← Chapters

အဒေါ်၃

Vol. 007 Ch. 695

အဒေါ်၃

Vol. 007 Ch. 695

ဘေဂုံထန်သည် မဲ့ပြုံးပြုံးနေသာ ရှီမာယူယူ၏ ပုံစံကိုကြည့်ကာ ဒီလူသည် တစ်ခါတစ်လေ ဆိုးသည်ဟု ခံစားမိသည်။ သို့သော် ကံကောင်းသည်မှာ သူမသည် သူမဘေးမှလူများကို တစ်ခါမှအသုံးမချခဲ့ပေ။

သို့သော် ယူယူသည် အနည်းငယ်ဆိုးသွမ်းသော်လည်း သူမလူဖြစ်လာပါက သူတို့ကို ကောင်းမွန်စွာ ဆက်ဆံမည်ဟု ဘေဂုံထန် ယုံသည်။

“လာခဲ့” ရှီမာယူယူသည် ရုတ်တရက် ဘေဂုံထန်အား လမ်းဘေးရှိ ဆိုင်ငယ်တစ်ခုသို့ဆွဲခေါ်သွားလေ သည်။ သူတို့သည် တံခါးေ့ဘာင်နောက်တွင် ပုန်းနေပြီး လမ်းပေါ်တွင်လျှောက်နေသော လူများကို ကြည့်လေ သည်။

“ဒီနာလန်လန်ရဲ့ ကံကတော့ တကယ်ကောင်းတယ်၊ သူမက နင့်ကိုထိခိုက်အောင်လုပ်ခဲ့တယ်၊ နင် ပြန်လာတော့ ကမ္ဘာဦးနယ်မြေရောက်လာပြီး အဲလိုခန္ဓာကိုယ်ကိုရတယ်၊ သူမ ကျင့်ကြံတဲ့လုပ်ငန်းစဉ်ကတော့ ငါတို့ထက် မနှေးဘူး” ဘေဂုံထန် ပြောလိုက်သည်။

“သူမ ခန္ဓာကိုယ်တည်ဆောက်မှုက အကြောင်းပြချက်တစ်ခုပဲ၊ ပညာရှိစံအိမ်တော်ရဲ့ အင်အားက နောက်ထပ် အကြောင်းတစ်ခုရှိသေးတယ်၊ ငါ့စီနီယာအစ်ကိုကိုကြည့်လေ သူတို့က လူတစ်ယောက်ကို ပျိုးထောင်ချင်ရင် အရမ်းအားထုတ်ကြတယ်” ရှီမာယူယူသည် အပြင်ကိုကြည့်ရင်း လေသံဖြင့် ပြောလေသည်။

“သူမက နင့်ကိုပြီးခဲ့တဲ့တစ်ခေါက်က ချောက်ချထားတာမလား၊ လက်စားချေမလို့လား”

“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူမက ငါ့ဘဝရဲ့ ရန်သူဆိုတာ ငါ့စိတ်ကအလိုလိုပြောနေတယ်၊ သူမကို အခုရှင်းမပစ်ရင် နောက်ကို ပြဿနာဖြစ်လာမှာစိုးတယ်”

“ငါတို့ဒီရောက်နေတယ်ဆိုတာ သူမ မသိဘူး၊ ဒီတစ်ခါတော့ သူမက အလင်းထဲမှာ ငါတို့ကအမှောင်ထဲ မှာ၊ ငါတို့သေချာအစီအစဉ်ဆွဲရမယ်”

“ဟုတ်တယ်”

အစေခံအားစကားပြောနေသော နာလန်လန်သည် သူမအား ကြည့်နေသည့်မျက်လုံးများကို ခံစားမိ သည်။ သူတို့သည် နှစ်သက်၍ကြည့်သောအကြည့်များမဟုတ်ပေ။ သူမ ဝိဉာဉ်အတွင်းထဲထိပါ ထိုးဖောက်နိုင် သည်။ သူမ မျက်မှောင်ကြုတ်ကာ ပြန်ကြည့်သော်လည်း တစ်ယောက်မှမတွေ့ပေ။

“မြင့်မြတ်သောသမီးတော် ဘာတွေကြည့်နေတာလဲ” အစေခံသည် သူမအား ကြည့်လိုက်သည်။

“ဘာမှမဟုတ်ဘူး သွားရအောင် ငါတို့ပြန်လာတာကို စီနီယာအစ်ကို စောင့်နေတော့မယ်” နာလန်လန် သည် လှည့်ပြီးလျှောက်လာသော်လည်း သူမ၏ သံသယမှာပျောက်ကွယ်မသွားပေ။

ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် တံခါးနောက်မှထွက်လာကြသည်။ သူမထွက်သွားသည်ဆိုတော့မှပင် စိတ်အေးရတော့သည်။

“သူမရဲ့ အံ့ဖွယ်အာရုံက အများကြီးတိုးတက်လာတာပဲ” ဘေဂုံထန် ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ ကြည့်ရတာ နာလန်လန်က ပြီးခဲ့တဲ့နှစ်တွေမှာ အများကြီး အားထုတ် ထားတာပဲ

“မင်းတို့နှစ်ယောက် ဝယ်မှာလား မဝယ်ဘူးလား” ဝန်ထမ်းသည် ရောက်လာကာ သူတို့နှစ်ယောက်အား မကျေနပ်စွာကြည့်လေသည်။

သူတို့ရောက်လာသည်နှင့် ရောင်းသည့်ပစ္စည်းများကို ကြည့်ပင်မကြည့်ခဲ့ပေ။ တံခါးအပြင်ဘက်မှ လူများ ကိုသာ ချောင်းကြည့်နေခဲ့ကြသည်။ သူတို့သည် လူကောင်းများမဟုတ်သည့်အတိုင်းပင်။

ရှီမာယူယူ ပြန်ကြည့်လိုက်သည်။ ထိုဆိုင်သည် ဝိဉာဉ်အထည်များရောင်းသည့် ဆိုင်ငယ်လေးဖြစ်သည်။ ပြီးခဲ့သည့်ရက်များက ဖြတ်သွားသော်လည်း သတိမထားမိခဲ့ပေ။ သို့သော်ဒီနေ့မှာတော့ မတော်တဆ ဝင်မိခဲ့ သည်။

“ဝင်လာပြီးမှတော့ ဘာလိုချင်လဲ ကြည့်သွားကြတာပေါ့” ရှီမာယူယူသည် ချောင်းကြည့်သည်ကို မိသွား သည့်အတွက် ရှက်ရွံ့မနေတော့ပေ။ သူမသည် ဝိဉာဉ်အထည်များကို သေချာစွာ ကြည့်လေသည်။

ဝိဉာဉ်အထည်ဟု ခေါ်သော အထည်များသည် ဝိဉာဉ်ပိုးကောင်မှထွက်သော ပိုးထည်ဖြစ်သည်။ ဝိဉာဉ် အထည်ဖြင့် ချုပ်ထားသော အင်္ကျိများသည် စွမ်းရည်ပြည့်ဝသည်။ သို့သော် ထိုစွမ်းရည်သည် ဝိဉာဉ်လက်နက် ကို ကာကွယ်ရန်တော့ မစွမ်းသာပေ။

အနိမ့်တိုင်းပြည်တွင် ဝိဉာဉ်ပိုးထည်မရှိပေ။ သူမ မှတ်ဉာဏ်များပြန်ရပြီးနောက်တွင် သူမ ထိုအရာကို မတွေးမိပေ။ အခု ဝိဉာဉ်အထည်များရောင်းသည့်ဆိုင်ကိုတွေ့မှပင် တွေးမိတော့သည်။

“ဘေဂုံ သွားရအောင် ဝိဉာဉ်အထည်တွေသွားကြည့်ရအောင်” သူမသည် ဘေဂုံထန်၏လက်ကို ကိုင်ကာ လျှောက်သွားလေသည်။

ဂူယွန်အာသည် ဝိဉာဉ်ပိုးထည်ဖြင့် ချုပ်ထားသော အင်္ကျိများဝတ်လေ့ရှိသည်ကို ဘေဂုံထန်သိသဖြင့် ထိုအထည်များအကြောင်းကို နားလည်သည်။ သို့သော် ဒီလုဆယ်မြို့တွင် ဝိဉာဉ်အထည်များရောင်းမည်ဟု မထင်ထားပေ။ အရင်က ဂူယွန်အာသည် သူအိမ်အထိလာကာ ဝိဉာဉ်အထည်ဖြင့် ချုပ်ထားသော အင်္ကျိများကို လာကြွားလေ့ရှိသည်။ ထိုဝိဉာဉ်အထည်များသည် သာမန်ထက်သာလွန်သည်။

“ဒီမှာ ဝိဉာဉ်အထည်တွေအများကြီးရှိမယ်လို့ ထင်မထားဘူး အားလုံးအတွက်ဝယ်သွားရအောင် ဘယ် လိုလဲ” ဘေဂုံထန်သည် ထိုကဲ့သို့စိတ်ဝင်စားစရာကောင်းသော ပစ္စည်းများကိုကြည့်ရသည်ကို နှစ်သက်ကာ သူမ ရှေ့တွင်ရှိသော ပစ္စည်းများကိုကြည့်ရင်း အလွန်ပျော်ရွှင်နေလေသည်။

“ကောင်းပြီ” ရှီမာယူယူ လျင်မြန်စွာ သဘောတူလိုက်သည်။ ပစ္စည်းကောင်းကို လူတိုင်းကိုမျှဝေချင်မှာ သဘာဝပင်ဖြစ်သည်။

သူမသည် ဝိဉာဉ်အထည်များကိုကောက်ယူလိုက်ပြီး ချုပ်ကြောင်းများကိုကြည့်လေသည်။ ရင်းနှီးသော ချုပ်ကြောင်းကိုတွေ့သောအခါ အံ့သြသွားသည်။

သူမ နစ်မြောသည့်အတွေးထဲတွင်… နူးညံ့ပြီး ဣန္ဒြေရသော အမျိုးသမီးသည် နေရောင်အောက်တွင် အပ်ကိုင်ကာ ပန်းပွင့်ထိုးနေသည်။

မိန်းကလေးတစ်ယောက်သည် ခြံဝန်းထဲသို့အလျင်စလိုဝင်လာကာ ပန်းထိုးနေသော အမျိုးသမီးကို တွေ့လေသည်။ သူမ ခြေလှမ်းများနှေးသွားသည်။

“ယူယူ ဘယ်သွားမလို့လဲ” အမျိုးသမီးသည် ပန်းထိုးနေခြင်းကို အာရုံစိုက်နေရာမှ မလှုပ်ပဲ မေးလေ သည်။

ရှီမန်ယူယူသည် သူမအနောက်သို့လျှောက်သွားပြီး လည်ပင်းမှ သိုင်းဖက်လိုက်သည်။ သူမ သွားဖြဲပြ လေသည် “အဒေါ်၃ရဲ့ ပန်းထိုးလက်ရာကတော့ အမိုက်စားပဲ”

“သမီးကိုသင်ပေးချင်တာ သမီးကမသင်ဘူးလေ” အမျိုးသမီးသည် ဝိဉာဉ်အထည်တွင်ပန်းထိုးနေရာမှ အဝတ်ကိုချလိုက်သည်။ သူမသည် ရှီမန်ယူယူ၏ လက်ကိုပုတ်ကာ ဖြောင်းဖြရန်ကြိုးစားလေသည်။

“သမီးကိုခွင့်လွှတ်ပါ အဒေါ်၃” ရှီမန်ယူယူသည် ထိုအမျိုးသမီးအား ကြင်နာစွာ ပွေ့ဖက်ကာ “ယူယူ့မှာ အဲလိုအရည်အချင်းမရှိတာသိရဲ့သားနဲ့”

“သမီးက ဘယ်မှာအရည်အချင်းမရှိလို့လဲ ပျင်းတာလေ၊ သမီးက ချက်ဖို့ပြုတ်ဖို့နဲ့ ဆေးပင်တွေပဲ စိတ်ဝင် စားတာကိုး”

“တကယ်အရည်အချင်းမရှိတာ” ရှီမန်ယူယူသည် အဒေါ်၃အား လွှတ်လိုက်သည်။ သူမသည် သူမ ရှေ့တွင် ထိုင်လိုက်ကာ “အဒေါ်၃ သမီးရဲ့ ပန်းထိုးလက်ရာကိုလည်းတွေ့တယ်မလား၊ အဒေါ်ရဲ့ ပန်းထိုးတာက နှစ်ဖက်လှပေမယ့် သမီးထိုးလိုက်ရင် တစ်ဖက်ပဲကြည့်လို့ရတယ်”

အမျိုးသမီးသည် ထိုအချိန်က ရှီမန်ယူယူ၏ မအောင်မြင်မှုကိုတွေးကာ ဖြေးညင်းစွာရယ်လိုက်သည်။

“အဒေါ်၃ရဲ့ လက်ရာကတကယ်ကောင်းတယ်၊ ပန်းတွေနဲ့ အပင်တွေက အသက်ဝင်နေသလိုပဲ” ရှီမန်ယူယူသည် သူမ ထိုးထားသောပန်းများကိုကြည့်ရသည်ကို နှစ်သက်သည်။

“ဒီပန်းထိုးတဲ့နည်းလမ်းက ငါတို့ဒူမိသားစုရဲ့ ထူးခြားမှုပဲ ငါတို့နည်းလမ်းက တခြားသူတွေနဲ့မတူဘူး၊ ဒီကိုကြည့် အားလုံးက ဒီလိုထိုးတယ် ငါတို့ဒူမိသားစုရဲ့ ထိုးတဲ့နည်းလမ်းက ဒီလို….”

ဘေဂုံထန်သည် အထည်တချို့တွေ့ထားသဖြင့် ပန်းအရောင်များအကြောင်းကို ရှီမာယူယူနှင့်ဆွေးနွေး မည်အပြုတွင် ရှီမာယူယူသည် အတွေးထဲမြောနေသည်ကို တွေ့လိုက်ရသည်။

“ယူယူ ဘာဖြစ်လို့လဲ” သူမသည် ရှီမာယူယူ၏ လက်ကိုညင်သာစွာထိလိုက်ပြီး အတွေးပြန်ဝင်အောင် လုပ်လိုက်သည်။

ရှီမာယူယူသည် မျက်ရည်ဝဲနေသော မျက်လုံးများကို ခတ်လိုက်သည်။ သူမသည် ပြုံးပြီးမေးလိုက်သည် “ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး အရင်ကအကြောင်းတွေ ပြန်တွေးမိလို့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဘာပြော လိုက်တာလဲ”

သူမသည် အတိတ်အကြောင်းပြန်တွေးမိလျှင် ထိုပုံစံအတိုင်းဖြစ်သွားတတ်သည်ကို ဘေဂုံထန် သိ သည်။ သူမသည် လက်ထဲမှ ဝိဉာဉ်အထည်ကိုပြလိုက်သည် “ဒါဆိုဘယ်လိုလဲ”

“မဆိုးဘူး” ရှီမာယူယူသည် သူမလက်ထဲမှ ဝိဉာဉ်အထည်ကိုကြည့်ပြီး “နင်နဲ့ဆိုလိုက်တယ်”

ထိုအထည်ကို သူမအတွက်ရွေးထားသည်ဟု ဘေဂုံထန်ပြောချင်သည်။ သို့သော် သူမသည် ယောက်ျား လေးကဲ့သို့ ဝတ်စားထားသည်ကို တွေးမိပြီး သူမစကားများကို လက်ခံလိုက်သည်။

“ဒီအထည်က ရိုးရှင်းပြီး ကျက်သရေရှိတယ်၊ လူတိုင်းတွက် မတူတဲ့စတိုင်တွေလုပ်ထားတာပဲ၊ ငါတို့ ပြန် ဝယ်သွားရအောင် ပြီးတာနဲ့ အမေနဲ့ အဒေါ်ယုအတွက်ချုပ်ပေးမယ်၊ ပြီးတာနဲ့ နင်ပြောတဲ့ မိသားစုဝတ်စုံဝတ်ကြ တာပေါ့”

“ကောင်းတယ်” ရှီမာယူယူ ပြုံးလိုက်သော်လည်း စိတ်မလှုပ်ရှားပေ။

ဘေဂုံထန်သည် နောက်ထပ် ဝိဉာဉ်အထည်များကိုရွေးရန်သွားလေသည်။ ရှီမာယူယူသည် ဆိုင်နားတွင် လျှောက်နေသည်။ သူမသည် ဝန်ထမ်းအား မေးလိုက်သည် “ဝိဉာဉ်အထည်က ပန်းထိုးထားတာ ထူးခြားတယ်၊ ဒီပန်းထိုးတဲ့လူကိုတွေ့လို့ရမလား”

ဝန်ထမ်းသည် သူမအားကြည့်ပြီးဖြေလိုက်သည် “မရဘူး ကျွန်တော်တို့သူဌေးက ဧည့်သည်တွေနဲ့ မတွေ့ဘူး၊ ဝယ်ချင်တယ်ဆိုရင်တော့ ဝယ်၊ မဝယ်ဘူးဆိုရင် ဒီနားမှာ လာမရှုပ်နဲ့”

“ဝူလေး ဧည့်သည်တွေကို ဒီလိုဆက်ဆံနေတာလား” နူးညံ့သောအသံတစ်သံသည် အတွင်းခန်းမှထွက် လာသည်။ ထိုအသံအား ရှီမာယူယူကြားလိုက်သည်နှင့် မျက်ရည်များဝဲလာသည်။

***

All Chapters