← Chapters

သွေးဆောင်မှု (၃)

Vol. 007 Ch. 694

သွေးဆောင်မှု (၃)

Vol. 007 Ch. 694

ထိုမေးခွန်းမေးလိုက်သောအခါ ရှီမာယူယူသည် တည်ငြိမ်စွာပြောလေသည် “အဲဒါကိုသိမှတော့ ကျွန်တော်က ကမ္ဘာဦးနယ်မြေရောက်ကတည်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တစ်ခါမှမရောက်ဖူးဘူးဆိုတာ ကိုသိလား”

“တကယ်လား” ဖန်ကျိသည် နားမလည်နိုင်ပေ။

“သွားစုံစမ်းလို့ရပါတယ်” ရှီမာယူယူ အကြံပေးလိုက်သည်။

“အဲလိုဆိုရင်တောင် မင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားက တောင်ကြားသခင်လေးပဲ ဘာလို့အင်အား ကြီးတစ်ခုထောင်ဖို့လိုတာလဲ”

ရှီမာယူယူသည် ဖန်ကျိကိုကြည့်လိုက်သည်။ သူမသည် သူ့ကိုအရူးလုပ်၍မရသည်ကို သူမသိသည်။ နောက်မှဝင်လာသော လူများသည် သူမအင်အားကြီးတည်ထောင်ရခြင်း ရည်ရွယ်ချက်ကို မေးလာမှာပင်။

“ယူယူက သွေးကိုသွေးနဲ့ပြန်ဆပ်တယ်၊ အင်အားကြီးတစ်ခုထောင်တာက လက်စားချေဖို့ပဲ” ရှီမာယူယူ ဖြေလိုက်သည်။

“မင်းက တောင်ကြားသခင်လေးပဲ မင်းမှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားနောက်ခံရှိတယ်လေ” ရှီချန်း ပြောလိုက်သည်။

“ကိုယ်ရေးကိုယ်တာ လက်စားချေဖို့ပါ” ရှီမာယူယူ ထိုစကားကိုသာပြောလေသည်။

သူမ ယုံကြည်မှုကို သူတို့ရပါက သူမကိစ္စများကို နားလည်သွားမည်။ သူမ သူတို့ကိုတောင်းဆိုနေသည် ဟုဆိုသော်လည်း မရင်းနှီးသေးသောလူများကို သူမကိစ္စများကို မဖော်ထုတ်လိုပေ။

“အဲတော့ မင်းက လူသတ်ပေးမယ့်လူကိုရှာနေတာပဲ စတေးခံပေးမယ့်လူပေါ့” ဖန်ကျိသည် ပါးနပ်စွာ မေးလေသည်။

“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ရှီမာယူယူ ပြုံးလိုက်သည်။

“အကြောင်းပြချက်ကဘာလဲ”

“ခင်ဗျားတို့သာ အင်အားကြီးပြီး ကျွန်တော့်ရန်သူကို ရှင်းပစ်ဖို့ယုံကြည်ချက်ရှိရင် စတေးစရာမလိုဘူး လေ၊ ဒါပေမဲ့ နောက်ဆုံးမှာ သူတို့ကိုမရှင်းနိုင်ဘူးဆိုရင်တော့ ကျွန်တော့်နောက်ကိုလိုက်မယ့်လူတွေက သေရုံပဲ ရှိမှာပဲ”

“မင်းရဲ့ ရည်ရွယ်ချက်ကိုနောက်ကျရင် ပြောပြမှာလား”

“ပြောပြမှာပေါ့ ဝင်လာတဲ့လူတိုင်းကိုပြောပြမှာ” ရှီမာယူယူ အတည်ပြုလေသည်။

“မင်း လက်စားချေချင်တဲ့လူတွေက ဘယ်လောက်အင်အားကြီးလဲ၊ လူတွေ လုံလောက်အောင်စုဖို့ အတွက် အချိန်ဘယ်လောက်ကြာမှာလဲ”

……..

ရှီမာယူယူနှင့် သူတို့ဆွေးနွေးနေချိန်တွင် တည်းခိုဆောင်တွင်စောင့်နေသောသူများ ပြန်လာသည်။ ဖက်တီးကျူတစ်ယောက်သာ လျှောက်သွားနေသည်။

“ယူလင်း ယူယူနဲ့ ဘေဂုံတို့ အဆင်ပြေလောက်မှာပါနော်” ဖက်တီးကျူသည် အခန်းကို လျှောက်လာ ကာ စိုးရိမ်စွာပြောလေသည်။

“ဘာတွေစိုးရိမ်နေတာလဲ ယူယူ သူတို့ကိုခေါ်တာ မအောင်မြင်ဘူးဆိုရင်တောင် အသက်အန္တရာယ် မရှိ ပါဘူး” ရှီမာယူလင်း ပြန်ဖြေလေသည်။

“ဘာမှမဖြစ်လောက်ပါဘူးနော်” ဖက်တီးကျူသည် စိတ်မအေးနိုင်သေးပေ။

“ဒါပေါ့ ဘာမှမဖြစ်ဘူး” ရှီမာယူရန် ပြောလိုက်သည် “ညီလေး၅ တစ်ယောက်တည်းပဲ သူတို့ အစ်ကို၃ ကို ကယ်ပေးနိုင်မှာ သူမကို ထိခိုက်အောင်မလုပ်နိုင်ဘူး”

“ဟုတ်တယ်” ဖက်တီးကျူ စိတ်ထဲတွင် ခံစားချက်မျိုးစုံနေသည်။ အားလုံးသည် သူ့ကိုရယ်မောကာ ကြည့်နေသည်ကို နောက်မှသတိထားမိကာ ပြောလေသည် “ဟေ့ကောင်တွေ ငါ့ကို မျောက်ပွဲကြည့်သလိုကြည့် နေတာလား ငါတစ်ယောက်တည်းပဲ အဲလောက်စိတ်ပူနေတာလား”

“မင်းက ငတုံးပဲ ငါတို့အမှားမဟုတ်ဘူး” ရှီမာယူလီသည် ပြုံးပြီးပြောလေသည်။

“ဒါပေမဲ့ ယူယူသွားတာကြာနေပြီ” ရှောင်ချီသည် မပျော်နိုင်ပေ “သူမကိုသွားရှာတော့မယ်”

“ရှောင်ချီ နည်းနည်းလောက်စောင့်ပါဦး၊ မင်းတစ်ယောက်တည်းသွားလို့ ဒုက္ခရောက်မယ်ဆိုရင် ညီလေး၅က မင်းကိုပါ စိတ်ပူပေးနေရမယ်” ရှီမာယူရန် သဘောမတူပေ။

“သူမက ရှောင်ချီ့ကိုကျခေါ်မသွားဘူး” ရှောင်ချီသည် မရွှင်ပြစွာ ပြောလေသည်။

“သူမက မင်းကောင်းဖို့အတွက်လုပ်တာလေ” ရှီမာယူရန်သည် တိတ်တဆိတ် ချော့မော့လေသည် “အဲလူတွေ ကောင်းလားဆိုးလားဆိုတာ မသေချာဘူးလေ၊ သူတို့က မင်းကိုသိသွားရင် အန္တရာယ်ဖြစ်နိုင်တယ်”

“ဘယ်သူက ရှောင်ချီ့ကို အန္တရာယ်ပေးနိုင်မှာလဲ ပြန်ထိုးလိုက်မှာပေါ့” ရှောင်ချီသည် လက်သီးကို ရမ်းပြ လေသည် “နောက်တစ်ခါကို ယူယူ ရှောင်ချီ့ကိုခေါ်သွားရမယ်”

ရှောင်ချီ ရှီမာယူယူကိုတွယ်ကပ်ပုံကိုကြည့်ပြီး ကျန်သောသူများ ပြုံးရုံသာတတ်နိုင်ကြတော့သည်။

ခြံဝန်းငယ်အတွင်းတွင် ရှီမာယူယူသည် ပြောစရာရှိသည်များကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်။

“အခုတော့ ဒီလောက်ပဲ၊ ကျွန်တော့်အစီအစဉ်ကိုသိပြီးလောက်ပြီထင်ပါတယ်၊ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချပါလို့ ကျွန်တော်ဖိအားမပေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့မှာ မင်္ဂလာသားရဲ မျှော်လင့်ချက်ရှိ သေးတယ်ဆိုတာ ကျွန်တော်သိတယ်၊ ခင်ဗျားတို့ တကယ်ပဲမင်္ဂလာသားရဲရမယ်ဆိုရင် ဂုဏ်ပြုပေးပါမယ်၊ ငွေ ကုန်ကြေးကျမရှိတော့ပဲ ၈နှစ် ကနေ ၁၀နှစ်အထိတော့ သူအသက်ရှင်ခွင့်ရသွြးမယ်”

“၈နှစ်ကနေ ၁၀နှစ်ဟုတ်လား မင်းပြောတာက ငါတို့မင်္ဂလာသားရဲရမယ်ဆိုရင်တောင် ညီ၃က ၈နှစ် ကနေ ၁၀နှစ်ပဲနေရမှာလား” ဖန်ခိုင်မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“မင်္ဂလာသားရဲရဲ့သွေးနဲ့ အစ်ကို၃ကိုကယ်နိုင်တယ်လို့ မင်းပြောခဲ့တယ်မလား”

“သူ့ခန္ဓာကိုယ်ထဲက အအေးဓာတ်က အရိုးစွဲနေပြီ၊ မင်္ဂလာသားရဲရဲ့သွေးသောက်ရုံနဲ့ ဘယ်လိုလုပ် ကုလို့ ရမှာလဲ၊ ရမယ်ဆိုရင် မင်္ဂလာသားရဲသွေးကိုရာချီပြီးသောက်ရလိမ့်မယ်၊ မင်္ဂလာသားရဲ အကောင်ရေ တစ်ရာ လောက်ကိုဘယ်မှာသွားရှာမှာလဲ”

အားလုံး တိတ်သွားကြသည်။

“ဒီအချိန်တွင်းကို သေချာလေးစဉ်းစားလို့ရပါတယ်၊ ဒါပြီးရင်တော့ ကျွန်တော့်ကိုအဖြေပြန်ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်တော့်စိတ်ရင်းကိုပြဖို့အတွက် မနေ့ကပြန်တော့ အထူးတလည်လုပ်လာတဲ့ ဆေးပေးပါမယ်၊ ဒီဆေးက ဒီ၃လအတွင်းကို သာမန်လူလိုနေနိုင်မယ်၊ တခြားဘေးထွက်ဆိုးကျိုးတော့ရှိမှာ မဟုတ်ဘူး”

သူမသည် ဆေးပုလင်းထုတ်ကာ ကုန်ရန်ကိုပစ်ပေးလိုက်သည်။

ကုန်ရန်သည် ဆေးများကိုထုတ်လိုက်သည်။ အဖြူရောင်ဆေးများကို သူမြင်သောအခါ မျက်လုံးတွင် ပျော်ရွှင်မှုများတောက်ပလာသည်။

“ဒါပဲ ကျွန်တော် ဒီဆေးကို အစ်ကို၃အတွက် ဖော်ပေးချင်ခဲ့တာ မအောင်မြင်ခဲ့ဘူး” သူ စိတ်လှုပ်ရှားစွာ ပြောလေသည် “အစ်ကို၃ ဒီဆေးစားပြီးရင် နောက်၃လတော့ သာမန်လူလိုနေနိုင်မှာ”

“ဒါက မင်းအရင်တစ်ခေါက်ကပြောတဲ့ဆေးလား၊ မင်းတောင် မဖော်နိုင်တာ ဒီကလေးက ဖော်နိုင်တာ လား” ဒိုင်ယိသည် ထိုအတိုင်းပြောသော်လည်း သူပျော်ရွှင်နေသည်ကို အားလုံးမြင်နိုင်သည်။

“ကောင်းပြီ ဘေဂုံ ငါတို့ထွက်လာတာကြာနေပြီ ငါတို့လူတွေ စိတ်ပူနေတော့မယ်၊ ကျွန်တော်တို့ သွား လိုက်ပါဦးမယ်” ရှီမာယူယူ ပြောလေသည်။ သူမ မတ်တပ်ရပ်ကာ အားလုံးကိုနှုတ်ဆက်ပြီးနောက် ဘေဂုံထန်နှင့် အတူထွက်သွားလေသည်။

“ညီလေး၄၊ မင်းနဲ့ ညီ၆နဲ့ သူတို့ကိုလိုက်ပို့လိုက်” ဖန်ခိုင် အမိန့်ပေးလေသည်။

ရှီမာယူယူနှင့် ဘေဂုံထန်တို့်ထွက်သွားပြီးနောက်တွင် ယူရှီတို့သည် တံခါးကိုအမြန်ပိတ်လိုက်ကြသည်။

“စောသေးတယ် မပြန်ခင် ဈေးဝယ်ထွက်ရအောင်” ရှီမာယူယူအကြံပေးလေသည်။

“နင်က လိမ့်ချင်သေးတယ်ပေါ့” ဘေဂုံထန်သည် သူမအမူအရာကိုမြင်သောအခါ စချင်လာသည် “အောင်မြင်မယ်လို့နင်ထင်လား”

“၈၀ ကနေ ၉၀ရာခိုင်နှုန်းပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“သူတို့သဘောတူမှာသေချာရဲ့လား” ဘေဂုံထန် မေးလိုက်သည်။

“သူတို့က တကယ့်လူဆိုးကြီးတွေလို့ထင်ထား” ရှီမာယူယူ ပြန်မေးလေသည်။

ဘေဂုံထန် ခေါင်းရမ်းကာ “သူတို့က လူဆိုးမဟုတ်ရုံတင်မဟုတ်ဘူး၊ လူကောင်းတွေပဲ၊ ပြီးတော့ သူတို့ ကြားက ဆက်ဆံရေးကလည်း ငါတို့လိုပဲ”

“တကယ်တော့ သူတို့က အပြစ်မရှိတဲ့လူတွေကို မသတ်ချင်လို့ နေရာတကာမှာပုန်းနေကြတာပါ၊ သူတို့ က မရိုးသားတာမဟုတ်ဘူးဆိုတာ ငါမြင်တယ်” ရှီမာယူယူပြောလိုက်သည် “အင်အားကြီးပြီး သတ္တိရှိတယ်၊ အပြစ်မဲ့တဲ့လူတွေကို မသတ်သလို၊ သေဖို့လည်းမကြောက်ဘူး၊ ငါလိုချင်တာ အဲလိုလူမျိုးတွေပဲ၊ ငါတို့သာ သူတို့ ကို စည်းရုံးနိုင်ရင် ငါတို့လိုချင်တဲ့အင်အားကြီးတစ်ခုကို လွယ်လွယ်နဲ့ရမှာပဲ”

“သူတို့ မင်္ဂလာသားရဲရှာမတွေ့နိုင်ဘူးဆိုတာ နင်သေချာသိနေတာပဲ၊ ဘာလို့အဲလောက်အချိန်အကြာ ကြီးပေးလိုက်တာလဲ”

“မင်္ဂလာသားရဲမရှိဘူးလို့ငါမပြောပါဘူး၊ မရှိလောက်ဘူးလို့ပဲပြောတာ” ရှီမာယူယူသည် ပဟေဠိဆန်စွာ ပြောလေသည် “တကယ်သာ မင်္ဂလာသားရဲနဲ့တွေ့မယ်ဆိုရင်လည်း ဒီဟာက အကောင်းဆုံးနည်းလမ်းမဟုတ် ဘူးဆိုတာ သိမှာပဲ၊ သူ့ကိုလုံးဝပျောက်အောင် ကုဖို့ဆိုရင် တခြားရွေးစရာမရှိဘူး”

***

All Chapters