တကယ့်အဖြစ်အပျက်
Vol. 007 Ch. 688
အပြာရောင်ဝတ်ထားသော လူကြီးသည် ခြံထဲသို့လျှောက်လာရာ မြေပေါ်ရှိ နီရဲပျားများကိုမြင်သောအခါ မျက်အိမ်ကြုံ့သွားလေသည်။
“ငါတို့က ဒီလောက်လျှို့ဝှက်တာ တစ်ယောက်ယောက်ကများ ငါတို့ကို သတိထားမိသွားတာလား” ခြံထဲ သို့ဝင်လာသော အမျိုးသား ယူရှီကပြောလိုက်သည်။
“ဒီတစ်ခါ ငါတို့လုပ်မယ့်ကိစ္စက အရင်ကတွေထက် အများကြီးပိုမြင့်တယ်၊ ငါတို့သာ မမြင်လိုက်ရင် ငါတို့လည်းသိမှာမဟုတ်ဘူး” ရှီချန်းသည် ချောင်းနှစ်ခါဆိုးပြီးပြောလိုက်သည်။
“အစ်ကို၃ နေကောင်းတာလည်းမဟုတ်ဘူး အိမ်ထဲဝင်ပြီးအနားယူလိုက်ပါ” နီအန်းယီသည် ရှေ့တိုးပြီး ရှီချန်းအား တွဲဟန်ပြင်သော်လည်း ရှီချန်းက လက်ကိုရမ်းလိုက်သည်။
“ဝူဖန် ဘယ်လိုပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်က သိပ်မခံနိုင်တော့ဘူး” ရှီချန်းသည် ဒူးထောက်ထိုင်ကာ နီရဲပျား များကို ကောက်ပြီး လက်ချောင်းများဖြင့် ကစားကာ “ညီလေး၄ ဒါဘာလဲဆိုတာသိလား”
“သာမန်ပျားပဲလေ” နီအန်းယီ ပြောလိုက်သည်။
“ညီလေး၆ ဒါကသာမန်ပျားမဟုတ်ဘူး” ယူရှီသည် သူ့ခေါင်းကိုရိုက်ကာ ရှီချန်း၏ မေးခွန်းအားဖြေလိုက် သည် “ဒီပျားက လူတစ်ယောက်ရဲ့ ဖော်ထုတ်တာကိုရှောင်နိုင်တယ်၊ သာမန်ပျားမဟုတ်ဘူး”
“ညီလေး ၆ မင်း အစ်ကို၄ဆီက သင်သင့်တယ်၊ အရာရာကိုအလွယ်မမြင်နဲ့” ရှီချန်း ပြောလိုက်သည်။
“ဒါက နေ့တိုင်းတွေ့နေရတဲ့ပျားမဟုတ်ဘူးလား ဒါဆိုဘာကြီးလဲ” နီအန်းယီ မေးလိုက်သည်။
“ဒါက တိုင်းပြည်တွေမှာပျောက်ကွယ်နေတဲ့ နီရဲပျားတွေဖြစ်လောက်တယ်” ရှီချန်းသည် ညင်သာစွာ ပြောလိုက်သည်။
“နီရဲပျားဟုတ်လား” နီအန်းယီသည် ရှီချန်းလက်ထဲမှ ပျားများကို နီရဲပျားများဟု မယုံနိုင်စွာ ရုတ်တရက်အော်လိုက်သည်။ ထို့နောက်တွင် သူဒူးထောက်ကာ ကောက်လိုက်ပြီး “ဒါက နီရဲပျားလား၊ နီရဲပျား တွေက အဲလောက်တန်ဖိုးရှိတာ ဘာလို့အဲလူက နောက်ယောင်ခံတဲ့နေရာမှာသုံးတာလဲ”
“ဆိုလိုတာက ငါတို့ကိုစောင့်ကြည့်နေတဲ့လူက သာမန်လူမဟုတ်ဘူးဆိုတာပဲ” ယူရှီသည် ရှီချန်းစဉ်းစား နေသည့်အရာကို ပြောလိုက်သည်။
“အပြင်ကလူတွေက တကယ်ရက်စက်ကြတယ်၊ ငါတို့က သတ်သင့်တဲ့လူနည်းနည်းလောက်ကိုပဲ သတ် တာ၊ ဒါပေမဲ့ သူတို့က ငါတို့ကိုလူဆိုးစာရင်းထဲထည့်လိုက်ပြီ၊ ရက်စက်ကြတယ် အဲဒါကြောင့် အဂ္ဂိရတ်ပညာရှင် တွေ သမားတော်တွေက အစ်ကို ၃ကိုမကယ်ချင်ကြတာ” နီအန်းယီသည် မုန်းတီးစွာ ရေရွှတ်လေသည်။
ရှီချန်းသည် ခြံထဲတွင် ဖြေးညင်းစွာလျှောက်ပြီး ခုံတစ်ခုံတွင် ထိုင်လိုက်သည် “အဲဒါက တစ်ယောက် ယောက်က ငါတို့နောက်ကွယ်မှာ ဇာတ်လမ်းဆင်နေတာပါ၊ လူတွေက ငါတို့ကိုတစ်ခါမှတွေ့ဖူးတာမဟုတ်ဘူး လေ၊ အဲဒါကြောင့် ငါတို့အကြောင်းကိုလုပ်ကြံသတင်းလွှင့်ပြီး မနိုင်အောင်လုပ်တာ”
“ငတုံးတွေ”
“ထားလိုက်တော့ ငါတို့ကလည်း တကယ်ယုတ်မာတာတွေမလုပ်ခဲ့ကြလို့လား” ရှီချန်းသည် နောက်ဆုံး တွင် တရားမျှတစွာပြောလေသည်။
“ဒါပေမဲ့ အစ်ကို၃ရဲ့ ခန္ဓာကိုယ်က…” ယူရှီသည် သူ့အားစိုးရိမ်စွာ ပြောလေသည်။
“ငါနေနိုင်သလောက်အထိတော့ အသက်ရှင်သွားမှာပဲ” ရှီချန်းသည် ညင်သာစွာပြောကာ “ညီလေး ၁၀ ရော ဘယ်လိုလဲ”
“ညီလေး၁၀က အမှောင်တောထဲသွားတယ်လေ၊ အစ်ကို့ကိုကုဖို့အတွက် ဆေးဖက်ဝင်ပစ္စည်းတွေ ရှာချင်တယ်လို့ပြောတယ်” ယူရှီ ပြောလိုက်သည်။
“ညီလေး ၁၀က တစ်ယောက်တည်းသွားတာလား” ရှီချန်းမေးလိုက်သည်။
“အစ်ကို၅၊ ညီလေး၇၊ ညီလေး၈နဲ့ ၉လည်း သူနဲ့လိုက်သွားတယ်” နီအန်းယီဝမ် ပြောလိုက်သည် “ညီလေး ၁၀က အဲလောက်အားကောင်းတာမဟုတ်ဘူးလေ ဘယ်လိုလုပ်သူ့ကိုတစ်ယောက်တည်းလွှတ်ရမှာ လဲ”
“အသုံးမဝင်တာတွေမလုပ်နဲ့လို့ ပြောထားတယ်မလား” ရှီချန်းသည် သူတို့ကို သဘောမတူလှပေ။
“အစ်ကို ၃ အဲလိုမပြောပါနဲ့ အစ်ကိုသာကောင်းလာမယ်ဆိုရင် မီးတောင်ပဲတက်ရတက်ရ ပင်လယ်ပဲ ဖြတ်ရဖြတ်ရ ဒီအတိုင်းကျော်မသွားနိုင်ဘူး” နီအန်းယီ ပြောလိုက်သည် “ပြီးတော့ ဒါက အစ်ကို ၁နဲ့ ၂ရဲ့ စိတ်ကူး ပဲ”
“အစ်ကို ၁နဲ့ ၂… ဟူး” ရှီချန်းသည် လေကိုဖြည်းညင်းစွာရှုထုတ်လိုက်သည် “ဒါ ဘယ်လောက်အန္တရာယ် များလဲဆိုတာ သူတို့လည်းသိရဲ့သားနဲ့ မိစ္ဆာတွေက အလကားနေရှိနေတာမဟုတ်ဘူး၊ အဲဒါတွေရှာတာကို ရှာမတွေ့ရင်တောင် အန္တရာယ်ထဲကိုခြေစုံပစ်ဝင်လိုက်သလိုပဲ”
“မျှော်လင့်ချက်ဆိုတာရှိနေသရွေ့တော့ အားထုတ်ရမှာပဲ” ယူရှီ ပြောလိုက်သည်။
“တကယ်တော့ တိုင်းပြည်မှာ လူထူးလူဆန်းတွေအများကြီးရှိတယ် အစ်ကို့ကိုကယ်နိုင်တာ လူနည်းနည်းပဲရှိတယ်၊ ကျွန်တော်တို့ နာမည်က နာမည်ပျက်စာရင်းထဲဝင်နေတော့ အားလုံးကကြောက်နေကြ တာခက်တယ်၊ အစ်ကိုက ကျွန်တော်တို့ကိုအမြဲအားပြည့်နေတာမဟုတ်ဘူး အဲဒါကြောင့် ပိုဆိုးနေတာ” နီအန်းယီ အသံသည် ရှီချန်းအား နာကျည်းသည့် အသံတစ်စွန်းတစ်စပါကာ စောဒကတက်လေသည်။
သူ့ကို ဝန်ထုတ်ဝန်ပိုးတစ်ခုအနေနှင့် မြင်သည်မဟုတ်ပဲ သူ့ခန္ဓာကိုယ် တစ်စတစ်စ အားနည်းလာသည် ကို ကြည့်ပြီး စိုးရိမ်မှုများလာသောကြောင့်ဖြစ်သည်။
“ညီလေး ၆” ယူရှီသည် နီအန်းယီအားကြည့်လိုက်သည်။
နီအန်းယီသည် ပါးစပ်ပိတ်ပြီး ဘာမှထပ်မပြောတော့ပေ။
“စိတ်ချပါ ငါမသေခင်ကို ငါတို့နာမည်ဆိုးပျောက်အောင် သေချာပေါက်ကူညီသွားမှာပါ အဟွတ် အဟွတ် အဟွတ်…” ရှီချန်းစကားပြောသည်နှင့် ချောင်းအဆက်မပြတ်ဆိုးလေသည်။
“အစ်ကို၃ ဘာမဟုတ်တာတွေပြောနေတာလဲ” ယူရှီသည် သူ့ဆီလျှောက်လာကာ ကျောကိုပုတ်ပေးရင်း စိတ်မချမ်းသာစွာ ပြောလေသည်။
“အစ်ကို၃ ကျွန်တော်ပြောချင်တာအဲလိုမဟုတ်မှန်းသိရဲ့သားနဲ့” နီအန်းယီသည် ဆိုးဝါးစွာ ချောင်းဆိုးနေ သော ရှီချန်းအားကြည့်ပြီး ချက်ချင်းပင် လန့်သွားကာ ကိုယ့်ကိုယ်ကိုအပြစ်တင်မိလေသည်။
“အဟွတ် အဟွတ် အဟွတ်…” ရှီချန်းသည် ဆေးထုတ်ကာစားပြီး ချောင်းဆိုးခြင်းကို ဟန့်တားလိုက် သည်။ နီအန်းယီ၏ မျက်နှာမှစိုးရိမ်ှုကိုတွေ့သောအခါ သူပြောလိုက်သည် “ညီလေး၆ ကိုယ့်ကိုယ်ကို အပြစ်မတင် ပါနဲ့ အစ်ကိုက တစ်ခါမှ မင်းတို့ကိုအပြစ်မတင်ဖူးဘူး”
“အစ်ကို၃…” နီအန်းယီသည် သူ့ကိုယ်သူအပြစ်တင်ဆဲပင်။ သူသည် အစ်ကို၃ သွေးချောင်းဆိုးရင်းနှင့် အဆုံးသတ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်။ တွေးကြည့်ရုံနှင့်ပင် ကြောက်သည်။
“ငါသိပါတယ် မင်းအဲလိုပြောတာမဟုတ်ဘူး၊ ငါလည်း ဒေါသထွက်လို့ပြောတာမဟုတ်ဘူး” ရှီချန်းသည် အနည်းငယ်ကောင်းလာသောကြောင့် မနားပဲဆက်ပြောနိုင်လေသည် “အဲတုန်းက ငါ့ကြောင့်မို့လို့ပါ မဟုတ်ရင် မင်းတို့လည်း ဒီအခြေအနေမရောက်ဘူး”
“အဲရန်ဘက်တွေ အစ်ကို့ကို ရှုံးခဲ့တုန်းက အမြစ်လှန်ပစ်ခဲ့ရမှာ၊ အခုတော့ အဲလူက လှည့်စားပြီး အစ်ကို့ ကို လူဆိုးဖြစ်အောင်လုပ်သွားတယ်” နီအန်းယီသည် ခံပြင်းမှုများပြည့်နေသည်။
“တော်ပြီ နောက်ကြောင်းတွေပြန်မဆွနဲ့တော့ အခုငါတို့ ဦးစားပေးက အစ်ကို ၃ကိုကုဖို့ပဲ” ယူရှီ ပြော လိုက်သည်။
“အစ်ကို ၁နဲ့ ၂က ဘယ်တော့ပြန်လာမှာလဲ” ရှီထန်းသည် သူတို့နှင့် ထိုအကြောင်းအားမဆွေးနွေးချင် သဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
“နှစ်ရက်အတွင်းပြန်လာလိမ့်မယ်” ယူရှီပြန်ဖြေလိုက်သည်။
“အစ်ကို ၁နဲ့၂ ပြန်လာရင် ဒီလူရှိတယ်ဆိုတာ အသိပေးရမယ်၊ သူတို့ကို သိပြီးသားလည်းဖြစ်နိုင်တယ်” ရှီချန်းသည် ခေါင်းငုံ့ပြီး နီရဲပျားများကိုကြည့်ကာ ပြောလေသည်။
“အဲလူတွေနဲ့ ထိပ်တိုက်တွေ့ရမှာလား” နီအန်းယီသည် လှည့်ပတ်ကြည့်ကာ မေးလေသည်။
“မ..သိဘူး” ရှီချန်းအတွက် သဲလွန်စမရှိသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ “ကဲ မင်းတို့သွားတော့ ငါ ဒီမှာ နေပူဆာခဏလှုံလိုက်ဦးမယ်”
“ဟုတ်ကဲ့ အစ်ကို၃”
“အိုခေ အစ်ကို၃”
သူတို့ထွက်သွားချိန်တွင် မျက်နှာကြက်ကိုကွယ်ကာ ပုန်းနေသော နီရဲပျားတစ်ကောင်ရှိနေသည်ကို ဘယ်သူမှ သတိမထားမိကြပေ။
ရှီမာယူယူသည် တည်းခိုဆောင်တွင်ရှိကာ နီရဲပျားမှပြောလိုက်သော သတင်းကိုနားထောင်ပြီး အံ့သြနေ လေသည်။
“ဘာဖြစ်လို့လဲ ယူယူ”
“ဟူး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူမသည် ကြားသမျှကို ပြန်ပြောပြလေသည်။
“ဒါက.. အရမ်းကိုလွန်လွန်းတယ်” အားလုံးသည် ကြားလိုက်ရသောသတင်းကြောင့် ဆွံ့အသွားကြ သည်။ ဖက်တီးကျူ တစ်ယောက်သာ ပါးစပ်ကိုဖွင့်လိုက် ပိတ်လိုက်နှင့် အော်လေသည်။
“အစတုန်းက သူတို့ကို အရမ်းရက်စက်တဲ့လူတွေလို့ထင်ထားတာ၊ ဒါပေမဲ့ အမှန်တရားရှိနေလိမ့်မယ်လို့ .. ဘယ်သူထင်ထားမှာလဲ” ဝေကျိရွှီ ပြောလိုက်သည်။
“သူတို့က တကယ်သာ လူဆိုးတွေဆိုရင် လူထုအတွက် သတ်ပေးရမှာပဲ၊ ဒါပေမဲ့ အမှားကြီးဆိုတာကို သိနေတော့ ငါတို့လုပ်လို့မဖြစ်ဘူး” ရှီမာယူလင်း ပြောလိုက်သည်။
“ဒါပေမဲ့ဒီလူဆိုးတွေက… ဘယ်လိုဖြစ်ပြီး အမှန်ကအမှားတွေဖြစ်သွားတာလဲ” ဖက်တီးကျူသည် နောက် တစ်ကြိမ်အော်ပြန်သည်။
“ကျွတ်” ဘေဂ့ုထန်သည် သူ့ခေါင်းကိုရိုက်ကာ “သူတို့ကိုဘယ်လိုလုပ် လူဆိုးတွေလို့ခေါ်ရတာလဲ၊ သူတို့က လူဆိုးတွေမှမဟုတ်တာ သတင်းကအမှားတွေ ပြီးတော့ ဖြစ်ခဲ့တာကလည်း အမှားတွေ၊ ငါတို့ကြားခဲ့တဲ့ သူတို့သတ်ခဲ့တဲ့လူတွေဆိုတာ တကယ်မရှိဘူး”
“အဲဒါတော့ဟုတ်တယ် ဟီးဟီး” ဖက်တီးကျူသည် ရယ်မောလေသည်။
“ညီလေး၅ ဘာတွေတွေးနေတာလဲ” ရှီမာယူရန်သည် ရှီမာယူယူ တိတ်နေသည်ကို သတိထားမိကာ မေးလေသည်။
***