← Chapters

မစ်ရှင်၃ခု

Vol. 007 Ch. 675

မစ်ရှင်၃ခု

Vol. 007 Ch. 675

“တစ်ယောက် တစ်ယောက်ဖမ်းဖို့ကိုအဲလောက်ခက်တာလား” ရှီမာယူယူသည် လူ၁၀ယောက်၏ နာမည်စာရင်းကို ခေါင်းငုံ့ကာကြည့်လိုက်သည်။ ပထမဆုံးလူသည် စံတင်ဝိဉာဉ်အဆင့်သာရှိသော်လည်း အမှတ် ၅ထောင်အထိ ပေးထားသည်။

“အကုန်လုံးကတော့ ဖမ်းရခက်တာပဲ အထူးသဖြင့် ပထမဆုံးလူပဲ သူက အားအကောင်းဆုံးမဟုတ်ပေ မယ့် ကြေးအမြင့်ဆုံးပဲ သူက ထိန်းချုပ်ရတာအခက်ဆုံးလို့လည်းပြောလို့ရတယ်” ရှီမာယူရန် ပြောလိုက်သည်။

“တကယ်တော့ ဒီမစ်ရှင်ကိုရွေးဖို့ ငါကတော့ အရမ်းအားမပေးချင်ဘူး” ရှီမာယူမင် ပြောလိုက်သည် “ငါတို့က အခုမှမစ်ရှင်တွေစရွေးတာ လွယ်တာကိုရွေးတာပိုကောင်းမယ်၊ ငါကတော့ အမှောင်တောကိုသွားပြီး မီး ငှက်ဥရှာရတဲ့မစ်ရှင်ကို သဘောကျတယ်၊ အရင်ကငါတို့လုပ်ခဲ့တဲ့ မစ်ရှင်နဲ့ တူတယ်”

အင်ပါယာကျောင်းတွင် ရှိစဉ်ကာ ဆေးပင်များနှင့် တခြားပစ္စည်းများရှာရသည့် မစ်ရှင်များလုပ်ခဲ့သည်။

“မီးငှက်ဥရှာတဲ့မစ်ရှင်ကိုရွေးမယ်ဆိုရင် ဒီဟာကိုလည်း တစ်ခါတည်းရွေးလို့ရတာပဲ” ရှီမာယူလင်း ပြော လိုက်သည် “ငါတို့ မစ်ရှင်တွေရွေးတုန်းက အမှောင်တောနားမှာ သူတို့နှစ်ယောက်ရှိတယ်လို့ ဆရာတွေပြောတာ ကြားခဲ့တယ်၊ ကံကောင်းရင် သူတို့နဲ့တွေ့မှာပဲ မတွေ့လည်း အရှုံးမရှိဘူးပေါ့”

“ယုတ္တိရှိတယ်၊ မင်းတို့ရောဘယ်လိုထင်လဲ” ရှီမာယူရွှီ မေးလိုက်သည်။

“ကန့်ကွက်စရာမရှိပါဘူး” ဖက်တီးကျူသည် လက်နက်များထုတ်ခြင်း၊ ကျင့်ကြံခြင်း၊ စားခြင်း အိပ်ခြင်း များ ကောင်းစွာလုပ်နေရသရွေ့တော့ ထိုကဲ့သို့ကိစ္စများကို သိပ်ဂရုမစိုက်ပေ။ အားလုံးသဘောတူသည်နှင့် သူ သည် အဆင်ပြေသည်။

“ငါလည်း မရှိဘူး” ဝေကျိရွှီ ပြောလိုက်သည်။

သူသည် ပြီးခဲ့သည့် မိစ္ဆာထိန်းကျောင်းသည့်မစ်ရှင်တွင် အမှတ်များရခဲ့သည်ဖြစ်ရာ အခုချိန်တွင် လိုအပ် မှုမရှိပေ။ ထို့ကြောင့်ပင် သူတို့ကို ကူညီပေးရန်သာလိုက်ခြင်းဖြစ်သည်။ သူသည် မည်သည့်ဆုံးဖြတ်ချက်ကိုမှ မလုပ်လိုပေ။

“သဘောတူတယ်” ရှီမာယူယူသည် သူမ၏ ဝိဉာဉ်စေတီသည် ပိုအားကောင်းသဖြင့် မစ်ရှင်၏ အမြတ် ကို ဂရုမစိုက်ပေ။

ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် ရှိမနေပေ။ သို့သော် အားလုံးဆုံးဖြတ်လိုက်သည်ကို သူတို့ သဘောမတူ စရာ အကြောင်းမရှိပေ။

“ဒါဆို အဲလိုပဲဆုံးဖြတ်မယ်” ရှီမာယူရွှီ ပြောလိုက်သည် “အဓိကမစ်ရှင်က မီးငှက်ဥယူရမယ် ပြီးတာနဲ့ သူတို့ကိုတွေ့ရင် သတ်မယ်”

“ကောင်းတယ်”

“သြော် ဟုတ်သားပဲ ပြီးအောင်လုပ်ရမယ့် အချိန်ကန့်သတ်ထားတာရှိလား” ရှီမာယူယူ မေးလိုက်သည်။

“ပုံသေတော့မရှိဘူး ဒါပေမဲ့ လုပ်ရတဲ့မစ်ရှင်ပေါ်မူတည်ပြီး ကြာလို့တော့မရဘူး”

“ပုံသေမရှိဘူးလား”

“စဉ်စားကြည့်လေ မင်း အချိန် ၁နှစ်ကြာတဲ့ မစ်ရှင်တစ်ခုလက်ခံလိုက်ပြီး ဒါပေမဲ့ လပိုင်းအမှတ်လောက် နဲ့ပြန်လာမယ်၊ အဲဒါမတန်ဘူးလေ” ရှီမာယူလင်း ရှင်းပြလေသည်။

“အဲဒါကြောင့် လူတွေက ကျင့်စဉ်အမှတ်ရဲ့ တန်ဖိုးကိုအခြေခံပြီး အချိန်သတ်မှတ်ကြတယ်”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ အပြီးမသတ်နိုင်သည့် မစ်ရှင်လုပ်ရင်း အချိန်ဖြုန်းမည့်အစား ဖြစ်နိုင် သည့် တစ်ခုကိုရွေးတာ ပိုကောင်းသည်။

ပြီးတော့ ထိုမဖြစ်နိုင်သည့် မစ်ရှင်ကပင် ပိုပြီးတန်ဖိုးကြီးသည်။

“အမှောင်တောက ဘယ်နားမှာလဲ အဲတောအကြောင်းသိလား”

“အမှောင်တောက အလယ်ပိုင်းနယ်ပယ်မှာ အန္တရာယ်များတဲ့ နေရာတစ်ခုပဲ ယိလင်းတိုင်းပြည်က ပူလွောင်တောင်တန်းနဲ့တူတယ်” ရှီမာယူလင်း ပြောလေသည် “လူအများဝင်သွားပေမယ့် ပြနမထွက်လာနိုင်ဘူး၊ အဲဒါကြောင့် အမှောင်တောလို့ခေါ်တာ”

“အလယ်ပိုင်းနယ်ပယ် အင်း…. နည်းနည်းတော့ဝေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ ဒီတစ်ခေါက်ထွက်တာကြာမယ်ထင်တယ်၊ သွားရင်းနဲ့ တခြားမစ်ရှင်လုပ်လို့ရမလား ကြည့်ကြတာပေါ့၊ ပြီးသွားရင် လည်း ထပ်ပြီးထွက်စရာမလိုတော့တာပေါ့”

အားလုံးသည် သူမ၏ သုံးသပ်ချက်ကို လက်ခံကြသည်။ ထို့ကြောင့်ပင် သူတို့သည် အလယ်ပိုင်း နယ်ပယ်မှ မစ်ရှင်ကိုရှာကြလေသည်။

“ဒီမစ်ရှင်က နည်းနည်းတော့ခက်တယ် ဒါပေမဲ့ အလယ်ပိုင်းနယ်ပယ်ကပဲ” ဝေကျိရွှီသည် စာရွက်ကို ရှာ တွေ့ပြီး အားလုံးကိုပေးကြည့်လိုက်သည်။

“လျန့်ဟုန် တောင်ထိပ်မှာဖြစ်သွားတဲ့ဟာကိုကြည့်လိုက်” ဖက်တီးကျူသည် ဖတ်ပြီးနောက် အော်လေ သည် “အဲဒါဘာမစ်ရှင်လည်း ဘာမှလည်းရှင်းပြမထားဘူး”

“အောက်မှာရေးထားတာကိုဖတ်လိုက်” ဝေကျိရွှီ ပြောလိုက်သည်။

“ခက်ခဲမှုအဆင့်ကတော့ ကြယ် ၄ပွင့်ပဲ” ဖက်တီးကျူသည် အောက်မှ ကြယ် ၄ပွင့်ကိုမြင်သည်နှင့် အော် လိုက်လေသည် “ဘာလို့အဲလောက်အန္တရာယ်များတာလဲ”

“ဒီနေရာက တစ်ခုခုပဲ”

“ဒီမစ်ရှင်ကိုလည်း ကြည့်ရအောင် ဘာလို့လဲဆိုတော့ ဒီမစ်ရှင်ကိုလုပ်တဲ့ ကျောင်းသားတချို့လည်း သေ သွားကြတယ်၊ အဲဒါကြောင့် ခက်တယ်၊ ကျင့်စဉ်အမှတ်ကလည်း မြင့်တယ်”

“အမှတ် ၁သောင်း” ဖက်တီးကျူသည် ကြေးကိုမြင်သည်နှင့် ထပ်အော်ပြန်သည်။

“အမှတ် ၁သောင်းတန်တယ်ဆိုရင်တော့ လူတစ်ယောက်ကို ၁ထောင်ဝန်းကျင်လောက်ရမယ် သုံးနှစ် လောက်တော့ အသာလေးပဲ” ရှီမာယူယူ ပြောလိုက်သည် “မဆိုးဘူး ဒီမစ်ရှင်လုပ်လို့ရတယ်”

“အန္တရာယ်မများလွန်းဘူးလား” ရှီမာယူလင်း မေးလေသည်။

“သေချာပေါက် အန္တရာယ်များတာပေါ့၊ မဟုတ်ရင် ကျောင်းသားတွေသေမှာမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ဆုကကောင်းနေတယ်လေ မဟုတ်ဘူးလား”

“ယူယူရှိနေမှတော့ အန္တရာယ်နည်းသွားမှာပဲ” ဖက်တီးကျူ ပြောလိုက်သည်။

“တစ်ခါလောက်လုပ်ကြည့်ကြတာပေါ့” ဝေကျိရွှီ ပြောလိုက်သည်။

ရှီမာယူယူတွင် သူတို့အား အသက်ရှင်အောင်လုပ်နိုင်သည့် နည်းလမ်းများစွာရှိသည်။ အန္တရာယ်မရှိနိုင် ပေ။

ရှီမာယူလင်းသည် ခေတ္တမျှစဉ်စားပြီးနောက် သဘောတူလိုက်သည်။

“အဖွဲ့တစ်ဖွဲ့က တစ်ခါကို မစ်ရှင် ၃ခုပဲလုပ်လို့ရမယ်၊ ငါတို့က ၃ခုရှိနေပြီ” ရှီမာယူရွှီ ပြောလိုက်သည် “တခြား အကြံပေးချင်တာရှိလား”

“မရှိဘူး ဘေဂုံထန်နဲ့ ဝူရန်ဖေလာရင် သူတို့အမြင်ကိုမေးကြည့်တာပေါ့ သူတို့သဘောတူရင် လုပ်ကြတာ ပေါ့” ရှီမာယူလင်း ပြောလိုက်သည်။

“အင်း”

ညနေရောက်သောအခါ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သူတို့အခန်းထဲမှထွက်လာသည်။ ရှီမာယူရွှီ သည် သူတို့နှစ်ယောက်ကိုသွားရှာပြီး မစ်ရှင်အကြောင်းပြောရင် ငြင်းဆန်မှုမရှိကြပေ။ သည်လိုနှင့် နောက်နေ့ တွင် ရှီမာယူရွှီသည် မစ်ရှင်တာဝန်ကျဆရာဆီသွားကာ မစ်ရှင်များကိုလက်ခံလေသည်။

သူတို့ရွေးလိုက်သော မစ်ရှင်များကို ဆရာတွေ့သည်နှင့် သူတို့အဖွဲ့ကိုပြန်ကြည့်ကာ မေးလေသည် “ဒီ မစ်ရှင် ၃ခုကိုလုပ်ချင်တာ သေချာရဲ့လား ကျောင်းသားသစ်တွေအတွက် ခက်တယ်နော်”

“ဟုတ် ဆရာ ကျွန်တော်တို့် ဒီ၃ခုကိုပဲ ဆုံးဖြတ်ပြီးပါပြီ” ရှီမာယူရွှီ ပြောလိုက်သည်။

သူတို့၏ ခိုင်မာမှုကို ဆရာတွေ့သောအခါ ဘာမှထပ်မပြောတော့ပဲ ခေါင်းညိမ့်ကာ သူ့အား တံဆိပ်ပြား ပေးလိုက်သည်။ တံဆိပ်ပြားနှင့်ဆိုလျှင် ကျောင်းမှမစ်ရှင်လက်ခံပြီးသည်ဟု အသိအမှတ်ပြုသည်။ ထိုတံဆိပ်ပြား နှင့်ဆိုလျှင် အတွင်းဂိုဏ်းမှထွက်လို့ရသည်။

ရှီမာယူယူသည် မိခင်ကျောက်တုံးထုတ်ကာ ရှောင်ချီကိုဆက်သွယ်လိုက်သည်။ သူမသည် မစ်ရှင် အကြောင်းပြောပြကာ လိုက်ချင်မလားပေးသည်။ သူတို့လုပ်ရမည့် မစ်ရှင်နှင့် သွားရမည့် နေရာကိုလည်း ပြောပြ သည်။

ထိုအချိန်တွင် ရှောင်ချီသည် ယွမ်ရှောင်ဂျီနှင့်ရှိနေသည်။ သူတို့ထွက်သွားတော့မည်ကိုသိသည်နှင့် သူမ သည် သူမကို ချန်ခဲ့မည်ကို ကြောက်သဖြင့် ချက်ချင်းပင် ကျောင်းမှပြေးထွက်ပြေးလေသည်။

“ဘာလို့အဲလောက် မြန်မြန်ပြေးနေတာလဲ” ယွမ်ရှောင်ဂျီသည် သူမအား ဆွဲထားလေသည် “မင်းကို သွားခွင့်မပေးဘူးလို့ မပြောရသေးဘူးလေ”

“သွားဖို့သဘောတူတယ်ပေါ့” ရှောင်ချီသည် ယွမရှောင်ဂျီအား မယုံကြည်စွာ ကြည့်လိုက်သည်။

“သွားသွား မင်းအသွင်ပြောင်းဖို့အတွက် အသုံးဝင်မှာပဲ” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “ဒါကိုယူသွား မင်း အန္တရာယ်ရှိရင် ဒါက အဝေးကိုပို့ပေးလိမ့်မယ်”

သူသည် သေတ္တာတစ်ခုအား သူမ အဝတ်ထဲသို့ထည့်ပေးလိုက်သည်။

ရှောင်ချီ သေတ္တာအားသိမ်းကာ ရှီမာယူယူအား ရှာရန်ထွက်သွားလေသည်။

ရှီမာယူယူသည် မိခင်ကျောက်တုံးချမည်အပြုတွင် အသံတစ်သံကြားလိုက်သဖြင့် ခေါင်းကိုက်သွားလေ သည်။

***

All Chapters