← Chapters

သူတို့အားရွေးချယ်ခွင့်ပေးခြင်း

Vol. 007 Ch. 681

သူတို့အားရွေးချယ်ခွင့်ပေးခြင်း

Vol. 007 Ch. 681

ဖက်တီးကျူသည် ရှီမာယူယူ၏ မေးခွန်းကိုမစဉ်းစားပဲ ဖြေလိုက်သည် “အစေခံကွင်းတွေက အင်အား ကြီးတွေရဲ့ အမှတ်အသားပါတယ်၊ အစေခံကွင်းတိုင်းက ကွာသလို ဖယ်ထုတ်ဖို့နည်းလမ်းကလည်း ကွာတယ် အဲဒါကြောင့် ငါ့ကိုမမေးပဲ သော့ရှာရမယ်”

အဘိုးကြီးဝူသည် ကျန်လသတ္တိဂိုဏ်းသားများနှင့် နန်းတော်အပြင်ဘက်တွင်ပစ်ထားခံရလေသည်။ ရှီမာယူယူ သူ့အားရှာနေသည်ကို တွေ့သည်နှင့် ကြောက်လွန်းသဖြင့် မေ့လဲမလိုတောင်ဖြစ်လေသည်။

“သော့တွေရော” ရှီမာယူယူ ပြုံးပြီးမေးလိုက်သည်။

ရှီမာယူယူသည် သူမအပြုံးကို ဆွဲဆောင်မှုရှိသည်ဟု ထင်သည်။ သို့သော် အဘိုးကြီးဝူအတွက်တော့ ထိုအပြုံးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

“ငါ့မှာသော့မရှိဘူး” အဘိုးကြီးဝူပြောလိုက်သည်။ သူမ မျက်နှာတည်သွားသည်ကိုမြင်သည်နှင့် ကျန် ခြေထောက်တစ်ဖက်ကိုပါ မီးရှို့မည်ကို ကြောက်သဖြင့် အလျင်အမြန်ရှင်းပြလေသည် “အစေခံကွင်းသော့တွေ က တကယ်ပဲငါ့ဆီမှာမရှိဘူး ငါက သူတို့ကိုတပ်ပေးရတဲ့ တာဝန်ကိုပဲယူရတာ ဖြုတ်ပေးရတာမဟုတ်ဘူး”

“ဒါဆို သော့တွေဘယ်မှာလဲ”

“အကြီးအကဲ ၁၀ဆီမှာ”

“အကြီးအကဲ ၁၀က ဘယ်တစ်ယောက်လဲ”

“သူက ဒီမှာမရှိဘူး”

“သူဘယ်မှာလဲ”

“သူက အားလုံးထဲမှာ အားအကောင်းဆုံးလား”

“အကြီးအကဲ၁၀က အားလုံးထဲမှာ အားအကောင်းဆုံးပဲ”

“သူဘာလို့ပြန်သွားတာလဲ”

“တူးလို့ရတဲ့ ကျောက်တွေ တန်ဖိုးရှိတဲ့ကျောက်တုံးတွေကို ရက်သတ်မှတ်ပြီး ဂိုဏ်းကိုပြန်ပို့တယ်”

“သူဘယ်အချိန်ပြန်လာမှာလဲ”

သူ ပြောလိုသည့်ဆန္ဒမရှိသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် သူ၏ ညာဘက်ခြေထောက်ကိုကြည့် လိုက်ရာ ချက်ချင်းပင် ကျိုးနွံသည့်ပုံပြောင်းသွားလေသည်။

“တစ်ခါသွားရင် ၅ရက်ကြာတယ်”

၅ရက်…. ဒါဆိုရင် အခုက ၃ရက်မြောက်နေ့ပေါ့။

“သူတို့ ဒီနေရာကိုဆက်သွယ်လေ့ရှိလား” ရှီမာယူလင်း မေးလိုက်သည်။

“ဆက်သွယ်တယ်၊ သူတို့ကိုနေ့တိုင်းသတင်းပို့ရတယ်၊ အကြီးအကဲ၁၀ရှိရင်တော့ သူက တာဝန်ခံပဲ ဒါပေမဲ့ သူမရှိတဲ့အချိန်ကို ငါကပဲတာဝန်ယူပေးရတယ်” အဘိုးကြီးဝူသည် ရှီမာယူယူအကြည့်ကိုမြင်သည်နှင့် မလိမ်ရဲပေ။

“ဒါဆိုရင် ဒီ၃ရက်ကို သူတို့ကို သတင်းဆက်ပို့နေရမယ်” ရှီမာယူလင်း ပြောလိုက်သည် “ခင်ဗျား သတင်း ပို့တာ တစ်ခုခုအမှားပါလို့ကတော့ နောက်ခြေထောက်တစ်ဖက်ကိုနှုတ်ဆက်လိုက်တော့၊ အရင်တစ်ခေါက်ထက် တောင် ပိုနှေးနှေးလုပ်ပေးမယ်”

“ငါ မလုပ်ရဲပါဘူး…” အဘိုးကြီးဝူသည် သူ့အကြည့်ကိုဖုံးရန် ခေါင်းကိုအမြန်ငုံ့လိုက်သည်။

ထိုလူများသည် ဒီကကိစ္စများကို သတင်းပို့နေသည်ကို မသိကြပေ။ သူသာ ဒီနည်းလမ်းအတိုင်း ဂိုဏ်းကို သတင်းပို့လိုက်၍ အကြီးအကဲ၁၀သည် တပ်ကူခေါ်လာပါက သူတို့အသက်ရှင်ရန် အခွင့်အရေးရှိသွားမည်။

သူသည် ရှီမာယူယူ၏ အကြည့်ကိုမြင်သည်နှင့် သူ့ခေါင်းထဲမှ အကြံအစည်သေးသေးလေးသည် ချက်ချင်းပင် ပျောက်သွားလေသည်။ သူမသည် သေချာပေါက် သတင်းပို့မည့်အခွင့်အရေးပေးမည်မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် ရှီမာယူယူသည် အုပ်ချုပ်သူအနည်းငယ်ရလိုက်ကာ သတင်းပို့သည့် နည်းလမ်းကို တစ်ယောက်ချင်းစီခွဲကာ မေးလေသည်။

သည်လိုနှင့် သူအကူအညီတောင်းလိုက်ပါက အကြီးအကဲ၁၀ တပ်ကူခေါ်မလာခင်တွင် သူအသက်ရှိ တော့မည်မဟုတ်ပေ။

သည်လိုနှင့် သူသည် အရင်နည်းလမ်းအတိုင်းပင် သတင်းပို့ရတော့သည်။

နောက်တစ်နေ့တွင် အစေခံများခေါ်သွားသော သင်္ဘောပြန်ရောက်လာသည်။ အစေခံများ သင်္ဘောမှ ဆင်းသည်နှင့် လုပ်နေကျအတိုင်း မြို့အတွင်းသို့သွားကြလေသည်။

“ဒီအစေခံတွေဘာလို့မထွက်လာသေးတာလဲ” သင်္ဘောပေါ်မှ လူတစ်ယောက်သည် နားမလည်နိုင်ဖြစ် နေသည်။

“တစ်ခုခုတော့ ထူးဆန်းနေပြီ” ပထမလူပြောလိုက်သည်။

ထိုအချိန်တွင် အဘိုးကြီးဝူသည် မြို့တံတိုင်းပေါ်မှ လက်ပြနေသည်ကို မြင်လိုက်ရသည် “မြို့ထဲမှာ တစ်ခုခုဖြစ်နေပြီ မြန်မြန်လာကြည့်လိုက်”

ထိုနှစ်ယောက်သည် သူ့အား သံသယမဝင်ပဲ သင်္ဘောပေါ်မှတစ်ယောက်ကို တာဝန်ပေးပြီး မြို့ထဲသို့ အတူလျှောက်သွားကြလေသည်။

ခဏအကြာတွင် ခုနကဝင်သွားသော ဆရာကြီးသည် မြို့တံတိုင်းပေါ်တွင်ပေါ်လာကာ သင်္ဘောပေါ်မှ လူများကို အော်လေသည် “မြို့ထဲက အခြေအနေတော်တော်ဆိုးနေတယ်၊ မင်းတို့အားလုံးလာခဲ့လိုက်ကြ”

သူတို့ခေါင်းဆောင်မှ အမိန့်ပေးသဖြင့် ဘယ်သူမှ သံသယမဝင်ကြပဲ သင်္ဘောပေါ်မှ ဆင်းလိုက်ကြသည်။ သို့သော် သူတို့ဝင်လိုက်သည့်အချိန်တွင် ရှီမာယူယူနှင့် တခြားသူများ မြို့အတွင်းတွင် စောင့်နေသည်ကို တွေ့ လိုက်ရသည်။

ရှီမာယူယူ မြို့တံတိုင်းပေါ်မှဆင်းလိုက်ချိန်တွင် ရှီမာယူလင်းနှင့် တခြားသူများသည် အားလုံးကို အနိုင်ရ ထားပြီးဖြစ်လေသည်။ သူမသည် ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်ထားလေသည်။ ထိုအခါမှပင် အဖမ်းခံရသော လူမျးသည် သူတို့အား အမိန့်ပေးသောလူသည် သူတို့ခေါင်းဆောင်မဟုတ်သည်ကို သိလိုက်ရသည်။

“ဖက်တီး သင်္ဘောကိုရှင်းနိုင်လား”

“ကိစ္စမရှိဘူး ငါ့ကိုသာ အပ်ထားလိုက်” ဖက်တီးကျူသည် ရင်ဘတ်ကိုပုတ်ကာ မြို့အပြင်သွားကာ သင်္ဘောကိုယူလိုက်သည်။

“ရှောင်ချီလည်း ကြည့်မယ်” ရှောင်ချီသည် ပျံနိုင်သည့် သင်္ဘောကိုအလွန်စိတ်ဝင်စားကာ ဖက်တီး နောက်လိုက်သွားလေသည်။

ကျင်းဟွမ်သည် သတိမေ့နေသော အစောင့်များကိုကြည့်ကာမေးလေသည် “သူတို့ကို ကျွန်တော်တို့နဲ့ အတူပြန်ခေါ်သွားမလို့လား”

“မလိုဘူး သူတို့ကိုသယ်သွားရမှာပျင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့ အဆိပ်မိထားပြီး နောက် တစ်နာရီခွဲအတွင်းကို နိုးမှာမဟုတ်ဘူး”

“သူတို့ ဒီနေ့ကိုဘယ်သူ့ကိုမှခေါ်မသွားဘူးဆိုရင် ဟိုက အချက်ပေးသံမြည်လိမ့်မယ်” ကျင်းဟွမ် ပြော လေသည်။

ဟိုက ဆိုသည့်နေရာမှာ သတ္တုတွင်းကိုဆိုလိုခြင်းဖြစ်သည်။

“ဟိုမှာလူအရမ်းအများဘူး၊ သူတို့အကုန်မလာနိုင်ဘူး၊ သူတို့စုပြီးရှိမနေရင် တိုက်ဖို့လွယ်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ဒီမှာစောင့်နေမယ်” ရှီမာယူရွှီ ပြောလိုက်သည်။

“ကောင်းပြီ”

အခုမှဝင်လာသော အစေခံများသည် မြို့အဝင်ဝတွင်ရပ်နေကာ အလှည့်အပြောင်းဖြစ်နေမှုကို ရှုပ်ထွေး စွာကြည့်နေလေသည်။ အဖြစ်အပျက်များကို သူတို့နားမလည်တော့ပေ။

ဇာတ်လမ်းတစ်ခုလုံးကို မြင်လိုက်ရသော ဘေးတွင်ရပ်နေသောလူများသည် မနေ့နှင့် ဒီနေ့အဖြစ်အပျက် များကိုရှင်းပြလေသည်။ ထိုမှသာ သူတို့ကိုလာကယ်သူများဖြစ်ကြောင်း နားလည်သွားကြလေသည်။

အမှန်မှာ အစပိုင်းတွင် ထိုလူများသည်လည်း ထိုနေရာသို့ လိမ်ခေါ်ခံရခြင်းဖြစ်သည်။

တချို့လူများ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များတောက်ပသွားကာ တချို့မှာတော့ ရှီမာယူယူတို့ သည် သူတို့ကို အမှန်တကယ်ကယ်ထုတ်နိုင်သည်ကို မယုံနိုင်ဖြစ်နေကြသည်။ သူတို့သည် ကျောက်တောင်ကို ကြက်ဥနှင့်ပေါက်နေသလိုပင်။

ထို့အပြင် ဒီလိုကိစ္စမျိုးသည် တစ်ချိန်ချိန်တော့ဖြစ်လာမည်ဖြစ်သည်။ အခုချိန်ထိတော့ အောင်မြင်သည့် သူမရှိသေးပေ။ ထွက်ပြေးသူများပင် များစွာ အရိုက်ခံခဲ့ရသည်။

ထို့နောက်တွင် ရှီမာယူယူသည် ကျင်းဟွမ်အား လသတ္တိဂိုဏ်း သို့ သွားရန် ဖြတ်လမ်းတည်ဆောက်မှု ဆီသို့ပို့ခိုင်းလေသည်။ ဒီနေရာသို့ ဖြတ်လမ်းတည်ဆောက်မှုနှင့် အပို့ခံရပုံကို သူ့ကိုသတင်းဖြန့်ခိုင်းလိုက်သည်။ သည်လိုနှင့် ထိုသတင်းသည် သံသယများနှင့်အတူ ပြန့်သွားလေသည်။

ထိုအထဲတွင် သူတို့ဒီနေရာတွင် အဆုံးသတ်ပြီဟု သိထားနှင့်ပြီးသော ထက်မြက်သူများရှိကြသည်။ လသတ္တိဂိုဏ်းမှ သူတို့ကို လှည့်ဖျားလိုက်သည်ကိုလည်း သူတို့သိကြသည်။ သို့သော် မသိသေးသောလူများ လည်းရှိကြသည်။ ကျင်းဟွမ်ပြောသည့်အချိန်မှသာ အဖြစ်အပျက်များကို သိသွားကြသူများလည်းရှိသည်။

သူတို့ကို ရှီမာယူယူတို့ အောင်မြင်စွာ ကယ်နိုင်မည်ဟု ယုံကြည်သူများသည် ဂိုဏ်းသို့ပြန်ရောက်သည် နှင့် မည်သို့မည်ပုံလုပ်မည်ကို အစီအစဉ်ဆွဲကြလေသည်။

“မင်းတို့က သူတို့ကိုထိန်းချုပ်နိုင်ပြီဆိုမှတော့ သူတို့ကိုလွှတ်လိုက်တော့လေ” အမည်မသိလူတစ် ယောက်သည် အော်ရာ တခြားသူများလည်း အခုပင်လွှတ်ပေးရန် ရှီမာယူယူတို့အား တောင်းဆိုကြလေသည်။

ရှီမာယူယူသည် အလောတကြီးမပြောပဲ တစ်ကွင်းလုံးငြိမ်ကျသွားသည်အထိစောင့်ပြီးမှ ဖြေးညင်းစွာ ပြောလေသည် “မင်းတို့အခုသွားချင်ရင် ကျွန်တော်တို့မတားဘူး၊ ဒါပေမဲ့ အခုချိန်မှာ မင်းတို့အားလုံးလည်ပင်းမှာ အစေခံ ကွင်းရှိနေသေးတယ်၊ မင်းတို့ထွက်သွားရင်လည်း အစေခံဖြစ်နေမှာပဲ ပြီးတော့ အစေခံကွင်းတွေကို ခြေရာခံလို့ ရတယ်၊ မင်းတို့ ဒီအနောက်ကမ်းရိုးကန္တာရကိုပြန်ရောက်လာမှာပဲ”

“ဒီနေရာမှာ ဒီလိုကိစ္စကြီးဖြစ်သွားတာကို လသတ္တိဂိုဏ်းသိရင် သေချာပေါက်လူလွှတ်ပြီး စုံစမ်းမှာပဲ အဲချိန်ကျရင် သူတို့က အစေခံကွင်းတွေကို ခြေရာခံမှာပဲ၊ ကျွန်တော်တို့သတိမပေးဘူးလို့မပြောနဲ့နော်၊ ကောင်းပြီ ပြောစရာရှိတာတော့ ပြောပြီးပြီ အခုမြို့ဂိတ်မှာ အစောင့်မရှိဘူး၊ ထွက်သွားချင်တဲ့လူ ထွက်သွားလို့ရတယ်”

ရှီမာယူယူ ပြောပြီးသည်နှင့် လူအုပ်ထဲမှ လူတချို့သည် ပြေးထွက်လာကာ အမှန်တကယ်ပင် မြို့ဂိတ်သို့ သွားကြလေသည်။ သူတို့သည် ရှီမာယူယူတို့ သူတို့အားကယ်နိုင်မည်ကိုအယုံအကြည်မရှိသောကြောင့် သူတို့ ကိုယ်သူတို့ယုံကြည်ရန်ရွေးချယ်လိုက်ကြသည်။

***

All Chapters