ဖြေးဖြေးချင်းလောင်ကျွမ်းခြင်း
Vol. 007 Ch. 680
“အားကောင်းကြတယ်ဟုတ်လား ဘယ်လောက်အားကောင်းလဲ” ရှီမာယူယူ မေးလိုက်သည်။
“သူတို့ထဲကတစ်ယောက်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးပဲ နောက်တစ်ရောက်က ဂိုဏ်းတစ် ဂိုဏ်းကအကြီးအကဲရဲ့ တပည့်” ကျင်းဟွမ် ပြောလေသည် “ဘယ်ဂိုဏ်းလဲဆိုတာတော့ သူတို့မပြောဖူးလို့ မသိ ဘူး၊ ဂိုဏ်းအရှက်ရမှာစိုးလို့မပြောတာလို့ ထင်တယ်”
“ဂိုဏ်းရဲ့ သခင်လေးရှိရင်တော့ တခြားဂုဏ်ပုဒ်နဲ့လူတွေလည်းရှိမှာပဲ၊ သူတို့က သူတို့ဂိုဏ်းတို့ မျိုးနွယ် တို့ အရှက်မရအောင်လို့ မပြောကြတာလို့ထင်တယ်၊ ဒါပေမဲ့ သူတို့သာလွတ်လပ်မှုရမယ်ဆိုရင် သေချာပေါက် လက်စားချေမှာပဲ” ရှီမာယူလင်း ပြောလိုက်သည်။
“ဒါဆိုရင် လသတ္တိမျိုးနွယ်လုပ်တာတွေကို သူတို့ကိုပြောလိုက်လို့ရတာပဲ၊ အဲလိုဆိုရင် အဲလူတွေက ဘယ်လိုဖြစ်လို့ ဒီလိုဒုက္ခရောက်တာလဲဆိုတာကို သိသွားကြမှာပဲ” ရှီမာယူမင် ပြောလိုက်သည်။
“အကြံကောင်းတယ် ဒါပေမဲ့ ဒီကအခြေအနေကိုအရင်ရှင်းရဦးမယ်” ရှီမာယူလင်း ပြောလိုက်သည်။
“ဒီမှာဘာဖြစ်လို့လဲ” ဖက်တီးကျူမေးလိုက်သည်။
“ငတုံး” ဝေကျိရွှီသည် သူ့နဖူးသူပြန်ရိုက်ကာ “ငါတို့က သူတို့ဌာနချုပ်ဝင်ပေါက်မှာရပ်နေတာလေ၊ ပြောဦး ဘာဖြစ်ရမှာလဲ၊ လသတ္တိမျိုးနွယ်ဝင်တွေကို ရှင်းရမှာပေါ့”
“အဲဒါအပြင်ဘာရှိဦးမလဲလို့ သိချင်တာ၊ ဒီဟာကို အခြေအနေကြီးလို့ စဉ်းစားမိတယ်ပေါ့” ဖက်တီးကျူ သည် နဖူးကို ပွတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ထိုကိစ္စသည် ကိစ္စကြီးမဟုတ်ပေ။
“ကောင်းပြီ ဒီဟာက အခြေအနေကြီးမဟုတ်လည်း ငါတို့ရှင်းရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျင်းဟွမ် ဒီမှာလူဘယ်လောက်ရှိလဲ သိလား”
ကျင်းဟွမ်သည် ခေါင်းရမ်းလိုက်သည် “နေ့တိုင်းကို သတ္တုမတူးရတဲ့အချိန်ကို အိမ်မှာပဲနေရတယ်၊ လွတ်လွတ်လပ်လပ်လျှောက်သွားလို့မရဘူး၊ တစ်ယောက်ယောက်က အလုပ်လုပ်နေတာကိုလဲ စောင့်ကြည့်နေ တယ်”
“ဒါဆိုရင် မင်းအဲလူတွေနဲ့ ဘယ်လိုဆက်သွယ်တာလဲ”
“မြေအောက်မှာ တူးတဲ့အချိန်ကျရင် အောက်ကလေထုကမကောင်းဘူးလေ အဲအချိန်ကျရင် သူတို့ စောင့်မကြည့်ဘူး” ကျင်းဟွမ် ရှင်းပြသည်။
“ဒါကိုချွတ်နိုင်လား” ရှီမာယူယူသည် သူ့လည်ပင်းမှ အစေခံကွင်းကိုညွှန်ပြလိုက်သည်။
“သူ့ကိုမေးလိုက်ရင် သိမှာပဲ” ကျင်းဟွမ် မေးလိုက်သည်။
သူတို့သည် ထိုနေရာသို့ရောက်သည်မှာကြာပြီဖြစ်သော်လည်း ဘယ်သူမှမချွတ်ဖူးကြပေ။
“ဒီလိုအစေခံကွင်းတွေက သော့လိုတယ်” ဖက်တီးကျူပြောလိုက်သည်။
“ဒီမှာလူဘယ်လောက်ရှိလဲဆိုတာလည်း သူသိမှာပဲ” ဝူရန်ဖေ ပြောလိုက်သည်။
အဘိုးကြီးဝူသည် အစပိုင်းက အရိုက်ခံထားရသဖြင့် စိတ်လွတ်ကာ မူးဝေနေသည်။ သူသည် အလွန် အားနည်းကာ အနီးကပ်ကြည့်မှပင် မြင်ရလေသည်။ သူသည် ဘဝတစ်ဝက်လောက် ဆုံးရှုံးသွားသကဲ့သို့ အကြောက်လွန်နေသည်။
“ကျွန်တော်တို့ကိုပြော ဒီမှာလူဘယ်လောက်ရှိလဲ” ရှီမာယူရွှီသည် ဓားထုတ်ကာ သူ့လည်ပင်းတွင် တင် လိုက်သည်။
“ငါ့ကိုသတ်ရင်တောင် မပြောဘူး” အဘိုးကြီးဝူသည် သူ့ကိုယ်သူသတ္တိရှိလှပြီထင်နေသည်။
“ခင်ဗျားကိုသတ်ရမယ်ဟုတ်လား” ရှီမာယူရွှီသည် သူ့ကိုကြည့်လိုက်သည် “အဲဒါက အရမ်းကို သက်သာ လွတ်းတယ်၊ အေးဆေးပါ ကျွန်တော်တို့ကိုမပြောပြရင် အလိုရှိတဲ့အတိုင်းသတ်ပေးမှာပါ”
အဘိုးကြီးဝူသည် ထိုအကြည့်ကို ကြောက်လွန်းသဖြင့် ချွေးပြန်လာသည်။ သူ့မှာသာ သတ္တိရှိပါက ချက်ချင်းပင် လျှာကိုက်ပြီး အဆုံးစီရင်နိုင်သည်။ သို့သော် သူသည် သူ့၏ အသက်ကိုဆုံးရှုံးမည်ကို ကြောက် သည်။ သူတို့သည် အထဲမှလူများကို အနိုင်ရနိုင်သည်ကို အဘိုးကြီးဝူအယုံအကြည်မရှိပေ။ လသတ္တိဂိုဏ်း၏ အင်အားသည် သူတို့လူလောက်နှင့် ကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။
သို့သော် သူတို့ပြောလိုက်သည့်စကားကို စဉ်းစားမိသည်။ သူတို့သာ အစေခံအားလုံးကိုလွှတ်လိုက်ပါက လသတ္တိဂိုဏ်းသည် အခက်အခဲဖြစ်သွားမည်။
“ယူယူ သူ နောက်ကို လမ်းမလျှောက်နိုင်တော့အောင်လို့ ခြေထောက်တစ်ချောင်းကို မီးရှို့လိုက်ရင် ဘယ်လိုလဲ” ရှောင်ချီသည် အကြံပေးလေသည် “ဟူး မဟုတ်ရင်လည်း လက်တစ်ဖက်ကိုရှို့လိုက်ပေါ့ အာ.. မဟုတ်ဘူး ခြေထောက်ကပိုကောင်းတယ်၊ သူ့ခြေထောက်ကိုရှို့လိုက်ရင် ပိုလောင်သွားတာပေါ့ ခြေထောက်က ပိုရှည်ပြီး အသားလည်းများတယ်၊ အဲလိုဆိုရင် အထဲကအခြေအနေကို မပြောစရာအကြောင်းမရှိတော့ဘူး”
“ကောင်းပြီ ရှောင်ချီပြောသလိုလုပ်မယ်” ရှီမာယူယူသည် ရှောင်ချီ၏ခေါင်းကို ချစ်စနိုးဖြင့် ပွတ်လိုက် သည်။
သူမဘေးမှာ ဒီလိုမရိုးဖြောင့်တဲ့လူလည်းရှိသေးတာပဲ။
အဘိုးကြီးဝူသည် ချက်ချင်းပင် တုန်သွားသည်။ သူသည် ရှီမာယူယူ၏ ကြောက်မက်ဖွယ်မီးတောက်ကို ပြန်တွေးမိသွားသည်။ သူမသာ အမှန်တကယ် သူ့ခြေထောက်ကိုရှို့သည်ထက် ထိုအစားသတ်တာမှပိုကောင်း မည်။
ရှီမာယူယူသည် မီးလုံးထုတ်ပြီး လှည့်ရာ အပူချိန်သည် ချက်ချင်းပင် မြင့်လာသည်။ သူမသည် သူ၏ ခြေထောက်၂ဖက်ကိုကြည့်ပြီး ရှောင်ချီအားမေးလိုက်သည် “ရှောင်ချီ ပြောဦး ဘယ်ဘက်ခြေထောက်က ပိုရှို့လို့ ကောင်းမလဲ”
“ဒါဆိုလည်း ညာဘက်ခြေထောက်” ရှောင်ချီသည် သူ့ခြေထောက်တစ်ချောင်းကို လက်ညှိုးထိုးလေ သည်။
“ရှောင်ချီ မင်းလက်ညှိုးထိုးလိုက်တာက… ဘယ်ဘက်ကြီး” ဖက်တီးကျူသည် ထောက်ပြလေသည်။
“ဘယ်လက်ခြေထောက်လား ဒါဆိုလည်း ဘယ်ဘက်ခြေထောက်ကို ရှို့လိုက်ပေါ့” ရှောင်ချီသည် သူမ အမှားကို မသိချင်ယောင်ဆောင်ကာ ပြောလေသည်။
ရှီမာယူယူသည် အဘိုးကြီးဝူကိုကြည့်ပြီးပြောလေသည် “နောက်ဆုံးတစ်ခေါက်မေးမယ်၊ အထဲမှာဘာ တွေဖြစ်နေလဲဆိုတာ ပြောပြမှာလား”
“မပြောဘူး” အဘိုးကြီးဝူသည် အံကြိတ်လေသည်။
ရန်သူ၏ မသိနိုင်သောအခြေအနေအောက်တွင် သူကဲ့သို့ အရေးကြီးသောရာထူးရှိသောသူကို ထိခိုက် အောင်လုပ်မည်ဟု သူ မယုံပေ။
သို့သော် စက္ကန့်ပိုင်းအကြာတွင် သူ၏ ဘယ်ဘက်ခြေထောက်မှ နာကျင်မှုကိုခံစားရလေသည်။ သူသည် အော်ချင်သော်လည်း ရှီမာယူယူက သူ့ကိုဆေးတိုက်လိုက်သည်။ ချက်ချင်းပင် သူအော်မရတော့ပဲ အသက်ရှုသံ သာထွက်နိုင်တော့သည်။
“အာ…..”
မီးတောက်သည် ရှီမာယူယူ၏ ထိန်းချုပ်မှုအောက်တွင် ဖြည်းညင်းစွာလောင်ကျွမ်းလေသည်။ အဘိုးကြီးဝူသည် တဖြည်းဖြည်းပြာအဖြစ်လောင်ကျွမ်းသွားသော သူ့ခြေထောက်ကိုကြည့်ပြီး အော်မရဖြစ်နေ လေသည်။
“အာ…” သူသည် ရှီမာယူယူအား မခံစားနိုင်သလိုကြည့်ကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။
သူ စကားပြောနိုင်တယ်၊ သူပြောနိုင်တယ်။ သူမကိုရပ်တန့်အောင်လုပ်ရမယ်။ ရပ်တော့….
သို့သော် ရှီမာယူယူသည် သူမအား အသနားခံသောအကြည့်ဖြင့်သာကြည့်လာသဖြင့် မရပ်တန့်ပေ။ သူမသည် မီးတောက်ကိုဆက်ပြီး ထိန်းချုပ်ကာ သူ့ခြေထောက်ကိုလောင်ကျွမ်းစေသည်။ ထို့နောက်တွင် လက် ပြန်ရုတ်လိုက်သော်လည်း မီးဆက်လောင်လေသည်။
“အခုစကားပြောချင်ပြီလား” ရှီမာယူယူသည် မီးလုံးနှင့် ကစားနေရင်း ပြောလေသည်။
“ငါ….” အဘိုးကြီးဝူသည် တွေဝေနေဆဲပင်။
“မပြောချင်ရင် မပြောပါနဲ့ ဖိအားမပေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ လသတ္တိဂိုဏ်းမှာ ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး၊ ခင်ဗျား နည်းနည်းစီပြာဖြစ်သွားတာနဲ့ သူတို့ကိုမေးလိုက်လည်းရတယ်”
ပြောပြီးနောက်တွင် သူမသည် ကျန်သောလူများကိုကြည့်လိုက်သည်။
အဘိုးကြီးဝူ၏ ဒုက္ခရောက်နေသောပုံကို မြင်သည်နှင့် သူတို့သည် မသိစိတ်မှ ခြေထောက်များတွန့်သွား ကြလေသည်။
“မလုပ်ပါနဲ့ ပြောပါမယ် ပြောပါမယ်…”
၂နာရီကြာပြီးနောက် ရှီမာယူယူတို့သည် လသတ္တိဂိုဏ်းကိုအောင်နိုင်ပြီးဖြစ်ကာ ခန်းမကြီးတွင် ထိုင်နေ ကြသည်။
ရှီမာယူယူသည် ခြံထဲမှလူများကိုကြည့်ကာ သံသယဝင်နေမိသည်။ ဒီနေရာက တကယ့်ကိုအရေးကြီးတဲ့ သတ္တုတွင်းဖြစ်နေပါလျက်နဲ့ ဘာလို့အဆင့်မြင့်တဲ့ ကျွမ်းကျင်သူမရှိတာလဲ။
“ငါပတ်မေးကြည့်ပြီးပြီ ကျွမ်းကျင်သူတွေကို ၂ရက်ကြိုခေါ်ရတယ်ပြောတယ်” ရှီမာယူရွှီသည် အားလုံးကို ရှင်းပြလေသည်။
ဒီတစ်ခေါက်ဖြစ်သွားချိန်တွင် သူတို့ကံကောင်းသွားသည်။ အနားတွင် ကျွမ်းကျင်သူများရှိမနေပေ။
ဒီလိုသတ္တုတွင်းကြီးတစ်ခုမှာ ဘယ်လိုဖြစ်လို့ ကျွမ်းကျင်သူရှိမနေတာလဲ။
“အဲကျွမ်းကျင်သူတွေ ဘယ်တော့ပြန်လာမလဲဆိုတာ သိလား” သူမ မေးလိုက်သည်။
သူမတွင် မိတ်ဆွေဟောင်း ကျွမ်းကျင်သူမိစ္ဆာများရှိသောလည်း တစ်ဖက်အဖွဲ့မှာ ထိုနေရာရှီ အကြီးဆုံး ဂိုဏ်းဖြစ်သည်။ ထို့အပြင် ထိုသတ္တုတွင်းသည် ဂိုဏ်းအတွက်အရေးပါကာ ဖြစ်ပျက်သမျှကို သူတို့သိသွားပါက ပြဿနာအကြီးအကျယ်တက်မည်ဖြစ်သည်။
“သူတို့ဘယ်တော့ပြန်လာမလဲဆိုတာ ဘယ်သူမှမသိဘူး”
“ပြဿနာမဖြစ်ဖို့အတွက် ငါတို့ဒီကကိစ္စတွေကို မြန်မြန်အဆုံးသတ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဝိဉာဉ်အသီးစားနေသော ဖက်တီးကျူအား ကြည့်လိုက်သည် “အစေခံကွင်းတွေ ဘယ်လိုလည်ပတ် တယ်ဆိုတာ နင်သိတယ်မလား”
***