← Chapters

နည်းလမ်းများနှင့်လူ

Vol. 007 Ch. 687

နည်းလမ်းများနှင့်လူ

Vol. 007 Ch. 687

စားပွဲထိုးသည် မိန်းကလေး၏ အပြုံးကိုမြင်သောအခါ သန့်စင်မှုကို ခံစားလိုက်ရပြီး စွဲမက်သွားလေ သည်။

“စားပွဲထိုး” မိန်းကလေးသည် အော်လိုက်သည်။

“သြော် ကျွန်တော်တို့မှာ တတိယအတန်းအစား အခန်း၄ခန်းပဲကျန်ပါတော့တယ်” စားပွဲထိုးသည် သတိ ပြန်ဝင်လာကာ ရှက်နေလေသည်။

အခန်းလေး ၄ခန်း.. သူတို့အတွက် ဘယ်လိုလုပ်လောက်မှာလဲ။

“အခန်း ၂၀ရအောင်လုပ်ခိုင်းလိုက်” အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။

“ဒါက…” စားပွဲထိုးသည် စိတ်ဓာတ်ကျသွားကာ “တောင်းပန်ပါတယ် ဆရာတို့ ဒီမှာ စည်းမျဉ်းရှိလို့ပါ အရင်ရောက်တဲ့လူကို အရင်ဦးစားပေးရမှာပါ သူတို့ကိုနှင်ထုတ်လို့မရလို့ပါ”

“မရဘူးလား” ထိုလူသည် အသံထပ်မြှင့်လိုက်သည်။ တည်းခိုဆောင်တစ်ခုလုံး သူ့အသံကိုကြားလိုက်ရ သည်။

သူ့ဘေးမှ မိန်းကလေးသည် ဆွဲထားကာ “စီနီယာအစ်ကို ဒီမှာအခန်းမလောက်မှတော့ နောက် တည်းခိုဆောင်တစ်ခုရှာရအောင်”

ထို့နောက်တွင် သူမသည် သူ့နားနားကပ်ကာ တိုးညင်းစွာ ပြောလိုက်သည် “ဒီတစ်ခါလာရတဲ့အကြောင်း အရင်းကိုမမေ့ပါနဲ့”

ထိုလူသည် မစ်ရှင်ကို သတိရသွားသည်နှင့် အသက်မှုတ်ထုတ်ကာ အင်္ကျိလက်ကိုခါပြီး ထွက်သွားလေ သည်။ ခေါင်းဆောင်ထွက်သွားသည်နှင့် တခြားသူများလည်း ထွက်သွားကြသည်။ သူတို့မထွက်သွားခင်တွင် မိန်းလေးသည် စားပွဲထိုးအား တောင်းပန်သွားရာ စားပွဲထိုးမှာ ချက်ချင်းပင် ကျေနပ်သွားလေသည်။ ထိုနစ်မြော မှုမှ နိုးထရန် သူ့မှာ မိနစ်အနည်းငယ်ကြာလေသည်။

“သူမက ဖြူစင်ပြီး လှလိုက်တာ” စားပွဲထိုးသည် ရင်ဘတ်ပေါ်လက်တင်ကာ ရူးသွပ်စွာကြည့်လေသည်။

တိုက်ဆိုင်စွာပင် ဆိုင်ရှင်သည် ခြံအနောက်မှပြန်လာကာ ဧည့်ခန်းတွင် ကြောင်စီစွာရပ်နေသော စားပွဲ ထိုးအားတွေ့လိုက်သည်။ သူလျှောက်လာကာ ခေါင်းကိုရိုက်ပြီး အော်လေသည် “အလုပ်သွားလုပ် ဒီမှာ ရုပ်ထု လိုရပ်မနေနဲ့”

စားပွဲထိုးသည် နှုတ်ခမ်းတွန့်ကာ အလုပ်ပြန်လုပ်လေသည်။ ထိုမတိုင်တွင် သူသည် အပြင်သို့ကြည့်လိုက် သေးသည်။

“သူတို့ဒီကိုလာမယ်လို့မထင်ထားဘူးပဲ သူမက တကယ်သန်မာလာတာပဲ” ဖက်တီးကျူ မှတ်ချက်ပေး လေသည်။

“တိုင်းပြည်ကကြီးတာကို ဒီနှစ်တွေအတွင်းကိုပြန်တွေ့ရမယ်လို့ မထင်မိဘူး၊ နာလန်လန် ငါတို့ ပြန်တွေ့ ရင် ဘယ်လိုတုန့်ပြန်မလဲ” ရှီမာယူယူ ရေရွတ်လိုက်သည်။

“အခုကို နာလန်လန်က ကျော့ကျော့မော့မော့ပုံစံလုပ်သွားတာ ကြည့်ရတာ သူမက ပညာရှိစံအိမ်တော် မှာ အသိအမှတ်အပြုခံရတယ်ထင်တယ်” ဘေဂုံထန်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သော်လည်း မသောက်ပေ။

အောက်တွင် စကားပြောခဲ့သော မိန်းကလေးမှာ နာလန်လန်ဖြစ်သည်။ သူမ၏ စီနီယာအစ်ကိုမှာ စံအိမ်တော်သခင်များ၏ တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။

“သူတို့လည်း အမှောင်တောကြောင့်လာတာထင်တယ်၊ အထဲကဘာမို့လို့ လူတွေအများကြီး ဒီရောက် လာကြတာလဲ” ဝေကျိရွှီသည် သံသယထက် သိချင်စိတ်ပိုများနေသည်။

“ပြောရင်းနဲ့ နင့်ကိုမေးရဦးမယ်” ရှီမာယူယူသည် စာရွက်တစ်လိပ်ထုတ်လိုက်သည် “ဒါတွေက လတ် တလော ရွှမ်းယွမ်ဆိုင်ကရလာတဲ့ သတင်းတွေ၊ အမှောင်တောအလယ်မှာ ထူးခြားပြီးမင်္ဂလာရှိတဲ့ သားရဲပေါ် လာမယ်လို့ အပြင်လူတွေယုံထားကြတယ်၊ အမှောင်တောက ပြောင်းလဲမှုတွေဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၂နှစ်ကနော် အခုက အဲဒီမင်္ဂလာသားရဲကြောင့် လူတွေလာကြတာ”

ပညာရှိစံအိမ်တော်မှလူများ တည်းခိုဆောင်သို့လာချိန်မှာ သူမသည် ရွှမ်းယွမ်ဆိုင်မှ ပြန်လာချိန်ဖြစ် သည်။ သူမ အခန်းသို့ဝင်လိုက်သည်နှင့် သူတို့အသံများကြားလိုက်သဖြင့် သတင်းကို အခုမှပြောရခြင်းဖြစ်သည်။

“မင်္ဂလာသားရဲက တကယ်ပဲအမှောင်တောအလယ်မှာပေါ်လာမှာလား” ထိုစကားကြားလိုက်သည်နှင့် ဖက်တီးကျူ၏ မျက်လုံးသည် တောက်ပလာသည်။

“ဖြစ်နိုင်တယ်လို့ ထင်လား” ရှီမာယူယူသည် သူ့ကိုကြည့်ပြီးနောက် ချက်ချင်းပင် သူ့မျက်လုံးထဲမှ တောက်ပမှုသည် မှေးမှိန်သွားလေသည်။

“ဒီသတင်းက အမှားလို့ထင်တာလား” ဝေကျိရွှီ မေးလိုက်သည်။

“ဒီသတင်းကို ရွှမ်းယွမ်ဆိုင်ကပေးလိုက်တာ၊ အမှန်ဖြစ်နိုင်တယ်လို့ထင်တယ်၊ ဒါပေမဲ့ သူတို့ရတဲ့သတင်း ကအမြဲတမ်းမမှန်နိုင်ဘူးလေ ဟုတ်တယ်မလား”

“ဒါဆိုရင် မင်္ဂလာသားရဲသတင်းက အမှားလို့ဆိုလိုတာလား” ရှီမာယူလီသည် တအံ့တသြပြောလေ သည်။

“အမှောင်တောပြောင်းလဲတာ ဘယ်တုန်းကလဲ” သူမ မေးလိုက်သည်။

“လွန်ခဲ့တဲ့၂နှစ်ကျော်က”

“ဒါဆိုရင် ဒီမင်္ဂလာသားရဲက ရုတ်တရက်ကြီးပေါ်လာတာလား” သူမ ထပ်မေးလေသည်။

“ဖြစ်နိုင်မလားပဲ”

“ဒါဆိုရင် ဒီမင်္ဂလာသားရဲက လွယ်လွယ်နဲ့ ပေါ်လာဖို့ဖြစ်နိုင်တယ်ထင်လား” သူမသည် မေးခွန်းများ ဆက်မေးလေသည်။

“တကယ်သာ မင်္ဂလာသားရဲဆိုရင် ရုတ်တရက်ကြီးပေါ်လာစရာမရှိဘူး” ရှီမာယူရန် ပြောလိုက်သည်။

“အဲဒါကြောင့် မင်္ဂလာသားရဲသတင်းက အမှားဖြစ်နိုင်တာပေါ့” ဖက်တီးကျူ နိဂုံးချုပ်လေသည်။

“ဒါပေမဲ့ တချို့လူတွေက မင်္ဂလာသားရဲရဲ့ ရောင်ဝါကိုခံစားနိုင်တယ်လို့ ပြောကြတယ်၊ သူတို့ပြောတာ ကြားရသလောက်တော့ နုသေးတယ်လို့ပြောကြတယ်”  ဘေဂုံထန်သည် ရလာသော သတင်းကိုထောက်ပြလေ သည်။

“ဒါဆိုရင်တော့ မင်္ဂလာသားရဲလည်းဖြစ်နိုင်တယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“ငါတို့တောင် ဒီအချက်ကိုသတိထားမိတာ တခြားသူတွေလည်း သတိထားမိမှာပဲ ဘာလို့လူအများကြီး လာကြတာလဲ” ဖက်တီးကျူ နားမလည်ပေ။

“ဘာမှမရှိတာထက်စာရင် တစ်ခုခုရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ယုံကြည်ထားကြတာလေ” ရှီမာယူလင်း ရှင်းပြသည် “လူတွေ မယုံကြည်ရင်တောင်မှ ငယ်ရွယ်တဲ့မင်္ဂလာသားရဲက ကျင့်ကြံသူတွေအတွက် ကြိုးစားချင်စရာပဲလေ၊ ဒီသတင်းကအမှားဖြစ်နေရင်တောင် စွန့်စားချင်ကြမှာပဲ”

သူတို့သာ မင်္ဂလာသားရဲငယ်နှင့် စာချုပ်ချုပ်ခွင့်ရပါက အထူးကျွမ်းကျင်သူရသွားမည်ဖြစ်သည်။ အခုလက်ရှိအင်အားကို အာရုံမစိုက်လျှင်တောင် သူတို့ကြီးထွားလာပါက သူတို့၏အင်အားသည် မတွေးနိုင် လောက်အောင်ဖြစ်သည်။ ဥပမာဆိုလျှင် ဝူလင်းယူ၏ မီးတောက်ရွှီလင်းကို နိုင်သည့် ဝိဉာဉ်မိစ္ဆာမရှိသေးပေ။

အင်း…. ဟိန်းသံလေးကတော့ အုပ်ထိန်းဖို့လိုသေးတယ်။

ဟိန်းသံလေးသည် ရှီမာယူယူ၏ အတွေးကိုသိသည်။ ဟိန်းသံလေးသည် ဟာစွန်၏ လက်မောင်းပေါ် တွင် နေရခက်စွာ လှိမ့်နေလေသည်။ သူသည် နုပျိုသောအဆင့်တွင် ဒဏ်ရာအကြီးအကျယ်ရခဲ့သဖြင့် ကြီးထွားမှု နှေးနေခြင်း ဖြစ်သည်။ ဟင်း ဟင်း အရွယ်ရောက်တဲ့အထိစောင့်ကြည့်ပါလား ယူယူရဲ့ မျက်လုံးထဲမှာ တောက်ပ နေစေရမယ်။

“မင်္ဂလာသားရဲရဲ့ ရောင်ဝါကိုအာရုံခံမိတဲ့လူက အစတုန်းကဘာမှမပြောဘူး၊ အရင်ကရှိခဲ့တာလား၊ ရှိရဲ့ သားနဲ့ နုတဲ့အဆင့်ပဲရှိသေးတာလား ဘယ်သူမှမပြောနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့အရင်က မင်္ဂလာသားရဲကိုမမြင်ခဲ့ဘူးဆိုရင် ငါတို့လည်း ဖြားယောင်းခံရမှာလား” ဝေကျိရွှီ ပြောလေ သည် “အဲတော့ တခြားအင်အားကြီးတွေက ယူမယ်ဆိုတော့ သူတို့က စွန့်စားကြတာလား”

“ငါတို့လည်း ပါမှာလား” ရှီမာယူရန်မေးလေသည်။

“အစတုန်းကတော့ မပါချင်ဘူး ဒါပေမဲ့ မိတ်ဆွေဟောင်းကြီးက ဒီတစ်ခါကိုရောက်နေတယ်လေ” ရှီမာယူယူ ပြုံးလိုက်သည် “မသေချာတဲ့ ဘေးကင်းမှုအောက်မှာတော့ ဒီဂယက်မှာဝင်ပါလို့ရတယ်”

“လူဆိုးကြီး၁၀ယောက်ကလည်း ဒီအတွက်လာတာဖြစ်နိုင်တယ်” ဝူရန်ဖေ ပြောလေသည်။

“ကျွတ် အဲလူဆိုးကြီးတွေသာ မင်္ဂလာသားရဲကိုရသွားမယ်ဆိုရင်တော့ တကယ်ကို ကြည့်ရတာ ထူးဆန်းနေမှာပဲ” ဖက်တီးကျူ အားရပါးရပြုံးလေသည်။

“လူဆိုးကြီး ၁၀ယောက်နေတဲ့ ခြံကသာမန်ပဲ၊ သူတို့ ၁၀ယောက်လုံး ဒီမှာပဲလို့ ငါအာရုံရနေတယ်”  ရှီမာယူယူသည် လူဆိုးကြီး၁၀ယောက်အကြောင်း နောက်ဆုံးရခဲ့သည့် သတင်းစာရွက်ကိုထုတ်လိုက်သည် “သတင်းများထပ်ရနိုင်မလားလို့ နီရဲပျားတွေကို သူတို့နောက်လွှတ်ထားတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ငါတို့ သူတို့ကို လူစုခွဲရမယ်”

ရှီမာယူယူ စကားဆုံးသည်နှင့် သူမ အမူအရာပြောင်းသွားလေသည်။

“ဘာဖြစ်လို့လဲယူယူ”

ရှီမာယူယူသည် တည်ငြိမ်စွာပြောလေသည် “နီရဲပျားတွေ ပေါ်သွားပြီ အဲလူတွေရဲ့ နည်းလမ်းက ထူးခြား တဲ့ပုံပဲ”

လုဆယ်မြို့၏ ခြံတစ်ခြံထဲတွင် အဖြူရောင်ဝတ်ထားသော ပိန်လှီသောလူတစ်ယောက်သည် သစ်ပင် အားမှီထားရင်း ချောင်းဆိုးနေလေသည်။ သူ့ခြေထောက်အောက်တွင် နီရဲပျားအသေကောင်များရှိနေလေသည်။

“အစ်ကို ၃အဆင်ပြေလား” မေးစေ့တွင် မှည့်ရှိသော အနက်နှင့်လူတစ်ယောက်သည် မေးလေသည်။

“ငါအဆင်ပြေတယ်” အဖြူရောင်ဝတ်လူကြီးသည် လက်ရမ်းလိုက်သည်။ သူသည် မြေပေါ်ရှိ နီရဲပျား များကိုကြည့်ကာ ရေရွတ်လိုက်သည် “ငါတို့ကိုစောင့်ကြည့်နေတဲ့လူရှိပြန်ပြီ…”

***

All Chapters