← Chapters

အမြစ်မှနှုတ်ခြင်း

Vol. 007 Ch. 683

အမြစ်မှနှုတ်ခြင်း

Vol. 007 Ch. 683

“အစ်ကိုကြီး စိတ်မတိုပါနဲ့ ဒါကအရင်တစ်ခေါက်နဲ့မတူဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာတူတာလဲ မင်းကတခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အံ့ဖွယ်အာရုံထည့်လိုက်တာလေ” ရှီမာယူရွှီသည် ဒေါသထွက်နေလေသည်။

“အစ်ကိုကြီး ဒီတစ်ခေါက် သူ့စိတ်ထဲကို ကျွန်တော့်အံ့ဖွယ်အာရုံထည့်တယ်ဆိုတက မှတ်ဉာဏ်ရှာဖို့ပဲ အန္တရာယ်မများပါဘူး” ရှီမာယူယူ ရှင်းပြလေသည်။ “ပြီးတော့ သူက သေလူဆိုတော့ သူ့အံ့ဖွယ်အာရုံလည်း ပျောက်ကွယ်တော့မှာ ကျွန်တော့်အတွက်အန္တရာယ်မရှိဘူး”

ရှီမာယူရွှီသည် မပျော်ရွှင်နိုင်သေးပေ။

“တကယ်ပြောတာ ကျွန်တော်အဆင်ပြေနေတာ မတွေ့ဘူးလား” ရှီမာယူယူသည် သူ့လက်ကိုဆွဲကာ သွားဖြီးပြလေသည်။

“နောက်တစ်ခါ အဲလိုအန္တရာယ်များတာတွေမလုပ်နဲ့” ရှီမာယူရွှီသည် သူမအား ကြည့်ပြီး ခွင့်လွှတ်လိုက် လေသည်။

ထိုအချိန်တွင် ရှီမာယူလီနှင့် ကျင်းဟွမ်တို့ဝင်လာသည်။

ကျင်းဟွမ်သည် စိတ်လှုပ်ရှားနေသည်။ သူ့လည်ပင်းမှ အစေခံကွင်းသည် ကျွတ်သွားလေပြီ။ သူသည် ပို လွတ်လပ်သွားလေပြီ။

သူ အားလုံး၏ အရှေ့သို့လျှောက်လာပြီး အရိုအသေပေးလေသည် “ကူညီပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်”

“ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။ “ငါတို့ဒီက ဖြတ်လမ်းတည်ဆောက်မှုကို ဖျက်ဆီးပြီးပြီ၊ ဒီနေ့ကို ဘာသတင်းမှမကြားရဘူးဆိုရင် လူတစ်ယောက်တော့ပို့လိုက်မှာပဲ၊ အဲလူတွေက သန်မာနိုင်တယ်၊ လူနည်းနည်း လောက်ပို့လိုက်ရင် ကိစ္စမရှိဘူး များရင်တော့ လုံရိတို့လည်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူး၊ ဒီနေ့ မနက်ဖြန်ကို အားလုံးကိုကယ်နိုင်ရင် အကောင်းဆုံးပဲ”

“အခု အဘိုးကြီးဝူကဘယ်မှာလဲ” ရှီမာယူလင်း မေးလိုက်သည်။

“လသတ္တိဂိုဏ်းကလူတွေတော့ အသတ်ခံလိုက်ရပြီ” ဘေဂုံထန် ပြန်ဖြေလေသည်။

ဆိုလိုသည်မှာ အဘိုးကြီးဝူပါ သေဆုံးသွားလေပြီ။

“ကျိရွှီ ပြီးခဲ့တဲ့ရက်တွေကို အဘိုးကြီးဝူဆီကသတင်းတွေကို စောင့်ကြည့်ထားတယ်မလား၊ အဲ နည်း အတိုင်း ဒီနေ့ကိုသတင်းပို့လိုက်၊ ဖြတ်လမ်းတည်ဆောက်မှုပျက်သွားတယ်လို့ပြော၊ နည်းမတူလို့စိတ်မပူနဲ့ ဂိုဏ်း ကလာလည်း မနက်ဖြန်မှရောက်မှာ” ရှီမာယူယူ ပြောလိုက်သည် “ဒီအချိန်တွင်းကို ငါတို့ထွက်သွားဖို့အချိန် လောက်တယ်”

“ကောင်းပြီ” ဝေကျိရွှီ ပြန်ဖြေလေသည်။

“ယူလင်း ဖြတ်လမ်းတည်ဆောက်မှုသွားစီစဉ်ရအောင်” ရှီမာယူယူသည် ရှီမာယူလင်းကိုပြောလိုက် သည်။

“ကောင်းပြီ”

သူမသည် ဖက်တီးကျူအား ပြန်ကြည့်လိုက်သည်။ ဖက်တီးကျူသည် ချက်ချင်းပင် သူမဆိုလိုသည်ကို နားလည်ပြီး ပြုံးလိုက်သည် “နင်ကိုယ့်အလုပ်သာလုပ်လိုက် ငါတို့ဒီနေရာတစ်ခုလုံးကိုရှာလိုက်မယ်”

သူသည် အမှန်တကယ်ပင် သူမကိုနားလည်သည်။ ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး နောက် အားလုံးသည် လူစုခွဲကာ ကိုယ့်အလုပ်ကိုယ်လုပ်ကြလေသည်။

ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် မြို့အတွင်းဝင်ရာ ကျယ်ဝန်းသောနေရာအားတွေ့လေသည်။ သူတို့ သည် ဖြတ်လမ်းတည်ဆောက်မှုကို စတင်စီစဉ်တော့သည်။

သူတို့နှစ်ယောက်သည် ဌာနချုပ်အထဲရှိ တည်ဆောက်မှုကို ၂ရက်ကြာအောင် လေ့လာသည်။ သူတို့ သည် လေဟာပြင် နယ်နိမိတ်တွေကို ပြောင်းလေသည်။ ထိုမှသာ သူတို့ထွက်သွားလျှင်တောင် လသတ္တိမြို့ကို မရောက်မည်ဖြစ်သည်။

ဖြတ်လမ်းတည်ဆောက်မှုလုပ်ရသည်မှာ အချိန်ယူရသည်။ အကျဉ်းသားများသည် တန်းစီစောင့်နေကြ လေပြီ။ သူတို့သည် မြန်မြန်ထွက်သွားလိုသည့် မျှော်လင့်ချက်များအပြည့်ရှိသော်လည်း အနှောင့်အယှက်မပေးရဲ ကြပေ။ သူတို့ကို ဖြတ်လမ်းတည်ဆောက်မှုအသုံးပြုခွင့်မပေးပါက အကုန်ပျက်ဆီးသွားမည်ဖြစ်သည်။

ရှီမာယူယူတို့ တည်ဆောက်မှုလုပ်ပြီးချိန်တွင် တစ်ယောက်ချင်းစီဝင်ခိုင်းလေသည်။ ရှီမာယူယူသည် သူတို့၏ အစေခံကွင်းများကို ချွတ်ပြီး ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုခိုင်းသည်။ ရှီမာယူယူ တည်ဆောက် မှုကို အသက်သွင်းလိုက်ချိန်တွင် သူတို့ကို နေရာပို့ပေးလေသည်။

တစ်ကြိမ်တွင် လူ၁၀ယောက်ပို့ပေးသည်။ ထောင်ပေါင်းများစွာသော လူများကိုပို့ရာတွင် အကြိမ် ၁၀၀ လောက်ပို့ရသည်။

တချို့မှာ ရှီမာယူယူတို့အား ကျေးဇူးတင်သွားကြလေသည်။ တချို့မှာ နာမည်များပြောသွားကြပြီး နောက်တစ်ချိန် အကူအညီလိုပါက ကူညီမည်ဖြစ်ကြောင်းပြောသွားကြသည်။ ရှီမာယူယူသည် ပွင့်လင်းသူဖြစ်ရာ နောင်တစ်ချိန် အကူအညီလိုပါက အကူအညီတောင်းမည်ဖြစ်သည်။

ညနှောင်းပိုင်းရောက်သောအခါ အားလုံးကိုပို့ပြီးသွားလေပြီ။ ကျင်းဟွမ်သည် နောက်ဆုံးထွက်ခွာမည့် အဖွဲ့တွင်ပါလေသည်။ သူသည် ရှီမာယူယူအား ကြည့်ပြီး “အစ်ကိုကမသွားဘူးလား”

“ငါတို့က မင်းကိုကယ်မှတော့ အကုန်လုံးကိုကူညီရမှာပဲ သတ္တုတွင်းကလူတွေကို လျစ်လျူရှုလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။

ကျင်းဟွမ်သည် သူတို့လိုလုပ်သည့်အရာကိုနားလည်သဖြင့် ဘာမှမပြောတော့ပေ။

“မင်းမှာဘာမှရှိတာမဟုတ်ဘူး ဒါကိုယူသွားလိုက် ထွက်သွားရင်တော့ မင်းမိသားစုကိုရှာဖို့ နည်းလမ်း ရှာရမယ်” ရှီမာယူယူသည် သူ့ကိုအိတ်တစ်လုံးပေးလိုက်လေသည်။

အထဲတွင် ကျောက်များရှိကြောင်း ကျင်းဟွမ်ခန့်မှန်းမိသည်။ လက်ရှိတွင် သူ့တွင်ပိုင်ဆိုင်မှုမရှိပေ။ ဒီ အခြေအနေနှင့် သူ့မိသားစုကိုရှာရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူလက်ခံလိုက်သည်။

သူ ဖြတ်လမ်းတည်ဆောက်မှုမှထွက်လာပြီးနောက် အိတ်ကိုကြည့်လိုက်သည်။ ကျောက်များအပြင် သူ ၏ မှော်ဝင်လက်စွပ်ပါရှိနေလေသည်။

ရှီမာယယူသည် သူ၏မှော်ဝင်လက်စွပ်ကိုယူလျှင်ဖြစ်နိုင်သော်လည်း သူ့အစ်ကိုကြောင့် သူ့ကိုပြန်ပေး လေသည်။ သို့သော် မှော်ဝင်လက်စွပ်ရရန်ကိစ္စအတွက် သူ့ကိုတိုက်ခိုက်မည်မဟုတ်ဟု သူမ ယုံကြည်သည်။

“ကောင်းပြီ ဖက်တီး နင့်အလှည့်ပဲ” ရှီမာယူယူသည် အားလုံးကိုပို့လိုက်သည်။

“ဟီးဟီး စောင့်ကြည့်နေ” ဖက်တီးကျူသည် စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကိုပွတ်လိုက်သည်။

တစ်မြို့လုံးတွင် သူတို့သာ ကျန်တော့သည်။ သူတို့သည် မြို့အပြင်သို့ရောက်သွားသည်။ ရှီမာယူယူ သည် သင်္ဘောကိုထုတ်ရာ ဖက်တီးကျူသည် လည်ပတ်လေသည်။

ရှီမာယူယူနှင့် တခြားသူများ တက်လိုက်ကြသည်။ သင်္ဘောသည် ထိုနေရာမှထွက်ခွာသည်ှနင့် သူတို့ သည် လသတ္တိဂိုဏ်း၏ သတ္တုတွင်းဆီသို့ တိုက်ရိုက်ဦးတည်သွားလိုက်ကြသည်။

သတ္တုတွင်းတွင် အစောင့်အများအပြားရှိမနေပေ။ ရှီမာယူယူတို့အဖွဲ့ ဝင်ပြီးနောက် သတ္တုတွင်းကို ထိန်း ချုပ်နိုင်လေသည်။

အကျဉ်းသားများသည် အဖြစ်အပျက်ကိုနားမလည်ကြပေ။ သို့သော် သူတို့ကိုလွှတ်ပေးရန်လာခြင်းဖြစ် ကြောင်းသိသောအခါ အားပေးကြလေသည်။

ရှီမာယူယူနှင့် ရှီမာယူလင်းတို့ ထပ်ပြီးတည်ဆောက်မှုကိုလုပ်ကြပြန်သည်။ ဒုတိယအကြိမ်ဆောက်လုပ် ခြင်းဖြစ်သဖြင့် အချိန်မကြာလှပေ။

အကျဉ်းသားများသည် အစေခံကွင်းများချွတ်လိုက်သဖြင့် အင်အားများပြန်ရလာသည်။ သူတို့သည် အားလုံးစုပြီး ဖြတ်လမ်းတည်ဆောက်မှုဖြင့် ထွက်သွားကြလေသည်။

ရှီမာယူယူသည် ထိုအုပ်ချုပ်သူများကို သနားကြင်နာမှုမရှိပေ။ ထိုလူများသည် ထိုနေရာတွင် အုပ်ချုပ်နေ စဉ်အတွင်း မကောင်းမှုများလုပ်ခဲ့သည်။ ကျင်းဟွမ်သည် ထိုအကြောင်းများကိုပြောပြခဲ့သည်။

ထိုနေရာတွင် လူအနည်းငယ်သာရှိသည်။ အားလုံးကိုပို့ပြီးချိန်တွင် မိုးလင်းသွားလေပြီ။

ရှီမာယူယူသည် ဗလာဖြစ်နေသော သတ္တုတွင်းကိုကြည့်လိုက်သည်။ တချို့သတ္တုများသည် မြေတွင် ပြန့်ကျဲနေသည်။

အားလုံးပြုံးလိုက်ကြသည်။ ထို့နောက်တွင် သူတို့သည် သတ္တုတစ်ဝက်နီးပါးကို ဝိဉာဉ်စေတီအတွင်း ထည့်လိုက်ကြသည်။ ပြီးနောက်တွင် ထိုနေရာမှ အမြန်ထွက်ခဲ့လိုက်ကြသည်။

လသတ္တိဂိုဏ်းမှ အရာရှိသူများသည် ပုံမှန်မဟုတ်သောအခြေအနေကို သိလိုက်ချိန်တွင် မီတာရာချီ နက်နေပြီဖြစ်သော ကြီးမားသော တွင်းကိုတွေ့လိုက်ရသည်။ အခု အနည်းငယ်သာကျန်တော့သည်။

လသတ္တိဂိုဏ်းမှ အရာရှိများသည် အလွန်ဒေါသထွက်ကြလေသည်။ ထိုနေရာသည် သူတို့၏ အကောင်း ဆုံး သတ္တုကြောဖြစ်သည်။ ဘာလို့ရုတ်တရက်ကြီး ပျောက်သွားတာလဲ။ ဒါကိုဘယ်သူယုံမှာလဲ။

ထို့အပြင် အကျဉ်းသားအားလုံးလည်း မရှိကြတော့ပေ။ ထိုအရာကို နှစ်ပေါင်းများစွာလုပ်ခဲ့သည်ကို သူတို့သာသိသည်။ လသတ္တိဂိုဏ်းသည် လက်တုန့်ပြန်ခြင်းမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

တချို့အကျဉ်းသားများမှာထွက်ပြေးပြီး သာမန်တပည့်များသာကျန်ခဲ့လေသည်။ ကျောထောက်နောက်ခံ မသိရပဲ နေခဲ့သော အကျဉ်းသားများသည် သတ္တုတွင်းကိုစိတ်နာခဲ့ကြသည်။ သူတို့သည် တခြားဂိုဏ်းများ၏ ဒေါသကို စောင့်ရပေတော့မည်။

***

All Chapters