← Chapters

သွေးဆောင်မှု (၂)

Vol. 007 Ch. 693

သွေးဆောင်မှု (၂)

Vol. 007 Ch. 693

ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကိုပြန်ချကာ လွတ်လပ်သည့်အသံအနေအသံထားဖြင့် ပြောလေ သည် “ကျွန်တော်အသုံးချမယ်ဆိုတာက ကျွန်တော့်အမိန့်ကိုနာခံပြီး ကျွန်တော့်အတွက်အလုပ်လုပ်ပေးရမယ် ကျွန်တော်ကတော့ အစ်ကိုကြီး၃ကို ကုပေးပြီး…  အခုချိန်ကစပြီး အလင်းထဲမှာနေသွားလို့ရမယ်”

“မဖြစ်နိုင်တာ ငါတို့က အလင်းထဲမှာ နေနေတာမဟုတ်ဘူးလား”  ဒီကလေးသည် ရူးပြီး ဒီကိုလာရဲကာ သူတို့ကို မဟုတ်တရုတ်ပြောရဲသည်ဟု နီအန်းယီတွေးသည်။

“ကောင်လေး မင်းဒီစကားကိုပြောလို့ ငါတို့လိုလူဆိုးတွေက မင်းကိုသတ်မှာမကြောက်ဘူးလား” ယူရှီ မေးလိုက်သည်။

“ကျွန်တော်က ဒီကိုလာပြီး ဒီစကားတွေပြောရဲတယ်ဆိုမှတော့ ပြန်သွားနိုင်မယ့် ယုံကြည်ချက်ရှိလို့ပေါ့” ရှီမာယူယူ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည် “ဘာကိုတွေဝေနေကြတာလဲ ကျွန်တော်ပြောတဲ့ အလဲအလှယ် က မကောင်းလို့လား”

“အဲဒါက ဘယ်လိုမျိုးအလဲအလှယ်ကြီးလဲ ငါတို့အတွက်က ငါတို့အစ်ကို၃ကို ကုလို့ရမယ် တခြားဟာက အသုံးဝင်တာမဟုတ်ဘူး” နီအန်းယီ ပြန်ဖြေလေသည်။

“အဲတော့ တစ်သက်လုံးအလိုက်ခံရရင်းနေသွားတော့မလို့လား၊ မဟုတ်ရင် လူတွေဆီကနေပုန်းပြီး လူမသတ်ပဲနေတော့မှာလား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။

အခန်းထဲရှိ အနေအထားသည် ရုတ်တရက် ပြောင်းသွားသည်။ အားလုံး၏ အမူအရာများပြောင်းသွား သည်။

“ဘာလို့လဲ ကျွန်တော်ပြောတာမှားလို့လား” ရှီမာယူယူ ခေါင်းငုံ့ကာ ရွှေမြွေလေး၏ ခေါင်းကိုပွတ်နေလေ သည် “အလိုက်ခံရတာကို ရှောင်ဖို့အတွက် တစ်ချိန်လုံးပုန်းနေရတာမဟုတ်ဘူးလား၊ နှစ်တွေအများကြီး အလိုက် ခံနေရတာ၊ ဒါပေမဲ့ အန္တရာယ်တွေကြားထဲမှာတောင် အသက်ရှင်နေနိုင်တာက ဘာအဓိပ္ပာယ်လဲ၊ ခင်ဗျားတို့မှာ အရည်အချင်းတွေရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ခင်ဗျားတို့မှာ ဒီနှစ်တွေကိုပုန်းပြီးအသက်ရှင်နေနိုင်တဲ့ အရည် အချင်းရှိတယ်၊ အဲဒါကလည်း တခြားလူတွေကိုမတွေ့ချင်လို့မဟုတ်ဘူး၊ အကြောင်းအရင်းကတော့ ကျွန်တော် ရှင်းပြစရာမလိုဘူးပဲ”

သူတို့တခြားသူများနှင့် တွေ့လိုသည့်ဆန္ဒမရှိသည်မှာ လူထပ်မသတ်ချင်တော့သောကြောင့်ဖြစ်သည်။ သူတို့သည် လူဆိုးများမဟုတ်သည့်အကြောင်းကို တစ်လောကလုံးကိုပြောပြချင်သည်။ သို့သော် သူတို့ပြော သည်ကို နားမထောင်ကြပဲ သူတို့ကိုတွေ့သည်နှင့် အော်ကာ တိုက်ခိုက်ခဲ့ကြသည်။

သည်လိုနှင့် မတတ်သာပဲ သူတို့သည် ပုန်းအောင်းနေရတော့သည်။

အရင်ကဆိုလျှင် သူတို့ကို နားလည်မည့်သူမရှိ၊ သူတို့ကို မျှဝေခံစားမည့်သူမရှိ၊ သူတို့ကိုနားလည်ပေး မည့်သူမရှိခဲ့ပေ။ သူတို့သည် မမျှော်လင့်ထားသောနေ့ကို ထိုကလေးမှ ပြောလိုက်သည်။

ဖန်ကျိသည် စိတ်လှုပ်ရှားသွားကာ သူမအား စကားပြောလိုသည်။

“မင်းမှာ ဘာအစီအစဉ်ရှိလဲ” ဖန်ခိုင်မေးလိုက်သည်။

“ကျွန်တော် အင်အားကြီးတစ်ခုလုပ်ချင်တယ်၊ အဲအင်အားကြီးကလည်း နောက်ကိုပိုအင်အားကောင်း လာမယ်၊ တိုင်းပြည်မှာလျှောက်သွားတဲ့အချိန်ဆိုရင် ဘယ်သူမှဘာမှမပြောရဲစေရဘူး” ရှီမာယူယူ ပြန်ဖြေလေ သည်။

“မင်းက အင်အားကြီးတစ်ခုလုပ်ချင်တယ်ဟုတ်လား” ဖန်ခိုင်သည် မျက်လုံးပြူးလာကာ ရုတ်တရက် ရယ်မောလေသည် “အရင်က မင်းကို အရုပ်ကလေးလို့ထင်နေတာ အခုတော့ အရုပ်ကလေးမဟုတ်ဘူးပဲ၊ အဲလို အစီအစဉ်ရှိတဲ့ကလေးပဲ”

“ကလေးတစ်ယောက်ကပဲ အင်အားကြီးတစ်ခုကိုလုပ်နိုင်တာမလား၊ အင်အားကြီးအကုန်လုံးက ရုတ်တရက်ကြီး အလွယ်တကူပေါ်လာတာလား၊ သူတို့လည်း တဖြည်းဖြည်းတည်ထောင်သွားရတာပဲလေ” ရှီမာယူယူ ပြန်လည်ချေပလေသည်။

“မင်းက ကိုယ်ပိုင်အင်အားကြီးတည်ထောင်ချင်တယ်ဆိုရင် မင်းထင်သလောက်မရိုးရှင်းဘူး” နီအန်းယီ သည် ကလေးတစ်ယောက် မဟုတ်တာပြောနေသည်ဟု ယုံကြည်သည်။

“လူသားအရင်းအမြစ်နဲ့ ငွေရေးကြေးရေးပဲမလား၊ အဲဒါတွေဖြေရှင်းပြီးရင် မလုံလောက်ဘူးလား” ရှီမာယူယူသည် လက်မခံနိုင်စွာ ပြောလေသည်။

“မင်းက မိသားစုကြီးတစ်ခုကလာတဲ့ ကလေးလား” ယူရှီမေးလိုက်သည်။

“မဟုတ်ဘူး”

“ဒါဆိုရင် အင်အားကြီးကိုထောက်ပံ့ဖို့အတွက် အရင်းအမြစ်တွေနဲ့ ငွေရေးကြေးရေးဘယ်လောက်လို မယ်ဆိုတာ သိလား”

“သိတယ်”

“သိနေတာကို ဒီလိုအရူးစကားတွေပြောရဲသေးတယ်ဟုတ်လား”

“ဘာလို့ရူးရတာလဲ” ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ နောက်တစ်ငုံသောက် လိုက်သည် “ကျွန်တော်က အင်အားကြီးတစ်ခုကိုလုပ်ချင်မှတော့ ငွေရေးကြေးရေးထောက်ပံ့တာကို သေချာ ပေါက်ပေးရမှာပေါ့”

“မင်းမှာ ပိုက်ဆံအများကြီးရှိလား” ဟုန်ဝူမေးလိုက်သည်။

“ရှိတယ်” ရှီမာယူယူ ခေါင်းညိမ့်လေသည်။

သူမတွင် အရင်ကမရှိခဲ့ပေ။ အရင်က ဝိဉာဉ်စေတီအတွင်းမှ သတ္တုကြောမှ နည်းနည်းချင်းစီထုတ်ရန် မဖြစ်နိုင်ပေ။ သို့သော် အခုချိန်တွင် လသတ္တိဂိုဏ်းမှ သတ္တုကြောရလိုက်သဖြင့် အင်အားကြီးထောင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုအတွက် စဉ်းစားရန်မလိုတော့ပေ။

“ကလေး မင်းပြောတဲ့ အများကြီးဆိုတာ ဘယ်လောက်လဲ စတုရန်းမီတာ ထောင်ချီလား”

“စတုရန်းမီတာ ထောင်ချီဟုတ်လား အဲလောက်များရင်ဘယ်လိုလဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလောက်ရှိတယ်”

သူမသည် လက်ညှိုးထောင်ပြလိုက်သည်။

“တစ်လား ၁၀ စတုရန်းမီတာလား”

၁စတုရန်းမီတာ သတ္တုတွင်းတစ်ခုသည် ကျောက်၁၀သိန်းထုတ်ပေးနိုင်သည်။ ၁၀စတုရန်းမီတာ သတ္တုတွင်းသည် ကျောက် သိန်း ၁၀၀ထုတ်ပေးနိုင်သည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။

“စတုရန်းမီတာ ၁၀၀လား”

စတုရန်းမီတာ ၁၀၀သည် ကျောက် သိန်း၁၀၀ ထုတ်ပေးနိုင်သည်။ ထိုပမာဏမှာ နည်းလှသည်မဟုတ် ပေ။ အထူးသဖြင့် လူတစ်ယောက် မိသားစုမျိုးနွယ်တစ်ခုတည်ထောင်ရန်လုံလောက်သည်။

“မဟုတ်ဘူး” ရှီမာယူယူ ငြင်းဆဲပင်။

“မင်းမှာ သတ္တုတွင်းရှိတယ်လို့ပြောနေတာလား” နီအန်းယီ အော်လေသည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်ရာ သူ၏ အံ့သြသွားသောအမူအရာ ပြန်ပြောင်းသွားသည်။ သူမ ပြောသလို ဆိုရင် ဒီကလေးမှာ ဘယ်လိုလုပ် သတ္တုတွင်းရှိနိုင်မှာလဲ။

“အင်အားကြီးတစ်ခုတည်ထောင်ဖို့ဆိုရင် သတ္တုတွင်းတစ်ခုလောက်က မလုံလောက်ဘူး မင်း…”

“သတ္တုတွင်းမဟုတ်ဘူး သတ္တုကြောတစ်ခု” ရှီမာယူယူသည် နီအန်းယီ စကားကိုဖြတ်ပြောလိုက်သည်။

“သတ္တုကြောတစ်ခု…ဘာ သတ္တုကြောဟုတ်လား” နီအန်းယီသည် ခုံမှ ထခုန်မိလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် သူတို့အံ့သြနေသည်ကို လျစ်လျူရှုလိုက်သည် “ဒီလောက်ဆိုဘယ်လိုလဲ မလောက်သေးဘူးလား”

“မင်းမှာ ဘယ်လိုလုပ် သတ္တုကြောရှိနေတာလဲ” ဖန်ခိုင်သည် သူမအား မယုံကြည်စွာဖြင့် အံ့သြစွာ ကြည့်လေသည်။

“မတော်တဆတွေ့တာပါ” ရှီမာယူယူသည် ထိုအကြောင်းကိုရှင်းပြရန် အစီအစဉ်မရှိပေ “ဒီငွေကြေး ထောက်ပံ့မှုက ဒုတိယအတန်းအစား အင်အားကြီးအတွက် နှစ်၅၀၊ တတိယတန်းစားအင်အားတစ်ခုအတွက် နှစ် ၁၀၀ ထောက်ပံ့ပေးနိုင်တယ်နော်”

အကြီးအဆုံးပြဿနာရှင်းပြီးဖြစ်လျှင် လူအင်အားပြဿနာသည် ပြဿနာမဟုတ်ပေ။

“မင်းလူအင်အားကရော ဘယ်လိုလဲ ပြီးတော့ မင်းအင်အားကြီးရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မင်းက အင်အားကြီးတစ်ခုကို အကြောင်းအရင်းမရှိပဲထောင်ချင်တာတော့မဟုတ်လောက်ဘူး အံ့ဖွယ်နတ်ဆိုး တောင်ကြား သခင်လေး” ရှီချန်း စတင်ပြောလေသည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားသခင်လေး ဟုတ်လား အစ်ကို၃ အဲဒါက ရင်ဘိုင်ချွမ်းမဟုတ်ဘူးလား သူနဲ့ အရင်ကတိုက်ဖူးတယ် ဒီကလေးမဟုတ်ဘူး” နီအန်းယီသည် ရှီချန်းအား အလေးအနက်ထားကာ ကြည့်လေ သည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေး၂ယောက်ရှိတာမဟုတ်ဘူးလား” ရှီခထန်းသည် ရှီမာယူယူ လက်မှ သွေးလက်စွပ်ကိုကြည့်လိုက်သည် “ဒါက တခြား တောင်ကြားသခင်လေးဖြစ်မှာပေါ့”

“သြော် မှတ်မိပြီ အဲတုန်းက အဘိုးနတ်ဆိုးက အနိမ့်တိုင်းပြည်တစ်ခုက လူတစ်ယောက်ကို အံ့ဖွယ် နတ်ဆိုးတောင်ကြားသခင်လေးဖြစ်အောင် တပည့်အဖြစ်လက်ခံလိုက်တယ်လို့ ပြောကြတယ်၊ အဲတုန်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားက လှောင်စရာတောင်ဖြစ်သွားသေးတယ်” ဒိုင်ယိသည် ရုတ်တရက် ရှီမာယူယူအား ကြည့်လေသည်။

ရှီမာယူယူသည် သွေးလပ်စွပ်ကိုကိုင်လိုက်သည်။ ခရီးသွားရင် ဒါကိုချွတ်ထားတာပိုကောင်းမယ်ထင် တယ်။ မဟုတ်ရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ပြဿနာဖြစ်သွားရင် မကောင်းဘူး။

သို့သော် သွေးလက်စွပ်သည် သူမလက်တွင် တင်းကြပ်စွာနေရာယူထားသဖြင့် ချွတ်မရပေ။ သူမ အကြိမ်အနည်းငယ်ကြိုးစားပြီးဖြစ်သည်။

သွေးလက်စွပ် သွေးလက်စွပ် ငါ့ကိုလာမရှုပ်နဲ့။ လိမ်လိမ်မာမာနေ။

သူမသည် ကိုယ့်ဘာသာတွေးနေလိုက်သည်။ အရင်ကဆိုလျှင် သွေးလက်စွပ်အတွင်းမှ လှုပ်ရှားမှုမရှိခဲ့ ပေ။ သူမပျော်နေချိန်၊ ပင်ပန်းနေချိန်များတွင် ချွတ်ရန်ကြိုးစားခဲ့သည်။

သို့သော် ချက်ချင်းချွတ်မရခဲ့ပေ။ သူမနှင့် ကစားနေသကဲ့သို့ လက်ချောင်းတွင် ပြန်ရောက်လာမြဲပင်။

သူမအပြုအမူသည် အခန်းထဲရှိလူများ သူမ၏ သွေးလက်စွပ်ကိုစိတ်ဝင်စားစေသည်။

“ဒါက တောင်ကြားသခင်လေးရဲ့ သွေးလက်စွပ်ဖြစ်လောက်တယ်” ဖန်ခိုင်သည် သူမ၏ အပြုအမူကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။

“အားလုံးမြင်ပြီးမှတော့ မငြင်းတော့ပါဘူး” ရှီမာယူယူ ဝန်ခံလိုက်သည်။

“ဒါပေမဲ့ မင်းက ဘယ်အင်အားကြီး ဘယ်မိသားစုမျိုးနွယ်ကမှမဟုတ်ဘူးလို့ ပြောလိုက်တာမလား” ဖန်ကျိ၏ မျက်လုံးများသည် ကြင်နာမှုကင်းမဲ့သွားသည်။

***

All Chapters