← Chapters

သွေးဆောင်မှု (၁)

Vol. 007 Ch. 690

သွေးဆောင်မှု (၁)

Vol. 007 Ch. 690

ရှီမာယူယူသည် တံခါးအပြင်တွင် ရပ်နေလသည်။ ရွှေမြွေလေးသည် တစ်ခါတစ်ခါ အပြင်ထွက်လာရ သည်ကို ကြိုက်သဖြင့် သူမ ခေါ်ကာ လက်ထဲတွင်ကစားနေသည်။

ရွှေမြွေလေးသည် ရှီမာယူယူ၏ လက်ချောင်းများကိုရစ်ပတ်ထားပြီး တခြားလက်ချောင်းများကို လျှာဖြင့် လျက်နေလေသည်။

“ယူယူ တံခါးခေါက်တာ အသုံးဝင်ပါ့မလား” ဘေဂုံထန်သည် ရွှေမြွေလေးနှင့် ကစားနေသာ ရှီမာယူယူ ကိုမြင်သည်နှင့် မေးလိုက်သည်။

“အသုံးဝင်လား မဝင်လားခဏနေသိရမှာပဲ” ရှီမာယူယူသည် ရွှေမြွေလေး၏ ခေါင်းကိုလက်ချောင်းထိပ် လေးဖြင့် ပွတ်လေသည်။

“ကျွီ”

တံခါးမကြီးဖွင့်လိုက်ရာ လှပသောမိန်းကလေးတစ်ယောက်နှင့် မြွေနှင့်ကစားနေသော ဆွဲဆောင်မှုရှိ သော ကလေးတစ်ယောက်ကို ယူရှီတွေ့လိုက်ရသည်။

မည်သို့ပင်ကြည့်စေကာမူ ထိုနှစ်ယောက်သည် သူတို့ကိုသတ်မည့်ပုံမပေါ်ပေ။

“မင်းတို့က ဘယ်သူတွေလဲ ဘယ်သူ့ကိုရှာတာလဲ” ယူရှီသည် သူတို့ကို သံသယဖြင့် ကြည့်လိုက်သည်။

“ရှင်တို့ အစ်ကို၃ကိုလာရှာတာပါ” ဘေဂုံထန်သည် ပြုံးပြီးပြောလေသည်။

“အစ်ကို၃ကိုလာရှာတယ်ဟုတ်လား ဘာအတွက်လဲ” ယူရှီ ထပ်မေးပြန်သည်။

“ကိစ္စလေးတစ်ခု ဆွေးနွေးစရာရှိလို့” ဘေဂုံထန်သည် ရှင်းအောင်မပြောပေ။

“အစ်ကို၃က နေကောင်းဘူး ဧည့်သည်မတွေ့နိုင်ဘူး” ယူရှီသည် ပြောပြီးသည်နှင့် တံခါးပိတ်ရန် ဟန် ပြင်လေသည်။

“ညီလေး၄ သူတို့ကိုဝင်ခိုင်းလိုက် အဟွတ် အဟွတ်” ရှီချန်းသည် ချောင်းအနည်းငယ်ဆိုးပြီးနောက် အမိန့်ပေးလေသည်။

ယူရှီသည် သဘောမပေါက်သော်လည်း တံခါးဖွင့်ပေးလိုက်သည်။

“ဝင်ခဲ့ပါ”

ရှီမာယူယူသည် ရွှေမြွေလေးနှင့် နောက်တစ်ခါဆော့ပြီးနောက် အိမ်ထဲသို့ဝင်လိုက်သည်။ သူမ ခြံထဲသို့ ဝင်လိုက်သည်နှင့် တံခါးဘောင်တွင် မှီနေသော ဖြူဖျော့ပြီးပိန်နေသော အမျိုးသားတစ်ယောက်ကိုတွေ့လိုက် သည်။ သူသည် သူတို့အား တည်ငြိမ်စွာကြည့်နေသည်။

တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ။ သတင်းတွေက မှားတာတောင်မဟုတ်ဘူး အရမ်းကို လွန်နေတာပဲ။

“နီရဲပျားတွေက မင်းဟာပဲ” ရှီချန်းသည် ရှီမာယူယူအားကြည့်ပြီး ပထမဆုံးပြောလိုက်သည့်စကားဖြစ် သည်။

ရှီမာယူယူ မငြင်းဆန်ပေ။ ထိုအမျိုးသား၏ မျက်လုံးများသည် စူးရှသည်။ ပျားများသည် သူမပိုင်ဆိုင်မှုဖြစ် သည်ကို ခန့်မှန်းနိုင်သည်မှာ မထူးဆန်းတော့ပေ။

“မင်းက အခုငါတို့ဧည့်သည်ပဲ အခန်းထဲဝင်ပြီး လက်ဖက်ရည်သောက်ပါဦး အဟွတ်အဟွတ်”

“လက်ဖက်ရည်ကထားလိုက်ပါ၊ ကျွန်တော်တို့နဲ့ လက်ဖက်ရည်သောက်ရလောက်အောင် ခင်ဗျားတို့ မအားဘူးထင်တယ်” ရှီမာယူယူသည် ညင်သာစွာ ပြောလိုက်သည်။

“ဘာအတွက်လာကြတာလဲ” နီအန်းယီသည် ဘေးတွင်ရပ်ကာ ရှီမာယူယူတို့အား စောင့်ကြည့်နေပြီး သူတို့စကားမပြောလျှင် တစ်ခုခုလုပ်တော့မည့်ပုံပင်။

“ကျွန်တော်တို့ စကားပြောဖို့လာတာပါ” ရှိမာယူယူသည် နီအန်းယီဆီမှ ရောင်ဝါကိုကြောက်ရွံ့ခြင်းမရှိပဲ ရပ်ကာ ရှီချန်းအား ပြုံးပြလေသည်။

“ဘာအကြောင်းလဲ”

“ခင်ဗျားနေဖို့သိပ်မကျန်တော့ဘူးမလား” ရှီမာယူယူသည် ပြုံးပြီးမေးလိုက်သည်။

“ရဲတင်းလိုက်တာ” အော်သံတစ်သံသည် သူတို့နောက်မှထွက်လာပြီး ဖြတ်လတ်သော ပုံရိပ်တစ်ခု ဖြတ် ပေးသွားသည်။

“မဖြစ်ဘူး ရွှေမြွေလေး မလုပ်နဲ့” ရှီမာယူယူသည် ချက်ချင်းပင် လက်ထဲရှိ ရွှေမြွေလေးကိုဆုပ်ကိုင်ပြီး ဘယ်ဘက်ကိုရှောင်ရှားလိုက်ရာ တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သည်။

“ရွှီး ရွှီး” ရွှေမြွေလေးသည် သူမလက်ထဲမှ ခေါင်းထောင်ကြည့်ကာ သူ့မျက်လုံးများသည် မကျေနပ်မှုများ ဖြစ်နေလေသည်။

သူတို့ လူသတ်တော့မယ့် အဖြစ်ဖြစ်သွားတာတောင် သူမက ဘာလို့တားတာလဲ။ စိတ်တိုလိုက်တာ စိတ်တိုလိုက်တာ….

ရှီမာယူယူသည် ဆေးတစ်လုံးုထတ်ပြီး ရွှေမြွေလေးကိုကျွေးကာ ခေါင်းပုတ်ပေးလိုက်သည်။ ထိုအချိန်မှ ပင် သူ့မျက်လုံးထဲမှ မကျေနပ်မှုများ မှေးမှိန်သွားလေသည်။

“မင်းတို့က ဘယ်သူတွေလဲ ဒီကိုလာပြီးပြဿနာရှာရဲတယ်ဟုတ်လား၊ ငါတို့ ညီအစ်ကို ၁၀ယောက်ကို နောက်စရာလို့ထင်နေတာလား” တိုက်ခိုက်မှုမအောင်မြင်လိုက်သောအ နီအန်းယီဆီမှ စူးရှသောအကြည့်တစ် ချက်ရောက်လာသည်။

နီအန်းယီသည် ရှီချန်း၏ တောင်းဆိုမှုကြောင့်လုပ်လိုက်ခြင်းဖြစ်သည်။

“အစ်ကို၃” နောက်ထပ် အမျိုးသားတစ်ယောက်လျှောက်လာကာ ရှီမာယူယူနှင့် ဘေဂုံထန်တို့အား ကြည့်နေသာ သူ့အကြည့်များသည် နိုးနိုးကြားကြားရှိနေသည်။

“မင်းတို့ စိတ်လျော့ကြဦး” ရှီချန်းသည် လက်ကိုမြှောက်ကာ သူ့ညီများ အပြုအမူကိုတားလိုက်သည်။

“အစ်ကို၃ သူတို့ကဒီကို အစ်ကိုသိပ်မနေရတော့ဘူးလို့ပြောပြီး ပြဿနာလာရှာနေတယ်လေ” အနီရောင် ဝတ်ထားသော အမျိုးသားသည် ရှီမာယူယူအား စူးရှစွာကြည့်လိုက်သည်။

“သူတို့ဘယ်သူလည်းဆိုတာ ငါတို့မသိရသေးဘူးလေ” ရှီချန်းပြောလိုက်သည် “မင်းတို့ဘယ်သူလဲဆို တာပြောဦး”

“ဘာလို့အဲလောက်တွေ စိတ်ပူနေတာလဲ၊ ခင်ဗျားတို့က ကျွန်တော်တို့ထက်တောင် အားကောင်းသေး တယ်၊ ကျွန်တော် ခင်ဗျားတို့ကိုရိုက်တောင် ရိုက်နိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက ဒီကိုလာရဲတယ်ဆိုတော့ သတ္တိရှိတယ်ဆိုတာ ပြောဖို့တောင်မလိုဘူးပဲ”

“အဲဒါ အနီနဲ့အစ်ကိုကြီးပြောစရာတောင်မလိုပါဘူး မှန်ပါတယ်” ရှီမာယူယူ တည်ငြိမ်စွာပြောလေသည် “ကောင်းပြီ ကျွန်တော်တို့က ဘယ်သူတွေလဲဆိုတာ ပြောတာက ပြဿနာမရှိပါဘူး ကျွန်တော်တို့က တော်ဝင်ကျောင်းက ကျောင်းသားတွေပါ”

“ကျောင်းသားတွေဟုတ်လား” နီအန်းယီသည် သူတို့နှစ်ယောက်အား သံသယဖြင့် ကြည့်ကာ “ဒါပေမဲ့ ငါတို့ကိုသိတာလား”

“သိတာပေါ့ လူဆိုးကြီး၁၀ယောက်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ကိုသတ်ဖို့ ကျွန်တော်တို့ ကျောင်းက မစ်ရှင်ပေးလိုက်တယ်၊ ကျွန်တော်တို့လည်းယူတယ်”

“ဟား” အပြာရောင်ဝတ်ထားသော အမျိုးသားသည် ရယ်မောလေသည် “မင်း မစ်ရှင်ကိုလက်ခံပြီးတာ ကို ဒီမှာလာပြီး ဆော့ရဲသေးတယ်”

“ကျွန်တော်ခုနကပြောပြီးပြီမလား ကိစ္စတစ်ခုဆွေးနွေးချင်လို့ဆိုတာကို” ရှီမာယူယူ ပြောလိုက်သည်။

“မင်းပြောတဲ့ ကိစ္စတစ်ခုဆိုတာ ငါတို့အစ်ကို၃ သိပ်ကြာကြာမနေရတော့တာကိုပြောတာလား” အနီဝတ် အမျိုးသားသည် ဒေါကန်လေသည်။

“ကျွန်တော်က သမားတော် အဂ္ဂိရတ်ပညာရှင်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“အဲတော့ မင်းက ငါတို့အစ်ကို၃ ရောဂါကိုကြည့်ပေးဖို့တာလာလား” ယူရှီမေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ဒါပေမဲ့ သူ အသေကောင်လိုလမ်းလျှောက်နေတာကို ကြည့်ရတာ ကယ်နိုင်မလားမသေချာဘူး”

“ငါတို့က မင်းကိုဘာလို့ယုံရမှာလဲ” အနီဝတ်အမျိုးသားသည် သူမကိုမယုံကြည်ပေ။

“စမ်းကြည့်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ ရွေးချယ်စရာမရှိတော့ဘူးလို့ ထင်လို့ပါ တခြားသမားတော်တွေကလည်း ခင်ဗျားတို့ရဲ့ မကောင်းသတင်းတွေကြောင့် မကူညီပေးချင်ကြဘူး၊ သူ့ကို ကယ် ဖို့တစ်ယောက်မှ ရှာမတွေ့နိုင်ဘူးလို့ ကျွန်တော်ပြောနိုင်တယ်၊ အဲဒါကြောင့် ခင်ဗျားတို့က ဒီကိုလာကြတာပါ”

“ငါတို့ ဘာလို့ဒီကိုလာကြလဲဆိုတာ မင်းသိတယ်ပေါ့”

“ဒါပေါ့ ခင်ဗျားတို့လည်း မင်္ဂလာသားရဲသတင်းကိုကြားကြလို့မလား” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ နောက်ဆုံးအလောင်းအစားက တကယ်မရှိတာတော့ နှမြောစရာပဲ”

“ဘာကိုပြောချင်တာလဲ”

“ကျွန်တော်ပြောတဲ့အတိုင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့က မင်္ဂလာသားရဲရဲ့ သွေးကို ယူပြီး သူ့ကိုကယ်ချင်တာ၊ အဲဒါကြောင့် အန္တရာယ်တွေအားလုံးကို လျစ်လျူရှုပြီး ခြေစုံပစ်ဝင်လိုက်တာပဲ၊ ခင်ဗျား တို့ကို သတ်ချင်တဲ့လူတွေအများကြီးရှိတာကိုလည်း သိတယ်၊ ဒါပေမဲ့ အဲဒီသားရဲက တကယ်ရောရှိပါ့မလား”

“ရှိတာပေါ့၊ အဲရောင်ဝါကိုခံစားမိတဲ့လူရှိနေတာပဲ” နီအန်းယီ ပြောလိုက်သည်။

“အမှောင်တောရဲ့ အပြောင်းအလဲက လွန်ခဲ့တဲ့ ၂နှစ်ကပဲ ပေါ်လာတာ၊ တကယ်သာ မင်္ဂလာသားရဲရှိ တယ်ဆိုရင် သူကဘယ်ကလာတာဖြစ်မလဲ၊ ခြေတစ်လှမ်းနောက်ဆုတ်ကြည့်ရအောင်… တကယ်သာ အဲဒီ သားရဲ ရှိတယ်ဆိုရင် လုဆယ်မြို့မှာ လူဘယ်နယောက်လောက် မြင်နိုင်မလဲ၊ အင်အားကြီးတွေဘယ်လောက်က လိုချင်နေကြမလဲ… ခင်ဗျားတို့ ၁၀ယောက်အားကောင်းတာကို အခြေခံရင် သူတို့လုယူနိုင်ပါ့မလား” ရှီမာယူယူ ပြောလိုက်သည် “နေမကောင်းတဲ့လူကြီး…. ခင်ဗျားက ဉာဏ်အကောင်းဆုံးပဲ အဲသားရဲ တကယ်ရှိတယ်လို့ ထင် လား”

ရှီချန်းသည် ခါးသီးစွာပြုံးကာ “မထင်ဘူး”

“ခင်ဗျားက အမြော်အမြင်ရှိတဲ့လူပဲ” ရှီမာယူယူသည် သူ့အား လက်ခံသည့်အနေနှင့်ကြည့်ကာ “အဲဒါ ကြောင့် အခုသမားတော်က ခင်ဗျားကို လိုလိုလားလား လာကြည့်တာလေ၊ အဲအခွင့်အရေးကို မဆုပ်ကိုင်ချင် ဘူးလား”

“အခွင့်အရေးဆိုရင်တော့ ငါတို့ဆုပ်ကိုင်ရမှာပေါ့” ရှီချန်းပြောလိုက်သည် “ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ငါတို့မပေးချင်တဲ့ အဖိုးအခပေးရမယ်ဆိုရင်တော့ သေချာစဉ်းစားရမှာပဲ”

“အင်း ဒါပေါ့ ဒါပေါ့၊ ကျွန်တော်တို့ ဆွေးနွေးချင်တယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာ ခင်ဗျားတို့ မြင်အောင် ပြရမှာပေါ့၊ ကျွန်တော်လည်း မလုပ်နိုင်ဘူးဆိုရင် ဘာမှဆွေးနွေးစရာမရှိတော့ဘူး” ရှီမာယူယူသည် ရှီချန်းအား ကြည့်လိုက်သည် “ခင်ဗျားကို ပေးကြည့်ဖို့ဆန္ဒရှိရဲ့လား”

***

All Chapters