ရင်းနှီးနေသောအသံ
Vol. 007 Ch. 686
ရှီမာယူယူတို့သုံးယောက်သည် ရွှမ်းယွမ်ဆိုင်မှထွက်ပြီး တည်းခိုဆောင်သို့အမြန်ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် သုံးယောက်လုံး ထိုစာရွက်အကြောင်းကိုမပြောကြပေ။ သူတို့သည် လူသူမဲ့သော အမှောင်တောအကြောင်းကိုသာ ပြောခဲ့ကြသည်။ သူတို့အခန်းသို့ပြန်ရောက်သောအခါမှ ဘေဂုံထန်သည် ထို မှတ်စုအကြောင်းကိုမေးလေသည်။
ရှီမာယူယူသည် သူမကိုမှတ်စုပေးလိုက်သည်။ ရှီမာယူရွှီနှင့် တခြားသူများလည်းလာကြည့်ကြသည်။ သတင်းကိုတွေ့သောအခါ အံ့သြကြသည်။
“တကယ်ကြီးလား ကံကောင်းလိုက်တာ ၁၀ယောက်ထဲက ပစ်မှတ်၈ယောက်တောင်ပေါ်လာတာလား” ဖက်တီးကျူ အော်လေသည်။
“အဲလူတွေ အခုပေါ်လာတာထူးဆန်းတယ်လို့မထင်ဘူးလား” ရှီမာယူယူ ပြန်ပြောလေသည်။
“ဘာထူးဆန်းစရာရှိလဲ” ဖက်တီးကျူသည် အများကြီးတွေးမနေပေ “သူတို့က လူဆိုးတွေဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက်သိနိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် သိနေမှတော့ အတူပေါ်လာတာမထူးဆန်း ဘူး၊ ဒါပေမဲ့ ဒီနေရာက အမှောင်တောနဲ့အနီးဆုံးမြို့ပဲ သူတို့က အမှောင်တောကိုသွားချင်ကြတာလား”
“မင်း အမှောင်တောကတကယ့်အခြေအနေကို မသိသေးလို့”
“ဘာအခြေအနေလဲ”
ရှီမာယူယူသည် ရွှမ်းယွမ်ဆိုင်မှရလာသောသတင်းကို ပြန်ပြောပြလေသည် “အခုအခြေအနေပြောင်း သွားပြီ ငါတို့ အမှောင်တောထဲက မစ်ရှင်ကိုလုပ်မလုပ်ကို သေချာဆုံးဖြတ်ရတော့မယ်”
“ဒီမှာ အဲလောက်အပြောင်းအလဲကြီးဖြစ်သွားမယ်လို့ မထင်ထားဘူးပဲ” ရှီမာယူလင်းသည် မြေပုံနှစ်ခုကို ယှဉ်ကာကြည့်လေသည်။
“အသေချာဆုံးကတော့ အလုံခြုံဆုံးနေရာက အန္တရာယ်အရှိဆုံးဖြစ်သွားတာပဲ အဲဒါအပြင်ကို အန္တရာယ် ရှိတဲ့နေရာက ပိုအန္တရာယ်ရှိသွားတယ် အလယ်ကတော့ ဗလာကြီးပဲ” ရှီမာယူရန်ပြောလိုက်သည် “အဲနေရာက ဘာမှမရှိပေမယ့် ဝင်ဖို့လမ်းမရှိဘူး၊ တခြားနယ်မြေတွေနဲ့နီးနေတယ်၊ အလုံခြုံဆုံးနေရာက အန္တရာယ်အများဆုံး နေရာပဲ”
“ဟုတ်တယ်”
“ဘာလို့အဲလိုပြောတာလဲ သူတို့က အလယ်ကနေရာကြီးကို ကာကွယ်ထားတဲ့ခံစားမှုမျိုးပဲ” ရှီမာယူရွှီ ပြောလိုက်သည်။
“ငါတို့အလယ်ကနေရာကို ဂရုမစိုက်တော့ဘူး၊ ကြိုးကြာနီနေရာက မပြောင်းဘူး ဒါပေမဲ့ ဝိဉာဉ်မိစ္ဆာတွေ အများကြီးက သူတို့ကိုဝန်းရံထားကြတယ် ပိုပြီးတောင်အန္တရာယ်များသွးတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ အဲနယ်မြေကိုဝင်ပြီး သူတို့ဥကိုခိုးမယ်၊ ငါတို့အဲနားရောက်ရင် ဝိဉာဉ်မိစ္ဆာတွေနဲ့ တွေ့မှာကိုကြောက်တာ”
“အန္တရာယ်များလွန်းတယ်”
အားလုံးသည် လေအေးများရှိုက်သွင်းလိုက်ကြပြီး ရှီမာယူယူကိုမေးလေသည် “မစ်ရှင်ကို လက်လျော့ ကြမလား”
“အားလုံးက လက်လျော့ချင်ကြလား” ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်သည်။
“ဒီမစ်ရှင်က အရင်ကလုပ်ထားတာလေ၊ အခုသွားရင် အရင်ကထက် ပိုအန္တရာယ်များတယ်” ဝေကျိရွှီ ပြောလိုက်သည် “ငါတို့လက်ရှိအားနဲ့ဆိုရင် ကြိုးကြာနီဥယူနိုင်ဖို့မပြောနဲ့ ဒဏ်ရာမရပဲပြန်လာနိုင်ပါ့မလား မသေ ချာဘူး”
“ငါလည်းအဲလိုထင်တယ်” ဖက်တီးကျူ သံယောင်လိုက်လေသည်။
“ဒီမှာ လူဆိုး ၈ယောက်ရောက်နေတယ်ဆို၊ သူတို့က အမှောင်တောပြောင်းလဲတာနဲ့များ ဆက်စပ်မှုရှိနေ မလား” ဝူရန်ဖေ ပြောလိုက်သည်။
အားလုံးသည် သူ့စကားကြားလိုက်သောအခါ မှင်တက်သွားကြသည်။
“မဖြစ်နိုင်ဘူး” ရှီမာယူလင်း ပြောလိုက်သည်။
“မင်းအပြင်ထွက်နေတုန်း လုဆယ်မြို့ကိုအပြင်လူတွေ အများကြီးလာကြတယ်လို့ စားပွဲထိုးပြောတာ ကြားလိုက်တယ်” ဝေကျိရွှီ သတင်းပေးလေသည်။
“ဒီလုဆယ်မြို့က အမှောင်တောနဲ့ အနီးဆုံးမြို့ပဲ၊ အမြဲတမ်းလူအများကြီးလာနေမှာပဲ” ဘေဂုံထန် ပြော လိုက်သည်။
“မဟုတ်ဘူး လွန်ခဲ့တဲ့ ၂နှစ်က အမှောင်တောပြောင်းလဲပြီးကတည်းက လုဆယ်မြို့ကိုလူလာတာ နည်း သွားတယ်၊ စားပွဲထိုးပြောသလိုဆိုရင် အခုနောက်ပိုင်းကို လူများလာတာ၊ ၂နှစ်ကြာ တိတ်နေပြီးမှ မြို့ကပြန်စည် လာတာ” ရှီမာယူလီ ထပ်ပြောလေသည်။
“အင်း…. ဒါဆိုရင် ထူးဆန်းနေပြီ” ရှီမာယူယူ ပြောလိုက်သည်။
“နောက်တစ်ခုကဘာလုပ်မလဲ ငါတို့လုပ်မယ့် မစ်ရှင်၂ခုလုံးက အခြေအနေတွေပြောင်းကုန်ပြီ” ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်သည်။
“အင်း… အစကတော့ သူတို့ ၁ယောက် ၂ယောက်ပဲ ဒီနားမှာရှိတယ်ဆိုတာသိတာ၊ ဒါပေမဲ့ အခုက ၈ယောက်တောင် အတူတူပေါ်လာတာ၊ ပြီးတော့ ၈ယောက်ရှိနေတယ်ဆိုတော့ ကျန်တဲ့ ၂ယောက်လည်း ရှိနေ မယ်လို့ထင်တယ်” ရှီမာယူယူသည် သူမ၏ သွေးလက်စွပ်ကို ပွတ်ရင်းစဉ်းစားလေသည်။
“ငါတို့က တစ်ယောက်တွေ့ရင် တစ်ယောက်၊ နှစ်ယောက်တွေ့ရင် နှစ်ယောက်သတ်မယ်လုပ်ထားတာ၊ အခုတော့ များနေပြီ ငါတို့သတ်နိုင်ပါ့မလား၊ လူဆိုးကြီး ၁၀ယောက်က တစ်ယောက်နဲ့တစ်ယောက်သိနေကြမှာ ပဲ” ဖက်တီးကျူ မေးလိုက်သည်။
“သူတို့ကိုသွားစုံစမ်းမယ်” ရှီမာယူလင်း အကြံပေးသည် “သူတို့က တစ်ယောက်ချင်းစီမှာ စွမ်းရည်တွေ ရှိကြတယ်ပြောတယ်၊ အကုန်ပေါင်းလိုက်ရင် အရမ်းအားကောင်းသွားမှာ တစ်ယောက်နှစ်ယောက်ထွက်လာ အောင်မျှားခေါ်ကြည့်ရအောင်”
“မင်းပြောတာက သူတို့ကိုရှင်းမယ်ပေါ့ ဒုတိယမစ်ရှင်ကိုလုပ်မယ်ဆိုတဲ့သဘောလား” ရှီမာယူရန် မေး လိုက်သည်။
“ကြိုးစားကြည့်ရမှာပဲ ခက်တယ်ဆိုရင်တော့ မစ်ရှင်တွေကိုလက်လျော့ရမှာပေါ့၊ ဖြေရှင်းနိုင်တယ် ဆိုရင် တော့ လက်ဗလာနဲ့ ပြန်စရာမလိုတော့ဘူးလေ” ရှီမာယူလင်းသည် သူ့အတွေးကိုထုတ်ပြောလိုက်သည်။
“ငါတို့ ကြိုးကြာနီဥတွေကို မဖြစ်မနေရရမယ်လို့မှမဟုတ်တာ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက လက်လျော့မလို့လား” ဖက်တီးကျူမေးလိုက်သည်။
“ငှက်လေးက ဒီမှာမရှိဘူးလေ၊ ငါတို့ကို ကြိုးကြာနီဥရဖို့မဖြစ်နိုင်ဘူး” ဘေဂုံထန် ပြောလိုက်သည်။
“ဒီကနေထွက်သွားဖို့ မစောလွန်းနေဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ငှက်လေးလည်း ပြန်လာ တော့မှာပါ ပြီးတော့ ငါကအမှောင်တောကိုပိုစိတ်ဝင်စားတယ် ကြိုးကြာနီတွေနေရာကိုမရောက်ရင်တောင်မှ သွားကြည့်လို့ရတာပဲ”
“ဟုတ်တယ် အနက်ကြီးမသွားရင်တောင် သွားကြည့်လို့ရတယ်” ဝေကျိရွှီ ထောက်ခံလေသည်။
“ဒါပေမဲ့ အခုလက်ရှိအခြေနေက အပြောင်းအလဲတွေဖြစ်နေတာ တစ်ခုခုဖြစ်လာနိုင်တယ် ငါတို့သွား မယ်ဆိုရင် အန္တရာယ်မများနိုင်ဘူးလား” ရှီမာယူရွှီသည် စိုးရိမ်နေသည်။
“ဒါဆိုရင် အခြေအနေကိုထပ်ပြီးစုံစမ်းကြတာပေါ့”
“ကောင်းပြီ”
သည်လိုနှင့် သူတို့သည် တည်းခိုဆောင်တွင်နေကာ သတင်းကိုနားစွင့်ကြလေသည်။
ထိုအချိန်အတွင်းတွင် ရှီမာယူယူသည် ရွှမ်းယွမ်ဆိုင်သို့ နှစ်ကြိမ်သွားသည်။ သူမသည် သတင်းများစွာရ လေသည်။ အရေးအကြီးဆုံးဖြစ်သည့် အမှောင်တော၏ အခြေအနေနှင့် လူဆိုးကြီး ၁၀ယောက်တို့၏ သတင်း များရသည်။
“စားပွဲထိုး နေဦး အပေါ်ထပ်မှာ အခန်း ၂၀” အဖြူရောင်ဝတ်ထားသော လူတစ်စုဝင်လာပြီး စားပွဲထိုးကို ညွှန်ကြားလေသည်။
စားပွဲထိုးသည် သူတို့ဝတ်ထားသော အဝတ်အစားများကိုကြည့်လိုက်သည်။ သူ ရင်တုန်လာကာ အမြန် ပြေးသွားလိုက်သည်။ သူသည် တရိုတသေနှုတ်ဆက်ကာ “ပညာရှိစံအိမ်တော် သခင်ကြီးတွေ၊ တကယ် တောင်းပန်ပါတယ်၊ တည်းခိုဆောင်က ဧည့်သည်တွေများနေလို့ အခန်းအများကြီးမကျန်တော့ပါဘူး”
အရှေ့မှရပ်နေသောလူကြီးသည် ဒေါသဖြစ်ကာ အော်လေသည် “ဘာ အခန်းမလောက်ဘူးဟုတ်လား ငါတို့က ပညာရှိစံအိမ်တော်ကဆိုတာကို သိတာတောင် အဲလိုစကားပြောရဲသေးတယ်ဟုတ်လား”
“အမှန်ပါ သတင်ကြီး အခုတလောကို ဧည့်သည်တွေပိုရောက်လာကြလို့ပါ” စားပွဲထိုးသည် တုန်ယင်နေ လေသည်။
“မင်း…”
“စီနီယာအစ်ကို ထားလိုက်တော့ ရန်မဖြစ်ပါနဲ့ ဆရာ အပြစ်တင်လိမ့်မယ်” မိန်းကလေးတစ်ယောက် သည် သူ့ကိုတားလေသည်။
“ဟင်း” ထိုလူသည် စားပွဲထိုးကို ဒေါသဖြစ်နေလသည်။
မိန်းကလေးသည် ပြုံးပြီး စားပွဲထိုးကိုမေးလိုက်သည် “ဒီမှာအခန်းဘယ်လောက် ကျန်သေးတာလဲ”
ထိုအသံကိုရှီမာယူယူကြားလိုက်သောအခါ မျက်ခုံးများပင့်တက်သွားသည်။
ဒီအသံ ရင်းရင်းနှီးနှီးပဲ…
***