တန်ဖိုးရှိတဲ့နှစ်တစ်ဝက်ကျန်ရှိခြင်း
Vol. 007 Ch. 691
ရှီချန်းသည် ရှီမာယူယူအားကြည့်လိုက်သည်နှင့် ခြံတစ်ခုလုံးတိတ်ဆိတ်သွားလေသည်။
ရှီမာယူယူလည်းဘာမှမပြောပဲ သူ့အကြည့်ကိုပြန်ကြည့်နေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်ဆုံးတွင် သူ ခေါင်းညိမ့်ကာ ညင်သာစွာပြောလေသည် “ဒါဆိုရင် မင်းကို ပဲ ဒုက္ခပေးရတော့မှာပဲ”
“အစ်ကို၃” အနီဝတ်အမျိုးသား အော်လိုက်သည်။
ရှီချန်းသည် လက်ကိုရမ်းကာ ပြောလေသည် “ညီလေး၇ နာမှာမဟုတ်ပါဘူး”
“အစ်ကို…” ရှီချန်းသည် စကားနားမထောင်သည်ကို ဒိုင်ယိမြင်သောအခါ ညီအငယ်ဆုံး ကုန်ရန်ကို ကြည့်လိုက်သည်။
“အစ်ကို၇ သူ့ကိုစမ်းကြည့်ခိုင်းလိုက်ပါ” ကုန်ရန်သည် သူဝင်လာလာခြင်းတွင် စိုးရိမ်မိသော်လည်း ဘာမှ မပြောပေ။ သို့သော် သူ့အကြည့်များသည် ထက်သောကြောင့် ရှီမာယူယူ ရွှေမြွေလေးအားပေးလိုက်သော ဆေး မှာ အဆင့် ၇ဆေးဖြစ်သည်ကို သိသည်။
“မင်းတို့…ဟင်း လုပ်ချင်သလိုသာလုပ်ကြတော့” ဒိုင်ယိသည် ပြောမည့်စကားကိုမပြောတော့ သော်လည်း မျက်နှာမှာတင်းမာနေသည်။
“အိပ်ခန်းကိုသွားရအောင် ညီလေး၇ ငါ့ကိုကူပေး” ရှီချန်း ညွှန်ကြားလိုက်သည်။
“ဟုတ် အစ်ကို၃” နီအန်းယီသည် လျှောက်သွားကာ ရှီချန်းအားတွဲပြီး အိပ်ခန်းသို့ခေါ်သွားလိုက်သည်။ ရှီမာယူယူနှင့် ဘေဂုံထန်တို့လိုက်ဝင်ကြသည်။
ဒိုင်ယိနှင့် တခြားသူများသည် ယူရှီမှတားထားသဖြင့် မလှုပ်မယှက်ရှိနေသည်။
“အစ်ကို၄ အဲလူတွေကဘယ်လိုဖြစ်တာလဲ၊ သူတို့ကဒီကိုဘာလာလုပ်ကြတာလဲ” ဟုန်ဝူမေးလိုက်သည်။
“ညီလေး၅ သူတို့နှစ်ယောက်က ငယ်ပေမယ့် ပုံမှန်ထက်သန်မာတယ်” ယူရှီပြောလိုက်သည်။
သူတို့ နီရဲပျားများတွေ့ခြင်းအကြောင်းနှင့် ရှီမာယူယူနှင့် ဘေဂုံထန်တို့ ရုတ်တရက် တံခါးဝသို့ရောက် လာသည်အကြောင်းများကို ပြန်ပြောပြလိုက်သည်။
“သူတို့နှစ်ယောက်က တကယ်ပဲလုပ်နိုင်ပါ့မလား” ဒိုင်ယိသည် မယုံနိုင်သေးပေ။
“အဲဒီ ရွှေမြွေလေး…အဲဒါ ဘယ်လိုမိစ္ဆာအမျိုးအစားလည်းဆိုတာ ပြောနိုင်လား” ၈ယောက်မြောက်ဖြစ် သော ရွှီချင်းယန် မေးလိုက်သည်။
“မပြောတတ်ဘူး အဲလောက်အားကောင်းမယ့်ပုံလည်းမပေါ်ဘူး” ဒိုင်ယိ ပြောလိုက်သည်။
“မဟုတ်ဘူး အဲဒီရွှေမြွေလေးလား၊ သူ့ရောင်ဝါက ဒီတစ်ခါ သာမန်မိစ္ဆာတွေနဲ့ မတူဘူးလို့ ပြောနိုင်တယ်” ရွှီချင်းယန် ပြောလိုက်သည်။ သူသည် ဝိဉာဉ်မိစ္ဆာများအပေါ်တွင် ပို၍ အာရုံခံစားနိုင်စွမ်းရှိသည်။ သူတို့နောက်မှ လိုက်သော မိစ္ဆာများလက်မှလွတ်အောင်ပင် သူပင်ကူညီပေးခဲ့သည်။
“ဒီတစ်ခါက သာမန်မိစ္ဆာနဲ့မတူဘူးဟုတ်လား၊ ဒီတစ်ခါဆိုတော့ အရင်ကလည်းရှိသေးတာလား” အပြာရောင်ဝတ်ထားသော အမျိုးသား ၉ယောက်မြောက်ဖြစ်သော ထောင်ဟုန်ရှန်က မေးလိုက်သည်။
သူပြောပြီးနောက်တွင် အားလုံးသည်တိတ်သွားကြကာ ရုတ်တရက် ဖြစ်နိုင်ချေကိုစဉ်းစားမိသွားကြ သည်။
“မဟုတ်ဘူးမလား တကယ်လား” ထောင်ဟုန်ရှန် အော်လိုက်သည်။
“ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါတော့မသိဘူး ငါသိတာက ခုနက သူမြွေကိုကျွေးလိုက်တဲ့ဆေးက အဆင့်၇ ဆေးပဲ” ကုန်ရှန်ပြောလိုက်သည်။
“အဆင့်၇ ဆေးဟုတ်လား”
“အဆင့်၇ ဆေးကမရှားပေမယ့် အဲအဆင့်၇ဆေးကို ဝိဉာဉ်မိစ္ဆာကိုကျွေးနိုင်တယ်ဆိုတာ အဲလူက ဆေး ဖော်တတ်တဲ့လူပဲ၊ မဲလိုမဟုတ်ရင် နောက်ခံတောင့်လို့ပဲ၊ နောက်ဆုံးအကြိမ်ဆိုရင်တော့ အဆင်ပြေတယ် ဒါပေမဲ့ ပထမဆုံးဆိုရင်တော့ အဲလူက….”
ကုန်ရန်သည် စကားကိုဆုံးအောင်မပြောသော်လည်း သူတို့အားလုံးနားလည်ကြသည်။ သူမ၏ အသက် အရွယ်ကို အတိအကျမသိသော်လည်း ငယ်ရွယ်သည်ကိုတော့ သူတို့သိကြသည်။ ထိုဆေးဖော်သူမှာ သူမဖြစ်ပါ က သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။
“သွားရအောင် စမ်းသပ်တာဘယ်လိုနေလဲကြည့်ရအောင်” ကနု်ရန်သည် ပြောပြီးနောက်ထွက်သွားရာ အားလုံးသည် သူ့နောက်လိုက်ကာ အိပ်ခန်းသို့သွားကြလေသည်။
အိပ်ခန်းအတွင်းတွင် နီအန်းယီသည် ရှီမာယူယူအား စိုးရိမ်တကြီးကြည့်နေသည်။ သူမဘာမှမပြောသည် ကို ကြည့်ပြီး မေးလိုက်သည် “ဘယ်လိုနေလဲ”
“ဘာမှမဟုတ်ဘူး” ရှီမာယူယူသည် လက်ကိုပြန်ရုတ်ကာ အေးစက်စွာပြောလေသည်။
“ဘာကိုဘာမှမဟုတ်တာလဲ” နီအန်းယီသည် အော်လိုက်သည် “မင်းက သမားတော်ရောဟုတ်ရဲ့လား”
“ညီလေး၆” ရှီချန်းသည် သူ့ကိုငေါက်လိုက်မှပင် ငြိမ်ကျသွားလေသည်။
ထိုအချိန်တွင် ညီအစ်ကိုအားလုံးဝင်လာကြသည်။
“အစ်ကို၃ ဘယ်လိုနေလဲ” ဒိုင်ယိသည် ပထမဆုံးမေးသူဖြစ်သည်။
ရှီမာယူယူသည် စိုးရိမ်မှုမရှိပဲ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလေသည် “အမှန်ပြောရမှာလား လိမ်ပြောရမှာလား”
“အမှန်ပဲပြောရမှာပေါ့” နီအန်းယီသည် မစဉ်းစားပဲပြောလိုက်သည်။
ရှီမာယူယူသည် ကုန်ရန်အားကြည့်ပြီး ပြောလိုက်သည် “ခင်ဗျားက အဂ္ဂိရတ်ပညာရှင်လား သမားတော် လား၊ အဂ္ဂိရတ်ပညာရှင်ဆိုရင် ဆေးအကြောင်းနည်းနည်းသိမှာပေါ့၊ သူ့အခြေအနေကို ရင်းနှီးမှာပဲဟုတ်တယ် မလား”
“ဟုတ်တယ်” ကုန်ရန် ခေါင်းညိမ့်သည်။
“အာ… ပြောမှာသာပြောလိုက်” ဒိုင်ယိသည် ရှီမာယူယူ အားကြည့်ပြီး ဒေါသထွက်လာသည်။
“သူ နှစ်တစ်ဝက်ထက်ပိုမနေရတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာပြောလိုက်တာလဲ” သူမစကားကြောင့် ညီအစ်ကိုများ ဆွံ့အသွားကြပြီး မုန်းတီးစွာကြည့်လိုက် သည်။ သူတို့၏ လူသတ်မည့်အကြည့်များ ချက်ချင်းရောက်လာသည်။
“ရွှီး ရွှီး” ရွှေမြွေလေးသည် သူတို့အားလျှာထုတ်ပြရာ ထိုအနေအထားကို ချက်ချင်းပင် ပြိုကွဲသွားလေ သည်။
“သူ့လက်ရှိအခြေအနေနဲ့ဆိုရင် အများဆုံး နှစ်တစ်ဝက်ပဲနေရတော့မယ်လို့ ပြောလိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး၊ သူ၁နှစ်လောက်နေလို့ရသေးတယ်” ကုန်ရန် အော်လိုက်သည်။
“ညီလေး၁၀ အစ်ကို၃က ပိုကောင်းလာပြီး ၂နှစ်လောက်နေနိုင်တယ်လို့ ပြောခဲ့တာမလား” ဒိုင်ယိသည် ကုန်ရန်အား မယုံကြည်စွာကြည့်လိုက်သည်။
ကုန်ရန်သည် မျက်တောင်ခတ်ကာ ခါးသီးစွာပြောလေသည် “ဒါပေမဲ့ အဲတုန်းက ကျွန်တော်တို့ အတိုက် ခံရတယ်လေ အစ်ကို၃က သူ့ဝိဉာဉ်စွမ်းအင်ကို သုံးလိုက်လို့သူ့ခန္ဓာကိုယ် ပိုဆိုးသွားတာ”
ထို့ကြောင့်ပင် အချိန်၂နှစ်ဆိုသည်မှာ မရှိတော့ပေ။
“အစ်ကို၃ ဘာဖြစ်တာလဲဆိုတာသိလား” ဟုန်ဝူမေးလိုက်သည်။
“သူငယ်ငယ်တုန်းက အအေးချီဓာတ် ထိခိုက်သွားလို့မဟုတ်ဘူးလား၊ အဲနောက်ကို အအေးဓာတ် ကျင့်ကြံလို့မရတော့တာ သူ့ခန္ဓာကိုယ်ကို အအေးချီဓာတ်က တိုက်စားသွားတာ” ရှီမာယူယူ ပြောလိုက်သည်။
သူမ ပြောလိုက်သည့်စကားကိုကြားသောအခါ ညီအစ်ကိုများ သူမကို စတင်ယုံကြည်လာသည်။ သူမ သည် ရှီချန်းဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်ခြင်းကြောင့်ဖြစ်သည်။
“အအေးချီဓာတ်ဘယ်လိုရောက်လာလဲဆိုတာ သိဖို့ကျွန်တော့်မှာ နည်းလမ်းမရှိပေမယ့် ဒီအဆင့်ထိ ရောက်လာတာဆိုတော့ ခင်ဗျားတို့ တစ်ခါတော့ ကြုံဖူးလို့ဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “နှမြောစရာ ကောင်းတာက အခုအသုံးမဝင်တော့ဘူး၊ အထဲက အအေးချီဓာတ်ကို တားလို့မရတော့ဘူး၊ ပြီးတော့ အဲလောက် ကြာနေပြီ ဘယ်ဆေးမှသုံးလို့ရတော့မှာမဟုတ်ဘူး၊ အဲဒါကြောင့် ခင်ဗျားတို့က မင်္ဂလာသားရဲရဲ့ သွေးကိုသုံးချင် နေတာပဲ၊ မင်္ဂလာသားရဲရဲ့သွေးက မီးဓာတ် ခင်ဗျားရဲ့လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးပဲ”
သူတို့သည် သူမပြောလိုက်သမျှမှာ အမှန်ချည်းပဲဖြစ်သောကြောင့် ယုံလာသည်။
“အဟွတ် အဟွတ် အဟွတ်….” ရှီချန်းသည် ပြန်ချောင်းဆိုးလာပြန်သည်။ ကုန်ရန်သည် ဆေးထုတ်ကာ သူ့အားတိုက်မည်အလုပ်တွင် ရှီမာယူယူတားလိုက်သည်။
“ဒီဆေးတွေက သူ့အတွက်အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကိုဘယ်လိုသိတာလဲ” ကုန်ရန်သည် ရှီမာယူယူအား ကြင်နာမှုကင်းမဲ့စွာကြည့်လိုက်သည်။
“သူ့ကိုသာမေးလိုက်၊ ဒီဆေးတွေက ခဏတာသာချောင်းဆိုတာရပ်သွားမယ် နောက်ကျရင် သူ့ရင်ဘတ် ထဲမှာ ပိုနာပြီး နောက်ကျညစ်ထားသလိုခံစားရလိမ့်မယ်” ရှီမာယူယူသည် ပူပန်မှုမရှိပေ။
ကုန်ရန်သည် မျှော်လင့်ချက်ကင်းမဲ့နေသော ရှီချန်းအားကြည့်လိုက်သည်။ သူသည် လက်ထဲမှဆေးကို ထပ်မကျွေးနိုင်တော့ပေ။
“အဟွတ် အဟွတ် အဟွတ်…” ရှီချန်းသည် ထပ်ပြီးချောင်းဆိုးရာ အဆုတ်များပင် ထွက်ကျမတတ်ပင်။
သူ ဆိုးဝါးစွာချောင်းဆိုးနေသည်ကိုမြင်သောအခါ ရှီမာယူယူသည် ဆေးတစ်ပုလင်းထုတ်ပြီး ကုန်ရန် အား ပေးလိုက်သည်။
ကုန်ရန်သည် ဆေးထုတ်ပြီး အနံ့ရှုကြည့်သည်။ ထိုဆေးသည် မကောင်းသောဆေးမဟုတ်မှန်း သေချာ ပြီးမှပင် ရှီချန်းအားကျွေးလိုက်သည်။
ရှီချန်း ဆေးစားလိုက်သည်နှင့် လည်ချောင်းမှချောမွေ့မှုကိုခံစားရပြီး ရင်ဘတ်မှနာကျင်မှုမှာလည်း အနည်းငယ်သက်သာသွားလေသည်။
ဒီလိုသက်တောင့်သက်သာမဖြစ်တာ အတော်ကြာခဲ့ပြီ။ ရှီချန်းသည် မျက်လုံးမှိတ်ကာ သက်တောင့် သက်သာဖြစ်မှုကိုခံစားနေသည်။
သူ၏ မျက်နှာအနေအထားမှာ ပိုကောင်းလာသည်ကိုတွေ့သည်နှင့် ညီအစ်ကိုများသည် အနည်းငယ် စိတ်အေးသွားလေသည်။
“အစ်ကို၃ ဘယ်လိုနေလဲ” နီအန်းယီ မေးလိုက်သည်။
“ပိုကောင်းလာတယ်” ရှီချန်း မျက်လုံးဖွင့်လိုက်သော်လည်း သူ့အကြည့်များသည် နေမကောင်းဖြစ်နေ သည့် မျက်လုံးမှ ကွဲထွက်လာသည်။ သူသည် ရှီမာယူယူကို သတိရှိစွာနှင့် မေးလိုက်သည် “အခု မင်းဘာလို့ ရောက်လာလဲဆိုတာ ပြောလို့ရပြီမလား”
***