ဟိန်းသံလေးက လူပေလူတေဖြစ်သွားပြန်ပြီ
Vol. 007 Ch. 696
နူးညံ့သောလက်တစ်စုံသည် လိုက်ကာကိုဖွင့်လိုက်ရာ လှပသောပုံရိပ်တစ်ခုထွက်လာသည်။ သူမသည် ရှီမာယူယူတို့နှစ်ယောက်ကိုတွေ့လိုက်သောအခါ ကျွမ်းကျင်သူတစ်ယောက်၏ အပြုံးဖြင့် “ကျွန်မက ပန်းထိုးတဲ့ လူပါ၊ ဒီသခင်လေးက ကျွန်မတို့ ဝိဉာဉ်အထည်တွေကိုစိတ်ဝင်စားလို့လား”
ရှီမာယူယူသည် မရင်းနှီးသော မျက်နှာကိုကြည့်လိုက်သည်။ သူမသည် ထိုင်းမှိုင်းစွာကြည့်လေသည်။
“အပေအတေလေး ငါ့ဆရာကိုဘာတွေကြည့်နေတာလဲ” ဝူလေးသည် ရှီမာယူယူအရှေ့သို့အပြေး ရောက်လာကာ မြင်ကွင်းကိုပိတ်လိုက်သည်။
ဘေဂုံထန်သည် နှုတ်ခမ်းတွန့်လိုက်သည်။ ကောင်မလေး ယူယူကိုဘယ်လိုမျက်လုံးနဲ့ကြည့်နေတာလဲ။ သူမက စိတ်လှုပ်ရှားသွားလို့ ဟုတ်ပြီလား….
“ဝူလေး မရိုင်းရဘူး သူတို့ကဝယ်သူတွေလေ” အမျိုးသမီးသည် ရှီမာယူယူ၏ အကြည့်ကိုနားမလည်နိုင် ဖြစ်သော်လည်း သူမ၏ တပည့်ကိုပြန်ဆွဲလိုက်သည် “တစ်ခုခုများအဆင်မပြေဖြစ်လို့လား သခင်လေး”
“အဒေါ်၃…” ရှီမာယူယူသည် တိုးညင်းစွာ ခေါ်လိုက်သည်။ သူမ မျက်ရည်များကို တားရတော့ပဲ ကျသွား သည်။
“မင်း မင်း ဘယ်သူလဲ” အဒေါ်၃ ဒူသည် လန့်သွားရာ ဝူလေးသည် သူမအားသွားတွဲလေသည်။
“ဆရာ” ဝူလေးသည် အဒေါ်၃ဒူကို စိုးရိမ်စွာကြည့်လေသည်။
အဒေါ်၃ ဒူသည် မျက်ရည်အဆက်မပြတ်ကျနေသော ရှီမာယူယူကိုတွေ့လိုက်ရသည်။ သူမ မျက်လုံး များသည် သူစိတ်ထဲတွင်စွဲနေသော ပုံရိပ်နှင့် ဆင်တူသည်။
“အဒေါ်၃ သမီးပါ သမီးပြန်လာပြီ” ရှီမာယူယူသည် သူမကိုယ်ကို ပြန်ထိန်းပြီး တုန်ယင်နေသည်။
“ယူယူ သမီးကယူယူလား” အဒေါ်၃ဒူသည် သံသယဖြင့်ပြောသော်လည်း သေချာနေသည်။
ရှီမာယူယူသည် ခေါင်းညိမ့်ပြီးနောက် ငိုကာ “သမီးပါ အဒေါ်၃ သမီးယူယူပြန်လာပြီ”
အဒေါ်၃သည် ရှေ့တိုးလာကာ ရှီမာယူယူ၏ လက်ကိုကိုင်လိုက်သည်။ သူမသည် ရှီမာယူယူ၏ မျက်လုံးများကို နောက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။ သူမသည်လည်း မျက်ရည်များကျလာသည်။ “သမီး မျက်လုံးတွေပြောင်းသွားပေမယ့် အကြည့်ကတော့ မပြောင်းဘူး ကလေး တကယ်ပဲသမီးပဲ”
ရှီမာယူယူသည် အဒေါ်၃အား စိတ်ခံစားချက်များစွာဖြင့် ဖက်လိုက်သည်။
အဒေါ်၃သည် ရှီမာယူယူအားဖက်ထားသည်။ စိတ်ကူးယဉ်ဆန်လွန်းသည်ဟု သူမ ခံစားရသည်။ “ယူယူ တကယ်ပဲယူယူလားဟင်”
“အဒေါ်၃ အဒေါ်၃…”
“ဆရာ” ဝူလေးသည် ထိုစကားပြောပြီး ထိုအလေအလွင့်အား ဆွဲထုတ်ရမလားစဉ်းစားနေသည်။
“ဝူလေး ဆိုင်ပိတ်လိုက်တော့” အဒေါ်၃သည် သတိပြန်ဝင်လာကာ သူမ၏ တပည့်အားခေါ်ပြီး အမြန် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ ဆရာ” ဝူလေးသည် တံခါးသွားပိတ်လေသည်။ ကံကောင်းသည်မှာ ဆိုင်တွင် ဝယ်သူများရှိ မနေပေ။
“ယူယူ အထဲသွားပြောရအောင်” အဒေါ်၃သည် ရှီမာယူယူပခုံးအားပုတ်လိုက်သည်။
“ဟုတ်ကဲ့” ရှီမာယူယူသည် အဒေါ်၃အားလွှတ်ပြီး မျက်နှာမှ မျက်ရည်များကိုသုတ်လိုက်သည်။
သူတို့သည် ဆိုင်အနောက်ကိုသွားရာ ဆရာတပည့်နှစ်ယောက်နေသော ခြံသို့ရောက်လေသည်။ သူတို့ သည် ဝူလေးကိုအရှေ့တွင်ထားခဲ့ပြီး ဝင်ခွင့်မပေးပေ။
“အဒေါ်၃ အရေပြားမျက်နှာဖုံးတပ်ထားတာလား” ရှီမာယူယူသည် အဒေါ်၃အားမေးလိုက်သည်။
အဒေါ်၃ ခေါင်းညိမ့်သည်။ သူမသည် မျက်နှာမှ မျက်နှာဖုံးကိုဆွဲခွာရာ ယူယူ၏ မှတ်ဉာဏ်ထဲတွင်ရှိသော လှပသော မျက်နှာအသွင်အပြင်အတိုင်းပေါ်လာသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ သမီးသေသွားပြီလို့ပြောကြတယ်မဟုတ်ဘူးလား” အဒေါ်၃သည် ရှီမာယူယူအားကြည့်လိုက်သည်။
ရှီမာယူယူ မပြောခင်တွင် ဝိဉာဉ်စေတီအတွင်းမှ ဟိန်းသံလေးသည် ထွက်ချင်သဖြင့် သူမကိုအော်လေ သည်။
“အလှလေး အဒေါ်၃ဒူ ဟိန်းသံလေးကလွမ်းနေတာ” ဟိန်းသံလေးထွက်လာသည်နှင့် အဒေါ်ဒူ၏ ရင်ခွင် ထဲသို့ အရှက်မရှိဝင်လေသည်။
အဒေါ်၃သည် ဟိန်းသံလေးအားမြင်သည်နှင့် သံသယများပျောက်သွားကာ ဟိန်းသံလေးအား ဖက် လိုက်သည် “ကောင်လေး မင်းကတော့အရင်အတိုင်းပဲ”
“အင်း ဟိန်းသံလေးရဲ့ နှာဗူးထတာကတော့ မပြောင်းလဲဘူး” ရှီမာယူယူသည် ရယ်မောကာ သူမ၏ ဝမ်းနည်းမှုမှာ အနည်းငယ်သက်သာသွားလေသည်။
“ကလေး ဒီနှစ်တွေမှာ ဘယ်တွေရောက်နေခဲ့တာလဲ သမီးသေသွားပြီဆိုတာ ကြားခဲ့တယ် ဘယ်လိုလုပ် အသက်ရှင်နေတာလဲ ဖန်လေး သူက….” အဒေါ်၃သည် ရှီမန်ဖန်သေဆုံးမှုကိုတွေးရာ မျက်လုံးများရဲလာသည်။
“အဒေါ်၃ မစိုးရိမ်ပါနဲ့ ဖန်လေး အသက်ရှင်တယ်” ရှီမာယူယူ အလောတကြီးပြောလိုက်သည်။
“ဖန်လေးက အသက်ရှင်သေးတယ်ဟုတ်လား၊ ဒါပေမဲ့ မောင်နှမနှစ်ယောက်လုံးကို သတ်လိုက်ပြီလို့ ဇုံကျန်းမျိုးနွယ်က ပြောတယ်” အဒေါ်၃ ပြောလေသည်။
“ဖန်လေးက တကယ် အသက်ရှင်တယ် သမီးသူ့ကိုတွေ့ပြီးပြီ” ရှီမာယူယူ ရှင်းပြလေသည် “သမီးက တော့ အဲတုန်းကသေသွားခဲ့တယ်၊ ဒါပေမဲ့ ဘာလို့ သရဲလောကကိုမရောက်ပဲ ဒီတခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲမှာ ပြန်မွေးဖွားလာတယ်”
“ပြန်မွေးဖွားတယ်ဟုတ်လား” အဒေါ်၃သည် ရှီမာယူယူအား ထူးဆန်းစွာကြည့်လိုက်သည်။ ဒီခန္ဓာကိုယ် ၏ အရိုးအသက်မှာ ငယ်ရွယ်သည်။
“အသက်ရှင်တာကောင်းတယ် ဒါပေမဲ့ ဒီယောက်ျားလေး ခန္ဓာကိုယ်က…”
ရှီမာယူယူသည် အားရပါးရပြုံးလိုက်သည်။ သူမသည် ထင်ယောင်ထင်မှားတည်ဆောက်မှုကို ပိတ်လိုက် ရာ သူမ၏ မိန်းကလေးပုံစံပေါ်လာသည်။
“အဒေါ်၃ မြင်နေရတာက ထင်ယောင်ထင်မှားတည်ဆောက်မှုကြောင့်ပါ သမီးကမိန်းကလေးပါ”
အဒေါ်၃သည် အံ့သြသွားကာ ပါးစပ်ကိုလက်ဖြင့် အုပ်မိသည်။ သူမသည် ဒီလိုအသွင်ပြောင်းထားမည် ဟု မထင်ထားပေ။
“ကောင်းတယ် ကောင်းတယ်” သူမသည် ပြုံးပြီးပြောလေသည်။
“အဒေါ်၃ ဘယ်လိုလုပ်ဒီရောက်နေတာလဲ ဘယ်လိုထွက်ပြေးလာတာလဲ” ရှီမာယူယူသည် အဒေါ်၃၏ လက်ကိုဆွဲကာ ဘေးတွင်ထိုင်လေသည်။
“ဒူမိသားစု ဒုက္ခရောက်တော့ ငါအိမ်မှာမရှိဘူး” အဒေါ်၃သည် ပြန်တွေးလေသည် “ဒုက္ခရောက်မယ့်နေ့ မတိုင်ခင်က ဝိဉာဉ်အထည်ဆိုင်မှာ ပြဿနာဖြစ်တယ်လေ၊ ငါ အဲဒီကိုအလောတကြီးသွားနေခဲ့တာ၊ သတင်းရပြီး အလျင်စလိုပြန်လာပေမယ့် နောက်ကျသွားတယ်၊ ငါ အိမ်ကိုရှာခဲ့ပေမယ့် ဘယ်သူမှအသက်မရှိတော့ဘူး၊ ဒါပေမဲ့ ဇုံကျန်းမျိုးနွယ်နဲ့ ရင်ယန်နန်းတော်က ငါ့မိသားစုမျိုးနွယ် တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပြီလို့ ပြန်ကြားခဲ့တယ်၊ အဲနောက်မှတော့ ထွက်ပြေးခဲ့တာပဲ သမီးလည်းသိပါတယ် ငါက အပြင်ထွက်ရတာမကြိုက်ဘူး၊ အိမ်မှာပဲနေပြီး ကျင့်ကြံတယ်ပန်းထိုးတယ်၊ အပြင်လူတွေက ငါ့ကိုမသိကြတော့ ထွက်ပြေးလာနိုင်ခဲ့တာပဲ”
“ဒါဆို ဒီကိုဘယ်လိုရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဒူမိသားစုသည် မရှိတော့ပေ။ အလယ်ပိုင်းဒေသများမှ အပြင်ပိုင်းဒေသကို တစ်ယောက်တည်းထွက်လာ ရသည်မှာ လွယ်ကူမည်မဟုတ်ပေ။
“တိုက်ဆိုင်သွားတာပါ၊ ငါအပြင်ပိုင်းဒေသကို ထွက်လာပြီးတော့ဖြစ်ခဲ့တာ” အဒေါ်၃သည် ရှီမာယူယူ အား အသေးစိတ်မပြောလိုပေ။ သူမသည် စကားတစ်ခွန်းသာပြောလေသည် “လုဆယ်မြို့ကိုရောက်တော့ အမှောင် တောထဲမှာ ဝိဉာဉ်ပိုးကောင်တွေတွေ့ခဲ့တယ် အဲဒါနဲ့ အသက်မွေးပြီး ပန်းထိုးခဲ့တာပဲ”
“အဲလူတွေကိုရော တွေ့ခဲ့လား”
“ရင်ယန်နန်းတော်က လူတွေကိုတော့ တစ်ခါတွေ့ခဲ့တယ် သူတို့က အမှောင်တောထဲသွားကြတာ ဒါပေမဲ့ ငါ့ကိုမမှတ်မိကြဘူး၊ ငါ သူတို့ကိုအမှောင်တောထဲက ဝိဉာဉ်မိစ္ဆာတွေနေတဲ့နယ်မြေကိုခေါ်သွားခဲ့တယ် ပြီးတာနဲ့ သတ်လိုက်တယ်” အဒေါ်၃ ထိုအကြောင်းကို ပြောပြချိန်တွင် မျက်လုံးထဲတွင် မုန်းတီးမှုများပြည့်နေ သည်။
သူမသည် မိဘမဲ့ဖြစ်သည်။ ဒူမိသားစုမှ သူမကိုတွေ့သောအခါ သူမဖြစ်လာသည်။ နောက်ပိုင်း သူမ ရှီမာယူယူ၏ ဦးလေးနှင့် လက်ထပ်ခဲ့သည်။ သူမတွင် မိသားစုရှိလာသော်လည်း ထိုလူများကြောင့် ပျက်စီးခဲ့ သည်။ သူတို့ကို မမုန်းပဲနေမလား။
ရှီမာယူယူသည် အဒေါ်၃၏ လက်ကိုယူလိုက်သည် “မစိုးရိမ်ပါနဲ့ အဲလူတွေကို တစ်ယောက်မှ အလွတ် မပေးဘူး”
အဒေါ်၃သည် သူမလက်ကိုပြန်ဆွဲကိုင်ကာ “ကလေး ဘာလုပ်မလို့လဲ သွားရှုပ်ပါနဲ့”
“အလှလေး အဒေါ်၃ မစိုးရိမ်ပါနဲ့ ယူယူက မရှုပ်ပါဘူး” ဟိန်းသံလေးသည် အဒေါ်၃အား သူ၏ လက်သည်းများဖြင့် နှစ်သိမ့်လေသည်။
ဟိန်းသံလေးသည် သူမနာမည်အောက်တွင် နှစ်သိမ့်နေသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူမသည် နောက်တစ်ကြိမ် သည်းမခံတော့ပဲ ဟိန်းသံလေးအား ဆုပ်ကိုင်ကာ ပစ်လိုက်လေသည်။
ဟိန်းသံလေးအပစ်ခံလိုက်ရချိန်တွင် တင်ပါးကိုလှည့်ကာ ဟန်ချက်ထိန်းလိုက်နိုင်သည်။
***