ပြီးနောက်တွင်
Vol. 007 Ch. 684
“ကြားပြီးပြီလား”
“ဘာကိုကြားရမှာလဲ သတင်းကြီးရှိလို့လား”
“မင်း တကယ်မသိတာလား”
“လျှိုမနေနဲ့ ပြောလိုက်”
“တရှားဂူရဲ့ အကြီးဆုံးဂိုဏ်းဖြစ်တဲ့ လသတ္တိဂိုဏ်းဖျက်ဆီးခံလိုက်ရတယ်တဲ့”
“ဘာ”
“တကယ်ကြီးလား”
“ဒါပေါ့ တကယ်ပဲ ငါဘယ်တုန်းက သတင်းအမှားပြောလို့လဲ”
“အမှန်ပဲပေါ့ ပြောဦးဘာတွေဖြစ်နေတာလဲ”
“ဟီးဟီး တစ်ခုပြောဦးမယ် ဒီနှစ်တွေမှာ လသတ္တိဂိုဏ်း မကောင်းတာတွေလုပ်ခဲ့တာ မသိဘူးလား”
“ဟူး ဘာတွေပြောနေတာလဲ အချိန်ဆွဲမနေနဲ့ ငါရိုက်မိတော့မယ်”
“ဟုတ်သားပဲ မြန်မြန်ပြော မဟုတ်ရင် အိပ်ရာထဲကမထနိုင်အောင် ရိုက်မိတော့မယ်”
“အေးပါ ပြောပါမယ်” သတင်းကိုစပြောသော လူကပြောလိုက်သည် “လသတ္တိဂိုဏ်းကလူတွေက လသတ္တိမြို့က ဖြတ်လမ်းတည်ဆောက်မှုကို အနောက်ကမ်းရိုးကန္တာရကိုပို့အောင်လုပ်ထားတယ်”
“အနောက်ကမ်းရိုးကန္တာရဟုတ်လား လူတွေကို အဲဒီကိုဘယ်လိုပို့တာလဲ”
“ဟီးဟီး အနောက်ကမ်းရိုးကန္တာရမှာ သတ္တုကြောတစ်ခုကို လသတ္တိဂိုဏ်းကလူတွေ ရှာတွေ့တာ မသိ ဘူးထင်တယ်၊ လူတွေကို မသိစေချင်တဲ့အတွက် သူတို့လူလည်းမစုရဲဘူးလေ၊ အဲဒါကြောင့် အဲနည်းလမ်းတွေ သုံးပြီး လူတွေကို တိတ်တိတ်လေး အဲဒီကိုပို့နေတာပဲ”
“အဲလူတွေ ဘယ်လိုအဲဒီကိုရောက်သွားတာလဲ”
“သူတို့က ငြင်းတာပဲလေ လသတ္တိဂိုဏ်းက အစေခံကွင်းတွေနဲ့လုပ်ထားတာ”
“အစေခံကွင်းဟုတ်လား”
သူတို့သည် လေအေးများကိုရှုသွင်းကာ “တကယ်လား လသတ္တိဂိုဏ်းက တရှားဂူရဲ့ အားအကြီးဆုံး ဂိုဏ်းပဲ ဘယ်လိုဖြစ်ပြီး အဲလောက်ယုတ်မာတာကိုလုပ်ရတာလဲ”
“ဟုတ်တယ် အဲလူတွေလွှတ်ပြီး ကိုယ့်နေရာကိုယ်ပြန်ရောက်တော့ အဲဂိုဏ်းကြီးတွေက အသေဒေါသ ထွက်နေကြတာ၊ တော်တော်များများပေါင်းပြီး လသတ္တိဂိုဏ်းကိုဖျက်ဆီးလိုက်ကြပြီ”
“လသတ္တိဂိုဏ်းက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ၊ ဘယ်လိုဖြစ်ပြီး အဲလောက် ယုတ်မာတာကိုလုပ်ရဲတာလဲ၊ ဒီအတိုင်းပြည်သူတွေကို လုပ်ရင်တောင် သူတို့ခံသာဦးမယ် အခုတော့ လူတွေကိုဖမ်းမှတော့ ခံရတာပေါ့”
“အဲသတ္တုတွင်းကို သာမန်လူတွေတူးလို့မရဘူးလေ ဝိဉာဉ်သခင်တွေပဲလုပ်နိုင်တာ အဲဒါကြောင့် သူတို့က ဒီနည်းသုံးပြီး လူတွေကိုဖမ်းတာ”
“အဲလူတွေက အစေခံကွင်းဝတ်ထားရတော့ ခံနိုင်ရည်မရှိတော့တာ” တချို့လူများသည် လသတ္တိဂိုဏ်း မှ ဘာကြောင့် ထိုကဲ့သို့လုပ်ရဲသည်ကို နားလည်ကြသည် “ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားတာလဲ အဲလူတွေ ဘယ်လိုလွတ်သွားတာလဲ”
“သူတို့မဖမ်းသင့်တဲ့လူကိုသွားဖမ်းမိတယ်လို့ ပြောကြတယ်၊ သူတို့ကိုဖမ်းမိသွားတော့ အားလုံးကိုလွှတ် လိုက်တာပဲ”
“ဒါနဲ့ လသတ္တိဂိုဏ်းကို ဖျက်ဆီးဖို့ပူးပေါင်းလိုက်တဲ့ ဂိုဏ်းတွေက သူတို့ဂိုဏ်းသားတွေအတွက် လက်တုံ့ ပြန်တာလည်းဟုတ်ချင်မှဟုတ်မှာ၊ သူတို့က အနောက်ကမ်းရိုးကန္တာရက သတ္တုတွင်းကို လိုချင်လို့တွေးနေတာ လည်းဖြစ်နိုင်တယ်”
“ဟားဟား မှန်းတာမှန်သွားပြီ” လူတစ်ယောက်သည် အားရပါးရရယ်မောလေသည် “အဲဂိုဏ်းကလူ တွေကလည်း လသတ္တိဂိုဏ်းကလူတွေကိုမသတ်ပဲ အနောက်ကမ်းရိုးကန္တာရက သတ္တုတွင်းနေရာကိုပြခိုင်းတယ် လေ၊ နောက်ကိုဘာဖြစ်ကြတယ်ထင်လဲ”
“စောစောထတဲ့ငှက်က အစာဝတယ်လား” လူတစ်ယောက်သည် စဉ်းစားလေသည်။
“ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး”
“မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ ဘာဖြစ်တာလဲ”
“အဲလူတွေရောက်တော့ သတ္တုတွင်းကမရှိတော့ဘူး၊ နဂိုသတ္တုတါင်းနေရာမှာ အပေါက်ကြီးပဲရှိတော့ တယ်”
“ကျွတ် တကယ်ကြီးလား”
“သတ္တုကြောကရုတ်တရက်ကြီး ဘယ်လိုပျောက်သွားတာလဲ”
“အဲလောက်အချိန်တိုအတွင်းကို တစ်ယောက်ယောက်ကများ တူးသွားတာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲဒါသတ္တုကြောနော်၊ လသတ္တိဂိုဏ်းတောင် နှစ်ပေါင်းများစွာ တူးလာတာ ဒီလောက်အချိန်တိုအတွင်းကို ဘယ်လိုလုပ်အကုန်ကုန်အောင်တူးနိုင်မှာလဲ”
“ဘာတွေဖြစ်သွားတာလဲ အဲဒါပျောက်သွားတာ မထူးဆန်းဘူးလား”
“ပဟေဠိတော့ဖြစ်နေပြီ လူတချို့က အင်အားကြီးဂိုဏ်းကို ရှင်းပစ်ပြီး သတ္တုတွင်းက သတ္တုတွေအားလုံး ကို ယူသွားတယ် အမှန်ဟုတ် မဟုတ်တော့ ဘယ်သူမှမသိဘူး”
“အဲကလူတွေကို ကယ်လိုက်တဲ့သူတွေကပဲ ယူသွားတာဖြစ်မလား”
“မဖြစ်နိုင်ဘူး၊ သူတို့ကိုကယ်တဲ့လူတွေက ငယ်သေးတဲ့ပုံပေါက်တယ်၊ အသက် ၅၀ကျော်တဲ့လူ မပါဘူး၊ ပြီးတော့ သူတို့အင်အားကလည်း အဲလောက်မကောင်းဘူး၊ သတ္တုကြောတစ်ခုလုံးကို တူးယူဖို့ဆိုတာ သူတို့ အတွက် မဖြစ်နိုင်ဘူး”
“လူလေး ၁ဒါဇင်လောက်နဲ့ အားလုံးကိုဘယ်လိုများကယ်သွားတာလဲ”
“သူတို့မှာ တည်ဆောက်မှုသခင် ၂ယောက်နဲ့ လက်နက်ပညာရှင်တို့ပါတယ်လို့ ပြောကြတယ်၊ အဲ တည်ဆောက်မှုသခင်တွေက လာခဲတယ်၊ ပြီးတော့ သိပ်မသန်မာပေမယ့် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က ကောင်း တယ်တဲ့”
“ဒီသတ္တုတွင်းကြီးဘယ်ရောက်သွားလဲ တကယ်သိချင်တယ်….”
ရှီမာယူယူတို့သည် သီးသန့်အခန်းတွင်ထိုင်ကာ အောက်ရှိဧည့်ခန်းမှ လူများ လသတ္တိဂိုဏ်းအကြောင်း ဆွေးနွေးနေသည်ကို နားထောင်နေကြသည်။
သူတို့သည် လက်ရှိတွင် တရှားဂူတောင်ရိုးဘေးရှိ ဟုန်းယယ်တောင်ရိုးသို့ရောက်နေခြင်းဖြစ်သည်။ ထို ကိစ္စဖြစ်ပွားပြီးသည်မှာ လတစ်ဝက်ကြာသွားပြီဖြစ်သည်။
“အဲလူတွေ အဲလောက်မြန်မယ်လို့မထင်မိဘူး၊ လသတ္တိဂိုဏ်းက ဂိုဏ်းကြီးတစ်ခုပဲကို အဲလောက် လွယ်လွယ်နဲ့ ပျက်စီးသွားရတယ်လို့” ဖက်တီးကျူ မှတ်ချက်ပေးလေသည်။
“လသတ္တိဂိုဏ်းက အင်အားကြီးတယ်ဆိုပေမယ့် အဲဂိုဏ်းအားလုံးရဲ့ ဒေါသကိုမခံနိုင်ဘူးလေ၊ သူတို့က အားနည်းတယ်ဆိုပေမယ့် အဲလောက်ကြီးတဲ့သတ္တုကြောရှိတယ်လို့ ကြားရင်တော့ အားထုတ်ကြမှာပဲ”
အားမထုတ်ပဲနဲ့တော့ သူတို့ဘယ်လိုလုပ်ပစ္စည်းတွေရမှာလဲ။
ထို့ကြောင့် လသတ္တိဂိုဏ်းကိုဆန့်ကျင်သည့်လူများ များပြားနေခြင်းဖြစ်သည်။ မကြာမီတွင် လသတ္တိ ဂိုဏ်းသည် ပျက်စီးသွားလေသည်။
သို့သော် နောက်ဆုံးရလဒ်မှာအံ့သြလောက်စရာပင်… သတ္တုကြောတစ်ခုလုံး ပျောက်ဆုံးသွားခဲ့သည်…
ထိုကြီးမားသော တွင်းကြီးကိုမြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာကိုမြင်ယောင်ကြည့်ရင်း ရှီမာယူယူတို့ ပြုံးလိုက်ကြသည်။
သတ္တုတွင်းတစ်ခုလုံးကို သူတို့ နေရာအတွင်းထည့်လိုက်သည်ကို ဘယ်သူမှတွေးမိမည်မဟုတ်ပေ။ သတ္တုတွင်းတစ်ခုလုံး ဝိသာဉ်စေတီအတွင်းရောက်ပြီးနောက်တွင် သတ္တုတွင်းသည် ဝိဉာဉ်လေး၏ ထိန်းချုပ်မှု အောက်ရောက်သွားလေသည်။ အထဲရှိ ကျောက်များကိုအလွယ်တကူပင်တူးရလေသည်။
သူတို့သည် တရှားဂူတောင်ရိုးမှထွက်လာပြီးသည်မှာစ၍ ထိုတည်းဆောင်တွင်နေကာ မငြိမ်မသက်ဖြစ် နေမှုမှ ထွက်သွားရန်လုပ်ထားကြသည်။ အခုတော့ ထိုအဖြစ်အပျက်သည် သူတို့အပေါ်သက်ရောက်မှုမရှိသည် ဖြစ်၍ စိတ်သက်သာရာရကြသည်။
သူတို့သည် ကျောင်းမှ မစ်ရှင်ရရှိထားသည်ဖြစ်သဖြင့် အပြင်တွင် ကြာရှည်စွာနေရန် အဆင်မပြေလှပေ။ သူတို့သည် အမှောင်တောသို့ထွက်သွားရန် အစီအစဉ်ဆွဲရတော့သည်။
တည်းခိုဆောင်တွင်နေစဉ်အတွင်းတွင် သူတို့သည် အမှောင်တော၏ တည်နေရာကိုစုံစမ်းနေခဲ့သည်။ ထိုနေရာမှ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုရန် အနီးစပ်ဆုံးမြို့ဖြစ်သည့် လုဆယ်မြို့ကိုသွားရမည်။ ထိုပနောက်တွင် သူတို့သည် မိစ္ဆာပျံများစီးကာ ၈ရက်မှ ၁၀ရက် ပျံသန်းရမည်။
အမှောင်တောသည် အနောက်ကမ်းရိုးတန်းကန္တာရကဲ့သို့ပင် လူမနေသည့် နယ်မြေဖြစ်သည်။ ထိုနေရာ တွင် မြို့မရှိပဲ လူသူကင်းမဲ့သောနေရာဖြစ်သည်။ ဝင်ပြီးလိုက်လျှင် လမ်းပျောက်ရန်လွယ်သည်။ တစ်ခါလမ်း ပျောက်သည်နှင့် ၈နှစ်မှ ၁၀နှစ်အတွင်း ထွက်မရနိုင်တော့ပေ။
ထိုနေရာတွင် ဝိဉာဉ်မိစ္ဆာအများအပြားရှိနေခြင်းကြောင့် လမ်းပျောက်သူများထွက်မလာနိုင်ခြင်းဖြစ် သည်။ မသွားသင့်သောနေရာတစ်ခုသို့ သွားလိုက်ပါက ရလဒ်မှာပြောစရာပင်မလိုပေ။
ရှီမာယူူယူတို့အဖွဲ့သည် အမှောင်တောသို့သွားရန်မလောပဲ တည်းခိုဆောင်သွားရှာလေသည်။ ထို့နောက်တွင် ရှီမာယူယူ၊ ဘေဂုံထန်နှင့် ရှောင်ချီတို့ အတူသွားကြသည်။
သူတို့သည် တည်းခိုဆောင်ပိုင်ရှင်အား လုဆယ်မြို့ရှိ ရွှမ်းယွမ်ဆိုင်တည်နေရာကိုမေးလိုက်သည်။ ထိုနေရာမှ လမ်း ၂လမ်းအကျော်တွင်ဖြစ်သဖြင့် သူတို့သည် ရွှမ်းယွမ်ဆိုင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
နာရီဝက်အကြာလမ်းလျှောက်ပြီးနောက်တွင် ရွှမ်းယွမ်ဆိုင် ဆိုင်းဘုတ်ကိုတွေ့ရလေသည်။ သူတို့ တံခါး သို့ဝင်လိုက်ချိန်တွင် ဝတ်ရုံခြုံထားသော လူတစ်ယောက် သူတို့ရှေ့မှ ဖြတ်သွားလေသည်။ သို့သော် သူတို့ကို ဖြတ်သွားချိန်တွင် သူ၏ ချွန်မြသောမေးရိုးကို တွေ့လိုက်ရသည်။
***