သော့ရှာဖွေခြင်း
Vol. 007 Ch. 682
ခဏအကြာတွင် နောက်လူတစ်အုပ်ထွက်သွားကြလေသည်။ သူတို့သည် တစ်ယောက်တည်းထွက် မသွားကြပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် နောက်ပြန်လှည့်မကြည့်ပဲ ထွက်သွားကြလေပြီ။
၁နာရီကြာပြီးနောက်တွင် လူ ၃၀ရာခိုင်နှုန်းသာကျန်ခဲ့လေသည်။ ကျန်သောလူများ မသွားသည်ကိုတွေ့ သည်နှင့် ရှီမာယူယူသည် အစေခံကွင်းသော့များသွားရှာမည်ဖြစ်သဖြင့် သူတို့ကို ဒီနေရာတွင် စောင့်နေရန် ပြော လေသည်။ ထို့အပြင် သူတို့ထဲတွင် တည်ဆောက်မှုသခင်များရှိသဖြင့် အစေခံကွင်းဖြုန်ပြီးပါက ဖြတ်လမ်း တည်ဆောက်မှုကိုအသုံးပြုပြီးသွားနိုင်မည်ဖြစ်သည်။
ကျန်သောသူများသည် အောင်ပွဲခံကြလေသည်။ အနောက်ကမ်းရိုးတန်းကန္တာရတွင် ရည်ရွယ်ချက်မရှိ သွားသည်ထက်စာလျှင် နေခဲ့သည်က ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်သည်။ သူတို့တွင် ဖြတ်လမ်း တည်ဆောက်မှုရှိနေသဖြင့် ပိုကောင်းသွားသည်။
ရှီမာယူယူသည် ထွက်သွားပြီးလူများကို ထည့်မစဉ်းစားတော့ပေ။ သူတို့သည် အခါအခွင့်သင့်လို့ တွေ့ရ သော သူစိမ်းများဖြစ်ကာ သူတို့အား တစ်ခါတည်းလွှတ်ပေးလိုက်ပြီဖြစ်သည်။ ထို့အပြင် သူမသည် ဖြစ်လာမည့် အကျိုးဆက်ကို ပြောပြပြီးသော်လည်း သူတို့သည် ထွက်သွားရန်ကိုပင် ရွေးချယ်ခဲ့သည်။ သူတို့ အမှန်တကယ် ထွက်သွားနိုင်ခြင်း မနိုင်ခြင်းက သူတို့စွမ်းရည်ပေါ်တွင် မူတည်သွားလေပြီ။
သို့သော် သူတို့သည် အစပိုင်းတွင် ထွက်မသွားနိုင်ခဲ့သဖြင့် ဒီနေ့တွင် ထွက်သွားရမည်ဟု တွေးကြ သည့်အချက်ကို စဉ်းစားမိသည်။ သို့သော် သူတို့သည် သူမ ကိစ္စမဟုတ်တော့ပေ။
သင်္ဘောမှ အစေခံအသစ်များသယ်မလာသောကြောင့် သူတို့သည် စုံစမ်းရန်လူလွှတ်လေသည်။ ထိုလူ များကို ရှီမာယူရွှီတို့က ရှင်းလိုက်ကြသည်။
သူတို့ နောက်တစ်ဖွဲ့လွှတ်လိုက်လျှင်လည်း ရလဒ်မှာ ထိုကဲ့သို့ပင်။
တစ်ဖက်မှ တာဝန်ခံသည် မြို့အတွင်းမှအခြေအနေကို စိုးရိမ်ကာသော်လည်း သတ္တုတွင်းမှ အစေခံများ ကိုသာ ဆက်လက်စောင့်ကြည့်နေလေသည်။ သူသည် ထွက်သွားရန်မဖြစ်နိုင်ပေ။ သည်လိုနှင့် သူသည် အခြေ အနေစုံစမ်းရန် နောက်တစ်ဖွဲ့လွှတ်ရတော့သည်။
ရလဒ်မှာ ထိုနည်းလည်းကောင်းပင်။ ပြန်လာသည့်သူမရှိပေ။
သူသည် စဉ်းစားစရာမလိုတော့အောင်ပင် တစ်ခုခုဖြစ်နေသည်ကို သိလိုက်ရသည်။ သူသည် ချောင်ပိတ် နေကာ အစေခံများကို စောင့်ကြည့်ရန် အစောင့်တချို့ကိုထားခဲ့ပြီး အဖွဲ့ကိုကိုယ်တိုင်ဦးဆောင်သွားလေသည်။
ထိုတာဝန်ခံသည် အားကောင်းသောလည်း ရှီမာယူရွှီတို့အဖွဲ့နှင့်တွေ့သောအခါ နှစ်ချက်နှင့်ပင် ဇာတ်သိမ်းသွားလေသည်။
သည်လိုနှင့် အချိန် ၂ရက်ကုန်သွားလေသည်။
“ဒီနေ့က အကြီးအကဲ ၁၀ပြန်လာမယ့်နေ့ပဲ မင်းတို့ ဖြတ်လမ်းတည်ဆောက်မှုကို ရပ်စောင့်နေကြ၊ သူ ဝင်လာတာနဲ့ မင်းတို့ သူ့ကိုချက်ချင်း အနိုင်ရမှဖြစ်မယ်၊ အဲအချိန်မှာပဲ တည်ဆောက်မှုကို တစ်ခါတည်းဖျက်ဆီး ရမယ်” ရှီမာယူယူသည် စစ်သူကြီးလုံရိနှင့် တခြားသူများကို ပြောလေသည်။
“ဟုတ်ကဲ့ပါ သခင်လေး” စစ်သူကြီးလုံရိ ပြန်ဖြေလေသည်။
သူတို့သည် အကြီးအကဲ ၁၀၏ ပုံတူကိုမြင်ပြီးဖြစ်သဖြင့် သူ့ကိုသိကြသည်။
နေ့လည်လောက်တွင် ဖြတ်လမ်းတည်ဆောက်မှု အရောင်ထွက်လာရာ စောင့်နေသောလူများသည် အသက်ရှုအောင့်ထားကြလေသည်။
ပေးလာသူမှာ အကြီးအကဲ ၁၀မဟုတ်ပဲ အုပ်ချုပ်သူတစ်ယောက်ဖြစ်နေသည်။ ထိုလူကိုချက်ချင်းဖမ်း လိုက်ကြပြီး ဘေးကိုခေါ်သွားလိုက်သည်။
“အကြီးအကဲ ၁၀ရော” ရှီမာယူရွှီ မေးလိုက်သည်။
“အကြီးအကဲ၁၀က လုပ်စရာရှိလို့ ငါ့ကိုအရင်လွှတ်လိုက်တာ သူမနက်ဖြန်ပြန်လာမယ်” အုပ်ချုပ်သူ သည် လိမ္မာပါးနပ်စွာဖြေလေသည်။
ရှီမာယူရွှီနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည် “ဒီမှာစောင့်နေ”
နောက်နေ့မနက်တွင် ဖြတ်လမ်းတည်ဆောက်မှု နောက်တစ်ကြိမ်ပွင့်လာရာ ထိုနေရာရှိလူများ အာရုံ စိုက် ထားကြသည်။
“သူရောက်လာပြီ”
အကြီးအကဲ ၁၀၏ ပုံရိပ် ဖြတ်လမ်းတည်ဆောက်မှုတွင် ပေါ်လာသည့်အချိန်တွင် သူနှင့်အတူ လသတ္တိ ဂိုဏ်းမှ တခြားအကြီးအကဲပါလာသည်။
“မင်းတို့ကဘယ်သူတွေလဲ” ခြံထဲတွင် လူစိမ်းများကိုတွေ့လိုက်သည်နှင့် အကြီးအကဲ ၁၀ အော်လိုက် သည်။
“သွားတော့” ရှီမာူယယူသည် စစ်သူကြီးလုံရိနှင့် တခြားသူများကို အေးစက်စွာ အမိန့်ပေးပြီး သူတို့ ၂ယောက်ကို ဖမ်းဆီးကာ ဖြတ်လမ်းတည်ဆောက်မှုကို ဖျက်ဆီးလိုက်သည်။
အဖြစ်အပျက်မှာ မျက်စိတ်တစ်မှိတ်အတွင်းဖြစ်သွားသဖြင့် အကြီးအကဲ ၁၀သည် မတိုက်ခိုက်လိုက် ရပဲနှင့်ပင် အဖမ်းခံလိုက်ရလေသည်။
အကြီးအကဲ၁၀နှင့် တခြားတစ်ယောက်သည် နှစ်ပေါင်းထောင်ချီနေလာခဲ့ပြီးဖြစ်သော်လည်း သူတို့ အရှေ့မှလူများပြည့်နှက်နေသည့် အခြေအနေကိုမသိတော့ပေ။
“မင်းတို့က ဘယ်သူတွေလဲ ဘာလို့ငါတို့ လသတ္တိမျိုးနွယ်ကိစ္စကို ဝင်စွက်ဖက်နေတာလဲ”
“ကျွန်တော်တို့ကိုလာပြီး မစွက်ဖက်စေချင်ရင် အစကတည်းက ကျွန်တော်တို့ကို ဒီကိုခေါ်မလာသင့် ဘူး” ရှီမာယူယူ ပြောလိုက်သည် “အပိုစကားတွေမပြောချင်ဘူး၊ အစေခံကွင်းသော့တွေဘယ်မှာလဲ”
“ငါ့ဆီမှာမရှိဘူး” အကြီးအကဲ ၁၀သည် ငြင်းဆန်လေသည်။
အစေခံများသာ လွတ်သွားပါက ဒီနှစ်အတွင်းလုပ်သမျှသည် သဲထဲရေသွန်ဖြစ်ကာ လသတ္တိမျိုးနွယ် သည် မျိုးနွယ်တိုင်း၏ ဒေါသဖြစ်မှုကိုခံရမည်။
“မရှိလို့ပြောတိုင်း ကျွန်တော်တို့က ယုံမယ်ထင်နေလား၊ သော့တွေက ခင်ဗျားမှော်ဝင်လက်စွပ်ထဲမှာ ရှိတယ်၊ အဲတော့ ခင်ဗျားကိုသတ်လိုက်ရင် လက်စွပ်က ပိုင်ရှင်မဲ့သွားမှာပဲ၊ အဲလိုဆိုရင်မရှာနိုင်ဘူးထင်နေလား” ဝေကျိရွှီပြောလိုက်သည်။
“ချက်ကောင်းထိတယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
“ခဏလေး” အကြီးအကဲ ၁၀ ပြောလိုက်သည် “ငါပေးမယ်”
စဉ်းစားလိုက်သည်နှင့် အမည်းရောင်သော့သည် သူ့လက်ထဲတွင် ပေါ်လာသည်။
“သူ့ကိုတားလိုက်” ဖက်တီးကျူသည် သော့အမည်းကိုမြင်သည်နှင့် ချက်ချင်းပင် အော်လိုက်သည်။
ရှီမာယူယူနှင့် တခြားသူများသည် အကြောင်းအရင်းကိုမသိသော်လည်း အကြီးအကဲ ၁၀ကို ချက်ချင်း တိုကခိုက်ကြသည်။
“အာ…”
အကြီးအကဲ၁၀၏ ဘယ်ဘက်လက်သည် ညာဘက်လက်ကိုကိုင်ထားသည်။ သူ့လက်မောင်းသည် တစ်ဝက်သာကျန်ကာ နောက်တစ်ဝက်သည် မြေပေါ်တွင် ကျနေလေပြီ။ ဖက်တီးကျူသည် ပြေးသွားကာ သော့ကို ကောက်လိုက်သည်။
သော့အတွင်းသို့ ဝိဉာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် ရုတ်တရက် အနီရောင်လင်းလာသည်။ ဖက်တီးကျူ ဘာလုပ်လိုက်သည်ကိုမသိခင်မှာပင် သော့သည် မူလပုံအတိုင်းပြောင်းသွားသည်။
ဖက်တီးကျူ နောက်ဆုံးမှပင် သက်ပြင်းချနိုင်ရာ အားလုံးသည် သူ့အားမေးကြလေသည်။
“ဖက်တီး ဘာဖြစ်လို့လဲ”
“ဒါက သော့မဟုတ်ဘူး၊ အစေခံကွင်းကိုထိန်းချုပ်တဲ့နေရာမှာ သုံးတဲ့ဟာပဲ ဒါကိုသာ ဖောက်ခွဲလိုက်ရင် အစေခံကွင်းအားလုံးပေါက်ကွဲသွားမှာပဲ” ဖက်တီးကျူ ပြောလိုက်သည်။
အစေခံကွင်းများ ပေါက်ကွဲသွားပါက ဘာမှမပြောလိုက်ရပဲ အားလုံးသေသွားမည်ဖြစ်သည်။
အကြီးအကဲ ၁၀သည် ဖက်တီးကျူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူက ဒီလောက်ငယ်တာကို ဒီလိုပစ္စည်းကိုရင်းနှီးနေလိမ့်မည်ဟု မထင်ထားပေ။ တစ်ချိန်တည်းမှာပင် သူ့အစီအစဉ်ပေါ်သွားသဖြင့် စိတ်ညစ် သွားသည်။
“မြန်လိုက်တဲ့လှုပ်ရှားချက်” ကျင်းဟွမ်သည် လျှောက်လာကာ သူ့ဗိုက်ကိုကန်လိုက်ရာ လွှင့်သွားလေ သည်။
“သော့ဘယ်မှာလဲ” ရှီမာယူလင်း ထပ်မေးသည်။
အကြီးအကဲ ၁၀သည် မြေပေါ်တွင် ဒူးထောက်ကာ သူတို့အား မကြည့်ပေ။
“စကားမပြောချင်ဘူးဆိုလည်း ခင်ဗျားကို ဖိအားမပေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သူ့ကို သရဲ လောကကိုသာပို့လိုက်”
အကြီးအကဲ ၁၀သည် အဘိုးကြီးဝူကဲ့သို့ မဟုတ်ပေ။ သူကဲ့သို့ သတ္တိရှိသူသည် အဘိုးကြီးဝူကဲ့သို့ နည်းလမ်းသုံး၍မရပေ။
“ဒါပေမဲ့ သော့က သူ့မှော်ဝင်လက်စွပ်ထဲရှိမရှိကို ငါတို့မသိရသေးဘူးလေ”
ထိုအထဲတွင် မရှိပါက သူ့ကိုသတ်လိုက်ပါကလည်း သော့ရှိသည့်နေရာကို သိနိုင်မည်မဟုတ်ပေ။
“ကိစ္စမရှိဘူး ငါ့မှာနည်းလမ်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် စစ်သူကြီးလုံရိကိုကြည့်လိုက်ရာ စစ်သူကြီးလုံရိသည် အမိန့်ကိုနာခံပြီး သူ့နှလုံးတည့်တည့် ထိုးပြီး ဇာတ်သိမ်းပေးလိုက်သည်။
အကြီးအကဲ၁၀သည် သူ့အသက်မှာ ထိုကဲ့သို့ လေနှင့်အတူပါသွားမည်ဟု မထင်ထားခဲ့ပေ။ သူသည် ကောင်းကင်အားကြည့်ကာ ရီဝေသောအကြည့်များအဖြစ်ပြောင်းသွားလေသည်။
ရှီမာယူယူသည် အကြီးအကဲ ၁၀ဘေးလာကာ လက်နှစ်ဖက်ကို သူ့နားထင်ပေါ်တင်လိုက်သည်။ ထို့နောက်တွင် သူမသည် သူမ၏ အသိစိတ်ကိုထုတ်ပြီး သူ့ခေါင်းထဲထည့်လိုက်သည်။
သူမ အပြုအမူကို ဖက်တီးကျူနှင့် တခြားသူများမြင်သောအခါ မှင်တက်သွားကြလေသည်။ သူမသည် အရင်တစ်ခေါက်က ဒီလိုမျိုးလုပ်လို့ ဒဏ်ရာရထားတာမဟုတ်လား။
သို့သော် သူတို့ပြောလိုက်ပါက သူမအတွက် အနှောင့်အယှက်ဖြစ်သွားမည် စိုးသဖြင့် ဘယ်သူမှစကား မပြောရဲကြပေ။
ခဏအကြာတွင် ရှီမာယူယူသည် အကြီးအကဲ ၁၀၏ အလောင်းကို မြေပေါ်ပစ်ချလိုက်ပြီး လက်ကို ဝိဉာဉ်ရေဖြင့်ဆေးကာ ပဝါဖြင့်သုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် သူတို့အားလှည့်ပြီး “သော့က သူ့အိမ်ထဲက အိပ်ယာအောက်က လျှို့ဝှက်သေတ္တာထဲမှာ”
ရှီမာယူလီနှင့် ကျင်းဝမ်သည် အကြီးအကဲ ၁၀၏ အိမ်သို့သွားကြသည်။
“ယူယူ ပြီးခဲ့တဲ့တစ်ခေါက်က မင်းဒီလိုလုပ်လို့ ဒဏ်ရာရထားတာကို အခုဘာလို့လုပ်သေး….” ရှီမာယူရွှီ သည် သူမ၏ အေးစက်မှုကို ကြိမ်းမောင်းလေသည်။
***