သူတို့ကို အစေခံကွင်းစွပ်ခြင်း
Vol. 007 Ch. 678
“သတ္တုတွင်းဟုတ်လား ခင်ဗျားတို့က ဘယ်သူတွေလဲ” ရှီမာယူလီမေးလိုက်သည်။
“ငါတို့ကဘယ်သူတွေလဲဟုတ်လား” အဘိုးကြီးဝူသည် ခေါင်းကိုငဲ့ကာ ရယ်မောလေသည် “ဒီနေရာကို ရောက်လာတာတောင် ငါတို့ကို ဘယ်သူတွေလဲလို့ပြန်မေးနေတယ် ဟုတ်လား ဟားဟားဟား”
“အဲမိန်းကလေးညာခေါ်လာတာကိုခံရလို့ပဲ ခင်ဗျားတို့ကိုမသိတာ” ဖက်တီးကျူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ပြော ကျွန်တော် နာမည်မရှိတဲ့လူတွေကိုမသတ်ချင်ဘူး”
“မင်းတို့က လူသစ်လေးတွေပဲ” အဘိုးကြီးဝူသည် ရယ်မောရာ ရှည်လျားသော ဆေးတံပင်ကျသွား မတတ်ပင် “ငါပြောမယ်၊ ဒါက တရှားဂူတောင်ပဲ၊ ငါတို့က တရှားဂူတောင်က အကြီးဆုံးဂိုဏ်းဖြစ်တဲ့ လသတ္တိဂိုဏ်း ကပဲ၊ အဲဒါငါတို့ဂိုဏ်းပဲ”
“ဒီသတ္တုတွင်းမှာ လူတွေအများကြီးရှိတာလား မြို့တောင်ဖြစ်နေပြီ”
“ဒီနေရာက သတ္တုတူးတဲ့လူတွေနေတာ၊ ဟီးဟီး မင်းတို့ရောက်လာပြီဆိုတော့ ငါတို့သတ္တုတွင်းပိုင်ရှင် တွေကို မတော်လှန်ပဲ ကျိုးနွံပြီးသာနေတော့” အဘိုးကြီးဝူသည် စာရွက်ဆေးလိပ်ထုတ်ပြီး လိပ်ကာ ဆေးတံတွင် တင်ပြီး ၂ကြိမ်ရှိုက်ကာ အေးစက်စွာ ရယ်လေသည်။
“ခင်ဗျားလိုလူကိုကြည့်ရတာ ကျွန်တော်တို့်ကို ဖမ်းချင်တာထင်တယ်” ရှီမာယူရန်သည် ဝိဉာဉ်လက်နက် ထုတ်ကာ အဘိုးကြီးဝူအား လက်ညှိုးထိုးလိုက်သည်။
အဘိုးကြီးဝူသည် ရှောင်ချီအားကြည့်ပြီး ပြောလိုက်သည် “ဒီကောင်မလေးက အံ့သြလောက်စရာပဲ ဒါပေမဲ့ ငါတို့ကလည်း လသတ္တိဂိုဏ်းကလေ”
သူသည် ဝီစီထုတ်ပြီး မှုတ်လိုက်ရာ အနက်ရောင်ဝတ်လူတစ်စုသည် မြို့ထဲမှ ချက်ချင်းထွက်လာပြီး သူတို့အားဝိုင်းလိုက်လေသည်။
“အဲလူတွေက မဆိုးဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးကြီး ဒီနေရာမှာ ဖြတ်လမ်းတည်ဆောက်မှု ရှိလား”
“ရှိတာပေါ့ ငါတို့က တောင်တန်းတစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲ၊ ဖြတ်လမ်းတည်ဆောက်မှု တစ်ခု တောင်မပိုင်စရာလား၊ ဒါပေမဲ့ ရှိတယ်ဆိုရင်တောင် မင်းတို့တွေ သုံးလို့ရမှာမဟုတ်ဘူး၊ မင်းတို့ ဒီမှာပဲ တစ်သက် လုံးနေပြီး တောင်ကိုတူးရမယ်၊ သွားတော့ သူတို့ကို အစေခံအကွင်းခတ်လိုက်”
အဘိုးကြီးဝူ၏ အသံသည် အေးစက်သွားကာ ထိုလူများသည် ငွေရောင်အကွင်းများထုတ်ကာ အလယ် တွင်ရှိသောလူများဆီသို့ ချဉ်းကပ်လာလေသည်။
ထိုအချိန်တွင် ကြီးမားသော ကြာပွတ်တစ်ခု ရုတ်တရက်ပေါ်လာကာ မိုးပေါ်တွင် ရွက်သင်္ဘောရွက်လွှင့် နေသည်ကိုတွေ့လိုက်ရသည်။
ကြာပွတ်သည် မြို့အဝင်ဂိတ်တွင် ကျရောက်ကာ လူတစ်ယောက်သည် ကြာပွတ်ကိုဝေ့ရမ်းရင်း သင်္ဘောကုန်းပတ်ပေါ်တွင် ပေါ်လာလေသည်။ သူ့အနောက်တွင် လည်ပင်းတွင် အကွင်းများစွပ်ထားသော လူတစ်စု ပါလာသည်။ တစ်ယောက် ချင်းစီသည် ခေါင်းများငုံ့ထားကာ အလွန်ပင်ပန်းနေသည့်ပုံပေါ်ကြသည်။
ထိူအချိန်တွင် မြို့တံခါးပွင့်သွားကာ နောက်လူတစ်စုသည် အပြင်မှဝင်လာသည်။ သူတို့လည်း ငွေရောင် လည်ပင်းစွပ်အကွင်းများဝတ်ထားကာ လူတိုင်းသည် မနက်ဖြန်မရှိတော့သကဲ့သို့ ခံစားမှုကင်းနေသည်။
သူတို့၏ လည်ပင်းစွပ်အကွင်းများသည် ရှီမာယူယူတို့အား ဝိုင်းထားသည့်လူများ၏ လက်ထဲမှ အကွင်း များနှင့် တူသည်။
“အစေခံအကွင်း” ဖက်တီးကျူသည် ချက်ချင်းပင် ထိုပစ္စည်းကိုသိလိုက်သည်။
“ဖက်တီးကျူ မင်းအဲဒါကိုသိတာလား”
“အဲပစ္စည်းကိုဝတ်လိုက်ရင် မချွတ်မချင်း မင်းက အစေခံဆိုတဲ့သဘောပဲ၊ အဲအကွင်းဝတ်ထားတာနဲ့ အစေခံဆိုတာ လူတိုင်းသိတယ် ပြီးတော့ လူတိုင်းက ကြိုက်တဲ့အစေခံကိုသတ်လို့ရတယ်၊ အင်အားကြီးတိုင်းက အဲဒါမျိုးရှိကြတယ်၊ လည်ပင်းမှာဝတ်လိုက်ရင်လည်း အားတွေကိုဖိနှိပ်ပြီးတော့ လွယ်လွယ်နဲ့ချွတ်မရဘူး”
ရှီမာယူယူသည် ထိုသဘောၤပေါ်ကိုကြည့်လိုက်သည်။ သူတို့သည် သန်မာပုံမပေါ်ပဲ အစေခံထိန်း ကျောင်းသူ၏ စကားကိုကျိုးနွံစွာ နားထောင်နေသည်။
မြို့ဂိတ်သို့ အားလုံးရောက်သည်နှင့် သင်္ဘောပေါ်မှ တစ်ယောက်သည် အဘိုးကြီးဝူအား နှုတ်ဆက်ကာ မေးလေသည် “အဘိုးဝူ အဲလူတွေကိုလည်း တစ်ခါတည်းခေါ်သွားလိုက်ရမလား”
အဘိုးကြီးဝူသည် သူတို့အား လက်ရမ်းပြကာ “ဒီလူတွေကို လေ့ကျင့်မပေးရသေးဘူး မင်းတို့အရင်သွား နှင့်လိုက်”
“ကောင်းပါပြီ”
လူသစ်များလည်း သင်္ဘောပေါ်ပါသွားကာ ထွက်သွားလေသည်။ ရှီမာယူယူသည် မျက်လုံးမှေးကာ ထို သင်္ဘောအား ဆက်ကြည့်ပြီး စပ်စုချင်စိတ်များဖြစ်သွြးသည်။
ဖက်တီးကျူသည် သူမဘေးတွင်ရှိနေကာ သူမ မျက်လုံးထဲမှ စိတ်ဝင်စားမှုကိုတွေ့သောအခါ “အဲလို သင်္ဘောက လူအများကြီးဆန့်ပြီးလေပေါ်ပျံနိုင်တယ်၊ ပြီးတော့ ကာကွယ်မှုစွမ်းရည်လည်း အရမ်းကောင်းတယ် ဒါပေမဲ့ လုပ်ရတာခက်သလို လိုတဲ့ပစ္စည်းတွေလည်း အများကြီးပဲ၊ လူအများစုလုပ်နိုင်တဲ့အရာမဟုတ်ဘူး”
“မင်းလုပ်နိုင်လား”
ဖက်တီးကျူခေါင်းရမ်းလိုက်သည် “နောက် ၁၀နှစ်နေရင်တော့မပြောတတ်ဘူးလေ”
ရှီမာယူယူသည် ဖက်တီးကျူအား သဘောတူသည့်အနေနှင့် ကြည့်လိုက်သည်။ ထိုသင်္ဘောသည် ပြုလုပ်ရန် အလွန်ခက်ခဲ့သည့်ပုံစံပေါက်သည်။ သို့သော် ထိုလူသည် ထိုပစ္စည်းမျိုးကို နောက် ၁၀နှစ်နေရင် လုပ် နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။ သူသည် သတ္တိရှိလွန်းသည်။ မဆိုးဘူး တကယ်မဆိုးဘူးပဲ။
“ညီလေး၅ နောက်မှပြောကြမယ် ဒီလူတွေကိုဘယ်လိုလုပ်ကြမလဲ” ရှီမာယူလီ မေးလိုက်သည်။
“သူတို့က အဲကွင်းတွေကို ကျွန်တော်တို့ကိုစွပ်ချင်တာမလား၊ သူတို့ကိုစွပ်ပေးလိုက်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက အဲဒါဝတ်လိုက်တာနဲ့ အလိုလိုလုပ်ပေးနေတာထင်တယ်၊ သူတို့ကို ကယ်ထုတ်ချင်တယ်”
ရှီမာယူယူသည် ဒီတစ်ခေါက်တွင် ဟန်ဆောင်ခြင်းမရှိပဲ ဝိဉာဉ်စေတီအတွင်းမှ သူငယ်ချင်းဟောင်း အားလုံးကို ခေါ်ယူလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က ငှက်လေးနှင့် တခြားသူများကျန်ခဲ့သေးသည်။
သူငယ်ချင်းဟောင်းများပေါ်လာသည်နှင့် ထိုလူများသည် ရင်မဆိုင်နိုင်ကြပေ။ ထို့အပြင် ထိုလူများသည် အားနည်းကာ ရှီမာယူယူတို့၏ သုတ်သင်ခြင်းကိုခံလိုက်ရလေသည်။
“သခင်လေး ပြီးသွားပြီ သူတို့ကိုသတ်လိုက်ရမလား” စစ်သူကြီးလုံရိမေးလေသည်။
ရှီမာယူယူစဉ်းစားပြီးနောက် ခေါင်းရမ်းကာ ပြောလေသည် “သူတို့ကိုမြို့ကိုအရင်ခေါ်သွားရအောင် အထဲက အခြေအနေကိုအရင်ကြည့်ပြီးမှပြောကြတာပေါ့”
တိုက်ပွဲပြီးနောက်တွင် လူအနည်းငယ်တော့ကျန်သည်။ ကျန်သောသူများသည် တိုက်ရာတွင် အသတ်ခံ လိုက်ရပေသည်။ ရှီမာယူယူ မီးလုံးလုပ်ကာ ထိုအလောင်းများကို ရှင်းလင်းလိုက်သည်။
ထိုငှက်များသည် ရှီမာယူယူသုံးလိုက်သော မီးမှာအလွန်ပူသည်ကိုခံစားမိသောအခါ ဝိဉာဉ်စေတီ အတွင်းရှိ သတ္တဝါကြီးကိုတွေးမိကြသည်။
သူတို့သည် အစပိုင်းတွင် ငှက်လေးကိုကာကွယ်ရန် ရှီမာယူယူနောက်လိုက်ခဲ့ကြသည်။ သို့သော် သူမ တွင် အံ့ဖွယ်ငှက်အစစ်အမှန် ငှက်များ၏ ဘုရင်ရှိနေမည်ဟု သူတို့မထင်မိခဲ့ကြပေ။
အားလုံးကိုသဂြိုဟ်ပြီးသောအခါ ရှီမာယူယူ လက်ကိုပြန်ရမ်းလိုက်ရာ မီးနောက်များသည် သူမ လက်ဆီ သို့ပြန်လာလေသည်။ သူမသည် လက်ထဲမှမီးတောက်နှင့် ကစားပြီးနောက် ချွေးအေးများ စီးကျနေသော အဘိုးကြီးဝူအား နှာခေါင်းရှုံကာ သရော်လိုက်သည်။
“ဝင်ရအောင်” ရှီမာယူရန် ပြောလိုက်သည်။
“ခဏလေး” ရှောင်ချီသည် သူတို့အားတားလိုက်ပြီး ထိုနေရာအား တစ်ပတ်ပတ်လေသည်။ ထို့နောက် တွင် သူမသည် အသက်ရှင်နေသည့် လူများရှေ့ရောက်လာပြီး ကောက်လာသော အစေခံကွင်းများကို သူတို့ လည်ပင်းကိုစွပ်ပေးလိုက်လေသည်။
“သွားရအောင်” သူမ လက်ခုပ်တီးကာ သူမအပြုအမူကိုကျေနပ်စွာ ပြုံးလိုက်သည်။
ရှီမာယူယူသည် သူမ၏ မျက်နှာလေးကိုဆိတ်ပြီး ပြောလိုက်သည် “သွားရအောင် ငါတို့ သူတို့ရဲ့ ဖြတ်လမ်းတည်ဆောက်မှုကိုလည်း သုံးရမယ်”
တစ်ယောက်ချင်းစီ မြို့သို့ဝင်လေသည်။ သူတို့ဝင်လိုက်သည့်အချိန်တွင် အထဲမှာ မြို့ပုံစံနှင့် မတူသည် ကိုသိလိုက်ရသည်။ အိမ်များအတန်းလိုက်ရှီပြီး လူများသည်လည်း လမ်းပေါ်တွင်လျှောက်သွားနေသော အသား တုံးများထက်မပိုပေ။
ကင်းလှည့်သည့်အုပ်စုသည် ဖြတ်လျှောက်သွားရာ အဘိုးကြီးဝူတို့ အဖမ်းခံထားရသည်ကိုတွေ့သည်နှင့် ချက်ချင်းပင် အမြန်ပြေးလာကြသည်။ သို့သော် သူတို့သည် ရှီမာယူယူရှေ့မရောက်ခင်ပင် စစ်သူကြီးလုံရိတို့၏ ဖမ်းဆီးခြင်းကိုခံလိုက်ရလေသည်။
ထိုအသက်မဲ့သောလူများသည်လည်း ဖြေးဖြေးချင်းရောက်လာကြသည်။ အဘိုးကြီးဝူကိုဖမ်းပြီး ကင်း သမားများကို သတ်လိုက်သည်ကိုတွေ့သည်နှင့် သူတို့၏ ကျောက်ရုပ်ကဲ့သို့ဖြစ်နေသော မျက်နှာများသည် ပြုံး လာကြသည်။
“သူရဲကောင်း ကျွန်တော်တို့ကိုကယ်ပါ” အဝတ်စုတ်ဝတ်ထားသော ကောင်လေးတစ်ယောက်သည် ရှီမာယူယူရှေ့သတို့ အမြန်ပြေးလာသည်။ သူ့မျက်လုံးမှ အကြည့်ကိုကြည့်ရာတွင် သူသည် ရောက်သည်မှာ မကြာသေးပဲ တော်လှန်ကာ ထွက်ပြေးနိုင်မည့်နည်းလမ်းကိုစဉ်းစားနေပုံပေါ်သည်။
သို့သော် တခြားသူများသည် ကြည့်ရုံသာကြည့်ပြီး အကူအညီမတောင်းကြပေ။
လူတစ်ယောက်သည် သတိတောင်ပေးလိုက်သေးသည်။
“ကလေး မင်းပြန်သင့်တယ်၊ အရင်ကလည်း လာကယ်ဖူးကြတယ် ဒါပေမဲ့ ဘယ်သူမှမအောင်မြင်ကြဘူး ပြီးတာနဲ့ ထွက်ပြေးတဲ့လူတွေက အသတ်တောင်ခံလိုက်ရသေးတယ်”
***