← Chapters

ပြောင်းလဲမှုများ

Vol. 007 Ch. 685

ပြောင်းလဲမှုများ

Vol. 007 Ch. 685

“ယူယူ ဘာတွေကြည့်နေတာလဲ” ဘေဂုံထန်သည် အပြင်သို့ငေးနေသော ရှီမာယူယူကိုမေးလိုက်သည်။

“ငါတို့ရှာနေတဲ့လူကိုတွေ့လိုက်သလားလို့” ရှီမာယူယူ ပြန်ဖြေလေသည်။

“ငါတို့ရှာနေတဲ့လူဟုတ်လား ဒါဆိုရင်…” ဘေဂုံထန်သည် အပြင်သို့ကြည့်လိုက်ရာ သူတို့ရှာနေသော လူကို မတွေ့တော့ပေ။

“ငါအမြင်မှားတာလားမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဂိုဏ်းကပေးလိုက်တဲ့သတင်းအရဆိုရင် ဒီကို လူအများအပြားလာကြတယ်၊ အဲလူက ဂိုဏ်းက သတင်းပေးတဲ့လူတော့မဟုတ်လောက်ပါဘူး၊ ဝတ်ရုံဝတ် ထားလို့ သေချာမမြင်လိုက်ရဘူး”

“အမြင်မှားတာနေမှာပါ” ဘေဂုံထန် ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ဟုတ်လောက်မယ်”

သူတို့ ဝင်လိုက်သည်နှင့် လူတစ်ယောက်သည် ချက်ချင်းလာကာ ဝန်ဆောင်မှုပေးလေသည်။

“မင်းတို့ ကြီးကြပ်ရေးမှူးကိုတွေ့ချင်လို့ပါ” ရှီမာယူယူသည် တံဆိပ်ပြားထုတ်လိုက်သည်။

စာရေးသည် တံဆိပ်ပြားယူကာ တရိုတသေပြောလေသည် “ကြီးကြပ်ရေးမှူးက အပေါ်မှာပါ ကျွန်တော် နဲ့လိုက်ခဲ့ပါ”

သူတို့သုံးယောက်သည် စာရေးနောက်လိုက်ကာ တတိယထပ်ရှိအစွန်ဆုံးအခန်းသို့သွားလိုက်သည်။ သူ တံခါးခေါက်ပြီးနောက် ပြောလိုက်သည် “ကြီးကြပ်ရေးမှူးလျုန်၊ သခင်လေးယူယူလာပါတယ်”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ စာရေးက တံဆိပ်ပြားကြည့်ပြီးတော့ကို သူမကိုသိတာလား။

သူမ ပဟေဠိဖြစ်နေသည်ကိုကြည့်ပြီး စာရေးပြောလိုက်သည် “သခင်လေးယူယူ ပင်ရင်းဆိုင်က ဆိုင်ခွဲ တွေကို သတင်းပို့ထားတာပါ အခုအကုန်လုံးက သခင်လေးကိုသိနေကြပြီ”

အဲလိုလား….

ကြီးကြပ်ရေးမှူးလျုန်သည် စာရေးပြောလိုက်သည့်စကားကိုကြားသည်နှင့် ချက်ချင်းပင် တံခါးဖွင့်လိုက် သည်။

“ကြီးကြပ်ရေးမှူးလျုန် ဒါကသခင်လေးယူယူပါ” စာရေးသည် တံဆိပ်ပြားကို ကြီးကြပ်ရေးမှူးလျုန်လက် ထဲထည့်လိုက်သည်။

ကြီးကြပ်ရေးမှူးလျုန်သည် တံဆိပ်ပြားကိုစမ်းစစ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် တံဆိပ်ပြားကို မြှောက်ပြီး ရှီမာယူယူအား အရိုအသေပေးလေသည် “သခင်လေးယူယူကို နှုတ်ဆက်ပါတယ်”

“ကြီးကြပ်ရေးမှူးလျုန် အရမ်းယဉ်ကျေးဖို့မလိုပါဘူး” ရှီမာယူယူသည် တံဆိပ်ပြားကိုယူလိုက်သည်။

“သခင်လေးယူယူ ဒီဘက်ကိုကြွပါ” ကြီးကြပ်ရေးမှူးလျုန်သည် လမ်းပြလေသည်။

ရှီမာယူယူ ခေါင်းညိမ့်ပြီးဝင်လိုက်သည်။ စာရေးသည် ထွက်သွားမည်အပြုတွင် သူမ တားလိုက်သည်။

“သခင်လေးယူယူ ခိုင်းစရာများရှိလို့လား” စာရေးမေးလိုက်သည်။

“ငါဝင်လာတုန်းက ဝတ်ရုံဝတ်ထားတဲ့လူတွေ့လိုက်တယ်၊ တံခါးဝမှာတွေ့လိုက်တာ၊ သူဘာလို့လာ တာလဲသိလား”

“တောင်းပန်ပါတယ် သခင်လေးယူယူ ကျွန်တော်သူ့ကို တာဝန်ယူတာမဟုတ်လိုက်လို့ သေချာမသိဘူး ဒါပေမဲ့တခြားလူတွေကိုမေးပေးပါမယ်” စာရေးပြန်ဖြေလေသည်။

“ဒါဆိုရင် မင်းကိုပဲဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ သူ့အားပြုံးုပြလိုက်သည်။

“ပြဿနာမရှိပါဘူး ကျွန်တော်မေးပေးပါမယ်” စာရေးပြန်သွားလေသည်။

ရှီမာယူယူသည် ကြီးကြပ်ရေးမှူးလျုန်အခန်းထဲတွင် ထိုင်လိုက်သည်။ သူမသည် အခန်းပြင်ဆင်ပုံကို ကြည့်နေသည်။ အခန်းပြင်ဆင်ပုံမှာ ရိုးရှင်းသော်လည်း မရိုးရှင်းပေ။ ကြီးကြပ်ရေးမှူးလျုန်သည် အကောင်းကြိုက် သူဖြစ်လောက်သည်။

“သခင်လေးယူယူ ဒီကိုဘာကိစ္စရှိလို့လာတာလဲ သိပါရစေ” ကြီးကြပ်ရေးမှူးလျုန်သည် ကျွမ်းကျင်သူပီပီ မေးလိုက်သည်။

“သြော် ဒီလိုပါ ကျွန်တော်တို့က အမှောင်တောကိုခရီးသွားမလို့ပါ၊ အမှောင်တောကိုမဝင်ခင် အဲတော အကြောင်းကိုသိချင်လို့ပါ ဒီဆိုင်ခွဲကလည်း ဒီမှာဖွင့်ထားတာ ကြာနေပြီဆိုတော့ ဒီကအခြေအနေတွေကို ပို နားလည်မယ်ထင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

ကြီးကြပ်ရေးမှူးလျုန် ထိုစကားကြားသောအခါ မသိစိတ်မှ မျက်မှောင်ကြုတ်လေသည်။ “သခင်လေး ယူယူက အမှောင်တောကိုသွားမလို့လား ဘာလို့လဲ”

သူ၏ တုန့်ပြန်မှုကိုကြည့်ပြီး ရှီမာယူယူသည် ကြံရခက်သွားသောကြောင့်မေးလိုက်သည် “ကျွန်တော်တို့ က ဂိုဏ်းကမစ်ရှင်ရထားလို့ အမှောင်တောကိုသွားပြီး ကြိုးကြာနီဥသွားယူမလို့ပါ”

“ကြိုးကြာနီဟုတ်လား” ကြီးကြပ်ရေးမှူးလျုန်၏ မျက်ခုံးသည် ပိုတွန့်သွားသည်။ သူ့နှုတ်ခမ်းများလှုပ်သွား သော်လည်း စကားများထွက်မလာပေ။

“ကြီးကြပ်ရေးမှူးလျုန် စိတ်ထဲရှိတာပြောလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သခင်လေး ဒီမစ်ရှင်ကိုလက်လွှတ်နိုင်မလားမသိဘူး” ကြီးကြပ်ရေးမှူးလျုန်မေးလိုက်သည်။

“လက်လွှတ်ရမယ် ဟုတ်လား ဘာလို့လဲ” ရှီမာယူယူ သံသယဖြင့် မေးလိုက်သည်။

“အမှောင်တောက နယ်မြေတွေအများကြီးခွဲထားတယ်၊ တချို့နေရာတွေက အန္တရာယ်အရမ်းမများလို့ သာမန်လူတွေဝင်လို့ရတယ်၊ အန္တရာယ်များတဲ့ တခြားနေရာတွေလည်းရှိတယ်၊ အဲဒီကိုလူနည်းနည်းလောက်ပဲ ဝင်လို့ရတယ်၊ ကြိုးကြာနီတွေက အန္တရာယ်ရှိတဲ့နယ်မြေမှာပဲ” ကြီးကြပ်ရေးမှူးလျုန် ပြန်ဖြေလေသည်။ “ပြီးတော့ အန္တရာယ်အများဆုံး နယ်မြေတွေကို အဆင့်လိုက်ခွဲထားသေးတယ် ကြိုးကြာနီတွေရှိတဲ့နေရာက… အဆင့် ၃ ထဲမှာပါတယ်”

ရှီမာယူယူသည် အမှောင်တောအကြောင်းကို အများအပြားမသိပေ။ သူမ မျက်တောင်ခတ်ကာ မေး လိုက်သည် “အဲအဆင့်၃က အန္တရာယ်အညွှန်းဘယ်လောက်ရှိလဲ”

“အန္တရာယ်အညွှန်းဟုတ်လား” ကြီးကြပ်ရေးမှူးသည် ထိုအသုံးအနှုန်းကိုမကြားဖူးသော်လည်း ဆိုလို သည့် အဓိပ္ပာယ်ကိုသိသည်။ သူ ဆက်ပြောလေသည် “အုပ်ချုပ်သူဘုရင်အဆင့်အထက်ဆိုရင်တော့ လွတ်လွတ် လပ်လပ်သွားလို့ရတယ်”

စံတင်အံ့ဖွယ်အထက်တွင် အုပ်ချုပ်သူဘုရင်အဆင့်ရှိသည်။ သူတို့ထဲမှတချို့သည် ဝိဉာဉ်နယ်ရှင်အနား ပင် မကပ်သေးပေ။ သူမတစ်ယောက်တည်းသာ ဝိဉာဉ်သူတော်စင်ဖြစ်သည်။ သူတို့ပြောသည့်အားနှင့်ဆိုလျှင် ကြိုးကြာနီဥရှာရန်မှာမလွယ်ပေ။

ရှီမာယူယူ နားမလည်ပေ။ ကြိုးကြာနီဥသည် ဂိုဏ်း၏ မစ်ရှင်ဆိုလျှင် အရမ်းမခက်သင့်ပေ။ ဘာကြောင့် ဒီလောက်ခက်နေရတာလဲ။

“ကြိုးကြာနီတွေနေတဲ့နေရာက အမြဲတမ်းအန္တရာယ်ပြည့်နေတာလား”

“မဟုတ်ဘူး” ကြီးကြပ်ရေးမှူးလျုန် ပြန်ဖြေလေသည် “ဒါပေမဲ့ အကြောင်းအရင်းတော့မသိဘူး သိပ်မကြာခင်ကပဲ တောထဲက တိရစ္ဆာန်တွေ ပြောင်းရွှေ့နေကြတယ်၊ ဝိဉာဉ်မိစ္ဆာတွေလည်း နေရာပြောင်းနေကြ တယ်၊ အဲဒါကြောင့် ကြိုးကြာနီနေတဲ့နေရာက ပိုပြီးအန္တရာယ်များတဲ့နေရာဖြစ်လာတယ်”

“ဘယ်တုန်းကဖြစ်သွားတာလဲ”

“လွန်ခဲ့တဲ့၂နှစ်ကစပြီး”

ထိုမစ်ရှင်သည် လွန်ခဲ့သည့် ၂နှစ်က မစ်ရှင်ဖြစ်ကြောင်း ရှီမာယူရွှီ ပြောခဲ့သည့်စကားကို ရှီမာယူယူ အမှတ်ရသွားသည်။ အခြေအနေတွေပြောင်းသွားတဲ့အတွက်ကြောင့် ဘယ်သူမှ မအောင်မြင်တာပဲ။

သူမသည် စိတ်ထဲတွင် စတင်တွေးတောတော့သည်။ သူမ ဒီမစ်ရှင်ကိုလုပ်သင့်သလား။ ခက်ခဲမှုအဆင့် ကမြင့်သွားပြီး ဆုကမြင့်လာတာမဟုတ်ဘူးလေ။ သတို့ မမျှတဟုခံစားရသော်လည်း စီးပွားရေးအရ မဖြစ်နိုင်ပေ။

သူမသည် ကြီးကြပ်ရေးမှူးမျက်မှောင်ကြုတ်သွားသည်ကို သတိရသွားကာ “ဆရာကြီး ခုနက အမှောင် တောအကြောင်းကြားတော့ မျက်မှောင်ကြုတ်သွားတယ်နော် ဘာပြောချင်လို့လဲ”

“လွန်ခဲ့တဲ့ ၂နှစ်က အမှောင်တော့ရဲ့ အပြောင်းအလဲက ထူးဆန်းတယ်လို့တွေးမိလို့၊ ဝင်သွားရင် အန္တရာယ်များမယ်ထင်လို့ပါ” ကြီးကြပ်ရေးမှူးလျုန် ပြောလိုက်သည်။

“နည်းနည်းတော့ ထူးဆန်းတယ် ဝိဉာဉ်မိစ္ဆာတွေက သူတို့နေရာဆိုရင် အရမ်းကာကွယ်ကြတာ၊ အကြောင်းမရှိပဲ ပြောင်းရွှေ့မှာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒီပြောင်းရွှေ့တာရဲ့ အကြာင်းအရင်းကိုမသိလို့လေ၊ ဘာကိုမသိတာလဲဆိုတာကို ပိုပြီးသံသယဝင် တယ်” ကြီးကြပ်ရေးမှူးလျုန်ပြောလိုက်သည် “ပြီးတော့ အကြောင်းအရင်းကိုရှာဖို့သွားတဲ့လူတွေ တောထဲက ပြန် မထွက်လာနိုင်ကြဘူး၊ အဲဒါကြောင့် သခင်လေးယူယူသွားရင် အန္တရာယ်များလို့ စိတ်ပူလို့ပါ”

ရှီမာယူယူသည် ဘေဂုံထန်အားကြည့်လိုက်သည်။ နှစ်ယောက်လုံး သိက္ခာရှိစွာကြည့်မိကြသည်။

“ယူယူ ငါတို့စဉ်းစားကြဦးမလား”

“အင်း ငါတို့ပြန်သွားပြီး အစ်ကိုတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည် “ကြီးကြပ်ရေးမှူးလျုန် အမှောင်တောရဲ့ အသေးစိတ်ကိုပေးလို့ရမလား၊ ကျွန်တာ်တို့ အခြေအနေကို လေ့လာချင်လို့”

“ကောင်းပါပြီ”

နာရီဝက်အကြာတွင် သူသည် ရှီမာယူယူတို့အား ကိုယ်တိုင်ပင် အောက်ထပ်သို့လိုက်ပို့လေသည်။

“သခင်လေးယူယူ တခြားကိစ္စရှိရင် ထပ်လာခဲ့ပါ” ကြီးကြပ်ရေးမှူးလျုန် ပြောလေသည်။

“ဒါဆိုရင် ကြီးကြပ်ရေးမှူးလျုန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“ဘယ်လိုလုပ်ဒုက္ခဖြစ်ရမှာလဲ လုပ်ပေးရမှာပဲကို”

ရှီမာယူယူ အောက်ထပ်သို့လာလိုက်သည်။ စာရေးသည် ရှီမာယူယူအား စာရွက်လာပေးလေသည် “သခင်လေးယူယူ ဒါသခင်လေးမေးထားတဲ့ဟာပါ”

“ကျေးဇူးပဲ” ရှီမာယူယူသည် စာရွက်အားကြည့်လိုက်သည်။ သူမ မျက်လုံးများသည် မှောင်မိုက်သွား သည်။ သူမ စာရွက်အား သိမ်းလိုက်ပြီး ရှောင်ချီကိုခေါ်ကာ ရွှမ်းယွမ်ဆိုင်မှထွက်ခဲ့လိုက်သည်။

***

All Chapters