တံခါးမှလူတစ်ယောက်
Vol. 007 Ch. 689
ရှီမာယူယူခေါင်းမော့ကြည့်ရာ အားလုံးသည် သူမအားကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူမ အပြစ် ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး ပြုံးကာပြောလေသည် “ဘာမှမဟုတ်ပါဘူး”
“မင်း စိတ်ထင့်တာရှိရင် နှာခေါင်းကိုကိုင်နေကျလေ” ရှီမာယူရန် အချက်အလက်နှင့်ပြောလေသည်။
ရှီမာယူယူ၏ နှာခေါင်းကိုထိနေသော လက်များရပ်တန့်သွားကာ လက်မှာထားစရာနေရာမရှိတော့ပေ။
“ညီလေး၅ ဘာစဉ်းစားနေတာလဲ” ရှီမာယူရွှီသည်လည်း သိချင်မိသည်။
ရှီမာယူယူသည် လက်ကိုပြန်ချကာ အနည်းငယ်စဉ်းစားပြီးနောက် “ဖန်လေးနဲ့ ကျွန်တော်နဲ့ တစ်ခါ စဉ်းစားဖူးတယ်၊ ဒါပေမဲ့ အစ်ကိုတို့ကို တစ်ခါမှမပြောဖူးဘူး၊ အစတုန်းကတော့ အခွင့်အရေးရရင်ပြောမလို့ပဲ ဒါပေမဲ့အခုပြောလည်း မထူးတော့ပါဘူး”
“ဝါး ယူယူ နင် ငါတို့ကိုလျှို့ဝှက်ထားတယ်ပေါ့လေ” ဖက်တီးကျူသည် စတင်ညည်းလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ပြီး “အဲဒါက နင်တို့ကိုငါ့ကိစ္စထဲ ဆွဲမထည့်ချင်လို့လေ”
“ဝါး နင်က မကောင်းတာတွေလုပ်ချင်နေတာပဲ” ဖက်တီးကျူသည် ချက်ချင်းပင် စကားအထအန ကောက်လေသည်။
“နင် ဆက်ပြီး အဲလိုတွေပြောနေဦးမယ်ဆိုရင် ငါရိုက်မိတော့မယ်” ရှီမာယူယူ လက်သီးလေထဲတွင်ဝဲလာ ရာ ဖက်တီးကျူသည် ချက်ချင်းပင် ပြန်ထိုင်လိုက်သည်။
“ယူယူ ဘာကိစ္စမို့လို့လဲ ငါတို့ကိုတောင် ဖုံးကွယ်ထားတယ်ဆိုတော့”
သူသည် အားလုံးမေးချင်သောမေးခွန်းကိုမေးလိုက်သည်။
“ဒီလိုပါ ဖန်လေးနဲ့ ကျွန်တော်နဲ့က အင်အားကောင်းတဲ့ ရန်သူတွေရှိနေတာ အားလုံးလည်းသိပြီးသားဖြစ် မှာပါ၊ နောက်ကို လက်စားချေဖို့အတွက် ဂိုဏ်းတစ်ခုခုလောက် ထောင်ဖို့ဆုံးဖြတ်လိုက်တယ်” ရှီမာယူယူ ရှင်းပြ လေသည်။
“ဂိုဏ်းထောင်မယ်ဟုတ်လား သတင်းကောင်းပဲ ဘာလို့ငါတို့ကို လျှို့ဝှက်ထားတာလဲ” ရှီမာယူလီ အားရ ပါးရပြုံးလေသည်။
“အစ်ကို၄ ဂိုဏ်းတစ်ဂိုဏ်းထောင်တာ အဲလောက်ရိုးရှင်းမယ်ဆိုရင် ညီလေး၅က လျှို့ဝှက်ထားမှာ မဟုတ်ဘူး” ရှီမာယူရန် ပြောလိုက်သည် “ကိစ္စတွေကအဲလောက် မရိုးရှင်းဘူးမလား”
“ဟုတ်တယ်” ရှီမာယူယူခေါင်းညိမ့်လေသည် “ကျွန်တော်တို့ နောက်ကို ရင်ယန်နန်းတော်နဲ့ ဇုံကျန်း မျိုးနွယ်ကို ရှင်းမယ်ဆိုရင် အသေအကြေတိုက်ရတော့မှာ၊ အဲဒါကြောင့် လူတိုင်းကို အင်အားမစုဆောင်းချင်ဘူး”
“လူတိုင်းကိုဟုတ်လား”
ရှီမာယူယူ ခေါင်းညိမ့်ကာ “ကျွန်တော်တို့ သေဖို့မကြောက်တဲ့လူကိုစုဖို့လိုမယ်၊ အဲဒါမှ သူတို့အသက်နဲ့ ရင်းပြီး ကိစ္စတွေကိုလုပ်နိုင်မှာ”
“အဲဒါကြောင့် ငါတို့ကိုမပြောတာလား၊ ငါတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးလို့လား” ရှီမာယူမင် ပြော လိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ အမှန်ပင်….
“အဲဒါကြောင့် မင်းက ဒီလူဆိုးကြီး၁၀ယောက်ကို ဘယ်လိုရှင်းရမလဲဆိုတာ တွေးနေတာပဲ” ရှီမာယူလင်း သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“ဟုတ်တယ် သူတို့က လူဆိုးတွေမဟုတ်ကြပေမယ့် သူတို့နာမည်ကြီးနေပြီလေ၊ သူတို့၁၀ယောက်ကို မှီခိုလိုက်ရင် သူတို့ကိုသတ်ဖို့ကြိုးစားတဲ့လူတွေကို သူတို့က သတ်မှာပဲ၊ အဲအဓိပ္ပာယ်က သူတို့မှာ စွမ်းရည် အဆင့် တစ်ခုရှိလို့ပဲ၊ နီရဲပျားတွေကို နှစ်တွေဒီလောက်ကြာအောင်သုံးလာတာ ဘယ်သူက သတိထားမိလို့လဲ၊ ဒီ တစ်ခေါက် သူတို့ကိုသတ်ဖို့အစီအစဉ်သာမရှိရင် သူတို့သတင်းကြားစရာတောင်မရှိဘူးလေ”
“ဒါဆို ဘာလုပ်ဖို့စီစဉ်ထားလဲ” ရှီမာယူရွှီ မေးလိုက်သည်။
ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။ သူ ပြောသည့်အရာကိုအခြေခံလိုက်လျှင် သူတို့ကို ပူးပေါင်းစေ လိုသည့် အဓိပ္ပာယ်မလား။
“အစ်ကိုကြီး…”
“မင်းကိစ္စဆိုမှာတော့ မင်းအစ်ကိုတွေအနေနဲ့ ငါတို့ပြဿနာပဲပေါ့၊ ရှေ့လျှောက်နေ့ရက်တွေက ခက်ခဲ မယ်ဆိုရင်တောင် မင်းနဲ့အတူ ရင်ဆိုင်ပေးမယ်” ရှီမာယူရွှီသည် သူမအား တည်ငြိမ်စွာကြည့်လေသည်။
“ဟုတ်တယ် ညီလေး၅ ဒီတစ်ခါတော့ မင်းမှားသွားတယ်၊ ငါတို့ကို အစကတည်းကပြောသင့်တာ၊ ငါတို့ မင်းကို အကြံပေးလို့ရတယ်လေ” ရှီမာယူမင်သည် သူမအား ပို့ချသလိုဟန်ဆောင်လေသည်။
“ဟုတ်ပါတယ် ယူယူမှားသွားတယ်” ရှီမာယူယူသည် ရယ်မောကာပြောလေသည်။
“အကုန်သွားကြမှတော့ ငါလည်းလိုက်ချင်တယ်၊ အချိန်ကျလို့ တာဝန်တွေခွဲမယ် အဖွဲ့ခေါင်းဆောင်တွေ လိုမယ်ဆိုရင် ငါလုပ်ပေးနိုင်တယ်” ဖက်တီးကျူ ရယ်မောကာ ပြောလေသည်။
“အားလုံးသွားကြမှတော့ ငါတို့လည်းအမြဲအတူရှိလာခဲ့တာပဲလေ အဖွဲ့ဝင်ဖြစ်ပေးရမှာပေါ့” ဝေကျိရွှီ ထပ် ဖြည့်ပြောလေသည်။
ဘေဂုံထန်နှင့် ဝူရန်ဖေတို့ ခေါင်းညိမ့်ကြသည်။
“မင်းတို့….” ရှီမာယူယူသည် သူတို့၏ တိကျသေချာနေသော အကြည့်များကိုကြည့်ကာ စိတ်လှုပ်ရှားမိ သည် “ဒီနေရာကို ဝင်လိုက်ရင် အရမ်းအန္တရာယ်များနိုင်တယ် သိကြလား”
“သိတာပေါ့”
“ရှောင်ချီရော ရှောင်ချီရော” ရှောင်ချီသည်လည်း ပြောလေသည်။
“ရှောင်ချီရော ပါချင်တာလား” ဖက်တီးကျူသည် သူမအား နားမလည်သလိုကြည့်လိုက်သည်။
“ပါလို့မရဘူးလား” ရှောင်ချီသည် ခါးထောက်ကာ ဖက်တီးကျူကို ကြည့်လေသည်။
“မင်းက ငါတို့နဲ့ ပူးပေါင်းလို့ရလို့လား” ရှီမာယူလီလည်း မေးလိုက်သ်ည။
“ဘာလို့မရရမှာလဲ” ရှောင်ချီသည် ထပ်ပြီး သက်ပြင်းချပြန်သည်။
ရှီမာယူယူသည် ရှောင်ချီ၏ခေါင်းကိုပုတ်ကာ “မင်းသာ ဝင်မယ်ဆိုရင် ကျောင်းအုပ်ကြီးယွမ်က ငါ့ကို သတ်လိမ့်မယ်”
“မသတ်ပါဘူး” ရှောင်ချီသည် စိတ်တိုလေသည် “ရှောင်ချီ့ရဲ့ ကံကြမ္မာကို ကိုယ်ဘာသာဆုံးဖြတ်လို့ရ တယ် လို့ သူပြောတယ်၊ ရှောင်ချီလုပ်လို့မရတာ တစ်ခုပဲရှိတယ်”
“ဘာလဲ”
“အတွင်းနဲ့ အပြင်ပိုင်းဒေသတွေကနေထွက်သွားလို့မရဘူး အဲ၂နေရာကနေထွက်သွားချင်တယ်ဆိုရင် သူ့ကိုအရင်ပြောရမယ်” ရှောင်ချီသည် သူမနေရာသို့ပြန်လာပြီး ခြေထောက်များနှင့် ကန်လေသည်။
အားလုံးသည် သူမအား နက်ရှိုင်းစွာကြည့်လိုက်ကြသည်။ ရှောင်ချီ၏ သရုပ်မှန်မှာ မရိုးရှင်းဟု ရှီမာယူယူ သူတို့ကိုပြောဖူးသည်။ အခု သူမပြောသောစကားကိုကြားသောအခါ သူမ၏ သရုပ်မှန်ကို ပိုပြီးသိချင်လာသည်။
“ကျောင်းအုပ်ကြီးယွမ်က အဲလိုပြောမှတော့ မင်းငါတို့နဲ့လာပူးပေါင်းလေ ဒါပေမဲ့ တစ်ခုတော့ ကတိပေး ရမယ် မဟုတ်ရင် အဝင်မခံဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာကတိပေးရမှာလဲ”
“နောက်ကို ဘာပဲဖြစ်လာလာ တခြားဘယ်သူ့ကိုမှ နှိမ့်ချပြောလို့မရဘူး” ရှီမာယူယူတောင်းဆိုလိုက် သည်။
“လူတစ်ယောက်ကိုမှလား” ရှောင်ချီသည် ခေါင်းကိုစောင်းကာမေးလေသည်။
“အားလုံးကိုပြောမရတာတော့မဟုတ်ဘူး ဒါပေမဲ့ တစ်ယောက်ယောက်ကိုပြောချင်တယ်ဆိုရင် ငါ့ ခွင့်ပြု ချက်အရင်ယူရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ ကတိပေးတယ်” ရှောင်ချီ ခေါင်းညိမ့်လေသည်။
“ဟုတ်ပြီ ယူယူ သူတို့ကို ဆွဲဆောင်ဖို့ဘယ်လိုအစီအစဉ်သုံးမှာလဲ၊ မင်းကအခုချိန်မှာဘာမှမဟုတ်သေး ဘူး သူတို့က ငါတို့ထက်အားကောင်းနေတယ်၊ သူတို့က မင်းစကားကိုကောင်းကောင်းနားထောင်ဖို့ မလွယ်ဘူး” ရှီမာယူလင်း ပြောလိုက်သည်။
“ဟုတ်တယ် အဲဒါက ပြဿနာပဲ” ရှီမာယူမင် သဘောတူလေသည်။
“ဒါဆိုရင် ငါ့မှာစွမ်းရည်ရှိမရှိကို စောင့်ကြည့်ကြပေါ့” ရှီမာယူယူသည် ဝိဉာဉ်အသီးထုတ်ပြီး မစားပဲနှင့် လက်ထဲတွင် ကစားနေလေသည်။
“ဘာစွမ်းရည်လဲ” ဖက်တီးကျူ မေးလိုက်သည်။
“ငတုံး” ရှောင်ချီသည် မျက်လုံးထောင့်မှ သူ့ကိုကြည့်လိုက်သည်။
“ဟင်”
“ဖက်တီး လက်နက်လုပ်တာရယ် စားတာရယ်ကလွဲရင် ဦးနှောက်က ဘယ်နေရာအလုပ်လုပ်လဲ၊ သူတို့ အစ်ကို၃က နေမကောင်းဘူးဆိုမှတော့ ယူယူ့မှာ စွမ်းရည်ရှိနေတာကို… အဝင်လှသွားပြီလေ” ဝေကျိရွှီ ပြော လိုက်သည်။
“သြော်” ဖက်တီးကျူသည် လက်ခုတ်တီးလိုက်သည် “ဒါဆိုရင် ငါတို့သူတို့ဆီကို ဘယ်တော့သွားကြ မလဲ”
ရှီမာယူယူပြုံးလိုက်သည် “မနက်ဖြန်”
“အဲလောက်မြန်မြန်ကြီးလား”
ဖက်တီးကျူတင် အံ့သြသွားသည်မဟုတ်ပေ။ ရှီမာယူလင်းနှင့် တခြားသူများလည်းထိုအတိုင်းထင်ကြ သည်။
“သူတို့က ပြိုင်ဖို့လွယ်တဲ့လူတွေမဟုတ်မှတော့ တိုက်ရိုက်သွားတာပဲကောင်းတယ်” ရှီမာယူယူသည် ပြောပြီးနောက်တွင် လက်ထဲမှ ဝိဉာဉ်အသီးကိုကိုက်လိုက်သည်။
နောက်နေ့မနက်တွင် ခြံဝန်းထဲမှ တံခါးခေါက်သံထွက်လာသည်။ အရှေ့တွင်ရှိနေသော ယူရှီနှင့် နာအန်းယီတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ဒီအချိန်ကြီးကို ဘာလို့တံခါးလာခေါက်တာလဲ” နီအန်းယီမေးလိုက်သည်။ “ငါတို့ဒီမှာနေလာတာ ဒီလောက်ကြာနေပြီ ဘယ်သူမှလာမရှာကြဘူး၊ အခုဘယ်သူမှမရှိတာကို ဘယ်သူကများလာရှာတာလဲ မဟုတ် မှလွဲရော….”
“ငါသွားကြမည့်မယ် မင်းဒီမှာစောင့်နေ တစ်ခုခုဆိုရင်… အစ်ကို၃ကိုခေါ်ပြီးထွက်သွားတော့” ယူရှီ ပြော လိုက်သည်။
“ကောင်းပြီ” နီအန်းယီသည် လှည့်ထွက်လေသည်။ သူထွက်မသွားခင်တွင် ရှီထန်းသည် သိပ်မဝေး သော နေရာတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။
“တစ်ယောက်ယောက်က ငါတို့ကိုတကယ်သတ်ချင်တယ်ဆိုရင်တော့ မင်းတို့ကို ငါဆွဲခေါ်မသွားနိုင်ဘူး”
“အစ်ကို၃” နီအန်းယီသည် စိုးရိမ်စွာ အော်လိုက်သည်။
“ငါတို့ညီလေးတွေ မရှိကြဘူး၊ ငါ့ကိုခေါ်သွားမယ်ဆိုရင် မင်းအစ်ကို၄ကိုပါ သတ်သလိုဖြစ်သွားမယ်၊ အဲလိုဖြစ်ချင်တာလား” ရှီချန်းသည် သူ့ပခုံးကိုပုတ်ပြီးပြောလေသည် “ငါတို့တံခါးကိုလာခေါက်တာ အရေးကြီး ကိစ္စဖြစ်မယ်၊ ကောင်းတာမဟုတ်တာလည်းဖြစ်နိုင်တယ် သွားတံခါးဖွင့်လိုက်”
“အစ်ကို၃ မနေ့ကပဲ ကျွန်တော်တို့ကို စောင့်ကြည့်တဲ့လူရှိတာ တွေ့ထားတာ၊ အခု တံခါးလာခေါက်နေ တယ်ဆိုတော့ ကျွန်တော်ကြောက်တာက…” ယူရှီသည် စိုးရိမ်စွာ ပြောလေသည်။
“ငါတို့ကိုသတ်ချင်တဲ့လူဆိုရင် တံခါးကိုယဉ်ယဉ်ကျေးကျေးခေါက်နေမှာမဟုတ်ဘူး” ရှီချန်းပြောလိုက် သည် “မဟုတ်လည်း ညီလေး ၁၀နဲ့ တခြားသူတွေ ပြန်လာတော့မှာ…”
***