ညီအစ်ကိုများစုဝေးခြင်း
Vol. 007 Ch. 692
ရှီမာယူယူ၏ အပြုံးသည် တွန့်ဆုတ်မှုမရှိပဲ ပေါ့ပါးကာ “ခင်ဗျားသိလောက်မှာပါ” ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လေသည်။ သူမသည် အမှန်တကယ်ပင် စိတ်တိုစရာကောင်းသည်။
“ငါတို့က သူစိမ်းတွေလေ မင်းဘာတွေစဉ်းစားနေတာလဲ ငါမသိဘူး” ရှီချန်း ပြောလိုက်သည်။
“ဘာလို့မပြောနိုင်ရတာလဲ ကျွန်တော်တွေးနေတာကို ခင်ဗျားပဲပြောနိုင်တယ်ဆို” ရှီမာယူယူ ဆက်ပြုံး လေသည်။
“ဒီနေ့မင်းက ငါ့တံခါးဝရှေ့ရောက်လာတယ်ဆိုတော့ ငါနေမကောင်းတာကို အသုံးချဖို့ရောက်လာတာ လို့ပဲ သိတယ်” ရှီချန်းသည် အချက်အလက်နှင့်ပြောလေသည်။
“တကယ့်ကိုဉာဏ်ပြေးတဲ့လူပဲ၊ ခင်ဗျားလိုလူနဲ့ စကားပြောရတာအချိန်မကုန်ဘူး” ရှီမာယူယူ ပြုံးနေဆဲ ပင် “အဲဒါကတော့ ခင်ဗျားစောင့်တာပိုကောင်းလိမ့်မယ်”
“ဘာကိုစောင့်ရမှာလဲ”
“ခင်ဗျား အစ်ကို၁နဲ့၂ကို”
“ငါတို့က သူတို့ကိုဘာလို့စောင့်ရမှာလဲ”
“ညီအစ်ကို ၁၀ယောက်လုံး ဒီအတွက်လာကြတာမလား” ရှီမာယူယူ ပြောလိုက်သည် “သူတို့က ခင်ဗျား ရဲ့ အခြေအနေကို ဆုံးဖြတ်ပေးနိုင်မယ့်လူတွေလို့ထင်လို့”
“ငါတို့အခြေအနေဟုတ်လား ဘာအခြေအနေလဲ”
“ခင်ဗျားတို့ အစ်ကို ၁နဲ့ ၂က ဒီနေ့ပြန်လာမှာလား မနက်ဖြန်ပြန်လာမှာလား” ရှီမာယူယူ မေးလိုက်သည်။
“အစီအစဉ်အရဆိုရင် သူတို့ဒီနေ့ညပြန်လာလိမ့်မယ်” ယူရှီပြန်ဖြေလေသည်။
“ဒါဆိုစောင့်ကြတာပေါ့” ရှီမာယူယူသည် စိုးရိမ်မှုမရှိပေ။ သူမသည် အစ်ကို ၁နှင့် ၂ပြန်ရောက်မလာခင် မဆွေးနွေးချင်ပေ “သူတို့ပြန်လာတဲ့အချိန် ကျွန်တော်တို့ထပ်လာမယ် ဘေဂုံသွားရအောင်”
“မင်းတို့သွားလို့မရဘူး” ဒိုင်ယိသည် တံခါးတွင်စောင့်နေကာ ရှီမာယူယူတို့ သွားမည်ကိုတားလေသည်။
“စိတ်ချပါ ကျွန်တော်တို့ မနက်ဖြန်ပြန်လာခဲ့မယ်” ရှီမာယူယူသည် ရွှေမြွေလေး၏ ခေါင်းကိုပုတ်ရာ သူ သည် ချက်ချင်းပင် လျှာထုတ်လေသည်။
ဆိုးဝါးလိုက်တဲ့အကြည့်…
ဒိုင်ယိသည် ရွှေမြွေလေး၏ အကြည့်ကြောင့် အေးခဲသွားပြီး ချက်ချင်းမလှုပ်နိုင်ပေ။
ရှီမာယူယူသည် သူ့အားကျော်ပြီး တံခါးမှထွက်သွားပြီးနောက် ရုတ်တရက်ရပ်လိုက်သည်။ သူမသည် လက်ထဲမှ ကျောက်စိမ်းပုလင်းကို မြှောက်ပြီး ရှီချန်းအားပေးလိုက်သည်။
“ဒီမှာ ဆေး၂လုံးရှိသေးတယ်၊ ဒီမနက်တော့ ချောင်းဆိုးတော့မှာမဟုတ်ဘူး ညကိုချောင်းထပ်ဆိုးရင် သောက်လိုက်၊ မနက်ဖြန်မနက်အထိခံလိမ့်မယ် နောက်တစ်လုံးကို မနက်ကျသောက်လိုက်”
ပြောပြီးနောက်တွင် သူမသည် ဘေဂုံထန်နှင့်အတူ ခြံထဲမှ ထွက်ခဲ့လေသည်။
“အစ်ကို၃ သူတို့က…” ရွှီချင်းယန်သည် ရှီမာယူယူနှင့် ဘေဂုံထန်တို့ ထွက်သွားသည်ကိုကြည့်ပြီး ရှီချန်း ဘက်သို့ စိုးရိမ်တကြီးလှည့်လာသည်။
“သွားပါစေ” ရှီချန်းသည် လက်ထဲမှ ကျောက်စိမ်းပုလင်းအားကြည့်လိုက်သည်။ မျက်နှာမှာ အေးစက်ပြီး အလျော့မပေးလိုသည့် မျက်နှာဖြစ်သည်။
“အစ်ကို၃ ဘယ်လိုနေလဲ” ကုန်ရန်သည် သူ့အားကြည့်ပြီး အရင်ကထက်ပိုကောင်းာလသည်ကို သတိ ထားမိသည်။
“ဒီဆေးကတကယ်မဆိုးဘူး နည်းနည်းအားနည်းတယ်လို့ခံစားရတာကလွဲရင် မချမ်းတော့ဘူး” ရှီချန်း ပြောလိုက်သည်။
“အဲတော့ အဲလူက အစ်ကို၃ကို ကုနိုင်တယ်လို့ပြောနေတာလား” ဒိုင်ယိသည် ရွှေမြွေလေးသူ့ကိုကြည့်ပုံ ကိုပြန်တွေးပြီး မျက်စိထဲကမထွက်ပေ။
“အစ်ကို၃ ခန္ဓာကိုယ်ထဲက အအေးဓာတ်က အရိုးစွဲနေပြီ၊ အအေးချီဓာတ်ဖြစ်ပေမယ့် အပြင်လူတွေပြော နိုင်တာမဟုတ်ဘူး၊ ငါတောင်မှ အစ်ကို၃ အဲနေရာကျထားတယ်ဆိုတာသိလို့ အဲလိုဖြစ်တာကိုသိတာ၊ ငါတို့ ဒီနှစ် တွေမှာ လူအများကြီးရှာတာပဲ ဘယ်သူမှမပြောနိုင်ကြဘူးလေ၊ ဒါပေမဲ့ အဲလူက အစ်ကို၃ရဲ့ သွေးကြောကိုပဲ စမ်းရသေးတာကို အစ်ကို၃ရဲ့ အခြေအနေကိုသိနေပြီ” ကုန်ရန် ပြောလိုက်သည်။
“အဲဒါကြောင့် သူ တကယ်ပဲအစ်ကို၃ကို ကုနိုင်လိမ့်မယ်” ယူရှီပြောလိုက်သည်။
“အလဲအလှယ်နဲ့” ဟုန်ဝူပြောလိုက်သည် “ဒါပေမဲ့ ဘာတောင်းဆိုမလဲဆိုတာ မသိနိုင်သေးဘူးလေ”
“ဘာပဲဖြစ်စြဖ် မင်းတို့ကိုထိခိုက်မယ့်ဟာမျိုး အဖြစ်မခံနိုင်ဘူး” ရှီချန်း ပြောလိုက်သည် “ဒါပေမဲ့ ငါ မသေခင်ကို နာမည်ဆိုးပျောက်အောင်လုပ်သွားချင်တာ၊ အခုကြည့်ရတာ မဖြစ်နိုင်တော့ဘူးပဲ”
“အစ်ကို၃ အဓိပ္ပာယ်မရှိတာ” နီအန်းယီသည် သူ့အား မပျော်ရွှင်စွာ ကြည့်လိုက်သည်။
ရှီချန်းသည် ဘာမှမပြောပဲ ရယ်နေလိုက်သည်။ သူသည် လက်ထဲမှ ကျောက်စိမ်းပုလင်းကိုကြည့်ကာ မျက်နှာတွင် ခါးသီးမှုများပေါ်လာသည်။
ညရောက်သောအခါ အမျိုးသား၂ယောက် ခြံထဲသို့ဝင်လာသည်။ သူတို့သည် တံခါးခေါက်ရာ ယူရှီလာ ဖွင့်ပေးလေသည်။
“အစ်ကို၁ အစ်ကို၂ ပြန်လာပြီလား” ယူရှီသည် အပြင်ကိုကြည့်ပြီး ဘယ်သူမှမရှိသည်ကိုတွေ့သည်နှင့် တံခါးပြန်ပိတ်လိုက်သည်။
အလွန်ချောမောသော လူ၂ယောက်သည် အပေါ်ဝတ်ကိုချွတ်ကာ မေးလိုက်သည် “ဒီ၂ရက်အတွင်း ဘယ်လိုနေလဲ ညီလေး၃ရော”
ယူရှီသည် ဒီနေ့အဖြစ်အပျက်များကို ပြောပြရန်တွေးနေတုန်းပင် နောက်မေးခွန်းကိုကြားလိုက်သည် “တစ်ခုခုရှိလို့လား”
“ရှိတယ်”
“ညီလေး၃မှာ ဘာဖြစ်လို့လဲ” အကြီးဆုံးကမေးလိုက်သည်။
“ဒီနေ့ဖြစ်သွားတာပဲ ညီအစ်ကိုတွေအားလုံးအိပ်ခန်းမှာရှိတယ် အထဲဝင်ပြီးပြောရအောင်” ယူရှီ ပြော လိုက်သည်။
“ဒါဆိုသွားကြမယ်” ဖန်ခိုင် ပြောလိုက်သည်။
နောက်နေ့တွင် ပထမနေ့နှင့်အလားတူပင်… တံခါးခေါက်သံထွက်လာသည်။
ဒီတစ်ချိန်တွင်လည်း ယူရှီပဲ တံခါးဖွင့်သည်။ တံခါးဖွင့်လိုက်သည်နှင့် အပြင်တွင် ရှီမာယူယူနှင့် ဘေဂုံထန် တို့ရပ်နေကာ ရှီမာယူယူသည် လက်ထဲတွင်ရွှေမြွေလေးနှင့် ကစားနေဆဲပင်။
သူသည် ဒိုင်ယိပြောခဲ့သော ရွှေမြွေလေးအကြောင်းကိုတွေးပြီး အံ့သြသွားသော်လည်း ကြည့်ရုံသာ ကြည့်လိုက်သည်။
“ခင်ဗျားတို့ အစ်ကို၁နဲ့ ၂ပြန်လာပြီလား” ရှီမာယူယူ မျက်လုံးပင့်ကာမေးလေသည်။
“မနေ့ကပဲရောက်တယ် ဝင်ခဲ့လေ” ယူရှီသည်တံခါးဖွင့်ပေးပြီး ဝင်ခိုင်းလိုက်သည်။
ရှီမာယူယူနှင့် ဘေဂုံထန်သည် ခြံထဲသို့တည်ငြိမ်စွာဝင်လိုက်ပြီး သူတို့နှစ်ယောက်အပြင်တွင် ရပ်နေ သည်ကိုတွေ့သည်နှင့် ပြောလိုက်သည် “အစတုန်းက လူဆိုးကြီး၁၀ယောက်ဆိုလို့ ဓားပြပုံတွေထင်နေတာ အထူးသဖြင့် အစ်ကိုအကြီးဆုံးကိုပဲ၊ အားလုံးထဲမှာ ခင်ဗျားကို ဝဝကြီးနဲ့ လူပေလူတေလို့ထင်နေတာ၊ ဘယ်လို ဖြစ်ပြီး ဒီလောက်ချောကြတာလဲ”
“အစ်ကိုကြီး ကျွန်တော်တို့ ကလေးတွေရဲ့အနိုင်ကျင့်တာကိုခံရတော့မှာလား” ဖန်ခိုင်သည် ခံစားချက် ကောင်းကောင်းဖြင့်ပြောလေသည်။
“ဒီနေ့က ညီလေး၃ကိုကုဖို့လာကြတာမလား” ဖန်ကျိသည် ဖန်ခိုင်ပြောလိုက်သောစကားကို လျစ်လျူရှု လိုက်သည်။
ရှီမာယူယူသည် ဖန်ကျိအားကြည့်လိုက်သည်။ သူနှင့် ဖန်ခိုင်သည် အမွှာများဖြစ်ကြကာ အလွန်တူကြ သည်။ သို့သော် သူတို့အကျင့်များမှာတော့ အနည်းငယ်ကွာသည်။ ဖန်ခိုင်သည် သြဇာမညောင်းပဲ ဖန်ကျိသည် တည်ငြိမ်ပြီး အတွေ့အကြုံရင့်သည်။
“ကျွန်တော်တို့ ခင်ဗျားတို့နဲ့ ဆွေးနွေးဖို့လာတာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုလည်း ဝင်ခဲ့လေ” ဖန်ကျိသည် ဘာမှသိပ်မပြောပဲ သူမကို ဧည့်ခန်းသို့တိုက်ရိုက်ခေါ်သွားလေ သည်။
ရှီမာယူယူဝင်လိုက်သည်နှင့် ညီအစ်ကို ၁၀ယောက်လုံးစုဝေးလာသည်။
“ငါတို့အကုန်ရောက်ပြီ” ခေါင်းဆောင်ဖြစ်သော ဖန်ကျိသည် ပြောလိုက်သည် “မင်းက တကယ်ပဲ ငါတို့ ညီလေး၃ကို ကုနိုင်လား”
“မခက်ပါဘူး” ရှီမာယူယူ ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
“အလဲအလှယ်က”
“ခင်ဗျားတို့ကိုအသုံးချမယ်” ရှီမာယူယူသည် ရှင်းလင်းစွာပြောလေသည်။
သူမပြောလိုက်သည်နှင့် အားလုံးသည်မျက်နှာတင်းမာသွားကြသည်။ ထို့နောက်တွင် ရယ်မောကြလေ သည်။
“ကလေး မင်းမရူးဘူးမလား” နီအန်းယိသည် ကမ္ဘာ့ရယ်စရာအကောင်းဆုံး ဟာသကို ကြားလိုက်ရ သည့်နှယ်သူ့ပေါင်ကိုရိုက်လေသည်။
“မင်းက မျက်နှာသာအပေးခံရတာနဲ့အရောင့်တက်တာပဲ” ဟုန်ဝူသည် အေးစက်စွာရယ်လေသည်။
တခြားသူများတွင်လည်း မတူညီသော မျက်နှာထားများရှိသော်လည်း ရှီမာယူယူကို အလေးအနက် မထားကြပေ။
“ငါသဘောမတူဘူး” ရှီချန်းသည် ပထမဆုံးငြင်းဆန်သူဖြစ်သည် “ဒီလိုဆိုမှတော့ ငါ့ခန္ဓာကိုယ် ရှိရှိ မရှိရှိ ငါဂရုမစိုက်ဘူး ငါ့အတွက်နဲ့အားလုံးကို ဝန်ထုတ်ဝန်ပိုးအဖြစ်မခံနိုင်ဘူး”
“အစ်ကို၃”
ရှီချန်းသည် လက်ကိုရမ်းကာ “ငါ့အတွက်နဲ့ အားလုံးအသုံးချခံဖြစ်ရမယ်ဆိုရင် ငါအသက်ရှင်ရင်တောင် အပြစ်ရှိသလိုခံစားရမှာ”
“ညီလေး၃ မစိုးရိမ်ပါနဲ့ သူဘာပြောမလဲအရင်နားထောင်ကြည့်ရအောင်၊ သူက ယုံကြည်ချက်အပြည့်နဲ့ လာတာဆိုတော့ အကြောင်းအရင်းကိုသိချင်တယ်” ဖန်ခိုင် ပြောလိုက်သည် “ငါတို့အမြင်နဲ့မတူတာလည်းဖြစ်နိုင် တယ်”
“ဟုတ်တယ် အစ်ကို၃ မစိုးရိမ်ပါနဲ့ သူပြောပါစေ သူက အသုံးချချင်တယ်ဆိုတော့ ဘာအဓိပ္ပာယ်လဲ ကြည့်ရအောင်” ရွှမ်ချင်းယန် အားပေးလေသည်။
ဖန်ကျိသည် ရှီမာယူယူအား ကြည့်ကာ “ပြော… ငါတို့ကိုအသုံးချချင်တဲ့ အကြောင်းပြချက်နဲ့ ဘာလို့အသုံးချချင်တာလဲ”
***