်ခု ရှိနေသည်။
“၀:၀၀ နာရီတွင် တရုတ်ဘဏ်က ယွမ် ၇၉၁၉၀၀၀ ရရှိသည်။”
အရင်ကထက် သိန်းနဲ့ချီ ပိုများလာငည်။ ထင်ရှားသည်မှာ ယမန်နေ့က အသီးအနှံများ ခူးဆွတ်ရင်း တောင်ပေါ်တွင် လမ်းလျှောက်ခြင်းကြောင့် ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍လင်းဖန်သည် အလွန်အမင်း ဂရုမစိုက်ဘဲအကောင့်ဝင်သည့်စနစ်ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည်။ 】
ဒါကိုတွေ့တော့လင်းဖန်သည် သမ်းဝေပြီး အပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
တံခါးဖွင့်လိုက်တာနဲ့ လူတွေကို သာရေကျစေမည်ရနံ့တစ်ခုက လေထဲကနေလင်းဖန်နှာခေါင်းသိုစိမ့်ဝင်လာလေသည်။
လင်းဖန်သည်ထမင်းစားပွဲကိုကြည့်လိုက်သောအခါခေါက်ဆွဲကျော်၊ကြက်ဥ၊ နို့နှင့် အခြားအစားအစာများ စားပွဲပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင်စုနမ် သည် ဖက်ထုပ်ကြော်တစ်ပန်းကန်ကိုကိုင်ကာမီးဖိုချောင်ကနေ လမ်းလျှောက်လာခဲ့သည်။
လင်းဖန်သည် သူမ၏ ချောမော်လှသောမျက်နှာကို ကြည့်ပြီး ပြုံးကာ “နင် ဘယ်က လာတာလဲ၊ အဖွားနဲ့ ညီမ ရော”
စုနမ်က “သူတို့က ပန်းခြံကိုသွားလည်ကြတယ်။နင် မနက်စာ မစားရသေးဘူးထင်တယ်၊ ဒါကြောင့် မင်းအတွက် တစ်ခုခု လာလုပ်ပေးတာ”
လင်းဖန် က ခေါင်းညိတ်ပြီး “အရမ်းမွှေးတာပဲ၊ စားပြီးပြီလား။မစားရသေးရင်ငါနဲ့ အတူစားရအောင်”
“ကောင်းပြီ။” စုနမ်က ပြောလိုက်သည်။
ဤနံနက်စာသည် မြူချယ်လီစားသောက်ဆိုင်ကဲ့သို့ ဇိမ်ခံမဟုတ်သော်လည်း ၎င်းသည် ထပ်တူထပ်မျှအရသာရှိပါသည်။
လင်းဖန်သည် မနက်စာအားလုံးကို သန့်ရှင်းသပ်ရပ်စွာစားပြီးနောက်အလွန်ကျေနပ်သွားသည်။
သူသည် ပါးစပ်ကို သုတ်လိုက်ပြီး “ငါဗိုက်ပြည့်နေပြီဆျုတော့လေ့ကျင့်ခန်းလုပ်ချိန်ရောက်ပြီ” လို့ပြောလိုက်သည်။
“ပြီးခဲ့တဲ့ အကြိမ်က မက်းရဲ့ဇာတိမြို့ မှာ မို့အရမ်းကြီး လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ရဘူး၊ ဒီနေ့တော့အဆင်ပြေတယ်မလား”
စကားပြောနေရင်းစုနမ်ကိုသူ့ရင်ခွင်ထဲတွင် ဆွဲသွင်းလိုက်လေသည်။
စုနမ်၏ လှပသော မျက်နှာသည် နီရဲသွားပြီး “အင်း... သိပ်ကြာကြာတော့နေလို့မရဘူး...”
( ̄ε ̄)
( ̄3)(ε ̄)
.....
နှစ်နာရီခန့်အကြာတွင် လင်းဖန် နှင့် စုနမ် သည် ပဗီလာထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လင်းဖန်က “စကားမစပ် စုနမ်၊ မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိလား”
“ရှိတယ်။” စုနမ်က ပြောလိုက်သည်။
“ဒါဆို ကားသွားရွေးရအောင်” လင်းဖန်သည် စုနမ်၏ သွယ်လျသောလက်ကို ကိုင်ကာ အဝေးကရပ်ထားသော ကားတန်းရှည်ဆီသို့ လျှောက်သွားလိုက်သည်။
ဗစ်ဂရုရဲ့ ရှယ်ယာ 5% ကို ရယူပြီးနောက် သူတို့ရဲ့ ဥက္ကဌက ပေးပို့လာတဲ့ ကားတွေအများကြီးရှိလေသည်။
ဗစ်ဂရုသည် Volkswagen(ကား)၊ Audi(ကား)၊ Skoda(ကား)၊ Bentley(ကား)၊ Bugatti(ကား)၊ Lamborghini(ကား)၊ Porsche(ကား)၊ Ducati(ကား)အစရှိသည့် အမှတ်တံဆိပ်ပေါင်း တစ်ဒါဇင်ကျော်ကို ပိုင်ဆိုင်ထားသည်။
ထိုအချိန်တွင် ဗစ်ဂရု၏ဥက္ကဋ္ဌက အမှတ်တံဆိပ်တစ်ခုစီတွင် ကားတစ်စီးစီကို ပေးပို့ရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း လင်းဖန်သည်အငှားယာဉ်မောင်းလုပ်ခဲ့သည့်ချိန်တွင်ပေးပို့ထားသောထဲမှအနိမ့်ဆုံးတစ်စီးကိုသာမောင်းနှင်ခဲ့ပြီး အခြားကားများကို အသုံးမပြုရသေးပေ။
“ဘယ်ကားကို ကြိုက်လဲ၊ စိတ်တိုင်းကျ ရွေးလို့ရတယ်။” လင်းဖန်က ပြောလိုက်သည်။
စုနမ်သည် ကားတန်းရှည်ကြီးကို ကြည့်ရင်း အနည်းငယ် မှင်တက်သွားလေသည် ။
လင်းဖန်က အရမ်းချမ်းသာတယ်ဆိုတာ သူမသိပေမယ့် လင်းဖန် မှာ ဒီလိုကားတွေ အများကြီးရှိဖို့ သူမမမျှော်လင့်ထားပေ။
စုနမ် က အချိန်အကြာကြီးနေပြီးတောင်တောင်တစ်စီးမှမရွေးဘူးဆိုတာကို လင်းဖန် မြင်တော့သူမ ရှက်နေတာဟုလင်းဖန်ကထင်လိုက်သည်။
ဒါကြောင့် ရှေ့က Lamborghini Urus(ကား)ကို ညွှန်ပြရင်း “ဒီကားက မောင်းရတာလဲကောင်းတယ်။အထဲမှာလဲကျယ်တယ်...ဒါကြောင့်မင်းဒီကားကိုမောင်းသင့်တယ်။အဖွားနဲ့စုရန်တို့ကလဲအနာဂတ်မှာသွားလာရေးကိုစိတ်ပူစရာမလိုတော့ဘူးမဟုတ်လား ။”
ကားမောင်းတာပဲဖြစ်ဖြစ် ကားပါကင်ထိုးတာပဲဖြစ်ဖြစ် မိန်းကလေးတွေ ကားမမောင်းသင့်ဘူးလို့ လူအများက ထင်မြင်ယူဆလေသည်။ဒါကသူမန်လူတွေသာဖြစ်သည်။
သို့သော် လင်းဖန်ကတေည့ထိုသို့မထင်ပေ။
စုနမ်က Lamborghini Urus (ကား)ကို မောင်းနေသမျှ ဘယ်သူကပေါ့ပေါ့ဆဆ ဝင်တိုက်ရဲမှာလား။
လမ်းပေါ်က တခြားကားတွေတောင်စုနမ်မောင်းတဲ့ကားကို ရှောင်ရမည်ဖြစ်သည်။
ကားပါကင်အခက်အခဲရှိတာလား။
သိရန်ဝမ်ကျင်းဟန် စံအိမ်၏ အဆောက်အဦတစ်ခုလုံးသည်လင်းဖန်ပိုင်ဆိုင်လေသည်။ ရာနှင့်ချီသော ကားပါကင်နေရာများ၊ အလျားလိုက်ကားပါကင်ဖြစ်စေ၊ဒေါင်လိုက်ကားပါကင်ဖြစ်စေသူမ ကြိုက်သလို ရပ်လို့ရသည်။