ရောင်းထွက်ခြင်း
Vol. 007 Ch. 677
ရှီမာယူယူကြည့်လိုက်ရာ မြက်ပင်ရှည်ကွင်းပြင်ပေါ်ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမှောင် တောဘယ်နေရာမှာရှိသည် မြို့ဘယ်နားမှာရှိသည်ကို မသိတော့ပေ။
“ငါတို့ ဒီအတိုင်းပဲ နေရာရမ်းရွေးပြီး စမ်းကြည့်ကြရင်ရော” ရှီမာယူလီ မေးလိုက်သည်။
“မဖြစ်နိုင်ဘူး ဒီမြက်တောကြီးက အဆုံးရှိတဲ့ပုံမပေါ်ဘူး ပြီးတော့ ဘယ်လောက်ကြီးလဲမသိဘူး၊ ဘယ်လောက် အန္တရာယ်များလဲဆိုတာလည်း မသိဘူး၊ လျှောက်သွားရင် အပြင်မှာ အန္တရာယ်များတဲ့အခြေအနေ တွေ့နိုင်တယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ဒါဆို လူတစ်ယောက်ရှာပြီးမေးရတော့မှာပဲ” ဖက်တီးကျူ လှည့်ပတ်ကြည့်လိုက်သည် “ဘယ်သူမှရှိတဲ့ ပုံလည်းမပေါ်ဘူး၊ ဝိဉာဉ်မိစ္ဆာရှာရမယ်ထင်တယ်”
“မင်း ပြောတဲ့အတိုင်းပဲ” ရှီမာယူယူ သဘောတူလိုက်သည်။
“ရွှီး”
ကြီးမားသော လင်းယုန်ငှက်တစ်ကောင်သည် ပျံလာကာ ရှီမာယူယူအား သုပ်ချီမည်လုပ်သော်လည်း သူတို့အားမြင်သောအခါ ပြန်လှည့်သွားလေသည်။ သူသည် တစ်ချက်မှမလှုပ်ရသေးခင်ပင် အရှုံးပေးလိုက်ရမည် ဟု မထင်မိပေ။
“မကြောက်ပါနဲ့ ငါတို့က မင်းကို လမ်းမေးချင်လို့ပါ” သူမသည် ငှက်လေးနှင့် စာချုပ်ချုပ်ထားခြင်းကြောင့် သူတို့ကိုတိုက်ခိုက်မည်လုပ်သောသူ့ကို ပြန်လွှတ်မည်ဖြစ်သည်။
“ဘာမေးချင်တာလဲ” လင်းယုန်ကြီးမေးလိုက်သည်။
“ဒီနေရာက ဘယ်နေရာလဲ”
“အနောက်ဘက်ကမ်းရိုးကန္တာရ” လင်းယုန်ကြီး ပြန်ဖြေလေသည်။
“အလယ်ပိုင်းနယ်ရဲ့ ဘယ်နားလဲ”
“တောင်ဘက်ဆုံး”
“အမှောင်တောက ဘယ်မှာလဲ ဒီနဲ့ဘယ်လောက်ဝေးလဲ”
“မသိဘူး အဲနေရာကိုတစ်ခါမှမရောက်ဖူးဘူး”
“ဒါဆို အနီးဆုံးမြို့က ဘယ်မှာလဲ”
လင်းယုန်ကြီးသည် လှည့်ပတ်ကြည့်ပြီးနောက် အတောင်ပံခတ်ကာ လမ်းညွှန်ပေးလေသည် “အဲဘက် ကို ဦးတည်သွားလိုက် ၂ရက်လောက်ဆိုရင် မြို့ကိုတွေ့ရလိမ့်မယ်”
ရှီမာယူယူသည် မေးခွန်းများမေးပြီးသည်နှင့် လင်းယုန်ကြီးကိုလွှတ်ပေးလိုက်သည်။ လင်းယုန်သည် မိုး ပေါ်ပျံသွားကာ ကြောက်မက်ဖွယ်မျက်လုံးများဖြင့်ကြည့်ပြီး အတောင်ပံခတ်ကာ ထွက်သွားလေသည်။
“အဲငှက်က ဘယ်လောက်မှမသိပေမယ့် မြို့ကိုသွားပြီး အခြေအနေ ထပ်ပြီးစုံစမ်းကြတာပေါ့၊ လမ်းမှာ ဖြတ်လမ်းတည်ဆောက်မှုရှိလား မရှိဘား ကြည့်သွားလို့လည်းရတယ်” ရှီမာယူလင်း ပြောလိုက်သည်။
“အိုခေ”
အားလုံးသည် လောရန်လိုသဖြင့် ရှီမာယူယူသည် ဟာစွန်အား ခေါ်လိုက်သည်။ သူသည် အသန်မာဆုံး နှင့် အမြန်ဆုံးဖြစ်သည်။
သို့သော် ဟာစွန်နှင့် ၂ရက်ကြာပျံသန်းသော်လည်း မြို့၏ အရိပ်အယောင်ကိုပင် မမြင်ရပေ။
“သေစမ်း အဲငှက်ကတော့ ငါတို့ကိုလိမ်သွားပြီ” ဖက်တီးကျူ ကျိန်ဆဲလေသည်။
“ဒါဆို အခုဘာလုပ်ကြမလဲ”
“ဆက်ပြီးသွားရမယ်ထင်တယ်” ရှီမာယူရွှီ ပြောလိုက်သည် “ငါတို့တော်တော်လာပြီးနေပြီ ပြန်လှည့်ရင် တောင် အဲငှက်ကိုရှာတွေ့မှာမဟုတ်ဘူး”
“သူပြောတာအမှန်ဟုတ် မဟုတ်မသိနိုင်ဘူးလေ၊ ဒါကိုလည်း လိမ်တာဆိုရင်ဘယ်လိုလုပ်မလဲ” ရှီမာယူလီသည် သဘောမတူပေ။
အားလုံးလည်း ထိုအတိုင်းပင်ခံစားရသည်။ ထိုဦးတည်ချက်သည် လှည့်စားထားသည်မှာရှင်းနေသဖြင့် မြို့ရှိ မရှိမှာ မသေချာပေ။
“အဲငှက်စုတ် ပြန်တွေ့ရဲတွေ့ကြည့် ငှက်ကင်လုပ်စားပစ်မယ်” ဖက်တီးကျူသည် ဒေါသဖြင့် ကျိန်ဆဲလေ သည်။
“ရှောင်ချီ တောင်ပံစားမယ်” ရှောင်ချီ ပြောလိုက်သည်။
“ဟိုမှာ အောက်မှာလူရှိတယ်” ရှီမာယူမင် ပြောလိုက်သည်။
အားလုံးငုံ့ကြည့်ရာ အမှန်တကယ်ပင် အောက်တွင် လှုပ်ရှားနေသော အမည်းစက်များရှိလေသည်။ တစ်စုံတစ်ယောက်ရှိသည့်ပုံပင်။
ရှီမာယူယူသည် ဟာစွန်၏ ကျောကိုပွတ်လိုက်ရာ သူ ထိုနေရာသို့ ပျံသွားလေသည်။ သူတို့နီးလာသည် နှင့် အလွန်လှပသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုနေရာတွင် ဆွဲဆောင်မှုရှိသော မိန်းကလေးရှိနေခြင်းသည် တစ်ခုခုပင်။
သို့သော် သူတို့မတတ်သာပဲ သူမကိုမေးရမည်။
“မင်္ဂလာပါ” ဘေဂုံထန်သည် သူတို့ထဲတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သဖြင့် ထိုမိန်းကလေးနှင့် စကားပြောရန် သူမကိုလွှတ်လိုက်သည်။
သူတို့ကိုမြင်သောအခါ ထိုမိန်းကလေးသည် အလွန်ပင် သတိထားလေသည်။ သူမသည် ဘေဂုံထန် အနောက်ကို သံသယဖြင့်ကြည့်ပြီး မေးလိုက်သည် “ဘာလိုချင်လို့လဲ”
“မကြောက်ပါနဲ့ ဘာမှမလုပ်ပါဘူး ဒီနားလေးမှာ မြို့ရှိလားဆိုတာပဲ မေးချင်တာပါ” ဘေဂုံထန် မေးလိုက် သည်။
“ဒီမှာ ရှိလား မရှိလားဆိုတာကို ရှင်တို့ကိုဘာလို့ပြောပြရမှာလဲ” ထိုမိန်းကလေးသည် ကြောက်ရွံ့မှုမရှိ တော့ပဲ အေးစက်သွားလေသည်။
ဘေဂုံထန်သည် ခေတ္တမျှစဉ်းစားပြီးနောက် အလယ်အလတ်အဆင့် ကျောက် ၂တုံးထုတ်ပြီး “ကျွန်မတို့ ကို ပြောပြရင် ရှင့်ကိုဒါပေးမယ်”
ထိုမိန်းကလေးသည် ကျောက်ယူကာ တိကျသာ ဘက်သို့ညွှန်ပြကာ ပြောလေသည် “၂ရက်လောက် သွားရင် ရောက်လိမ့်မယ်”
လာပြန်ပြီ ၂ရက်….
နောက်ထပ် လှည့်ဖျားမှုတော့မဟုတ်လောက်ပါဘူးနော်…
“ကျွန်မတို့နဲ့လိုက်ခဲ့ပါ” ဘေဂုံထန် ပြောလိုက်သည်။
“ရပါတယ် အလယ်အလတ်ကျော်က ၂၀” ထိုမိန်းကလေးသည် ဈေးပြောရာတွင် ရှက်ရွံ့ခြင်းမရှိပေ။
ဘေဂုံထန် လှည့်ပြီး သူတို့ကိုကြည့်လိုက်သည်။ သူတို့ငြင်းဆန်မှုမရှိသည်ကိုတွေ့သည်နှင့် အလယ် အလတ်ကျောက် ၁၀တုံးထုတ်ကာ “ဟိုရောက်ရင် နောက်တစ်ဝက်ပေးမယ်”
“ကောင်းပြီ” မိန်းကလေးသည် ကျောက်များကိုယူပြီး ချက်ချင်းပင် သူမ၏ မိစ္ဆာပျံကိုခေါ်လိုက်သည်။ သူမသည် သူမညွှန်ပြထားသော ဦးတည်ရာသို့ ရှီမာယူယူတို့ကိုခေါ်သွားလိုက်သည်။
ဒီတစ်ကြိမ်တွင် တစ်ဖက်လူသည် သူတို့အားခေါ်သွားသဖြင့် ပိုပြီး နိုးကြားရသည်။ သူတို့ နှစ်ရက်ကြာ သွားပြီးနောက်တွင် အမှန်တကယ်ပင် မြို့ကိုမြင်ရလေသည်။
“ရောက်ပြီ ဒါမြို့ပဲ” မိန်းကလေးသည် မြို့အဝင်ဂိတ်သို့ရောက်သည်နှင့် ရပ်လိုက်သည်။ ထို့နောက်တွင် သူမသည် လက်ဖြန့်ကာ ကျန်သည့် ကျောက်များကိုတောင်းလေသည်။
ဘေဂုံထန်သည် လျင်မြန်စွာပင် သူမကို အလယ်အလတ်ကျောက်များထုတ်ပေးလိုက်သည်။ ထို့နောက် တွင် မိန်းကလေးသည် မြို့ဂိတ်တွင်စောင့်နေသော အစောင့်အိုများဘက်သို့ လေချွန်လိုက်သည်။
“ဝူ ပစ္စည်းတွေယူလိုက်”
“ဒီတစ်ခေါက်ကမဆိုးဘူးပဲ လူတွေအများကြီးခေါ်လာတယ်” အစောင့်ကြီးသည် ရှီမာယူယူတို့အား ကြည်ြ့ပီး ကျေနပ်စွာ ပြောလေသည် “မဆိုးဘူး ဒီတစ်ခါအသားပြည့်တယ်”
“ဟုတ်တယ် တစ်ယောက်ချင်းစီက အဲလိုပဲ” မိန်းကလေးပြောလေသည်။
ဝူသည် အလယ်အလတ်ကျောက် အိတ်ကိုထုတ်ပြီး ပြောလိုက်သည် “ငါတို့အရင်ဈေးနဲ့ဆိုရင် လူတစ်ယောက်ကို အလယ်အလတ်ကျောက် ၁၀တုံး ဒီကလေးကတော့ ၅တုံးပဲ ရော့”
မိန်းကလေးသည် အိတ်ယူပြီး သိမ်းကာ ပြောလေသည် “ဒါဆို ငါသွားတော့မယ်”
“ဟေး ဒါဘာသဘောလဲ” ဖက်တီးကျူတို့သည် မိန်းကလေးအား ဆွဲလိုက်ကြသည်။
မိန်းကလေးသည် မေ့ငေါ့ကာ ပြောလေသည် “ဘာသဘောရမှာလဲ သိသာနေတာကို မမြင်ဘူးလား ဟားဟား မင်းတို့ဒီမှာ ပျော်ပါစေ” မိန်းကလေးသည် ရယ်မောလိုက်သ်ည။
ရှီမာယူရွှီတို့သည် အလွန်ပင် စိတ်ပျက်လေသည်။ သူတို့သည် ငတုံးများမဟုတ်ပေ။ ဘယ်လိုဖြစ်ပြီး ဒီမိန်းကလေးက လှည့်ဖျားသွားရတာလဲ။
မိန်းကလေးသည် ရယ်မောကာထွက်သွားလေသည်။ ရှီမာယူယူတို့သည် သူမအား ဆွဲထားမည်အလုပ် တွင် လူတစ်စုသည် ရုတ်တရက်ပေါ်လာကာ သူတို့ကိုဝိုင်းလိုက်ကြသည်။
“မင်းတို့က ငါတို့အစေခံဖြစ်သွားပြီ ကောင်းကောင်းနာခံပြီး အလုပ်သွားလုပ်တော့” အဘိုးကြီးဝူသည် ရှည်လျားသော ဆေးတံကိုင်ထားကာ ပေါ့ပါးစွာ ပြောလေသည်။
“ဟုတ်လား ဘယ်လိုလုပ်လိုက်တာလဲဆိုတာကို အခုထိနားမလည်သေးဘူး” ရှီမာယူရွှီသည် နှာမှုတ် လေသည်။
“ဒါက အနောက်ဖက်ကမ်းရိုးကန္တာရပဲ၊ မင်းတို့ရပ်နေတာ ငါတို့နယ်မြေတစ်စိတ်တစ်ပိုင်းပဲ၊ ရောက်တာနဲ့ ငါတို့စကားနားထောင်ရမယ် မဟုတ်ရင် ဘာမှမသိလိုက်ရပဲ သေသွားမယ်” အဘိုးကြီးဝူသည် သူတို့အား သတိ ပေးလေသည်။
“အဘိုးကြီးဝူ ကျွန်မအရင်သွားတော့မယ်” မိန်းကေလးသည် လက်အုပ်ချီပြီးနောက် လှည့်ပြီးထွက်သွား လေသည်။
“ငါတို့ကိုရောင်းပြီးတော့ ထွက်သွားဖို့ကြံနေတာလား” ရှီမာယူယူ ပြုံးပြီးသည်နှင့် ရှောင်ချီ၏ ပုံစံအမှန် ပေါ်လာသည်။ ရှောင်ချီသည် ခြေတစ်လှမ်းနှင့်ပင် အားလုံးမျက်စိရှေ့တွင် ပေါ်လာသည်။
“အာ…” မိန်းကလေးသည် အော်လိုက်သဖြင့် အားလုံးလှည့်ကြည့်ရာ သူမသည် မြေပေါ်လဲကျနေသည် ကိုတွေ့လိုက်ရသည်။ ရှောင်ချီသည် သူမခန္ဓာကိုယ်ပေါ် တက်ပြီး အေးစက်စွာကြည့်လေသည်။
အဘိုးကြီးဝူလက်အောက်မှ လူများသည် ရှောင်ချီ၏ ခံစားချက်မဲ့သော ပုံစံနှင့် သူမ လှုပ်ရှားမှုကိုကြည့် ပြီး ကြောက်လာကာ ချွေးအေးများပျံလာသည်။
သူမက ကလေးမဟုတ်ဘူးလား။ ဘာလို့အဲလောက် သန်မာနေတာလဲ။
နောက်ဆုံးတွင် အဘိုးကြီးဝူသည် လှုပ်ရှားလာကာ သူ့အဖွဲ့ကိုပြောလိုက်သည် “သူတို့အားလုံးကိုဖမ်း ပြီး သတ္တုတွင်းပို့လိုက် ခုခံတဲ့လူတွေအကုန်သတ်”
***