ကျင်းဝမ်၏ ညီလေး
Vol. 007 Ch. 679
ထိုကောင်လေး၏ မျက်နှာတွင် တွေဝေမှုဖြစ်သွားသော်လည်း ရှီမာယူယူတို့ဘက်လှည့်ကာ ပြောလေ သည် “ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါ”
ရှီမာယူယူသည် ပြန်မဖြေပဲ သူ့အားကြည့်ကာ မေးလိုက်သည် “မင်းနာမည်ဘယ်သူလဲ”
“ကျင်းဟွမ်ပါ”
ရှီမာယူယူသည် ရင်းနှီးနေသော သူ့မျက်လုံးများကိုကြည့်ပြီး သံသယဖြင့် မေးလိုက်သည် “ကျင်းဝမ်နဲ့ ဘာတော်တာလဲ”
“ကျွန်တော့် အစ်ကို ၃ကိုသိတာလား” ကျင်းဟွမ်သည် သူမအား အံ့သြစွာကြည့်လိုက်သည်။
ကျင်းဝမ်သည် သူ့မိသားစုတွင် တတိယမြောက်သားဖြစ်သည်။ သူမ ထိုအကြောင်းကိုသိသည်။ သို့သော် သူ့ညီနှင့် တွေ့ရမည်ဟု ထင်မထားခဲ့ပေ။
“မင်းက ညီအစ်ကိုတွေမှာ ဘယ်နယောက်မြောက်လဲ” သူမ မေးလိုက်သည်။
“၆ယောက်မြောက်ပါ”
ရှီမာယူယူသည် သူ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်ရာ လက်ဖဝါးမှ အသားမာများကို သတိထားမိ လိုက်သည်။
ကျင်းဝမ်သည် သူမအား တစ်ခါပြောဖူးသည် “ငါ့ညီလေး ၆က လက်နက်ပညာရှင် သူကဘယ်သန်”
ရှီမာယူယူ သူ့ကိုဆွဲပြီးမေးလိုက်သည် “ဒီရောက်နေတာဘယ်လောက်ကြာပြီလဲ၊ ဒီနေရာကို ဘယ်လောက်ရင်းနှီးလဲ”
“နှစ်တစ်ဝက်နီးပါးရှိပြီ၊ ဒီနေရာအကြောင်းတော့ နည်းနည်းသိနေပြီ” ကျင်းဟွမ်သည် သူမအပြုအမူကို ကြည့်ပြီး ကယ်လိုသည့်စိတ်ရှိကြောင်းကို သိလိုက်သည်။
နှစ်တစ်ဝက်ဆိုသည်မှာ ကြာလှသောအချိန်မဟုတ်ပေ။ ထို့ကြောင့်ပင် သူပျောက်သွားသည်ကို ကျင်းဝမ် တို့မသိခြင်းဖြစ်မည်။
“အစ်ကိုက အစ်ကို၃နဲ့ သိတာလား” ကျင်းဟွမ်မေးလိုက်သည်။
“သိတယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “စိတ်ချပါ ငါတို့ မင်းကိုကယ်မှာပါ”
ကျင်းဝမ်သည် ဖန်လေး၏ ကယ်တင်ရှင်အဖြစ်မှတ်ယူလို့ရသည်။ သူသာ အချိန်အတော်ကြာကာကွယ် ရန် ကာကွယ်ရေးဆေးကို ဖော်မပေးခဲ့ပါက ဖန်လေးကို ကယ်နိုင်မည်မဟုတ်ပေ။
“အားလုံးကိုကျေးဇူးတင်ပါတယ်” ကျင်းဟွမ်သည် အားလုံးကိုအရိုအသေပေးလိုက်သည် “အစ်ကိုတို့ နာမည်တွေသိပါရစေ”
“ငါက ရှီမာယူယူပါ” ရှီမာယူယူ ပြောလိုက်သည်။ သို့သော် ကျင်းဟွမ်၏ မျက်လုံးများထဲမှ ရှုပ်ထွေးမှုကို မြင်သောအခါ “ငါ့ကိုတော့သိမှာမဟုတ်ဘူး ဒါပေမဲ့ ရှီမန်ဖန်ကိုတော့ သိလောက်မှာပါ”
“အစ်ကိုက အစ်ကိုဖန်နဲ့လည်းသိတာလား”
“အင်း ငါတို့ဆက်ဆံရေးမဆိုးပါဘူး သူကနေတစ်ဆင့် ကျင်းဝမ်ကိုသိတာပဲ” ရှီမာယူယူ ပြောလိုက်သည် “နောက်မှဆက်ပြောရအောင် အရင်ဆုံးဒီကိစ္စကိုရှင်းရအောင် ငါတို့နောက်ကိုလိုက်ခဲ့”
“ဟုတ်”
ကျင်းဟွမ်သည် ရှီမာယူယူတို့နောက်လိုက်ကာ ဆက်သွားကြလေသည်။ ရှီမာယူယူတို့အဖွဲ့သည် ငယ်ရွယ်ကာ အားနည်းပုံပေါက်သော်လည်း သူမ နောက်မှလူများကိုသွားမရှုပ်ရဲကြပေ။ သူတို့တကယ်ပဲဒီနေရာ မှထွက်သွားနိုင်မလား မသိနိုင်ပေ။
သူသည် တခြားအစေခံများနှင့် မတူပေ။ ရောက်နေသည်မှာ နှစ်တစ်ဝက်ကြာသော်လည်း လက်မလျော့ ခဲ့ပေ။ သူသည် ဒီနေရာတွင် တစ်သက်လုံးနေမသွားလိုပေ။ သို့သော် အစေခံကွင်းကြောင့် သူ၏ စွမ်းအားများ ဖိနှိပ်ခံထားရသည်။ သူ၏ မှော်ဝင်လက်စွပ်မှာလည်း လုယူခြင်းခံရကာ ကျင်းဝမ်တို့ကိုဆက်သွယ်ရန် နည်းလမ်း မရှိခဲ့ပေ။
ထိုနေရာသည် အနောက်ဖက်ကမ်းရိုးကန္တာရဖြစ်ပြီး လူအရောက်အပေါက်နည်းသည်။ လုံခြုံရေးမှာ တင်းကြပ်လှသဖြင့် ထွက်သွားနိုင်မည့် အခွင့်အရေးမှာ နည်းပါးလွန်းသည်။ ထို့ကြောင့်ပင် ရှီမာယူယူသည် သူ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။
ရှီမာယူယူသည် အိမ်ထဲသို့ သွားသွားလာလာလုပ်နေကြသော လူများကိုကြည့်ကာ ကျင်းဟွမ်အား မေး လိုက်သည် “အဲလူတွေက ဒီမှာအရောင်းခံလိုက်ရတာလား”
“အများစုပေါ့၊ တချို့က ကိုယ့်ဆန္ဒနဲ့လာကြတာ ဒါပေမဲ့ သူတို့ဆန္ဒနဲ့လာကြတာဖြစ်ပေမယ့် ရောက်ပြီး တာနဲ့ ဘယ်တော့မှပြန်ထွက်လို့မရတော့ဘူး၊ ထွက်သွားဖို့ကြိုးစားတာနဲ့ အရိုက်ခံရလို့မသေလည်း အစေခံကွင်း ကပိုဖိအားပေးတယ်” ကျင်းဟွမ် ပြောလေသည်။
“မင်းက ဘယ်လိုလုပ်ဒီရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဖမ်းခံလိုက်ရတာ” ကျင်းဟွမ် ပြောလေသည် “ကျွန်တော်တို့အဖွဲ့က လသတ္တိမြို့ကိုရောက်တော့ နောက်တစ်နေရာသွားချင်လို့ ဖြတ်လမ်းတည်ဆောက်မှုကိုသုံးချင်ကြတယ်၊ ဒါပေမဲ့ အဲဖြတ်လမ်းတည်ဆောက် မှုကိုသုံးလိုက်တာ အနောက်ကမ်းရိုးတန်းကန္တာရကိုအပို့ခံလိုက်ရတယ် ကျွန်တော်တို့ ၁၀ရက်လောက် ပျံလိုက် ကြပေမယ့် ဘယ်ရောက်နေလဲဆိုတာ မသိတော့ဘူး၊ နောက်ဆုံးတော့ လမ်းသိတယ်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ ပြီး သူမနောက်လိုက်ခဲ့တာ၊ ကျွန်တော်တို့ရောက်တာနဲ့ အဖမ်းခံလိုက်ရမယ်လို့ မထင်မိဘူးလေ”
သူသည် လက်သီးဆုပ်ကာ ခါးသီးသော အတွေ့အကြုံကိုပြန်ပြောပြလေသည်။
“အဲမိန်းကလေးက ခရမ်းရောင်စကတ်နဲ့ ခါးမှာ ဖဲပြားအရှည်ကြီးစီးထားတဲ့မိန်းကလေးလား” ဖက်တီးကျူ မေးလိုက်သည်။
“အစ်ကိုတို့ကိုလည်း သူမကပို့လိုက်တာလား၊ သူမ အခုဘယ်မှာလဲ”
“သေပြီ” ရှီမာယူယူ ပြောလိုက်သည်။
“သေပြီဟုတ်လား”
“ငါ့ကို လှည့်ဖျားပြီး အသက်ရှင်မယ်ထင်နေလား” ရှီမာယူယူ ပြောလိုက်သည် “သူမကို သရဲလောကကို ညင်ညင်သာသာလေးပို့ပေးလိုက်တယ်”
လူတစ်ယောကသည် သေသွားပြီးနောက် ဝိဉာဉ်သည် သရဲလောကသို့ဝင်ရသည်။ ထိုနေရာတွင် အသက်ရှင်နိုင်မလားဆိုသည်ကတော့ မတူညီသည့်ကိစ္စရပ်ဖြစ်သည်။
“ကျွန်တော်လည်း လွတ်တာနဲ့ သူမကိုအရင်သွားသတ်မလို့” ကျင်းဟွမ် ပြောလိုက်သည် “သူတို့ဌာန ချုပ်က သွားလိုက်ရင် ညာဘက်မှာပဲ”
“အဲမှာ ဖြတ်လမ်းတည်ဆောက်မှုရှိလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိတယ်” ကျင်းဟွမ် ခေါင်းညိမ့်လေသည် “ဒါက အပြင်ကိုသွားတဲ့တစ်ခုတည်းသောလမ်းပဲ လသတ္တိ ဂိုဏ်းကအကုန်လုံး ဒီကနေဖြတ်ပြီး သတ္တုတွေကိုပြန်ပို့တာပဲ”
“ခုနက လသတ္တိမြို့ကနေ ဒီကိုဖြတ်လမ်းတည်ဆောက်မှုသုံးပြီး အပို့ခံလိုက်ရတာဆို” ရှီမာယူယူ ရုတ်တရက် မေးလိုက်သည်။
“ဟုတ်တယ် ဘာလို့လဲ”
“ဘာမှမဟုတ်ပါဘူး၊ ရုတ်တရက်စဉ်းစားမိသွားလို့ပါ လသတ္တိဂိုဏ်းက ငါ့ကို တစ်ခုခု စဉ်းစားမိအောင် လုပ်လိုက်တာပဲ”
“တစ်ခုခုစဉ်းစားမိတယ်ဟုတ်လား” ကျင်းဟွမ် နားမလည်ပေ။
“ဟုတ်တယ်” ရှီမာယူယူသည် လမ်းတစ်လျှောက်တွင်ရှိသော လူများကို ညွှန်ပြကာ “သူတို့ကိုကြည့်လေ အားလုံး အစေခံကွင်းတွေဝတ်ထားကြတာ၊ ဆိုလိုတာက သူတို့က ကိုယ့်ဆန္ဒအလျောက်ရောက်လာတာ မဟုတ်ဘူးဆိုတာပဲ မြို့အချင်းချင်းကူးရင်းကနေ အနောက်ကမ်းရိုးတန်းကန္တာရလိုမျိုး လူသူမရှိတဲ့နေရာကို ပို့ဖို့ မဆိုတာမဖြစ်နိုင်ဘူး၊ ဒီကိုပို့မှ ဒီနေရာကိုဝင်နိုင်ပြီး သူတို့အစေခံဖြစ်လာတာပဲ”
“ဒါဆိုရင် သူတို့က ဘာလို့ဒီနေရာကိုတိုက်ရိုက်မပို့တာလဲ” ရှီမာယူလီ မေးလိုက်သည်။
“ဖြတ်လမ်းတည်ဆောက်မှုကနေပို့လိုက်တဲ့အထဲမှာ အင်အားကောင်းတဲ့လူတွေပါလားမပါလားကို သူတို့သေချာမသိလို့လေ၊ သူတို့ကိုသာ ဒီကိုတိုက်ရိုက်ပို့လိုက်ရင် အရမ်းအားကောင်းတဲ့လူလာရင် ဘာဖြစ်သွား မလဲ စဉ်းစားကြည့် အဲလူကို သူတို့ဒီမှာဖမ်းထားနိုင်မှာလား” ရှီမာယူယူ ရှင်းပြသည် “အဲဒါကြောင့် သူတို့က အနောက်ကမ်းရိုးတန်းကန္တာရကိုအရင်ပို့တာပဲ၊ အပို့ခံရတဲ့လူတွေ အရမ်းအားကောင်းရင် သူတို့ဘာသာ ထွက် သွားလို့ရမယ်၊ အားနည်းမယ်ဆိုရင်တော့ ဒီနေရာထိရောက်လာပြီး ပြဿနာဖြစ်တော့မှာမဟုတ်တော့ဘူး”
“လသတ္တိဂိုဏ်းကအရမ်းရက်စက်တာပဲ” ကျင်းဟွမ်သည် မုန်းတီးစွာ ရေရွတ်လိုက်သည်။
“အဲဒါကြောင့် မင်းလို့အများကြီးရှိမှာပဲလို့တွေးနေတာ၊ ထက်မြက်တဲ့လူရှိတာလည်းဖြစ်နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ နင်စဉ်းစားနေတာက…” ရှီမာယူလင်းသည် ရှီမာယူယူအတွေးအား နားလည်သည့်သဘောနှင့် ကြည့်လိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ ငါတို့မသိဘူးဆိုရင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ အခုရောက်လာမှတော့ အလကား ပြန် မသွားနိုင်ဘူး၊ ဘေးထွက်ရပ်ပြီး လျစ်လျူမရှုနိုင်ဘူး၊ အစတုန်းကတော့ တွေဝေနေသေးတယ်၊ လသတ္တိဂိုဏ်းက ဒီမှာ အကြီးဆုံးဂိုဏ်းပဲ အားနည်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့မှာလည်း သူတို့လိုအားကောင်းတဲ့လူတွေရှိတယ် လွယ်မှာတော့မဟုတ်ဘူး” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
“ဟုတ်တယ် လသတ္တိဂိုဏ်းကလူတွေကို ပေါ့ပေါ့တွက်လို့မဖြစ်ဘူး သူတို့ိဂိုဏ်းကိုပြန်သွားရင် သေချာ ပေါက်လက်စားချေမှာပဲ၊ သူတို့လူကိုတောင် ဒီမှာဖမ်းပြီးသတ္တုတူးပြီး ပြန်ခိုင်းတာမဟုတ်ဘူး၊ အချိန်တန်ရင်တော့ သူတို့နဲ့ ပြဿနာဖြစ်မှာပဲ၊ သူတို့က ဂိုဏ်းကြီးဖြစ်ပေမယ့် ဒီအတိုင်းတော့မလွတ်ထားသင့်ဘူး” ဝေကျိရွှီသည် သူမ အစားဆက်ပြောလေသည်။
“ဒီကလူတွေအားလုံးကို လွှတ်ပေးဖို့စဉ်းစားနေတာလား” ရှီမာယူရန် မေးလိုက်သ်ည။
“ဟုတ်တယ် သူတို့ကိုမလွှတ်ခင်ကို ဒီကဖြစ်သမျှတွေကို ပြောရမယ်၊ မဟုတ်ရင် သူတို့က ဖြတ်လမ်း တည်ဆောက်မှုကနေ အပို့ခံရတယ်ဆိုပြီးထင်နေလိမ့်မယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
သူတို့စုထားတဲ့လူတွေကို လွှတ်မယ်ဟုတ်လား။ သူတို့အလွယ်တကူလွှတ်ပေးမှာတော့မဟုတ်ဘူး။
ကျင်းဟွမ်၏ မျက်လုံးများတောက်ပသွားသည် “ကျွန်တော်လူတချို့ကိုသိတယ်၊ သူတို့က ဂိုဏ်းကြီးတွေ ကပဲ၊ သူတို့ထဲကနှစ်ယောက်က အားကောင်းကြတယ်”
***